Main menu

Background

Wednesday, 30 Nov 2011

                         သဘာဝရော်ဘာကို ဦးဆောင်သုံးစွဲသူတွေဖြစ်တဲ့ မော်တော်ကားတာယာ ထုတ်လုပ်သူများ အသင်း(ATMA) နဲ့ အိန္ဒိယရော်ဘာစက်မှုလုပ်ငန်းများအသင်း (AIRIA)  တို့က လက်ငင်းဈေးကွက် ဖရိုဖရဲဖြစ်နေတာကြောင့် ရှေ့လာမယ့်ရော်ဘာ အရောင်းအဝယ်ဈေးကွက်အတွက် ဆိုင်းငံ့ထားသင့်ကြောင်း ပြောဆိုလိုက်တယ်လို့ သိရပါတယ်။(AIRIA)  ရဲ့ ဥက္ကဌက ပြည်တွင်းဈေးကွက်မှာ ရောင်းလိုအားနဲ့ ဝယ်လိုအားက အခြေခံကျပြီး ပြည်တွင်းဈေးက ကမ္ဘာ့ဈေးထက် မြင့်နေခြင်းကလည်း ပုစ္ဆာဆန်ကြောင်း၊ထုတ်လုပ်မှုအမြင့်ဆုံးလတွေရှိခဲ့ပြီး ရော်ဘာအသင်းရဲ့ အကြံပြုချက်အတိုင်း တန်ချိန် ၂ ဒသမ ၅ သိန်း ကျော်ထုတ်လုပ်နိုင်ခဲ့ကြောင်း ပြောကြား တယ်လို့ သိရပါတယ်။                     (ATMA) က ဈေးကွက်ကော်မရှင်ကို ပေးပို့တဲ့စာမှာတော့ အနာဂတ်ဈေးကွက်ကို ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ဆောင်ရွက်သင့်ကြောင်း ရေသားထားပါတယ်။ မကြာခင်က နိုဝင်ဘာလစာချုပ်တွေ သက်တမ်း ကုန်ဆုံးခဲ့ပြီး နိုဝင်ဘာ ၁ ရက်နေ့ ဈေးကွက်အဖွင့်မှာ ၁၄၉၁ တန်ရှိပြီး သိုလှောင်ရုံတွေမှာ သိုလှောင်မှု တန် ၁၁၀ ရှိကြောင်း သိရပါတယ်။ တောင်သူတွေနဲ့ ကုန်သည်တွေကတော့ လောလောဆယ်ဘာလုပ်ရမှန်းမသိဘဲ လှောင်ကုန်တွေကို ကိုင်ထားပြီး တခြားတစ်ဖက်မှာတော့ သုံးစွဲသူတွေအနေနဲ့လည်း ရွေးချယ်ပိုင်ခွင့်မရှိပေမယ့် သွင်းကုန်စာချုပ်တွေ ချုပ်ဆိုနေကြပါတယ်။ ဒီလိုဆောင်ရွက်ရတာက ကုန်ပစ္စည်းလုံလောက်မှု ရရှိရုံမက ပြည်တွင်းဈေးတွေ ကြီးမြင့်တာကိုလဲ ကာမိစေကြောင်း သိရပါတယ်။ ဒါပေမယ့် စိုက်ပျိုးသူတွေနဲ့ ကုန်သည်တွေက သွင်းကုန် အသွင်းများပြီး အထွက်ကောင်းတဲ့လတွေမှာ စွန့်စားရမယ့်အခြေအနေနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ဈေးကွက် မငြိမ်မှုက ပုံမှန်ဆောင်ရွက်နေတဲ့ကုန်သည်တွေကို စိုက်ပျိုးသူများထံမှ ဝယ်ရင်းဈေးနဲ့ သုံးစွဲသူတွေကို ပြန်ရောင်းရတဲ့ အခြေအနေကို ရောက်စေပါတယ်။ အရောင်းအဝယ်သမားများက တောင်သူဆီကဝယ်တဲ့ ငွေပမာဏကို ရင်းနှီးမြှုပ်နှံထားရပြီး ဈေးကစားသူတွေက သဘာဝရော်ဘာရဲ့အနာဂတ်မှာ ဈေးတက်တာဖြစ်ဖြစ်၊ ဈေးဆွဲချတာ ဖြစ်ဖြစ် ၎င်းတို့ရဲ့အကျိုးအတွက် ဆောင်ရွက်နိုင်တာကြောင့် အနာဂတ်ဈေးကွက်မှာ ဈေးကစားမှုကို ကြုံတွေ့ရမှာ စိုးရိမ် နေကြကြောင်း သိရပါတယ်။ ှSource:business lineKZW

