Main menu

Background

ပြည်တွင်းရွှေဈေး ကျပ် ၂၈ သိန်းကျော်တွင် ဆက်လက်တည်ရှိနေ 

Thu, 03/16/2023 - 14:01 -- journal_editor

လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းကျော်တွင် ဆက်လက်တည်ရှိနေကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။ 
မတ် ၉ ရက် ဈေးနှုန်းများအနေဖြင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၈၁၁ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး တစ်ကျပ်သား ကျပ် ၂၈၃၅၀ဝ၀ ဖြစ်ကြောင်း သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ မတ် ၁ ရက်တွင် တစ်အောင်စ ၁၈၃၀ ဒေါ်လာ၊ ၂ ရက်တွင် ၁၈၃၃ ဒေါ်လာ၊ ၃ ရက်တွင် ၁၈၃၉ ဒေါ်လာ၊ ၄ ရက်တွင် ၁၈၅၅ ဒေါ်လာ၊ ၆ ရက် တွင် ၁၈၅၄ ဒေါ်လာ၊ ၇ ရက်တွင် ၁၈၄၈ ဒေါ်လာ၊ ၈ ရက်တွင် ၁၈၄၃ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။
ထို့အတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှုန်းများအနေ ဖြင့် မတ် ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၈၄၀ဝ၀ဝ၊ ၄ ရက်တွင် ကျပ် ၂၈၄၅၀ဝ၀၊ မတ် ၆ ရက်နှင့် ၇ ရက်တို့တွင် ကျပ် ၂၈၄၁၀ဝ၀၊ မတ် ၈ ရက်တွင် ကျပ် ၂၈၃၁၀ဝ၀ ဖြစ်ကြောင်းသိရသည်။          

ပန်းဆု