Main menu

Background

Sunday, 2 Oct 2011

ယခုအပတ် နယ်စပ်မှ ပြောင်းတန် ၁၁၆၀၀ ကျော် အပို့ရှိ                     စက်တင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၃၇၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၁၁၀၈၆ ခန့်နဲ့ကန်ဒေါ်လာ သုည ဒသမ ၁၅၇ သန်းတန်ဖိုးရှိ နှံစားပြောင်း ၅၁၅ တန် အပို့ ရှိခဲ့ပါတယ်။ယခင်အပတ်ကထက် မူဆယ်နယ်စပ်မှ ပြောင်းဖူးစေ့ ၃၈၄၀တန် အပို့ပိုခဲ့ပြီး နှံစားပြောင်း ၁၈၉ တန် အပို့လျော့ခဲ့ပါတယ်။ နယ်စပ်အလိုက် ယခု အပတ် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ကန်ဒေါ်လာ ၃ ဒသမ ၂၇၉ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၀၇၃၈ တန်၊ ကန်ဒေါ်လာ သုညဒသမ ၁၅၇ သန်းတန်ဖိုးရှိ နှံစားပြောင်း ၅၁၅ တန်၊ ချင်းရွှေဟော်မှကန်ဒေါ်လာသုညဒသမ ၀၉၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၄၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်အတွင်း ပြောင်းကား တွေ တရုတ်နယ်စပ်ကို အတက်များလျက်ရှိပါတယ်။ ကုန်သယ်ယူစရိတ်ကတော့ မန္တလေးမှ မူဆယ်ကို ပြောင်း ၁ ပိသာကို ၄၅ ကျပ်နှုန်းဖြစ်ပြီး ယခင်အပတ်ကထက် ၁၆ ကျပ်ပိုမိုခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                                           မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                ယခု                ယခင်       ပြောင်းလဲမှု      %      ယခု      ယခင်  ပြောင်းလဲမှု   %ပြောင်းဖူးစေ့        ၂၂၇၁၇၅         ၂၁၆၂၆၇         ၁၀၉၀၈        ၅      ၂၉၀      ၂၉၀           -            -နှံစားပြောင်း          ၂၄၆၀၉၀         ၂၂၂၂၆၉        ၂၃၈၂၁        ၁၁      ၃၄၅     ၃၂၉         ၁၆         ၅MIRT (DOBT)

Sunday, 2 Oct 2011

ပြောင်းတင်ပို့မှု ထက်ဝက်ကျော်ကျဆင်း                    စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၉၂၄ တန် တန်ဖိုး ကန်ဒေါ်လာသုညဒသမ ၂၆၅ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်္ကာပူကို ၈၅၅ တန် နဲ့ ဗီယက်နမ်ကို ၆၉ တန်အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က တန် ၁၅၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်မှာ တင်ပို့မှုထက်ဝက်ကျဆင်းခဲ့ပါတယ်။ ပင်လယ် ရေကြောင်း တင်ပို့မှုကျပေမယ့် နယ်စပ်ကတော့ တန် ၁၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့ တာ တွေ့ရပါတယ်။ FOB(ရန်ကုန်) ပေါက်ဈေးကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန် ကို ဒေါ်လာ (၂၉၀-၃၀၅) ကြား ဈေးပေါက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။ KZW