Wednesday, 30 Nov 2011

             လွန်ခဲ့တဲ့ရက်သတ္တပတ်အထိ ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေကျဆင်းပြီး တရုတ်ကိုတင်ပို့မှုမှာ အခက်အခဲ တွေနဲ့ ရင်ဆိုင်နေရကြောင်း Saigon Economic Times ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်က နယ်စပ်ကုန်သွယ်မှု အလွန်အားနည်းခဲ့ပြီး လက်ရှိဈေးနှုန်းကို ဗီယက်နမ်ရော်ဘာ စီးပွားရေး လုပ်ငန်းတွေက စိတ်ဝင်စားမှု မရှိကြောင်း သိရပါတယ်။             တရုတ်ကုန်သည်တွေရဲ့ ဝယ်လိုအားတွေများနေပြီး ကုန်သည်တွေက ပမာဏတော်တော်များများ တင်သွင်းလိုပေမယ့် တရုတ်အာဏာပိုင်တွေကတော့ တစ်တန်ကို ၂၃၀၀၀ ယွမ်ထက် ဈေးပိုမပေးရန် သတ်မှတ်ထားကြောင်း သိရပါတယ်။ တကယ်လို့ တရုတ်အာဏာပိုင်တွေက သဘာဝရော်ဘာကို တရားဝင်ပို့ကုန်၊ သွင်းကုန်အဖြစ် သတ်မှတ်တယ်ဆိုရင် သူတို့အနေနဲ့ ကုန်သည်တွေအမြတ်ရနိုင်မယ့် သင့်တော်တဲ့ သွင်းကုန်အခွန်နှုန်း ထားနဲ့ ကောက်ခံသင့်ကြောင်း၊ ဒါမှသာဈေးကွက်လည်း အသက်ဝင်လာမှာဖြစ်ကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာMong Cai  နယ်စပ်ဂိတ်မှာ ရော်ဘာတင်ပို့မှု ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ၎င်းင်းနယ်စပ်ဂိတ်မှာ ဗီယက်နမ်ရော်ဘာSVR 3L ရဲ့ အခွန်မပါဈေးနှုန်းက တစ်တန်ကို ၂၂၁၀၀ ယွမ်ရှိကြောင်း သိရပါတယ်။ ရောင်းလိုအားကတော့ ကုန်ကျစရိတ်သက်သာတဲ့အတွက် အများအပြားရှိတယ်လို့ သတင်း ရရှိပါတယ်။ Source: vietnam business news KZW

Tuesday, 29 Nov 2011

               အိန္ဒိယဈေးကွက်များကို နိုဝင်ဘာလ ၂၃ ရက်မှာ ဝင်ရောက်မှုများလာတဲ့အတွက် နနွင်းဈေးထပ်မံ ကျဆင်းခဲ့ပါတယ်။ သီးနှံထွက်ရှိမှုအလားအလာကောင်းခြင်းနဲ့ လက်ကျန်များခြင်းတို့က ဈေးနှုန်းကိုဖိအားဖြစ်စေပါတယ်။ လတ်တလောမှာ ဝယ်လိုအားနည်းပေမဲ့ လာမယ့်သီတင်းပတ်များမှာ ပြည်ပဝယ်လိုအားတက်လာဖွယ်ရှိခြင်းကတော့ ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေပါတယ်။                   ကုန်သည်များခန့်မှန်းတာကတော့ ထုတ်လုပ်မှုတိုးတက်မယ့်အလားအလာနဲ့ လက်ကျန်များနေတဲ့အတွက် ကာလတို အတွင်း ဈေးနှုန်းဆက်လက်အားပျော့နိုင်တယ်လို့သိရပါတယ်။ လှောင်လက်များကတော့ လာမယ့် ရက်တွေမှာ ဈေးနှုန်းမြင့် တက်မယ့် ခန့်မှန်းချက်တွေကြောင့် ဈေးအနိမ့်မှာ ၎င်းင်းတို့သိုလှောင်နနွင်းများ ဆက်ထိန်း ထားတယ်လို့ဆိုပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှာ မုတ်သုန်မိုးကောင်းတဲ့အတွက် စိုက်ပျိုးမှုတိုးတက်နေတယ်လို့ဆိုပါတယ်။ ယခုနှစ် နနွင်းထုတ်လုပ်မှုဟာ ၂၀၁၀-၂၀၁၁ အတွင်းထွက်ရှိခဲ့တဲ့ ၇၅ ကီလိုပါအိတ် ၆၅-၇၀ သိန်းထက်ပိုမိုပြီး အိတ် ၇၅-၈၅ သိန်းအထိ ရောက်ရှိ နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ ပြည်ပတင်ပို့မှု နှေးကွေးဆဲဖြစ်ပေမဲ့ လာမယ့် သီတင်းပတ်များမှာတော့ ဥရောပ၊ အမေရိကန်၊ အနောက်အာရှနဲ့ဂျပန်တို့ကို တင်ပို့မှုမြင့်တက်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ ဧပြီလမှ စက်တင်ဘာလအတွင်း တန်ချိန် ၄၁၅၀၀ ထိ တင်ပို့ပြီးဖြစ်လို့ ၂၀၁၀ ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၂၈၅၀၀ ထက် ၄၆ ရာခိုင်နှုန်း ပိုမိုတယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၂၃ ရက်နေ့ အီရော့နနွင်းကုန်သည်မျာ းအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန် ရူပီး ၃၄၀၉၀- ၄၆၈၉၀ (ကန်ဒေါ်လာ ၆၅၅-၉၀၁) ရှိပြီး နနွင်းဥဈေးမှာ ရူပီး ၃၂၀၉၀-၄၄၇၅၀ (ကန်ဒေါ်လာ ၆၁၆-၈၅၉) ဈေးရှိတယ် လို့သိရပါတယ်။ ယမင်းခင်၊Source: commodityonline

Tuesday, 29 Nov 2011

                    အိန္ဒိယအစိုးရမှ ကြက်သွန်နီအနိမ့်ဆုံးတင်ပို့ဈေးနှုန်း MEP ကို တစ်တန်ကန်ဒေါ်လာ ၁၂၅ လျှော့ပြီး ကန်ဒေါ်လာ ၃၅၀ကို သတ် မှတ်ပြီးတဲ့နောက် ပြည်တွင်းဈေးနှုန်းကျဆင်းနေတဲ့အတွက် အနိမ့်ဆုံး တင်ပို့ဈေးနှုန်းကို ထပ်မံ လျှော့ချဖို့ စီစဉ် နေတယ်လို့ စိုက်ပျိုးရေး ဝန်ကြီး ရှရတ်ပါဝါမှ ပြောကြားပါတယ်။ နောက် ၃-၄ ရက်အတွင်း ပြည်တွင်းဈေးကွက်တွေမှာ ဖြစ်ပေါ်နေတဲ့ ကြက်သွန်နီဈေးနှုန်း သတင်းများကို စုဆောင်းဖို့ အစိုးရအရာရှိများကို ညွှန်ကြား ထား ကြောင်းလည်း ပြောကြားပါတယ်။                        ရရှိတဲ့သတင်းအချက်အလက်များပေါ် အခြေခံပြီး ကြက်သွန်နီ တင်ပို့ဈေးနှုန်းကို ထပ်မံလျှော့ချဖို့ ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ အိန္ဒိယအစိုးရဟာ ပြည်ပတင်ပို့မှုကို အားပေးတဲ့အနေနဲ့ နိုဝင်ဘာ ၁၉ ရက်မှာ အနိမ့်ဆုံးတင်ပို့ဈေးနှုန်းကို လျှော့ချခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာ ပြည်တွင်းဈေးကျဆင်းနေတဲ့အတွက် တောင်သူတွေကို အကာအကွယ်ပေးဖို့ ကြက်သွန်နီတင်ပို့မှု ပိတ်ထားခြင်းကို ပြန်လည်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယခင်နှစ်ဒီဇင်ဘာလအတွင်းမှာ ကြက်သွန်နီလက်လီဈေး တစ်ကီလို ရူပီး ၇၀-၈၀(ကန်ဒေါ်လာ ၁ ဒသမ ၃၃ -၁ ဒသမ ၅၂ )ထိ မြင့်တက်နေခြင်းကို ထိန်းချုပ်ဖို့အတွက် ကြက်သွန်နီ တင်ပို့မှု အနိမ့်ဆုံးဈေးကို တစ်တန်ကန်ဒေါ်လာ ၆၀၀ နဲ့ဈေးအမြင့်မှာ သတ်မှတ်ခဲ့ပါတယ်။                        အစိုးရဟာ တစ်ကီလို ၈၀-၈၅ ရူပီး (ကန်ဒေါ်လာ ၁ ဒသမ ၅၂ - ၁ ဒသမ ၆၂) ထိ မြင့်တက်ပြီးတဲ့နောက် အစိုးရဟာ ကြက်သွန်နီတင်ပို့မှုကိုပိတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ အထိ ကြက်သွန်နီတင်ပို့မှုဟာ တန်ချိန် ၄ ဒသမ ၅၂ သိန်းသာရှိလို့ ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့တန်ချိန် ၆ ဒသမ ၈၃ သိန်းထက် ၃၄ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အဓိကတင်ပို့မှုမှာ အနောက်အာရှ၊ စင်ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဖြစ်ပါတယ်။ ယမင်းခင်၊Source: PTI

