Main menu

Background

Sunday, 8 Jul 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ နနွင်း ၁၆ ဒသမ ၅ တန် ကိုဒီတစ်ပတ်ဖြစ်တဲ့ ဇွန် ၂၄ ရက်မှ ၃၀ ရက်နေ့တာကာလအတွင်း ထိုင်းနိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် တန် သုံးဆယ်တင်ပို့နိုင်ခဲ့လို့ ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုလျော့ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇွန်လနနွင်းတင်ပို့မှု က ၇၆ ဒသမ ၄၆ တန်ရှိခဲ့ပြီး မေလတင်ပို့မှုက ၁၀၂ ဒသမ ၉၈ တန်ရှိခဲ့တာကြောင့် ဇွန်လမှာ နနွင်းတင်ပို့မှု ၂၆ ဒသမ ၅၂ တန်လျော့နည်းပြီး တင်ပို့နိုင်ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ငါးရာဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ ရှစ်ထောင့်နှစ်ရာကျော်ရရှိခဲ့ပါတယ်။   MIRT(DOT)

Sunday, 8 Jul 2012

    ပြည်ပဈေးကွက်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန် ၂၄ ရက်မှ ၃၀ ရက်တာ ကာလအတွင်း မန်ကျည်း ၁၆၂ တန်တင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံ ကို ၆၆ တန်နဲ့ မလေးရှားနိုင်ငံကို ၉၆ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ်မှာလည်း ၁၆၉ တန်ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်းတင် ပို့မှုက ၇ တန်လျော့နည်းခဲ့ပါတယ်။ ဇွန်အတွင်းမှာ မန်ကျည်းတင်ပို့ခဲ့တဲ့နိုင်ငံတွေ က စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ဖြစ်ပါတယ်။

Sunday, 8 Jul 2012

    အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ)တွေအဝင်များနေပါတယ်။ တစ်ရက်ကို ပိဿာချိန် ၅၀၀၀ - ၁၀၀၀၀ ခန့် ဝင်နေတာကြောင့် အဝင်လှိုင်တယ်လို့ ဆိုရပါမယ်။ အဝင်များပေမယ့် ဝယ်လိုအားကတော့ ပုံမှန်သာရှိပါတယ်။ ဥမတွေ အဝင်လှိုင်နေ တာကြောင့် ချင်းတက်တွေကိုလည်း ထပ်မဖော်ကြပါဘူး။ တချို့ ချင်းတက်တွေ ကတော့ နှစ်ထပ်ချင်းတွေဖြစ်ကုန်ပြီလို့လည်း သိရပါတယ်။ ချင်းတက်ကမဖော်ဘဲ တစ်နှစ်လောက်ထားလို့ရပါတယ်။ ချင်းဥမ ကိုဆယ်ရင် အပင်ပိုသန်တာကြောင့် ချင်းဥမတွေကိုတော့ မဖော်မဖြစ် ဖော်ကြတာလို့လည်းသိရပါတယ်။ ဥမက အဝင် များလာလို့ ဈေးနည်းနည်းကျလာပြီး၊ တစ်ပိဿာကို ၁၀၀ ကျပ် - ၁၅၀ ကျပ်ဈေးရှိပါ တယ်။ချင်းတက်ကတော့ တစ်ပိဿာ ၂၀၀ ကျပ်မှ ၃၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါ တယ်။

Sunday, 8 Jul 2012

    ပြည်မြို့ချင်းဈေးကွက်အတွင်း တစ်ရက်ကို ချင်း(တက်)နဲ့ ချင်း(ဥမ)များ ပိဿာ ချိန် ၅၀၀ ခန့်နဲ့ ပုံမှန်အရောင်း အဝယ်ဖြစ်နေပြီး၊ ယခုတစ်ပတ်မှာ အောင်ပန်း တောင်ကြီးဘက်မှ ချင်း(ဥမ)များသာ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့် အဝင်ရှိပြီး၊ ချင်းအတက်များ အဝင်မရှိတော့ကြောင်း သိရပါတယ်။ ဝယ်လက်များကလည်း လက်ကျန်ချင်းတက်များကို အဝယ်နည်းနေပြီး၊ ချင်း(ဥမ)များကို အဝယ်များနေတယ် လို့ ချင်းပွဲရုံများက သိရပါတယ်။ ဈေးကွက်အတွင်း ယခုတစ်ပတ် ချင်းဈေးမှာ ချင်း(ဥမ) တစ်ပိဿာကို ၃၅၀ ကျပ်၊ ချင်းအတက်(ဂျွန်) ၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေ လျက် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို ပိဿာချိန် ၁၅၀၀ ခန့် ဈေးကွက်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။               ဝင်းဝင်းခိုင်

Sunday, 8 Jul 2012

    ပြည်တွင်းလက်ကျန်နည်းလာပြီဖြစ်သလို လှောင်လက်များက ဈေးထိန်းပြီးရောင်းနေကြတဲ့အတွက် ဝယ်သူတစ်ဈေး ရောင်းသူ တစ်ဈေးဖြစ်နေလို့ အရောင်းအဝယ်ရော တင်ပို့မှုပါ လျော့နေကြောင်း သိရပါတယ်။ ယခုတစ်ပတ် ဇွန် ၂၅-၂၉ ရက်အတွင်း ကုလားပဲတန်ချိန် ၆၀၀ ကျော်သာ တင်ပို့မှုရှိခဲ့ပြီး ဇွန်လ တစ်လလုံးမှာ တန်ချိန် ၅၈၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။မေအတွင်းမှာတန်ချိန် ၂၁၀၀၀ ကျော်ထိတင်ပို့မှုတိုးတက်ခဲ့ပြီး ၂၀၁၁ ဇွန်အတွင်းမှာ တန်ချိန် ၇၃၀၀ ကျော် တင်ပို့နိုင်ခဲ့လို့ ယခုနှစ်ဇွန်လအတွင်းမှာ တင်ပို့မှု ကျဆင်းလာခဲ့ပါတယ်။

Sunday, 8 Jul 2012

    ဝမ်းတွင်းဈေးကွက်ကို ဧပြီလအတွင်း ရေသွင်းစိုက်ပျိုးခဲ့တဲ့ ပဲတီစိမ်းနဲ့ နွေနှမ်း များဝင်ရောက်လာပြီဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း ဈေးကွက်ကို ပဲတီစိမ်းတင်း ၃၀ - ၄၀ ခန့် နေ့စဉ်ဝင်ရောက်ပြီး၊ ဈေးကွက်ပေါက်ဈေးမှာ ပဲတီစိမ်း(စိမ်းပြောင် လုံးကြီး)တစ်ပိဿာ ၁၀၃၅ ကျပ်၊ အစိမ်းလုံးသေး တစ်ပိဿာ ၈၉၅ ကျပ်၊ နွေနှမ်း (အညို) တစ်ပိဿာ ၁၆၀၀ ကျပ်၊ နှစ်ဟောင်းနှမ်း တစ်ပိဿာ ၁၄၀၀ ကျပ်ဖြစ်ပြီး၊ ကုလားပဲ (V2)တစ်ပိဿာ ၁၀၂၅ ကျပ်၊ ထိုင်ဝမ် တစ်ပိဿာ ၁၀၁၅ ကျပ်၊ ပဲစင်းငုံ (နီလုံးသေး) တစ်ပိဿာ ၈၅၀ ကျပ်၊ အလတ် တစ်ပိဿာ ၇၇၅ ကျပ် ဖြစ်ကြောင်း သိရပါတယ်။                                      ခင်စန်းမြင့်-ဝမ်းတွင်း

