Background
စားနပ်ရိက္ခာဈေးနှုန်းကြီးမြင့်မှုကြောင့် တောင်ကိုရီးယားနိုင်ငံက ပြည်ပမှာလယ်ယာ ရင်းနှီးမြှုပ်နံှမှု တိုးတက်ဆောင်ရွက်ဖွယ်ရှိ ကမ္ဘာ့တတိယအများဆုံး ပြောင်းဝယ်ယူတဲ့ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့ကုန်ဈေးနှုန်း စံချိန်တင် မြင့်တက်မှုကြောင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးမြှင့်တင်ဖို့ ကြိုးစားတဲ့ အနေနဲ့ ပြည်ပနိုင်ငံများမှာ ကောက်ပဲသီးနံှထုတ်လုပ်မှုကို တိုးမြှင့်နိုင်တယ်လို့ အစိုးရက ပြောကြားကြောင်းသိရပါတယ်။ ကမ္ဘာ့နံှစားသီးနံှ ဈေးနှုန်းက အလျင်အမြန်တိုးတက်နေတဲ့ အတွက် ပြည်ပနိုင်ငံတွေမှာ စိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ် တွေ တိုးခဲျ့ဖို့ လိုအပ်လာပြီလို့ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနမှ ပြောကြားကြောင်း သိ ရပါတယ်။ အစိုးရအနေနဲ့ ကုမ္ပဏီတွေကို တတ်နိုင်သလောက် ထောက်ပံ့သွားမယ်လို့လည်း ပြောကြားကြောင်း သိရပါတယ်။ ပြောင်းနဲ့ ဂံျုအများဆုံးတင်သွင်းမှုအပေါ် မှီခိုနေရတဲ့ တောင်ကိုရီးယားနိုင်ငံအနေနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းကြီးမြင့်မှုကြောင့် ဗဟိုဘဏ်က လွန်ခဲ့တဲ့ ၂ လအတွက် ရည်မှန်းထားတာထက် ကျော်လွန်ပြီး ငွေကြေးဖောင်းပွ မှုတွေ ဖြစ်စေခဲ့တာကြောင့် ပြည်တွင်းရောင်းချမှု တိုးမြှင့်ဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်။ ရေနံဈေးနှုန်းကြီးမြင့်ခြင်းနဲ့ သီးနံှအထွက် လျော့ခြင်းတို့ကြောင့် စံချိန်တင်ထားတဲ့ ဈေးနှုန်းက ဆက် လက်ရှိနေဦးမယ်လို့ မတ်လ ၉ ရက်နေ့မှာ FAO ကပြော ကြား ပါတယ်။ ပြည်တွင်းနံှစားသီးနံှ ဖူလုံမှုက အလွန်နိမ့်ကျပြီး တိုးခဲျ့ စိုက်ဖို့ မြေကလည်း အကန့်အသတ်သာ ရှိတာကြောင့် ပြည်တွင်း ရောင်းချမှု တည်ငြိမ်စေရေး ပြည်ပလယ်ယာစိုက်ပိုျးဖို့ကို ကြိုးစားနေတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ ဆမ်ဆောင်းစီးပွားရေး သုတေသနတက္ကသိုလ်မှ သုတေသနပညာရှင် Kim Wha Nyeon က ပြောကြားပါတယ်။ ၂ဝ၁ဝ နှစ်ကုန်ပိုင်းက ပြည်ပ ၁၆ နိုင်ငံရဲ့ လယ်ယာစိုက်ပျိုးမှုမှာ ကုမ္ပဏီ ၆ဝ ခန့် ပါဝင်ဆောင်ရွက်နေပြီး မြေဟက်တာ ၂၄ဝဝဝ ခန့်ကနေ သီးနံှတန်ချိန် ၈၇ဝဝဝ ခန့်ထွက်ရှိခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောကြားပါတယ်။ FAO က ထုတ်ပြန်တဲ့ ဈေးနှုန်းညွှန်းကိန်းအရ ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းဟာ အမြင့်ဆုံးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ကနေဒါမှစပြီး