Tuesday, 29 Nov 2011

                     အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ကုလားပဲရိုးရိုးကို ဝယ်လိုအားနည်းတာ ကြောင့် ဈေးလျော့ကျပေမဲ့ ကာဘူလီကုလားပဲကို ပြည်ပဝယ်လိုအားရှိလို့ ဈေးအနည်းငယ်တိုးလာပါတယ်။ ကာနာတာကာနဲ့ ရန်ကုန်မှ ကာဘူလီကုလားပဲ များမှာ အရည်အသွေးပေါ်မူတည်ပြီးမှ ဈေးအပြောင်းအလဲရှိတယ်လို့ သိရပါတယ်။ ဒေလီဈေးကွက်ကို ကုလားပဲဝင်ရောက်မှု နေ့စဉ်ထရပ်ကား ၁၅ စီး-၁၆ စီးခန့်ရှိ တယ်လို့ သိရပါတယ်။ နောက်ရက် အနည်းငယ်အတွင်းမှာလည်း ဈေးအနည်းငယ် ထပ်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းအပြောင်းအလဲများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်            ဒေါ်လာ/ တန်                 ၂၄-၁၁-၁၁       ၂၃-၁၁-၁၁          ၂၂-၁၁-၁၁             ၂၁-၁၁-၁၁ဒေလီ          ၆၄၂-၆၄၇        ၆၃၈-၆၄၁               ၆၅၈                        ၆၆၈ကန်ပါ           ၆၇၁-၆၇၆       ၆၆၇-၆၇၂            ၆၅၃-၆၅၈                ၆၈၃-၆၈၈အာကိုလာ        ၇၁၂                 ၇၀၄                  ၇၀၁                         ၇၂၂MIRT(MAPT)

