Background
အိန္ဒိယပဲတီစိမ်း ယခုတစ်ပတ်ဈေးငြိမ် ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေး ငြိမ်နေတာတွေ့ရပါတယ်။ပြန်လည်ရောင်းချသူများနဲ့ ပဲခွဲစက်များက ဝယ်လိုအားကောင်းလာပေမဲ့ ပမာဏများများ လှောင်ထားတဲ့ လှောင်လက်သမားများ လက်ကျန်ရှင်းထုတ်နေခြင်းက ဈေးနှုန်းကို ဖိအားဖြစ်စေပါတယ်။ အိန္ဒိယအရှေ့ပိုင်း ဒေသတွေမှာ မိုးရွာသွန်းနေခြင်းကြောင့် နွေပဲတီစိမ်း ရိတ်သိမ်းမှုကို ထိခိုက်နိုင်တယ်လို့ သိရပါတယ်။ နိုင်ငံဒေသတော်တော်များများမှာ မိုးကြိုပဲများစတင် စိုက်ပိုျးနေပြီလို့ သိရပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ပြည်တွင်း ဈေးကွက်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးတွေကိုဖော်ပြလိုက်ပါတယ် တန်/ ဒေါ်လာဈေးကွက် ၂၆-၅-၁၁ ၂၅-၅-၁၁ ၂၄-၅-၁၁ ၂၃-၅-၁၁မွန်ဘိုင်း (ကင်ညာ) ၁၁ဝ၄ ၁၁ဝ၂ ၁ဝ၉၄ ၁ဝ၉၃-၁၁ဝ၄ဒေလီ ၇၉၅-၈၈၃ ၇၉၃-၈၈၁ ၈၁၈-၉ဝ၆ ၈၁၇-၉ဝ၅အာကိုလာ ၈၈၃-၇၉၂ ၈၈၁-၉၇ဝ ၈၈၄-၉၇၂ ၈၈၃-၉၉၄MIRT(MAPT)
အာရှအလယ်ပိုင်းတွင် ခြိမ်းခြောက်နေသည့် ကိုျင်းကောင်အန္တရာယ်ကို ကမ္ဘာ့ကုလသမဂ္ဂ၏ စားနပ်ရိက္ခာ နှင့်လယ်ယာစိုက်ပျိုးရေးအဖွဲ့အစည်း (FAO) မှ အကူအညီပေးသွားမည် ကမ္ဘာ့ကုလသမဂ္ဂက အာရှအလယ်ပိုင်းမှ နိုင်ငံ ၁ဝ နိုင်ငံနဲ့ အာရှနဲ့ ဥရောပဒေသအကြားဖြစ်တဲ့ ကော့ကေးဆပ်ဒေသ တွေမှာ လူဦးရေ ၂ဝ သန်းကိုစားနပ်ရိက္ခာဖူလုံရေးအတွက် ခြိမ်းခြောက်နေတဲ့ ကျိုင်းကောင်းတွေ သောင်း ကျန်းနေမှုမှ အကူအညီပေးသွားမှာဖြစ်ကြောင်း မေလ ၁၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ကျိုင်းကောင်က ၎င်းဒေသတွေမှာ လယ်ယာစိုက်ပျိုးရေးအတွက် အဆိုးရွားဆုံးခြိမ်းခြောက်လျက်ရှိပြီး ကပ် ရပ်ဒေသ တွေဖြစ်တဲ့ အာဖဂန်နစ္စတန်မြောက်ပိုင်းနဲ့ ရုရှတောင်ပိုင်းတို့မှာပါ ခြိမ်းခြောက်လျက်ရှိကြောင်း ရောမအခြေ စိုက် FAO ဖော်ပြချက်မှာပါရှိတယ်။ နိုင်ငံများစွာမှ တစ်နေ့အတွင်း ၁ဝဝ ကီလိုမီတာ(မိုင် ၆ဝ) ပံျသန်းနိုင်တဲ့အပြင် ရာသီဥတု ပြောင်းလဲမှု ကိုပါ ခံနိုင်ရည်ရှိတဲ့ ကျိုင်းကောင်အန္တရာယ်မှ ဟန့်တားနိုင်ရေးအတွက် FAO ကို အကူအညီတောင်းခံ ထားပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ကျိုင်းကောင်အန္တရာယ်ကျရောက်ပါက အိမ်နီးချင်းနိုင်ငံကိုပါ အလွယ်တကူပံျ့နံှ့သွားကြောင်း FAO မှကျိုင်းကောင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Annie Monard မှ ပြောကြားလိုက်ပါတယ်။ FAO က ကျိူင်းကောင်ထိန်းချုပ်နိုင်ရေးအတွက် ငါးနှစ်စီမံကိန်းကို စတင်အသုံးပြုသွားမှာဖြစ်ကြောင်း၊ လယ်ယာမြေ ဟက်တာပေါင်း ၂၅ သန်းကို အကူအညီပေးသွားမှာဖြစ်ကြောင်းနဲ့ ၎င်းအစီအစဉ်က ဇီဝပိုးသတ်ဆေး အပါအဝင် ပတ်ဝန်း ကျင်အန္တရာယ်ကို အနည်းဆုံးသာ သက်ရောက်စေမဲ့ အဆင့်မြင့်နည်းပညာနဲ့ ပြုလုပ်ထားတဲ့ ပိုးသတ်ဆေးကို အသုံးပြု သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:AFP News
အိန္ဒိယဈေးကွက်မှာ ပဲစင်းငုံဈေးဆင်းလာ ယခင်သီတင်းပတ်က အိန္ဒိယပြည်တွင်းဈေးကွက်မှာ ပဲစင်းငုံဈေး ခိုင်မာနေခဲ့ ပေမဲ့ ယခုသီတင်းပတ်မှာတော့ ပြန်လည်ကျဆင်းခဲ့ပါတယ်။ ဈေးကွက်တွေမှာ အဝယ်မရှိတဲ့အပြင် လှောင်လက်များ ထုတ်ရောင်း နေတာကြောင့် ဈေးလျော့ကျ လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ပက တင်သွင်းမယ့် ပဲတင်ဒါခေါ်ယူထားခြင်းက နိုင်ငံတကာဈေးကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ နိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသ ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာသွန်းနေခြင်းက နောက်ထပ် ပဲရာသီမှာ အထွက်ပိုမိုမယ့် အလားအလာရှိလာကာ ဈေးနှုန်းကို ဖိအား ဖြစ်စေပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးတွေကို ဖော်ပြ လိုက်ပါတယ်- ဒေါ်လာ/တန် ၂၆-၅-၁၁ ၂၅-၅-၁၁ ၂၄-၅-၁၁ ၂၃-၅-၁၁မွန်ဘိုင်း ၆၈၄-၇ဝ၇ ၆၈၃-၇ဝ၅ ၆၉၁-၇ဝ၇ ၆၉၆-၇၁၈ဒေလီ ၇၄၉-၇၅၁ ၇၆ဝ-၇၆၂ ၇၆၂-၇၆၅ ၇၆၂-၇၆၄ချန်နိုင်း ၆၈၄ ၆၈၃ ၆၈၅ ၆၉၆MIRT(MAPT)
ယခုတစ်ပတ် အန္ဒိယမတ်ပဲ ဈေးကျ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း မတ်ပဲဈေးကျဆင်းခဲ့ပါတယ်။ ဈေးကွက်တွေမှာ ပြုပြင်ပြီးမတ်ပဲ အဝယ်နည်းတဲ့အတွက် ပဲခွဲစက်တွေက ဝယ်ယူမှုလည်း ကျဆင်းလာတယ်လို့ သိရပါတယ်။ နွေမတ်ပဲများ ရိတ်သိမ်းနေပြီဖြစ်ပြီး အချို့ ဈေးကွက်တွေကို ဝင်လာမှုဟာ ဇွန်လမှာ တိုးတက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ ဘီဟာနဲ့ ဥတ္တရာပရာဒေ့ရှ်အချို့ဒေသတွေမှာ မိုးရွာသွန်းနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မုတ်သုန်မိုး