သြစတြေးလျ နိုင်ငံတွေအထိ ရာသီဥတုကြောင့် သီးနံှပျက်စီးခြင်းနဲ့ အတူ ရုရှားနိုင်ငံကလည်း အဆိုးဝါးဆုံး မိုးခေါင်မှုကြောင့် သီးနံှတင်ပို့မှု ပိတ်ပင်ခဲ့တာကြောင့် ဈေးနှုန်းတွေမြင့်တက် လာတာဖြစ်ပါတယ်။ ဒါ့အပြင် မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတစ်လွှား နိုင်ငံရေးအုံြွကမှုကလည်း ဈေးနှုန်း ကို ပိုမိုတိုးတက်စေခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ၂ဝဝ၈ ခုနှစ် ဈေးနှုန်းတွေမြင့် တက် ပြီးတဲ့နောက် ၁ဝ နှစ်စီမံကိန်းအရ ၂ဝဝ၉ ခုနှစ်ကတည်း က ပြည်ပလယ်ယာလုပ်ငန်းတွေမှာ ကုမ္ပဏီများရင်းနှီးမြှုပ်နံှဖို့ ကူညီပေးခဲ့တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ ကိုရီးယား ကုမ္ပဏီများဟာ ရုရှားနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အများဆုံး ရင်းနှီးမြှုပ်နံှကြတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ဂျပန်ပြီးရင် အာရှမှာ ဒုတိယ မြောက် နံှစားသီးနံှအများဆုံး တင်သွင်းသူဖြစ်ပြီး ယခုနှစ်မှာ ပြောင်း တန်ချိန် ၈ ဒသမ ၅ သန်း နိုင်ငံလိုအပ်ချက်ရဲ့ ၉၉ ရာခိုင်နှုန်း တင်သွင်းဖို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ဒါ့အပြင် ဂုံျတင်သွင်းမှုမှာ တတိယမြောက် အများဆုံးဖြစ်ပြီး ယခုနှစ်လိုအပ်ချက်ရဲ့ ၉၅ ရာခိုင်နှုန်းခန့်တင်သွင်းမယ်လို့ ှီ့ USDA စာရင်းများအရ သိရပါတယ်။ ယခင်နှစ်အတွင်း ပြောင်း ဈေးနှုန်းက ၉၁ ရာခိုင်နှုန်းနဲ့ ပဲပုပ်ဈေးနှုန်းက ၄ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSource: bloomberg.net
အိန္ဒိယပဲ တင်ပို့မှု ပိတ်ပင်ထားခြင်းက နီပေါပဲတင်ပို့မှုကို မြင့်တက်စေ နီပေါနိုင်ငံရဲ့ ပဲမျိုးစုံတင်ပို့မှုအနေနဲ့ အဓိက ပဲနီလေးတင်ပို့မှုဟာ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ၂၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နီပေါပဲနီလေးစားသုံးမှု ကြီးထွားလာခြင်းနဲ့ အိန္ဒိယက ပဲတင်ပို့မှု ပိတ်ပင်ခြင်းတို့ကြောင့် ခုလိုမြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲနီလေးတန်ချိန် ၃ဝ၁၅၁ ၊ တန်ဖိုးအားဖြင့် ရူပီး ၂ ဒသမ ၇၅ ဘီလီယံ (ကန်ဒေါ်လာ ၆၁ ဒသမ ၁၅ သန်း) တင်ပို့နိုင်ခဲ့လို့ ပြည်ပ တင်ပို့တဲ့ ကုန်စည်များထဲမှာ ပဲနီလေးက ဒုတိယအများဆုံး နေရာယူထားတယ်လို့ သိရပါတယ်။ ယခင်နှစ်ကာလတူက ပဲနီလေး တန်ချိန် ၂၂၃၃၈၊ တန်ဖိုးအားဖြင့် ရူပီး ၂ ဒသမ ၂၄ ဘီလီယံ (ကန်ဒေါ်လာ ၄၉ ဒသမ ၈၁ သန်း)ဖိုးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့မှု တိုးတက်လာတာကြောင့် တောင်အာရှ အိမ်နီးချင်း နိုင်ငံတွေကို စုစုပေါင်း တင်ပို့မှုဟာ ၅ဝရာခိုင်နှုန်းတိုးတက်ပြီး ရူပီး၂ ဒသမ ၈၂ ဘီလီယံ (ကန်ဒေါ်လာ ၆၂ ဒသမ ၇၁သန်း) ရရှိခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ အဓိက တင်သွင်းနိုင်ငံဖြစ်တယ်လို့ သိရပါတယ်။ ကုန်သွယ်မှုနဲ့ ပြည်ပပို့ကုန်တိုးမြင့်ရေးစင်တာမှ ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းအရ ဒီဇင်ဘာလလယ်နဲ့ ဇန်နဝါရီလ လယ်အတွင်း ပဲနီလေး တင်ပို့မှုက ရူပီး ၄၆၇ ဒသမ ၆၉ သန်း (ကန်ဒေါ်လာ ၁ဝ ဒသမ ၄ သန်း) ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ယခင်ဘဏ္ဍာနှစ်အတွင်း နိုင်ငံရဲ့ စုစုပေါင်းတင်ပို့မှုရဲ့ ၈ ရာခိုင်နှုန်းကို ပဲနီလေးတန်ချိန် ၃၇၅၆၉ တင်ပို့ခဲ့ပြီး ယခင်နှစ်ရဲ့ တတိယအများဆုံးပို့ကုန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စီးပွားကူးသန်းနှင့် ထောက်ပံ့ရေးဝန်ကြီးဌာန ပြောကြားချက်အရ နိုင်ငံတကာဈေးနှုန်း မြင့်တက်ခြင်းနဲ့ နိုင်ငံရဲ့ ပဲတင်ပို့မှု တစ်နှစ်ကြာပိတ်ပင်ထားခြင်းမှ ပြန်ဖွင့်လှစ်ခြင်းတို့ကြောင့် ပဲနီလေးတင်ပို့မှုက ၂ ဆမြင့်တက်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ နီပေါနိုင်ငံဟာ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်နေစဉ်အတွင်း ပြည်တွင်းဈေးနှုန်းမြင့်တက်မှုကို ထိန်းခုျပ်ဖို့ ၂ဝဝ၉ ခု နှစ်စပိုင်းကစပြီး ပဲတင်ပို့မှုကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ နီပေါပဲနီလေးဟာ အရသာ ထူးခြားမှုကြောင့် ပြည်ပစားသုံး နိုင်ငံတွေအကြား ထင်ရှားမှုရှိပြီး နီပေါပဲနီလေးနဲ့ ပဲနီလေးခွဲခြမ်းကို ဘင်္ဂလားဒေ့ရှ်က အဓိက တင်သွင်းနေတယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: commodityonline
အိန္ဒိယ MMTC အေဂျင်စီမှ ပဲမျိုးစုံတန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ် အိန္ဒိယအစိုးရပိုင်MMTC အေဂျင်စီဟာ ပြည်ပက ပဲမျိုးစုံတန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ မတ်လ ၇ ရက်နေ့က တင်ဒါခေါ်ယူခဲ့ပါတယ်။ တင်သွင်း ပဲများကို ဧပြီလအရောက် မွန်ဘိုင်း၊ ချန်နိုင်းနဲ့ ကိုလ်ကတ္တားဆိပ်ကမ်းတွေကို တင်ပို့ရမှာဖြစ်ပြီး တင်ဒါကို မတ်လ ၁၅ ရက်မှာ ပိတ်မှာလို့ ဆိုပါတယ်။ တင်သွင်းမယ့် ပဲများကတော့ မြန်မာနိုင်ငံက မတ်ပဲ SQ တန် ၃ဝဝဝ၊ မတ်ပဲ FAQ တန် ၃ဝဝဝ နဲ့ ပဲစင်းငုံ တန် ၃ဝဝဝ ဖြစ်ပြီး အာဖရိက ပဲစင်းငုံ တန် ၃ဝဝဝ နဲ့ ကနေဒါ ပဲဝါလေး တန်ချိန် ၂၅ဝဝဝ စီ အသီးသီး ဝယ်ယူ သွားမယ်လို့ သိရပါတယ်။ အဲဒီပဲများဟာ ၂ဝ၁၁ သီးနံှ ဖြစ်ရမယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSource:MMTC tender
ကနေဒါ ပဲကုန်သည် အုပ်စု သုံးနိုင်ငံ ခြေဆန့် ကနေဒါနိုင်ငံ ဆက်ကာချီဝမ်ပြည်နယ်က လယ်ယာစိုက်ပျိုးရေး ဒုတိယဝန်ကြီး ဦးဆောင်ပြီး ဆက်ကာချီဝမ် ပဲစိုက်ပျိုးသူများအသင်း၊ ဆက်ကာချီဝမ် ကုန်သွယ်မှုနှင့် ပို့ကုန်မိတ်ဖက်အဖွဲ့၊ ကနေဒါ ကောက်ပဲသီးနံှကော်မရှင်နှင့် ပဲမိုျးစုံလုပ်ငန်းရှင်အင်အား (၁ဝဝ)ခန့် ပါဝင်တဲ့ အဖွဲ့ကြီး တစ်ဖွဲ့ဟာ အိန္ဒိယ- ဘင်္ဂလားဒေ့ရှ် နဲ့ သီရိလင်္ကာ (၃)နိုင်ငံ ခရီးစဉ်ကို စတင်နေပြီ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ မှာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး Alanna Koch က ပြောကြားရာမှာ ၎င်းတို့အနေနဲ့ ဒေသရဲ့တိုးမြင့်နေတဲ့ ပဲလုံးနှင့် ပဲရာဇာ(ပဲနီလေး)လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ရောက်လာတာဖြစ်ကြောင်းနဲ့ ဆက်ဆံမှုများကို တိုးမြှင့်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အိန္ဒိယဟာ ကနေဒါရဲ့ စတုတ္ထအကြီးဆုံး ဈေးကွက်နိုင်ငံဖြစ်ပြီး ၂ဝဝ၉ ခုနှစ်မှာ ပဲဝါလေး ဒေါ်လာ (၃၄၅)သန်းနဲ့ ပဲရာဇာ ဒေါ်လာသန်း(၁၈ဝ)၊ စုစုပေါင်း ဒေါ်လာ (၅၃၅)သန်းဖိုး တင်ပို့ခဲ့တယ်လို့ ဗူညေညေ ုသခ့ က ဆိုပါတယ်။ အိန္ဒိယရဲ့ တိုးတက်လာတဲ့ ပဲလိုအပ်ချက်ကို ဆက်ကာချီဝမ်ပြည်နယ်က ကောင်းစွာ ဖြည့်ဆည်းပေးနိုင်တယ်လို့လည်း သူကဆိုပါတယ်။ ဆက်ကာချီဝမ်ပဲစိုက်ပိုျးသူများအသင်းရဲ့ယခုအပတ်ထုတ်ပြန်တဲ့ အစီရင်ခံစာတွေအရ အိန္ဒိယရိုးရာ အစားအစာတွေမှာ ပဲရာဇာ (အစိမ်း)ကို ကောင်းစွာ အစားထိုး အသုံးပြုနိုင်ပြီး အိန္ဒိယ စားသုံးသူများက လက်ခံစ ပြုလာပြီလို့လည်း သိရပါတယ်။ ဆက်ကာချီဝမ်ပဲစိုက်ပျိုးသူများအသင်းနဲ့ ဆက်ကာချီဝမ်တက္ကသိုလ်တို့ ပူးတွဲဆောင်ရွက်တဲ့ လေ့လာတွေ့ရှိချက်အရ ပဲရာဇာ(အစိမ်း)ဟာ အိန္ဒိယနိုင်ငံက တင်သွင်းနေရတဲ့ ပဲစင်းငုံဈေးကွက် ၂ဝ ရာခိုင်နှုန်း တစ်နည်းအားဖြင့် တန်နှစ်သိန်းခန့် ဈေးကွက်ကို ကောင်းစွာ သိမ်းပိုက်နိုင်တယ်လို့ ဆိုပါတယ်။ အိန္ဒိယ တမီနာဒူး စိုက်ပိုျးရေးတက္ကသိုလ်ရဲ့ သုတေသနပညာရှင်များ စမ်းသပ်တွေ့ရှိချက်အရ ပဲရာဇာ(အစိမ်း)ဟာ အိန္ဒိယတောင်ပိုင်း ဒေသရိုးရာအစားအစာတွေမှာ ကောင်းစွာအသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။ တမီနာဒူးတက္ကသိုလ်ရဲ့ တွေ့ရှိချက်ဟာ ဆက်ကာချီဝမ်ပဲစိုက်သူများအတွက် ဈေးကွက် သိမ်းပိုက်ဖို့ သက်သေပြချက်ပဲဖြစ်တယ်လို့လည်း ဆက်ကာချီဝမ်ပဲစိုက်ပျိုးသူများအသင်းက ဆိုပါတယ်။ ယခုခရီးလှည့်လည်နေတဲ့ ကနေဒါအဖွဲ့ကြီးရဲ့ ခရီးစဉ်ဟာ မတ်လ ၂ဝ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ ဆက်ကာချီဝမ်ပြည်နယ်ဟာ တစ်နှစ်ကို ပဲတန်ချိန် (၃.