Tuesday, 29 Nov 2011

           အိန္ဒိယဈေးကွက်အများစုမှာ ပဲတိစိမ်းဈေးငြိမ်နေပေမဲ့ အရည်အသွေးနိမ့်ပဲတီစိမ်းဈေးများ လျော့ကျနေပါတယ်။ ရာဂျက် စသန်ဈေးကွက်များမှာ အရည်အသွေးနိမ့်ရော အရည်အသွေးကောင်းပဲတီစိမ်းပါ သိုလှောင် လက်ကျန်များ နေတယ်လို့ သိရပါတယ်။ ဒေလီဈေးကွက်တစ်ခုထဲမှာပင် ပဲသိုလှောင်အိတ် ၃ဒသမ ၅ သိန်းထိ မြင့်တက်နေပြီး ရာဂျက်စသန်ပဲ ထုတ်လုပ်ရာ ဒေသမှလည်း ပဲဝင်ရောက်မှု တစ်ရက်ကို အိတ် ၄၇၀၀၀-၄၈၀၀၀ ခန့်ထိ ဆက်လက် မြင့်တက်နေဆဲဖြစ်ပါတယ်။ ပဲခွဲစက်ရဲ့ ၉၀ ရာခိုင်နှုန်းဝန်းကျင်ဟာ အရည်အသွေးနိမ့်ပဲကို အရောင်းအဝယ်လုပ်နေပြီး ပဲခွဲစက် ၁၀ ရာခိုင်နှုန်းမှာ အရည်အသွေး ကောင်းပဲကို ရောင်းချနေတယ်လို့ ဆိုပါတယ်။ လာမယ့်ရက်များမှာ ပဲတီစိမ်းဈေး တည်ငြိမ်ဖွယ်ရာရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                               ဒေါ်လာ/ တန်                                           ၂၄-၁၁-၁၁       ၂၃-၁၁-၁၁      ၂၂-၁၁-၁၁           ၂၁-၁၁-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား)       ၇၈၁-၇၈၆           ၇၇၆               ၈၂၁                     ၈၃၄ဒေလီ                                    ၄၂၂-၆၃၃       ၄၃၈-၆၄၈       ၄၂၂-၆၅၃              ၄၄၉-၆၆၄အာကိုလာ                              ၇၂၈-၈၄၃      ၇၂၄-၈၃၈         ၇၃၀-၈၄၅            ၇၄၂-၈၅၉MIRT(MAPT)

Tuesday, 29 Nov 2011

             မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၈၃၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၁၂၁ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် ၆၅၇ တန်ကျော် ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ပဲတီစိမ်းကားတွေ အတက်များသလို ဝယ်လိုအားလည်း ကောင်းနေတယ်လို့ သိရ ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်။-                                       မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု            ယခင်     ပြောင်းလဲမှု  %   ယခု     ယခင်   ပြောင်းလဲမှု  %ပဲတီစိမ်း     ၆၅၇၉၆၇     ၆၁၀၁၄၀     ၄၇၈၂၇    ၈    ၈၅၂     ၈၅၄            ၂        ၀ .၂MIRT(DOBT)

Tuesday, 29 Nov 2011

                 အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခုရက်ပိုင်း ပဲစင်းငုံဈေးနှုန်းကျဆင်း နေပေမဲ့ ယာယီမျှသာ ဖြစ်နိုင်ပြီး လာမယ့်ရက်များမှာတော့ ဆက်လက်ကျဆင်း နိုင်ဖွယ်မရှိဘူးလို့ ခန့်မှန်းကြပါတယ်။ လတ်တလောမှာ ဂူဘာကာဘက်မှ ဝင်ရောက်လာတဲ့ ပဲအသစ်များကို ပဲခွဲစက်များမှ ဝယ်ယူဖို့ စိတ်ဝင်စားမှု အားနည်းတာကြောင့် ဈေးကျဆင်းတယ်လို့ သိရပါတယ်။ အချို့ဒေသမှ ဝင်ရောက်လာတဲ့ ပဲစင်းငုံများမှာ ပဲအပျက်အစီးများ ပါဝင်တဲ့ အတွက် ဈေးလျှော့ချရောင်းကြတယ်လို့ သိရပါတယ်။ ပဲခွဲစက်များမှာ ပဲစင်းငုံအသစ် သိုလှောင်လက်ကျန် နည်းနေပြီဖြစ်တဲ့အတွက် ဈေးထပ်မံကျဆင်းဖွယ်မရှိကြောင်း ခန့်မှန်းကြပါတယ်။ ဈေးကွက်များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်   ဒေါ်လာ/တန်                   ၂၄-၁၁-၁၁       ၂၃-၁၁-၁၁       ၂၂-၁၁-၁၁      ၂၁-၁၁-၁၁မွန်ဘိုင်း          ၆၂၃             ၆၂၄-၆၂၉            ၆၃၉               ၆၄၉ဒေလီ            ၆၈၅-၆၉၀        ၆၆၇-၆၈၆         ၆၆၁-၆၆၃       ၆၇၁-၆၇၃ချန်နိုင်း          ၆၂၈                  ၆၁၉                  ၆၁၉              ၆၂၉MIRT(MAPT)