ပုံမှန်ရွာသွန်းမယ့် မျှော်လင့်ချက်ကလည်း ဈေးနှုန်းကို ဖိအား ဖြစ်စေပါတယ်။MMTC အေဂျင်စီမှ မတ်ပဲ FAQနဲ့ SQ တန်ချိန် ၃ဝဝဝ စီဝယ်ယူမယ့် တင်ဒါခေါ်ယူထားခြင်းက နိုင်ငံတကာဈေးကို အထောက်အပံ့ဖြစ်စေ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဈေးကွက်အသီးသီးမှာဖြစ်ပေါ်ခဲ့တဲ့ ဈေးတွေကို ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၂၆-၅-၁၁ ၂၅-၅-၁၁ ၂၄-၅-၁၁ ၂၃-၅-၁၁မွန်ဘိုင်း ၈၇၈-၈၈၃ ၈၈၁ ၈၉ဝ ၈၉၄-၉ဝဝဒေလီ ၈၁၇-၉ဝ၅ ၈၃၇-၉၃၁ ၈၄ဝ-၉၃၄ ၈၃၉-၉၃၃ချန်နိုင်း ၈၈၉-၁ဝ၁၆ ၈၈၇-၁ဝ၂၅ ၉၁၂-၁ဝ၃၉ ၉၂၂-၁ဝ၄၉MIRT(MAPT)
အိန္ဒိယနနွင်း လက်ငင်းဈေးငြိမ်ပြီး ကြိုပွိုင့်ဈေးအတက်နဲ့ ပိတ် အိန္ဒိယပြည်တွင်းနနွင်းလက်ငင်းဈေးကွက်တွေမှာ အရောင်းအဝယ်အေးတာကြောင့် ဈေးငြိမ်နေပြီး ကြိုပွိုင့် ဈေးကွက်မှာ အနည်းငယ်မြင့်တက်လာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဈေးနှုန်းမြင့်တက်မှု ကြာရှည်မှာ မဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များကို အရည်အသွေးမြင့် နနွင်းဝင်ရောက်မှုအကန့်အသတ်သာရှိပြီး ရောင်းဝယ်မှုပမာဏကလည်း အနည်း အကျဉ်းသာရှိတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း နနွင်းဝယ်လိုအား ခိုင်မာလာပြီး အရည်အသွေးကောင်း နနွင်းရရှိနိုင်မှု နည်းခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဒါပေမဲ့လည်း နနွင်းအထွက်ကောင်းမယ့် အလားအလာ အရ လှောင်လက်များ လက်ကျန်ရှင်းထုတ်နေခြင်းက ဈေးနှုန်းကို ဖိအားဖြစ်စေတဲ့အပြင် နိုင်ငံတကာဈေး လျော့ကျခြင်း ကလည်း ပြည်တွင်းဈေးကို ကျဆင်းစေပါတယ်။ ဈေးကွက်များအတွင်း ဝယ်လိုအားနည်းခြင်းနဲ့ ဝင်ရောက်မှုပိုမိုလာခြင်းတို့ကြောင့် ကာလတိုအတွင်း နနွင်းတစ်တန်ကို ရူပီး ၉၆ဝဝဝ- ၁ဝ၆ဝဝဝ (ကန်ဒေါ်လာ ၂၁၄၃-၂၃၆၆) ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင်၊ှSource: nnscommodityonline