၇)သန်းလောက် တင်ပို့နေတဲ့ ပြည်နယ်ကြီးလည်းဖြစ်ပါတယ်။ ပြိုင်ဘက်နိုင်ငံ က မြန်မာ့ဈေးကွက်နိုင်ငံကြီးနဲ့ ၎င်းရဲ့ပတ်ဝန်းကျင်မှာ လှုပ်ရှားဆောင်ရွက်နေတာတွေကို မြန်မာပဲကုန်သည်များအား ခေါင်းလောင်းထိုးပြီး သတိပေးလိုက်သည်။မာဂျာနို
အိန္ဒိယပဲတီစိမ်းဈေး ဈေးကွက်အလိုက်အပြောင်းအလဲရှိ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ဖေဖော်ဝါရီလနဲ့ မတ်လ ကာလတူဈေးနှုန်း နှိုင်းယှဉ်ရာမှာ အချို့ဈေးကွက်မှာ ဈေးငြိမ်နေပေမဲ့ အချို့ဈေးကွက်မှာတော့ လျော့ကျလာတာတွေ့ရပါတယ်။ ယခုလအတွင်း မြန်မာပဲတီရွှေဝါ အရောင်း အဝယ်မဖြစ်သလောက်ရှိတာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်နည်းပေမဲ့ အဝယ်မရှိသလောက်ဖြစ်လို့ ဈေးငြိမ်နေ တာဖြစ်ပြီး အချို့ဈေးကွက်မှာတော့ ပြည်တွင်းပဲတီစိမ်းအရည်အသွေးအရ လျော့ကျတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒေလီနဲ့ အင်ဒိုရီဈေးကွက်တွေမှာ ဖေဖော်ဝါရီလနဲ့ မတ်လ ကာလတူဈေးနှုန်းတွေကို ဖော်ပြလိုက်ပါတယ် ဒေလီဈေး ကွက် အင်ဒိုရီဈေးကွက်၁ဝ-၃-၁၁ ၁၂၈၆ ၁၁၅၃၁ဝ-၂-၁၁ ၁၂၇၂ ၁၂ဝ၇MIRT(MAPT)
အိန္ဒိယပဲစင်းငုံဈေး ဖေဖော်ဝါရီနဲ့ မတ်လကာလတူ ကန်ဒေါ်လာ ၄ဝ ခန့်လျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပြည်တွင်းပဲစင်းငုံအသစ်တွေ ဝင်ရောက်နေ သလို မြန်မာနိုင်ငံက တင်သွင်းပဲတွေကလည်း ပုံမှန်ဝင်ရောက်နေတာကြောင့် အိန္ဒိယပဲစင်းငုံဈေးက အကျဘက်ကို တောက်လျှောက်ဆင်း နေတဲ့အတွက် ကာလ တူ ဈေးနှုန်းကွာခြားနေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အဝယ်လည်းနည်းတာ ကြောင့် ဈေးကကျပြီးရင်းကျနေပါတယ်။ ဒါကြောင့်လည်း မဟာရပ်ရှတရာ အစိုးရက အများပြည်သူဖြန့်ဝေရေးစနစ်နဲ့ ပဲဖြန့်ဖြူးနေတာကို ရပ်တန့်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ မွန်ဘိုင်းဈေးကွက်နဲ့ C & F ဈေးများကို ဖေဖော်ဝါရီလနဲ့ မတ်လ ကာလတူ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C & F)၁ဝ-၃-၂ဝ၁၁ ၇၉၈ ၉၂ဝ၁ဝ-၂-၂ဝ၁၁ ၈၃၆-၈၃၈ ၉၄ဝ-၉၅ဝMIRT(MAPT)