Monday, 21 Nov 2011

                တရုတ်နိုင်ငံ ပြည်တွင်းဝယ်လိုအား အစဉ်ကြီးမားနေတာကြောင့် သကြားနဲ့ ပြောင်းကိုလာမယ့်နှစ်မှာ တင်သွင်းရဖွယ်ရှိပါတယ်။ တရုတ်နိုင်ငံဟာ တောင်သူတွေ ကို အားပေးဖို့နဲ့ ပြည်တွင်းဈေး ထိန်းချုပ်ဖို့ အမြောက်အမြားသိုလှောင်ထားတဲ့ အစိုးရရဲ့ စိုက်ပျိုးရေးကုန်စည်များကို အသုံးပြုလျက်ရှိပါတယ်။ ယခုနှစ်ထွက်ရှိမှုမြင့်တက်ခဲ့ခြင်းက ပြည်တွင်းပြောင်းနဲ့ သကြားဈေးများကို ကျဆင်းစေနိုင်တဲ့အတွက် အစိုးရအနေနဲ့ လက်ရှိပြည်တွင်းရောင်းဈေးထက် ဈေးသက်သာတဲ့ အမေရိကန်ပြောင်းနဲ့ ဘရာဇီးသကြားကို တင်သွင်းဖို့ ဆောင်ရွက်နေ ပေမယ့်လည်း ပြည်တွင်းတောင်သူတွေကိုလည်း အလေးထားဆောင်ရွက်နေပါတယ်။ ပြည်ပက ဝယ်ယူမှုကို မတ်လကုန်မှာ ပြန်လည်စတင်ဝယ်ယူနိုင်တယ်လို့ လေ့လာဆန်းစစ်သူ  Ding Ling က ပြောကြားပါတယ်။                      ပြောင်းအများဆုံးထုတ်လုပ်တဲ့ Jilin မှာ ပြောင်းတန်ချိန် ၁၈၅ သန်းအထိ ထွက်ရှိမယ့် မျှော်လင့်ချက်တွေအရ လွန်ခဲ့တဲ့ ၅ ပတ်အတွင်း ၇ ရာခိုင်နှုန်းကျော် ကျဆင်းပြီး၊ တစ်တန် ကန်ဒေါ်လာ ၃၃၇ ဒသမ ၂၀ ဈေးဖြစ်ခဲ့ပါတယ်။ တောင်သူတွေအတွက် ဈေးနှုန်းအထောက်အပံ့ပြုဖို့ အဓိကစိုက်ပျိုးတဲ့ ဒေသတွေမှာ ပြောင်းတစ်တန် ယွမ် ၂၀၀၀ (ကန်ဒေါ်လာ ၃၁၄ ဒသမ ၇၇၂)ဈေးအောက် ကျဆင်းမယ်ဆိုရင် ပြည်နယ်သိုလှောင်ရေး Sinograin မှ ပြည်တွင်း ပြောင်းကို ဝယ်ယူစုဆောင်းနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။                     တရုတ်အစိုးရဟာ သကြားပမာဏများစွာ တင်သွင်းထားပြီး ဖြစ်ပါတယ်။ ကြံကြိတ်ခွဲရာသီရောက်ရှိလာ ခြင်းနဲ့အတူ သကြားဈေးကျဆင်းနေတာကြောင့် အစိုးအနေနဲ့ လက်ရှိကာလမှာ တင်သွင်းမှာ မဟုတ်ဘူးလို့ ဘေဂျင်း အခြေစိုက် Sun Tong  အထွေထွေမန်နေဂျာမှ ပြောကြားပါတယ်။ ၂၀၁၂ အတွင်း သကြား တင်သွင်းမှုတန်ချိန် ၂ ဒသမ ၅ သန်းအထိမြင့်တက်နိုင်ပြီး၊ ဝါဂွမ်းတင်သွင်းမှုဟာ တန်ချိန် ၈၀၀၀၀ အထိရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊Source: bloomberg

Pages