ဂျပန်ငလျင်ဒါဏ်ကြောင့် ရော်ဘာဝယ်လိုအား ကျဆင်းနေ ဂျပန်နိုင်ငံရဲ့ ငလျင်ဒဏ်ကြောင့် ကားထုတ်လုပ်မှုတွေထိခိုက်ပြီး ရော်ဘာဈေးနှုန်းတွေ ကျဆင်းကာ ကုန်ပစ္စည်းတွေရဲ့ ဝယ်လိုအားလည်း ထိန်းချုပ်ထားသလိုဖြစ်နေကြောင်းသိရပါတယ်။ တိုကျိုကုန်စည်ဒိုင်မှာတော့ စက်တင်ဘာလ အတွက် စာချုပ်ဈေးနှုန်းက ၃ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို (၄၉၃ဝ ဒေါ်လာ) ကိုရောက်ရှိနေပါတယ်။ ငလျင်နဲ့ဆူနာမီရဲ့ အကျိုးဆက်ကြောင့် ကမ္ဘာ့အကြီးဆုံးကားထုတ်လုပ်ရေးဖြစ်တဲ့ တိုယိုတာကား အမျိုးအစားအားလုံးရဲ့ ပုံမှန်ထုတ်လုပ်မှုကို နိုဝင်ဘာဒါမှမဟုတ် ဒီဇင်ဘာမှာမှ ပြန်လည်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းသိရပါတယ်။ ထိပ်တန်း တာယာထုတ်လုပ်ရေးဖြစ်တဲ့ ဘရစ်စတုန်းကလည်း ထုတ်လုပ်မှုခဲျ့ထွင်ဖို့စီမံကိန်းချမှတ်ထားပေမဲ့ တိုကျိုရဲ့ လျှပ်စစ်ဓါတ်အားက စက်ရုံ လည်ပတ်မှုအတွက် အကန့်အသတ်ရှိနေသေးကြောင်းသိရပါတယ်။ မော်တော်ကားထုတ်လုပ်ရေးတွေအနေနဲ့ အပျက် အစီးများကြားက ပြန်လည်ထူထောင်ဖို့ အခက်အခဲရှိနေပြီး ရော်ဘာဝယ်လိုအား ကျဆင်းမှုကလည်းကာလရှည်ကြားဖွယ် ရှိကြောင်း ဖူဂျီတိုမိကုမ္ပဏီရဲ့ သုတေသီကပြောကြားခဲ့ပါတယ်။ တိုယိုတာအနေနဲ့ ပုံမှန်ထုတ်လုပ်မှုကို ဂျပန် မှာ ဇူလိုင်လမှ ပြန်လည်စတင်နိုင်ပြီး နိုင်ငံရပ်ခြား စက်ရုံတွေမှာတော့ သြဂုတ်လမှာမှ စတင်နိုင်မယ်လို့သိရပါ တယ်။ ငလျင်ဒါဏ်ရဲ့ အကျိုးဆက်ကြောင့် ကုမ္ပဏီအနေနဲ့ ဂျပန်မှာကား ၃ သိန်းနဲ့ ပင်လယ်ရပ်ခြားမှာ ၁ သိန်းလောက်ဆုံးရှုံး နိုင်ဖွယ်ရှိကြောင်း ကုမ္ပဏီ ဒုတိယဥက္ကဌကပြောကြားခဲ့ပါတယ်။ တိုယိုတာအနေနဲ့ တနှစ်လုံးအတွက်ထုတ်လုပ်မှုကို အရေအတွက် (၇ ဒသမ ၇) သန်းအထိမှန်းထားကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့ပါတယ်။ ရော်ဘာဈေးနှုန်းဟာ ကမ္ဘာ့အများဆုံးသုံးစွဲသူဖြစ်တဲ့ တရုတ်နိုင်ငံမှာ ကုန်ဈေးနှုန်း ထိန်းချုပ်ဖို့အတိုးနှုန်းမြှင့်လိုက်တာနဲ့လဲ ဆက်စပ်မှုရှိကြောင်းသုတေသီများက သုံးသပ်ပါတယ်။ တရုတ်ရဲ့ ကုန်ဈေးနှုန်းဟာ ဧပြီလမှာ ၅ ဒသမ ၂ ရာခိုင်နှုန်းမှ ၅ ဒသမ ၅ ရာခိုင်နှုန်းကြားမြင့်တက်ဖွယ်ရှိကြောင်း နိုင်ငံတကာ ငွေလုံးငွေရင်းဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ တရုတ်ရဲ့ဝယ်လိုအား ဆက်လက်ကျဆင်း နိုင်ပြီးသိုလှောင်မှု ပမာဏ ကျဆင်းလာတာကို ကြည့်ခြင်းအားဖြင့် တရုတ်အနေနဲ့ ဈေးကွက်ကနေကုန်ကြမ်း ဝယ်တာထက်ရှိပြီးသား အရံပစ္စည်းတွေ ထုတ်သုံးနေတာတွေ့ရကြောင်း ဒီအက်စ်ဖျူးချားကုမ္ပဏီမှ သုတေ သီကပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့သဘာဝ ရော်ဘာ ထုတ်လုပ်မှုဟာ ရှစ်နှစ်အတွင်း(၁၄၇၁၇)တန်ကနေ (၁၂၂၂) တန်ကို ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်း၊ ရှန်ဒေါင်း၊ ယူနန်၊ ဟိုင်နန်နဲ့ တိုင်ဂျင်တို့မှာ သိုလှောင်ရုံ (၁ဝ) ခုကို ကွင်းဆင်းခဲ့ပြီးနောက် ရှန်ဟိုင်းကုန်စည်ဒိုင်က ပြောကြားခဲ့ပါတယ်။ ထိုင်း နိုင်ငံရဲ့ လက်ငင်းဈေးကတော့ ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်ကီလိုကို (၅ ဒသမ ၈၃) ဒေါ်လာရှိကြောင်း ထိုင်း ရော်ဘာ သုတေသနဌာနက ပြောကြားခဲ့ပါတယ်။ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ ဆောင်းရာသီ အရွက်ေြွကကာလ ဖေဖော်ဝါရီမှ မေ အထိ ထုတ်လုပ်မှုကျဆင်းကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC) ကပြောကြားခဲ့ တယ်လို့ သတင်းရရှိပါတယ်။Source:Bloomberg.com,KZW
အိန္ဒိယ STC အေဂျင်စီမှ လက်တင်အမေရိကားမှာ ပဲမျိုးစုံကို ကန်ထရိုက် လယ်ယာစနစ်နဲ့ စိုက်ပျိုးမှု စတင်တော့မယ အိန္ဒိယနိုင်ငံဟာ ကြီးထွားနေတဲ့ ပြည်တွင်းပဲလိုအပ်ချက် နဲ့ ရောင်းချနိုင်မှုအကြား ကွာဟချက်ကိုဖြည့်ဆည်းဖို့ အလားတူ အခြားနိုင်ငံများက ပဲတင်သွင်းရမှုကို လျှော့ချဖို့အတွက် ဧပြီလ ၁ ရက်မှာ စတင်တဲ့ လက်ရှိဘဏ္ဍာနှစ်မှာ ပြည်ပပဲမျိုးစုံ ကန်ထရိုက်လယ်ယာစနစ်စိုက်ပျိုးမှု စတင်ဖို့ နိုင်ငံပိုင် STC အေဂျင်စီမှ အဖွဲ့ဝင်ကုမ္ပဏီ ၇ ခုကို ဦးဆောင်သွားမယ်လို့ ဥက္ကဌN K Mathur က ပြောကြားပါတယ်။ STCဦးဆောင်တဲ့ အဲဒီအုပ်စု ဆောင်ရွက်မယ့် ကန်ထရိုက်လယ်ယာပရိုဂျက်ဟာလက်တင်အမေရိကား တစ် နိုင်ငံမှာ စတင်မှာဖြစ်ပြီး စိုက်ပျိုးမြေများကို စမ်းသပ်ပြီး သွားပြီ လို့ ၎င်းက ဆိုပါတယ်။ အဲဒီအုပ်စုကို နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီများနဲ့ ဖွဲ့စည်းထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ဂံျုနဲ့ဆန်စတဲ့အဓိကသီးနံှများလို စားနပ် ရိက္ခာလိုအပ်မှု အများစုကို ပြည်တွင်းဖူလုံမှုရှိပေမဲ့ နိုင်ငံရဲ့ အဓိကပရိုတိန်းအစာဖြစ်တဲ့ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှအချို့ကို တော့ တင်သွင်းဖို့ လိုအပ်လျက်ရှိပါတယ်။ လူဦးရေကြီးထွားခြင်းနဲ့အတူ စိုက်ဧရိယာတိုးတက်မှုမရှိခြင်းတို့ကြောင့် လာမယ့် နှစ်များမှာ စားနပ်ရိက္ခာတင်သွင်းဖို့ လိုအပ်ချက်တိုးတက်လာ လိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်အချို့က ဆိုပါတယ်။ ပြည်ပနိုင်ငံများမှ ကန်ထရိုက်လယ်ယာပရိုဂျက် အောင်မြင်မယ်ဆိုရင် အခြားစီးပွားရေးပရိုဂျက်များအတွက် အဓိက ကျတဲ့ နမူနာစံပြဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်တင်အမေရိကားအနေနဲ့ ပဲမျိုးစုံ များများစားစား စိုက်ပိုျးခြင်း မရှိလို့ ထုတ်လုပ်မှု အောင်မြင်နိုင်ခြေရှိမရှိကိုတော့ စမ်းသပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ ပဲမျိုးစုံတင်သွင်းဖို့ မြန်မာနိုင်ငံကို အဓိက မှီခိုနေရတာဖြစ်လို့ ဈေးနှုန်းအပြောင်းအလဲ များ လျက် ရှိနေပါတယ်။ STC အနေနဲ့ ပရိုဂျက်အုပ်စုမှ ထွက်ရှိမှု အားလုံးကို ဈေးကွက်ရှာဖွေသွားမယ်လို့ Mathur က ဆိုပါ တယ်။ အိန္ဒိယရဲ့ ပဲမျိုးစုံလိုအပ်ချက်နဲ့ ရောင်းချမှုအကြား ကွာဟချက်ဟာ ယခုနှစ်မှာ တန်ချိန် ၃ သန်းခန့်ရှိရာမှ နောက် ၁ နှစ် ၊ ၂ နှစ်အတွင်း တန်ချိန် ၄ သန်းအထိ မြင့်တက်ဖွယ်ရှိပါတယ်။ ယခင်နှစ်က မုတ်သုံမိုးကောင်းခြင်းနဲ့ အစိုးရအေဂျင်စီ များက လယ်သမားများကို အနိမ့်ဆုံးဈေးနှုန်းမြှင့်တင်ပေးခဲ့တဲ့ အတွက် ပဲထုတ်လုပ်မှု တန်ချိန် ၁၇ ဒသမ ၂၉ သန်းအထိ မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနဟာ တောင်သူများ ပဲမျိုးစုံ တိုးမြှင့်စိုက်ဖို့ အားပေးတဲ့အနေနဲ့ ၂ဝ၁၁-၁၂ အတွင်း အဓိက ပဲ ၃ မျိုးရဲ့ ဝယ်ယူဈေးများကို တိုးမြှင့်ဖို့တင်ပြထားကြောင်း သိရပါတယ်။ ယမင်းးရွှေစင်၊Source:commodityinsights.com
မော်ရိုကိုက ပဲမျိုးစုံနဲ့ သံလွင်ဆီ ဝယ်ယူဖို့ အိန္ဒိယစိတ်ဝင်စားနေ အိန္ဒိယနိုင်ငံဟာ မော်ရိုကိုနိုင်ငံက ပဲမျိုးစုံ၊ သံလွင်ဆီနဲ့ ဓာတ်မြေသြဇာများ ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း အိန္ဒိယ စားနပ်ရိက္ခာဝန်ကြီး ကေဗွီသောမတ်စ်က မော်ရိုကို ပြည်ပကုန်သွယ်ရေးဝန်ကြီး Abdeltatif Maazous နဲ့ နယူးဒေလီမှာ ဧပြီလ ၂၉ ရက်နေ့က တွေ့ဆုံစဉ်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မော်ရိုကိုဝန်ကြီးကလည်း အိန္ဒိယက ဂံျုနဲ့ ဆန်ကို လိုချင်နေတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ဂံျုနဲ့ ဘာစမာတီမဟုတ်တဲ့ ဆန်တင်ပို့မှုကို ပိတ်ပင်ထားပေမဲ့ သံတမန်ဆက်ဆံရေးအရ ဂံျုပမာဏ အနည်းငယ်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံက ဆန်နဲ့ ဂံျုထပ်မံဝယ်ယူဖို့ မော်ရိုကိုရဲ့ တောင်းဆိုမှုကို ပြည်ပရေးရာ ဝန်ကြီးဌာနက စဉ်းစားသွားမှာဖြစ်ပြီး ပုဂ္ဂလိကအချင်းချင်း သို့မဟုတ် အစိုးရအချင်းချင်း အစီအစဉ်အရ တင်ပို့သွားမယ် ဆိုတာတော့ မသေချာသေးဘူးလို့ ဆိုပါတယ်။ ကေဗွီသောမတ်စ်ကလည်း မော်ရိုကိုက သံလွင်ဆီနဲ့ ပဲမျိုးစုံ ထပ်မံတင်သွင်းဖို့လည်း ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရပါတယ်။ ၂ဝဝ၈-ဝ၉ ခုနှစ်အတွင်း ၂ နိုင်ငံကြား ကုန်သွယ်မှုဟာ ကန်ဒေါ်လာ ၁ ဒသမ ၁၉ ဘီလီယံရှိတယ်လို့ သိရပါတယ်။ ယမင်းးခင်၊Source: commodityonline
တစ်ပတ်အတွင်း အိန္ဒိယကုလားပဲ ဈေးခိုင်မာ အိန္ဒိယပြည်တွင်းဈေးကွက်များမှာ လှောင်လက်များအဝယ်သွက်နေတာ ကြောင့် ယခုတစ်ပတ်အတွင်း ကုလားပဲဈေးခိုင်မာနေပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ ဆက်လက်ရိတ်သိမ်းနေဆဲလို့ သိရပါတယ်။ လှောင်လက်များ ဝယ်ယူနေလို့ လတ်တလော ဈေးခိုင်မာနေပေမဲ့ ယခုနှစ် ပဲတန်ချိန် ၇ ဒသမ ၃၈ သန်း ဝန်းကျင်အထိ အထွက်မြင့်တက်မယ့် ခန့်မှန်းချက်တွေအရ ဈေးများများမတက်နိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ကာဘူလီကုလားပဲမှအပ အခြားပဲများ ပြည်ပတင်ပို့မှုကို ပိတ်ပင် ထားဆဲဖြစ်လို့လည်း ဈေးမြင့်တက်လာနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ၂ဝ၁၁ ဧပြီလ ၁၅ ရက်နေ့အထိ ကုလားပဲစိုက်ပျိုးပြီးစီးမှုဟာ ဟက်တာ ၉၆ ဒသမ ၆၈ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၈၅ ဒသမ ၁ဝ သိန်းထက် ၁၃ ဒသမ ၆၁ ရာခိုင်နှုန်းပိုမိုနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သြစတြေးလျမှာ စိုက်ပျိုး ရာသီအတွင်း မိုးရွာသွန်းဖွယ်ရှိခြင်းက တင်သွင်းကုလားပဲဈေးမြင့်တက်ဖို့ အထောက် အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား-၂ နဲ့ ဖော်ပြထားပါတယ် ၂-၅-၁၁ ၃-၅-၁၁ ၄-၅-၁၁ ၅-၅-၁၁မွန်ဘိုင်း ၅ဝ၇-၅၁၃ ၅ဝ၇-၅၁၃ ၅ဝ၅-၅၁ဝ ၅ဝ၅-၅၁ဝဒေလီ ၄၉၆-၅ဝ၂ ၅ဝ၂-၅ဝ၇ ၅ဝ၅-၅၁ဝ ၅ဝ၅-၅၁ဝချန်နိုင်း ၅၄၁ ၅၄၁ ၅၄၃ ၅၄၇MIRT(MAPT)