Sunday, 2 Oct 2011

ကမ္ဘာ့ရော်ဘာဈေးနှုန်းနှင့် ထုတ်လုပ်နိုင်မှုအလားအလာ                   လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်ထက် ရော်ဘာဈေးနှုန်း နှစ်ဆဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလလယ်ခန့်မှာ ယခင်နှစ်ထက် ရော်ဘာဈေးနှုန်း ၁၅ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရော်ဘာဈေးနှုန်းက ကျဆင်း ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် ကတော့ ရော်ဘာတုရဲ့ စရိတ်က ၇၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး သြဂုတ်လဆန်းမှာ တစ်တန်ကို ဒေါ်လာ ၄၄၅၀ ကိုရောက် ရှိခဲ့ကာ ၁၉၉၇ ခုနှစ်က စတွက်ရင် အမြင့်ဆုံးနှုန်းကို ရောက်ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်မှာတော့ ထုတ်လုပ်မှု အားကျဆင်းတာကြောင့် ရောင်းလိုအား ပြတ်လတ်နိုင်ကြောင်း သိရပါတယ်။ ကမ္ဘာ့ ရော်ဘာ ဝယ်လိုအားက ၅ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး ၂၀၁၂ မှာတန်ချိန် ၁၁ ဒသမ ၅၈ သန်းကို ရောက်ရှိကာ သုံးနှစ်ဆက်တိုက်တိုးတက်မှာဖြစ်ကြောင်း Citi  အုပ်စုကခန့်မှန်းတွက်ချက်ထားကြောင်း သိရပါတယ်။ ထုတ်လုပ်မှုလည်း ၅ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၁၁ ဒသမ ၅၉ သန်းကို ရောက်ရှိနိုင်ပေမယ့် သိုလှောင်မှုကတော့ ကျဆင်းနိုင်ကြောင်းခန့်မှန်းကြပါတယ်။ ကမ္ဘာ့ရောင်းလိုအားရဲ့ ၆၀ ရာခိုင်နှုန်း ရှိတဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားရဲ့ ထုတ်လုပ်မှုက ထိုင်းနိုင်ငံမှာ မိုးကြီးပြီး အစေးထွက် ထိခိုက်တာရယ်၊ အင်ဒိုနီးရှားမှ ရော်ဘာပင်များအရွက်ကြွေမှုများပြားတာကြောင့် သာမန်အောက်ကို ရောက်နိုင်ကြောင်း သိရပါတယ်။ ရော်ဘာသိုလှောင်မှု ကတော့ ရှန်ဟိုင်းကုန်စည်ဒိုင်ပေါ်မှာ မူတည်နိုင်ပြီး တန်ချိန် ၃၃၇၆၆ နဲ့ ရပ်တည်နေကာ လွန်ခဲ့တဲ့ ငါးနှစ်စာ ပျမ်းမျှခြင်း တန်ချိန် ၆၃၂၁၃ ရှိပြီး ဈေးနှုန်းတက်နိုင်ခြေရှိကာ အထွက်နှုန်း ကျတဲ့တောင်သူတွေအတွက် အမြတ်ငွေ ကာမိစေနိုင်တယ် လို့သိရပါတယ်။ Source: tire review,KZW

Sunday, 2 Oct 2011

ယခုအပတ် ရော်ဘာ အပို့လျော့                    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၉၄၁ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၄၃၅ တန်ကို စက်တင်ဘာလ ၂၁ ရက်မှ ၂၉ ရက်ထိကာလ အတွင်း တင်ပို့နိုင်ခဲ့ပြီး ယခင် အပတ် နယ်စပ်တင်ပို့မှု ပမာဏထက် ၃၁၃ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခင်အပတ်က ရော်ဘာ အဆင့်စုံ တင်ပို့ခဲ့သော်လည်း ယခု အပတ်မှာ RSS-3 တစ်မျိုးတည်းကိုသာ ၃၀၅ တန်သာ တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် ၂၉၃ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှာတော့ RSS-3 တန် ၁၃၀ သာအပို့ရှိပြီး ယခင်အပတ်တင်ပို့မှု ထက် ၁၀ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ် မန္တလေး-မူဆယ် ရော်ဘာ သယ်ယူစရိတ်နှုန်းထားမှာ ၁ ပိသာ ၄၈ ကျပ်ဖြစ်ပြီး ယခင်အပတ်ထက် ၁၄ ကျပ် ပိုမိုခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမှာ ရော်ဘာဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်-                                                မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု              ယခင်     ပြောင်းလဲမှု    %         ယခု       ယခင်    ပြောင်းလဲမှု       %RSS - 3      ၃၄၁၃၈၀၀     ၃၄၁၃၈၀၀          -           -       ၄၅၄၂      ၄၅၄၄         ၂              ၀ .၀၄RSS - 5      ၃၃၀၀၃၁၉     ၃၃၀၀၃၁၉          -           -       ၄၃၈၆      ၄၃၈၇          ၁             ၀ .၀၂MIRT (DOBT)