အိန္ဒိယမွန်ဘိုင်းမတ်ပဲဈေး ကာလတူဈေးကွာခြားမှုနည်း အိန္ဒိယမွန်ဘိုင်းဈေးကွက်အတွင်း မတ်ပဲဈေးက ဖေဖော်ဝါရီနဲ့ မတ်လ ကာလ တူ ဈေးနှုန်းကွာခြားမှု နည်းတာတွေ့ရပါတယ်။ ဖေဖော်ဝါရီလမှာ ဝယ်လိုအား နည်းလို့ ဈေးကျခဲ့ရာမှ မတ်လ ဒုတိယပတ်မှာတော့ မြန်မာမတ်ပဲကို အဝယ်ပြန် လိုက်လာလို့ ဈေးပြန်မာလာတာကြောင့် ဈေးနှုန်းကွာခြားမှုနည်းခြင်းဖြစ်ပါတယ်။ မွန်ဘိုင်း ဆိပ်ကမ်းကို မြန်မာမတ်ပဲတွေ ဝင်ရောက်နေတာမို့ ကာလတိုအတွင်း ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မွန်ဘိုင်းဈေးကွက် ပေါက်ဈေးနဲ့ C & F ဈေးများကို ဖေဖော်ဝါရီနဲ့ မတ်လ ကာလတူဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C & F)၁ဝ-၃-၂ဝ၁၁ ၉ဝ၃ ၉ဝဝ၁ဝ-၂-၂ဝ၁၁ ၈၈၃ ၉ဝ၅-၉၁ဝ MIRT(MAPT)
အခြားပြည်နယ်များကို အားထားနေလို့ အိန္ဒိယ ကီရာလာကြက်သွန်ဖြူ ဈေးမြင့်တက်ရခြင်းဖြစ် အိန္ဒိယနိုင်ငံ ပြည်နယ်များရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ငွေရလွယ်တဲ့ သီးနံှတွေကို အားထားစိုက်ပျိုးနေပြီး အခြားစိုက်ပျိုး ရေးထွက်ကုန်တွေဖြစ်တဲ့ ကြက်သွန်ဖြူလို သီးနံှတွေကိုတော့ အခြားစိုက်ပျိုးတဲ့ ပြည်နယ်တွေကို အားထားနေရတာကြောင့် လွန်ခဲ့တဲ့ ၃ လအတွင်း ကြက်သွန်ဖြူဈေးက အမြင့်မှာ စိုးမိုးနေဆဲဖြစ်ကြောင်း သိရပါတယ်။ ပုံမှန်အားဖြင့် ကြက်သွန်တစ် ကီလိုကို ရူပီး ၆ဝ (ကန်ဒေါ်လာ ၁ ဒသမ ၃၃) ဝန်းကျင်မှာ ရှိတတ်ပေမဲ့ လွန်ခဲ့တဲ့ လများမှာတော့ တစ်ကီလိုကို ရူပီး ၂၅ဝ ကနေ ၂၇ဝ (ကန်ဒေါ်လာ ၅ ဒသမ ၅၅ - ၆) ဝန်းကျင်မှာရှိနေခဲ့ပါတယ်။ ကီရာလာပြည်နယ်ဈေးကွက်တွေမှာ ပထမ တစ်မျိုးဖြစ်တဲ့ အရည်အသွေးနိမ့် ကြက်သွန်ဖြူက တစ်ကီလို ရူပီး ၁၅ဝ (ကန်ဒေါ်လာ ၃ ဒသမ ၃၃) ရှိချိန်မှာ ဒုတိယ ပုံမှန်ခြောက်သွေ့တဲ့ ကြက်သွန်ဖြူက တစ်ကီလို ရူပီး ၂၄ဝ (ကန်ဒေါ်လာ ၅ ဒသမ ၃၃) ရှိကာ ကြီးပြီးခြောက်သွေ့တဲ့ ကြက်သွန်ဖြူက ရူပီး ၂၅ဝ (ကန်ဒေါ်လာ ၅ ဒသမ ၅၅) ရှိတယ်လို့ သိရပါတယ်။ ကီရာလာပြည်နယ် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုတိုးတက်ရေး ကော်ပိုရေးရှင်းမှ အုပ်ချုပ်မှုဒါရိုက်တာ K. Premanath က ပြောကြားတာကတော့ ကြက်သွန်ဖြူဈေးတက်ရခြင်းဟာ အခြားပြည်နယ်တွေမှာလည်း ကြက်သွန်ဖြူ မရရှိနိုင်တာကြောင့် ဖြစ်တဲ့အပြင် ကြက်သွန်ဖြူက ပုပ်သိုးလွယ်တဲ့ကုန်ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ စားသုံးသူတွေဟာ မဒ္ဒရာပရာဒေ့ရှ်၊ ဥတ္တရာပရာဒေ့ရှ်၊ ရာဂျက်စသန်နဲ့ မဟာရပ်ရှတရာတို့က အသစ်ဝင်ရောက် လာမှ ဈေးကျဆင်းမယ်အချိန်ကို စောင့်နေကြတယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ စတင်ရိတ်သိမ်းပေမဲ့ လကုန်ထိတော့ ဈေးကွက် တွေထဲဝင်မလာသေးဘူးလို့ ဆိုပါတယ်။ ဈေးမြင့်တက်ရတဲ့ အခြားအကြောင်းရင်းကတော့ အဓိက ထုတ်လုပ်တဲ့ ပြည်နယ်တွေမှာ ယခင်နှစ်က ရာသီဥတု မမှန်ခဲ့လို့ ၃ဝ ရာခိုင်နှုန်းခန့် အထွက်ဆုတ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် ပါကစ္စတန်ကို ဧပြီလနဲ့ ဇွန်လအတွင် ပမာဏ များများ တင်ပို့ရာမှ ပြီးခဲ့တဲ့ နှစ်မှာ အရောင်းပြတ်လပ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ကြက်သွန်ဖြူဟက်တာ ၈၆ဝဝဝ နဲ့ ဒုတိယအများဆုံးစိုက်ပျိုးပြီး ထုတ်လုပ်မှုအနေနဲ့ တန်ချိန် ၃၅ဝဝဝဝ နဲ့ တတိယအများဆုံး နေရာယူထားတယ်လို့ သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်ဟာ တစ်နိုင်ငံလုံး စိုက်ဧရိယာရဲ့ ၃၅ ရာခိုင်နှုန်းကျော်စိုက်ပျိုးပြီး စုစုပေါင်းထုတ်လုပ်မှုရဲ့ ၃၈ ရာခိုင်နှုန်း ထုတ်လုပ်လေ့ရှိတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံကတော့ ကမ္ဘာမှာ စိုက်ပျိုးမှုရော၊ ထုတ်လုပ်မှုပါ ပထမနေရာက ရှိနေတယ်လို့ သိရပါတယ်။ ယမင်းးခင်၊်၊ှSource: The Express Buzz
အိန္ဒိယနနွင်း ပြည်ပဝယ်လိုအားကောင်းလာလို့ ဈေးပြန်မြင့်လာ အိန္ဒိယပြည်တွင်း နနွင်းလက်ငင်းဈေးကွက်တွေကို ယခုသီတင်းပတ်အစပိုင်းမှာ အဝင်များလာလို့ တစ်တန်ကို ရူပီး ၁ဝဝဝဝ (ကန်ဒေါ်လာ ၂၂၂) ကျဆင်းခဲ့ပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ နီဇမ်မာဘတ်ဈေးကွက်မှာ ပြည်တွင်း လှောင်လက်တွေ အဆွဲများတာကြောင့် လက်ငင်းဈေးနဲ့ ကြိုပွိုင့်ဈေး ၁ ဒသမ ၃၆ ရာခိုင်နှုန်းနဲ့ ၂ ဒသမ ၄၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အီရော့ဈေးကွက်ကို နနွင်းဝင်ရောက်မှုဟာ ယခင်ရက်က အိတ် ၁၂ဝဝဝ ခန့်ရှိရာမှ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အိတ် ၁ဝဝဝဝ ဝန်းကျင်ကိုလည်းကောင်း၊ နီဇမ်မာဘတ်ဈေးကွက်ကို အိတ် ၈ဝဝဝ ဝန်းကျင်မှ အိတ် ၁၂ဝဝဝ ကိုလည်း ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။ နနွင်းတောင်သူအများအပြားဟာ ဈေးကောင်းမျှော်လင့်ပြီး နနွင်းပမာဏများများဈေးကွက်ကို ယူလာကြ ပေမဲ့ အိန္ဒိယမြောက်ပိုင်းက အဝယ်အသစ်မထွက်လို့ အစပိုင်းရက်တွေမှာ ဈေးလျော့ကျခဲ့တယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီ ရာဗွီရှန်ကာ ကဆိုပါတယ်။ ကာလတိုနနွင်းဈေးက နနွင်းဝင်ရောက်မှုနဲ့ ပြည်ပအဝယ်ပေါ်မူတည်နေတယ်လို့ ဆိုပါတယ်။ အီရော့နနွင်း ကုန်သည်များ ဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန် ရူပီး ၇၉၈၉ဝ-၁၂ဝ၉၈ဝ (ကန်ဒေါ်လာ ၁၇၇၇- ၂၆၉ဝ) ရှိပြီး နနွင်းဥဈေးက တစ်တန် ရူပီး ၇၅ဝ၁ဝ-၁၁၅၅၅ဝ (ကန်ဒေါ်လာ ၁၆၆၈-၂၅၇ဝ) ရှိတယ်လို့ သိရပါတယ်။ ယမင်းးခင်၊်၊ှSource: commodityonline
