Main menu

Background

ရွှေဆိုင်အားလုံး တစ်ပြေးညီရောင်းချရမည့် ရွှေဈေးနှုန်း ထုတ်ပြန်

Wed, 03/01/2023 - 15:13 -- journal_editor

ရွှေဆိုင်များအားလုံး   မီးလင်းအခေါက်ရွှေ  တစ်ကျပ်သားလျှင် ကျပ် ၂၇၉၀ဝ၀ဝ ဖြင့် တစ်ပြေးညီရောင်းချရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) က ဖေဖော်ဝါရီ ၂၂ ရက်တွင် အသိပေးထုတ်ပြန်သည်။
ရွှေဈေးတက်ခြင်း၊ ဈေးကစားနေများကို ထိန်းချုပ်နိုင်ရန်အတွက် ယခုကဲ့သို့ ဈေးတန်းတစ်ခု သတ်မှတ်ပေးခြင်းဖြစ်ကြောင်းYGEA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဖေဖော်ဝါရီ  ၂၃ ရက်တွင် ပြောသည်။
"ကျွန်တော်တို့ကတော့ ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ် မတ်ရေးကော်မတီရဲ့ လမ်းညွှန်ချက်အရ ဒီဈေးနှုန်းနဲ့ရောင်းပေးဖို့ ကြားထဲကနေ မေတ္တာရပ်ခံပေးတာပါ။ အတင်းအကျပ်ကြီး အမိန့်ပေးတာမျိုးတော့ မဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။
ပြင်ပရွှေဈေးကွက်အတွင်း လက်ရှိ၌ အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၈ သိန်းခွဲကျော်ဝန်းကျင်ဖြင့်  အရောင်းအဝယ်ဖြစ်နေပြီး  ဖေဖော်ဝါရီလဆန်းပိုင်း ကတည်းက အဆိုပါဈေးတန်းဝန်းကျင်တွင်သာ ရှိနေခြင်းဖြစ်သည်။ 
ဖေဖော်ဝါရီ ၂၃ ရက် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စ ၁၈၃၆ ဒေါ်လာရှိပြီး ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၂၈၆၀ဝ၀ဝ ဖြစ်ကြောင်း သိရသည်။

ပန်းဆု