Sunday, 2 Oct 2011

ရော်ဘာအပို့လည်း ထက်ဝက်ကျဆင်း                       စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၆၃ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၅၈၃ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက် သတ္တပတ်က တန် ၇၀၀ ကျော်တင်ပို့ ခဲ့တာကြောင့် တင်ပို့မှု ထက်ဝက်ကျော် ကျဆင်းခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေက တော့ ဆွစ်ဇာလန်ကို တန် ၁၀၀ ၊ စင်္ကာပူကိုတန် ၁၀၀ နဲ့ မလေးရှားကို ၁၆၃ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ရော်ဘာ အသစ် မထွက်ရှိသေးဘဲ လက်ကျန်များကိုသာ တင်ပို့နေ ရခြင်းဖြစ်တာကြောင့် တင်ပို့မှုနည်းနေကြောင်း သိရပါတယ်။ ယခုအပတ် နယ်စပ်ကလည်းတန်ချိန် ၄၀၀ ကျော်သာ တင်ပို့ နိုင်ခဲ့တာတွေ့ရပါတယ်။ FOBရန်ကုန်ဈေးကတော့ ကျဆင်းသွားပြီး RSS-3, MSR-20  တစ်တန်ကို ၄၃၀၀ ဒေါ်လာနဲ့RSS-5 တစ်တန်ကို ၄၂၀၀ ဒေါ်လာ အသီးသီး ဈေးပေါက်ကြောင်း သိရပါတယ်။   KZW

Sunday, 2 Oct 2011

ဈေးကောင်းပြီး အရောင်းသွက် ပြည်ကြက်သွန်နီဈေးကွက်                     ရေနံချောင်းနဲ့ ပခုက္ကူဘက်မှ ကြက်သွန်နီများ ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်သို့ ၃၅ ပိဿာဝင် အိတ် ၂၀၀၀ ခန့်နဲ့ အဝင်များလျက်ရှိနေပါတယ်။ အဝင်လည်းများသလို အရောင်းအဝယ်မှာလည်း ဈေးကွက် အတွင်း လက် ကျန် အိတ်၃၀၀ ခန့်သာကျန်ရှိတဲ့အတွက် အရောင်းသွက်နေတယ်လို့ သိရပါတယ်။ ကြက်သွန်နီ ဈေးမှာ ပြီးခဲ့တဲ့ သြဂုတ် လ တတိယပတ်မှစပြီး တဖြည်းဖြည်းဈေးမြင့်လာခဲ့ရာ လှောင်လက်သမားအချင်းချင်းကပင် ဈေးအရမ်းမြင့်သွားလျှင် လက် ကျန် ရှိနေအောင် အဝင်ကို အဟောင်းအသစ်ဖလှယ်ပြီး အရောင်းအဝယ်ပြုလုပ်လျက် ရှိတဲ့အတွက် အရောင်းသွက် နေတာဖြစ်ကြောင်းသိရပါတယ်။ ဈေးကွက်ရှိပွဲရုံများ၌ လှောင်လက်သမားများ၊ လက်လီ၊ လက်ကားရောင်းဝယ်သူ များနဲ့ အခြားတိုင်းဖြစ်သော ဟင်္သာတ၊ အင်ပင်၊ တောင်ကုတ်၊ သံတွဲစတဲ့မြို့များသို့ တင်ပို့မှု အပါအဝင် ယခုတစ်ပတ် အတွင်းပိဿာချိန် ၅၉၀၀ ခန့်အရောင်းအဝယ်ဖြစ်ပြီး တစ်ပိသာလျှင် ကြက်သွန်နီ (ရှယ်) ၁၀၀၀ ကျပ်၊ (ကြီး) ၈၅၀ကျပ်၊ (လတ်စ) ၇၅၀ ကျပ်၊ (သေး) ၆၀၀ ကျပ်တို့နဲ့ အသီးသီးဈေးကောင်းရလျက်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါတယ်။ ဝင်းလဲ့ဝါ