Sunday, 8 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၁၄ သန်းတန်ဖိုးရှိ ပဲတီစိမ်း တန် ၂၁၀၀ ကျော်ကို ဇွန်လ ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် တန် ၂၀၉၄ လျော့နည်းတင်ပိုခဲ့ပါတယ်။ ဧပြီလမှ ဇွန်လကုန်ထိ နယ်စပ်မှကန် ဒေါ်လာ ၁၆ သန်းကျော်တန်ဖိုးရှိ ပဲတီစိမ်းတန် ၂၃၆၁၀ တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်ရောတစ်ဖက်နိုင်ငံမြေပြင် ဈေးများ အနည်းငယ်တက်လျက်ရှိပါတယ် -

Sunday, 8 Jul 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ခပ်ပါးပါးသာ အရောင်းအဝယ် ဖြစ်နေပါတယ်။ အညာပဲတီစိမ်းအချို့ ဝင်ရောက်မှုရှိပေမဲ့ အရည် အသွေးကောင်းဈေးကွက်တွေ အတွက်သာ အရောင်းအဝယ်ရှိတယ်လို့ သိရပါ တယ်။ ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်အတွင်း တန်ချိန် ၂၃၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုနည်းပေမဲ့ အခြားပဲဈေးများနည်းတူ ပဲတီစိမ်း FOB ဈေးလည်း တိုးလာခဲ့ပါတယ်။

Sunday, 8 Jul 2012

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့ရာမှ အိန္ဒိယဈေးကွက်ကို အနည်းငယ် သာရှိပြီး အဓိကအားဖြင့် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ အာရပ်စတဲ့ အရည်အသွေးကောင်း ဈေးကွက်တွေကိုသာ တင်ပို့မှုရှိကြောင်း သိရပါတယ်။ ယခင်တစ်ပတ်လိုပဲ ယခုတစ်ပတ်မှာလည်း တန်ချိန် ၂၉၀၀ ကျော်သာ တင်ပို့နိုင် ကြောင်း သိရပါတယ်။ ဇွန်တစ်လလုံးမှာ ပဲတီစိမ်း တန်ချိန် ၁၃၀၀၀ နီးပါး တင်ပို့ခဲ့ပြီး မေလအတွင်းမှာ တန်ချိန် ၄၃၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၁ ဇွန်လအတွင်း ပဲတီစိမ်းတန်ချိန် ၁၁၀၀၀ ကျော်သာ တင်ပို့ခဲ့လို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။

Sunday, 8 Jul 2012

    အခြားပဲအုပ်စုဝင်ထဲမှာ ပဲလွန်းနဲ့ မြေထောက်ပဲ ရောင်းဝယ် တင်ပို့မှု လျော့ပြီး ထောပတ်ပဲမှာ အသင့် အတင့် ရှိနေပါတယ်။ ယခင်တစ်ပတ် က ပင်လယ်ရေကြောင်းတင်ပို့မှုအနေနဲ့ ပဲလွန်းဖြူတန် ၄၂၀ ကျော်၊ မြေ ထောက် ၃၇၅ တန်၊ ထောပတ်ပဲ တန် ၆၀၀ ကျော် ရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန်လ ၂၅-၂၉ ရက်) အတွင်းမှာ ပဲလွန်း ၉၆ တန်၊ မြေထောက် ၇၃ တန် နဲ့ ထောပတ်ပဲ တန် ၅၈၀ ခန့် တင်ပို့ နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုတစ် ပတ်အတွင်း ပဲလွန်းဖြူမှာ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းကို တင်ပို့ပြီး မြေထောက် ပဲမှာ ဂျပန်၊ စင်ကာပူ၊ တရုတ်နဲ့ ထိုင်း တို့ကို တင်ပို့ကြောင်း သိရပါတယ်။ ထောပတ်ပဲမှာလည်း ဂျပန်၊ တရုတ်နဲ့ ထိုင်းတို့ကို တင်ပို့ခဲ့ကြောင်း သိရပါ တယ်။

Pages