အိန္ဒိယရော်ဘာအသင်းမှ အရည်အသွေးအတည်ပြုချက်လက်မှတ် ထုတ်ပေးမည် သဘာဝရော်ဘာအရည်အသွေးအတည်ပြုချက်လက်မှတ်ကို အဓိကအမျိုးအစားတွေအတွက် ပထမဆုံးအကြိမ် စတင်ထုတ်ပေးတော့မှာဖြစ်ကြောင်းအိန္ဒိယရော်ဘာအသင်းကပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ အိန္ဒိယ ရော်ဘာကို ပိုမိုတိုးမြှင့်လက်ခံလာဖို့အတွက် ရည်ရွယ်ကြောင်းသိရပါတယ်။ အိန္ဒိယဟာ ကမ္ဘာ့စတုတ္ထအကြီးဆုံး ရော်ဘာ ထုတ်လုပ်သူ ဖြစ်ပါတယ်။ ရော်ဘာအသင်းရဲ့ အရည်အသွေးအတည် ပြုချက်လက်မှတ်ကို အသုံးပြုပြီး အိန္ဒိယရော်ဘာကို ကမ္ဘာ့ဈေးကွက်က တိုးမြှင့်လက်ခံနိုင်မယ်လို့ ရော်ဘာအသင်း ဥက္ကဌ ကပြောကြားခဲ့ပါတယ်။ အစိုးရ အေဂျင်စီများကလည်း ရော်ဘာတိုးမြှင့်ရေးနဲ့ စိုက်ပျိုးရေးကို ဆောင်ရွက်နေ ကြကြောင်း သိရပါတယ်။ လက်ရှိဈေးကွက်မှာ ကမ္ဘာ့ဈေးနှုန်းက ပြည်တွင်းဈေးနှုန်းထက် အများကြီးမြင့်နေပြီး ဒီအချက်က အိန္ဒိယတောင်သူတွေ ပို့ကုန်ပိုမိုတင်ပို့စေပြီး သဘာဝရော်ဘာအမျိုးအစားအတည်ပြုချက် လက်မှတ်ကို အမှတ်တံဆိပ်နဲ့ ပို့ကုန်တင်ပို့သူတွေကို ဖြန့်ဖြူးပေးတော့မှာဖြစ်ကြောင်း ရော်ဘာအသင်းဥက္ကဌကဆက် လက်ပြောကြားခဲ့ပါတယ်။ ဒီအတည်ပြုချက်လက်မှတ်က တင်ပို့သူတွေကို ရော်ဘာအသင်းအနေနဲ့ အမှတ်တံဆိပ် တပ်ခွင့်ပြုမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီလိုကုန်အမျိုးအစားခွဲခြားခြင်းကြောင့်အိန္ဒိယရော်ဘာကို အရည်အသွေးပြည့်မီပြီး အာမခံချက်ရှိတဲ့ ဈေးနှုန်းကို ရရှိစေကာ အကျိုးအမြတ်ကို ပို့ကုန်တင်ပို့သူတွေသာမက ထုတ်လုပ်သူတွေပါရရှိ ခံစားရမှာဖြစ်ကြောင်း သိရပါတယ်။တင်ပို့မယ့်ပို့ကုန်တွေရဲ့ အမှတ်တံဆိပ်တွေကိုတော့ အိန္ဒိယစံချိန်စံညွှန်းဗျူရိုရဲ့အစိမ်းရောင်စာအုပ်မှာ အသေးစိတ် အချက်အလက်တွေကို ထည့်သွင်းသတ်မှတ်မယ်လို့ သိရပါတယ်။သင်္ဘောတင်အမျိုးအစားတွေကတော့ မှိုင်းခံရော်ဘာပြား (RSS)၊ အိန္ဒိယအဆင့်မှီရော်ဘာ (ISNR) နဲ့ ရော်ဘာအစေးတို့ဖြစ်ကြောင်း သိရပါတယ်။ဒီအတည်ပြုချက်လက်မှတ်ကို ပါလာ သမဝါယမအဖွဲ့၊ ရီဗီယာရော်ဘာစက်ရုံနဲ့ Achoke ကုန်သွယ်ရေးအဖွဲ့တို့က ပူးပေါင်းပြီး ထုတ်ပေးမှာ ဖြစ်ပါတယ်။ဒီစံချိန်စံညွှန်း သတ်မှတ်ချက်ရဲ့ ကောင်းမွန်တဲ့တုံ့ပြန်မှုကို ရော်ဘာတင်ပို့သူများထံမှ ရရှိပြီး မက်ထရစ်တန် ၅ဝဝ ထက်မနည်းတဲ့ အရည် အသွေးမီ ရော်ဘာများကို လာမယ့်ရက်သတ္တပတ်မှာ သင်္ဘောတင်နိုင်မယ်လို့ မျှော်လင့်ရကြောင်း သတင်းရရှိပါတယ်။ KZW,Source:Commodity online