Sunday, 2 Oct 2011

မိုးများလို့ ဈေးကွက်ကိုစောဝင်တဲ့ ရှမ်းချင်း                      အရင်နှစ်တွေက မိုးမရွာလို့ မိုးရွာချိန်ကို စောင့်ပြီးဖော်ရတဲ့ ချင်းတွေက ကြက်သွန်နီ ဒီနှစ်မှာတော့ မိုးများတာကြောင့် ဈေးကွက်ကို စောပြီးဝင်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေကတော့ အောင်ပန်းမြို့နယ်အနီးတစ်ဝိုက်က ချင်းတွေကို မဖော်မဖြစ် ဖော်ခဲ့ရပြီး၊ဒီတစ်ပတ်မှာလည်းကလော၊နောင်တရားမြို့နယ်အနီးတစ်ဝိုက်ကချင်းတွေ ပါ ဖော်လာကြရပါတယ်။ ချင်းပင်တွေမှာ ရေဝပ်ပြီးထိပ်တွေပုပ်စပြုလာတာကြောင့် ဖော်ခဲ့ရတယ်လို့ နောင်တရားက တောင်သူတွေထံကသိရှိရပါတယ်။ ပုံမှန်အတိုင်း ဆိုရင် သီတင်းကျွတ်လောက်မှသာ ချင်းသစ်တွေ ဈေးကွက်ကိုစဝင်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာလည်း ချင်းကရင့်မှာဖြစ်ပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ကလောမြို့နယ်က ချင်းတွေ အများဆုံးဝင်နေပါတယ်။ ၅ ရက်တစ်ဈေးကို ချင်းသစ်ပိဿာချိန် ၃ သောင်းခန့် ဝင်နေတယ်လို့လည်း သိရပါတယ်။ ချင်းဥမတွေရော၊ ချင်းသစ်တွေပါဆိုရင် ဈေးတစ်ပတ်ခြားကို ပိဿာချိန် ၆ သာင်းခန့် အဝင် ရှိနေပါတယ်။ ဝင်လာတဲ့ ချင်းတွေကိုလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်း သတ်မှတ်ကြလို့ ချင်း(ဥမ) (ညံ့စ)က တစ်ပိဿာ ၂၅၀ ကျပ်၊ (လတ်စ) ၃၀၀ ကျပ်နဲ့ (ထိပ်စ)က ၃၀၀ ကျပ် - ၃၅၀ ကျပ်ဈေးရှိပါတယ်။ ချင်းသစ်ကတော့ တစ်ပိဿာ ၂၀၀ကျပ် -၂၅၀ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်တွေကလည်း လက်ကျန်တန် ၁၀၀၀ ခန့်ရှိသေးတယ်လို့ သိရပြီး တစ်ပိဿာကို ၂၀၀၀ကျပ် -၂၁၀၀ကျပ် ဈေးရှိတယ်လို့ အောင်ပန်းဈေးပွဲရုံတွေက သိရပါတယ်။ ဧဧခိုင် 

Sunday, 2 Oct 2011

သီတင်းကျွတ်တော့မှာဖြစ်လို့ (ဂျွန်)ချင်းများ အရောင်းသွက်လာ                      ပြည်ဈေးကွက်သို့ ချင်းဝင်ရောက်မှုအနေနဲ့ လက်ကျန်ချင်း(ဥမ)များသာ ဆက်လက် အဝင်ရှိနေပါတယ်။ အောင်ပန်းနဲ့ တောင်ကြီးဈေးကွက်တွင် ချင်းအသစ်များ အစိုဓာတ်များနေသေးတဲ့အတွက် ချင်း(ဥမ)များသာ ပုံမှန် စီးဝင်နေလျက် ယခု တစ်ပတ်အတွင်းပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် ဝင်ရောက်မှုရှိနေပါတယ်။ အရောင်း အဝယ်အားဖြင့် ယခုဝါလကင်းလွတ်သီတင်းကျွတ်သို့ ရောက်တော့မှာဖြစ်တဲ့ အတွက် ချင်းဓားလှီးသမားများမှ အဝယ်လိုက်နေပြီး (ဂျွန်)အမျိုးအစားချင်းများ ပိဿာချိန် ၂၈၀၀ ခန့်နဲ့ အရောင်းသွက်လျက်ရှိနေတယ်လို့ သိရပါတယ်။ ဈေးနှုန်း အားဖြင့် တစ်ပိဿာကို ဂျွန် ၅၅၀-၆၅၀ ကျပ်၊ (ရှယ်)၈၀၀ ကျပ်တို့နဲ့ ဈေးငြိမ်နေလျက် ပုံမှန်ဈေးကွက်ဖြစ်သော လက်လီ၊ လက်ကားရောင်းဝယ်သူများ၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ တင်ပို့မှုအပါအဝင် ပိဿာ ချိန် ၃၀၀၀ခန့် ကို ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။   ဝင်းလဲ့ဝါ 

Sunday, 2 Oct 2011

ပြည်ထောပတ်ပဲ ဝယ်လိုအားရှိသော်လည်း လက်ကျန်နည်း                     ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ထောပတ်ပဲ အဝင်လုံးဝမရှိတော့ဘဲ လက်ကျန်ပဲများနဲ့ အရောင်းအဝယ် ဖြစ် လျက် ရှိပါတယ်။ ထောပတ်ပဲဈေးမှာ တစ်တင်း ၁၇၃၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေခဲ့ပြီး၊ ဒေသတွင်း လက်လီသမားများဖြင့် အိတ် ၂၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ ရန်ကုန်၊ ပုသိမ်ဝယ်လက်များ မှာယူမှုရှိတဲ့ရက်မှာ အိတ် ၄၀ မှ ၅၀ အထိ အရောင်း သွက်ခဲ့ တယ်လို့ သိရပါတယ်။   ခင်ဆွေဝင်း 

Sunday, 2 Oct 2011

''အမှတ် မမှားစေဘို့ ''                    ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၇)၊ အမှတ် (၃၇)၊ စက်တင်ဘာ ၂၉၊ အောက်တိုဘာ ၅၊ ၂၀၁၁ အထူး အချပ်ပိုမှာ ဆောင်းပါးရှင် ဇော်ထိုက်ရဲ့ '' ပို့ကုန်အတွက် ပြည်ပမှ ကြိုတင်ပေးပို့ငွေကို သင်္ဘောမထွက်မီ အကောက်ခွန်က စစ်ဆေးပြီးသည့်နှင့် ထုတ်ပေးတော့မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား '' ဆောင်းပါးတွင် နောက်ဆုံးအပိုဒ်၌ '' လက်ရှိအချိန် တွင် လုပ်ငန်းများအတွက် ပြည်ပမှ ဝယ်လက်အများစုသည် L/C  (ကုန်ရောက်မှ ငွေပေးသည့်စနစ်) ဖြင့်သာ လက်ခံ ရောင်းဝယ်နေသော်လည်း ဌာနကT/T  (ငွေကြိုပေးသည့်စနစ်) ဖြင့်သာ လိုင်စင်ချပေးမှု များသောကြောင့် ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် ပြည်ပတွင် ကုမ္ပဏီခွဲဖွင့်၍ တစ်ဆင့်ခံ ငွေပေးငွေယူ ဆောင်ရွက်နေကြရသဖြင့် Transaction Cost  (မလိုလားအပ်သည့် ကုန်ကျစရိတ်များ) ကျသင့်လျက်ရှိကြောင်း ကုန်သည် အသိုင်းအဝိုင်းမှ သိရသည် '' ဟု ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။ ကုန်သည်လုပ်ငန်းရှင်များ အမှတ်မမှားစေဘို့ ဌာနအနေဖြင့် လက်ရှိ ဆောင်ရွက် နေသည့် အခြေအနေမှန်များအား လေ့လာမေးမြန်း၍ အောက်ပါအတိုင်း တင်ပြလိုက်ရခြင်းဖြစ်ပါသည်။                      ပြည်ပနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ကုန်ရောင်း ကုန်ဝယ်ပြုကြတဲ့နေရာမှာ ကုန်တန်ဖိုးအတွက် ငွေပေးချေမဲ့စနစ် ကို နှစ်ဖက် အကြေအလည် ညှိနှိုင်းပြီး သဘောတူ စာချုပ်ချုပ်ဆို အရောင်းအဝယ်ပြုကြရပါတယ်။ လက်ရှိနိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့အညီ မြန်မာနိုင်ငံမှာလည်း ပို့ကုန်လုပ်ငန်းအားလုံးအတွက် ကုန်သည်လုပ်ငန်းရှင်များ စိတ်ကြိုက် ငွေပေးချေမှုစနစ်ကို Normal LC/ TT စနစ် နှစ်မျိုးစလုံးနဲ့ ဆောင်ရွက်ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ ငွေပေးချေမှုစနစ် နှစ်မျိုးစလုံးရဲ့ အားနည်းချက် အားသာချက်တွေ ရှိကြပါတယ်။ အကယ်၍ Telegraphic Transfer (TT)  စနစ်နဲ့ ရောင်းချမယ်ဆိုရင် တစ်ဘက် ကုန်ဝယ်သူမှ ကုန်ဖိုးငွေကို ကုန်ရောင်းသူရဲ့ ဘဏ်စာရင်းထဲ ကို သက်ဆိုင်ရာ ဘဏ်မှတစ်ဆင့် ကြိုတင် ငွေလွှဲပေးပို့တဲ့ စနစ်ဖြစ်ပါတယ်။ ပို့ကုန်ကြိုတင်ရငွေလို့ သုံးနှုန်းပါတယ်။ ဒီစနစ်မှာ တစ်ဘက်ကုန်ဝယ်သူက ကုန်ရောင်းသူကို ယုံကြည်မှုအရ ကြိုတင်ငွေလွှဲ ပို့ပေးထားတာ ဖြစ်ပါတယ်။ သေချာတာကတော့ မိမိဘက်က ကုန်ပစ္စည်း သင်္ဘောတင်ပြီးတာနဲ့ ကြိုတင်ငွေလွှဲ ပို့ထားတဲ့ငွေကို တရားဝင် ပို့ကုန် ကြောင့်ရငွေ (Export Earning) အဖြစ် သုံးစွဲခွင့် ရရှိပါတယ်။ ကုန်တင်ပို့ပြီးတာနဲ့ ချက်ချင်းငွေရတဲ့ သဘောပါ။ Letter of Credit (LC) စနစ်နဲ့ ငွေပေးချေတာမှာတော့ တစ်ဘက် ကုန်ဝယ်သူကို မိမိကုန်ရောင်းသူဘက်က ယုံကြည်စိတ်ချရမှု ရှိမှ လုပ်လို့ရတဲ့ စနစ်မျိုးဖြစ်ပါတယ်။ ကုန်ပစ္စည်းကို သင်္ဘောတင်ပို့ပြီး သင်္ဘောတင် အထောက် အထားအပြည့်အစုံ ရရှိမှ မိမိဘက်ဘဏ်ကို Document  များ ပေးပို့ရပါတယ်။ မိမိဘဏ်က တစ်ဘက်ကုန်ဝယ်သူ ဘဏ်ကို အထောက်အထားတွေ လွှဲပို့ပေးပြီး မှားယွင်းမှု/ လိုအပ်မှု တစ်စုံတစ်ရာမရှိမှ အားလုံးမှန်ကန်မှ တစ်ဘက်က LC  လွှဲပေးတာပါ။ လွှဲပေးလာတဲ့ LC  မှာ အမှားအယွင်း တစ်စုံတစ်ရာမရှိမှ မိမိဘက်မှာ ဘဏ်ကနေ Credit  ထုတ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ LC  စနစ်နဲ့ ရောင်းဝယ်ရာမှာ ငွေရနောက်ကျတဲ့ အခြေအနေ တစ်ခုကတော့ ရှိနေတာ အမှန်ပါ။ ပို့ကုန်ပစ္စည်းများအတွက် လိုင်စင်လျှောက်ထားရာမှာ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ကုမ္ပဏီလုပ်ငန်း ရှင်များ စိတ်ကြိုက် ငွေပေးချေမှု နည်းလမ်းများနဲ့ လိုင်စင်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။Normal LC, Normal TT, Normal LC (or) TT  စသည်ဖြင့် ငွေပေးချေမှု နည်းလမ်းအားလုံးဖြင့် ခွင့်ပြုပေးနေတဲ့အကြောင်း ကုမ္ပဏီလုပ်ငန်းရှင်များ အမှတ်မမှားစေဖို့ ရှင်းရှင်းလင်းလင်း သိရှိစေဖို့အတွက် ဗဟုသုတ မျှဝေလိုက်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်နိုင်ပြီး အားလုံး အောင်မြင်တိုးတက်နိုင်ကြပါစေ ...... သက်နိုင်ဦး(ပို့ကုန်)

Pages