Background
ပြည်ဈေးကွက်အတွင်း လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တဲ ပဲနီပြားသီးနှံဟာ လက်ကျန် လည်းနည်းလာခဲ့ပြီလို့ သိရပါတယ်။ ပဲနီပြားသီးနှံဟာ ပဲစပေါ်ချိန်ကစပြီး၊ ယခုလက်ကျန်နည်းလာချိန်အထိ လက်ကားရောင်းဝယ်မှုမှာ အနည်းငယ်သာရှိခဲ့ပြီး၊ ဒေသတွင်း မြို့နယ်များမှ လက်လီပြန်လည်ရောင်းချရန် ဝယ်ယူမှုများရှိခဲ့ပါတယ်။ ယခုအောက်တိုဘာလ ဒုတိယပတ်အတွင်း လက်လီဈေး တစ်တင်း ၁၇၀၀၀ ကျပ်ဖြင့် အိတ် ၅၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ယခင်တစ်ပတ်က ပြည်ဈေးကွက်တွင် မြို့နယ်အတွင်းရှိ ဘိုကိတ်လက်ကျန် ပဲများနဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ဘိုကိတ်လက်ကျန်ရှိတဲ့ ပွဲရုံများမှာ နေ့စဉ် လက်လီသမားများ အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂၀ တစ်တင်းကို ၁၅၀၀၀ ကျပ်ဈေးရှိခဲ့ရာမှ ယခုတစ်ပတ်မှာတော့ တစ်တင်းကို ၁၃၀၀၀ ကျပ်ဈေးဖြင့် ဈေးပြတ်သွားတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်တွင် လက်လီသမားများဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သော ဘိုကိတ်မှာ ယခုတစ်ပတ် မှာတော့ လက်ကျန်မရှိတော့တာကြောင့် ဈေးကွက်မှာ ဘိုကိတ် အရောင်းအဝယ် မဖြစ်တော့ဘူးလို့ သိရပါတယ်။ ဆုမွန်ဆွေ
ပင်လယ်ရေကြောင်းက တင်ပို့မှုမှာ ယခုသီတင်းပတ် မြေထောက်ပဲတင်ပို့မှု ပိုမိုပြီး ထောပတ်ပဲတင်ပို့မှု လျော့ကျလာတာတွေ့ရပါတယ်။ အောက်တိုဘာလ ၂ ရက်မှ ၇ ရက်အတွင်း မြေထောက်ပဲ တန်ချိန် ၄၈၀ ကျော် တင်ပို့ခဲ့ပြီး ထောပတ်ပဲမှာ တန် ၁၀၀ ခန့်သာရှိလို့ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ မြေထောက်ပဲ တန် ၄၁၀ ကျော်နဲ့ ထောပတ်ပဲ တန်ချိန် ၂၀၀ ခန့်နဲ့ ယှဉ်ရင် မြေထောက်ပဲပိုတင်ပြီး ထောပတ်ပဲ တင်ပို့မှု ကျဆင်းခဲ့ပါတယ်။ FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အောက်တိုဘာလ ၇ ရက် မှ ၁၃ ရက်အတွင်း မြေထောက်ပဲ တန်ချိန် ၁၃၃ တန်သာ ဖြစ်ခဲ့ပြီး ထောပတ်ပဲ အရောင်းအဝယ်မဖြစ်ခဲ့ကြောင်းသိရပါတယ်။ လက်ကျန်နည်းလာပြီဖြစ်လို့ အောက်တိုဘာလ ၁၃ ရက်အထိပထမ ၂ ပတ်အတွင်း မြေထောက်ပဲ တန် ၅၁၅ နဲ့ ထောပတ်ပဲတန်ချိန် ၁၄၀ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ ရှိပြီး၊ ထောပတ်ပဲ FAQ တစ်တန်ကန် ဒေါ်လာ ၇၃၀-၇၅၀ ရှိကြောင်း သိရပါတယ်။ MIRT-MAPT
ယခု အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြည်ဈေးကွက်သို့ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မကွေးမြို့နယ်များမှ ပဲကြီးဝယ်လက်များ အဝယ်ရှိလာတဲ့အတွက် ပဲကြီးရွှေကျွန်း(ကမ်းနား) နှစ်မျိုးလုံး အရောင်းအဝယ်သွက်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်း ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများက ပုံမှန်အဝယ်ရှိခဲ့ပြီး၊ ပဲကြီးကမ်းနားသာ အရောင်း အဝယ်ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်အတွင်း အခြားတိုင်းဒေသကြီးမှ လက်ကားဝယ်ယူမှုများ ရှိလာတဲ့အတွက် ပဲကြီးရွှေ ကျွန်းမှာ အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဈေးနှုန်းမှာ ပဲကြီးရွှေကျွန်း တစ်တင်း ကျပ် ၁၈၀၀၀ ၊ ကမ်းနား တစ်တင်း ၁၅၀၀၀ကျပ်ဖြင့် တစ်ရက်အိတ် ၄၀၀-၅၀၀ ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ကနေဒါနိုင်ငံရဲ့ ပဲထုတ်လုပ်မှုလျော့ကျပြီး ပြည်ပ တင်ပို့မှုပါ ကျဆင်းဖွယ်ရှိတာကြောင့် ပဲဈေးခိုင်မာနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ အထူးသဖြင့် ပဲလုံးတင်ပို့မှု ကျဆင်းတာကြောင့် စုစုပေါင်း ပဲတင်ပို့မှုဟာ တန်ချိန် ၃ ဒသမ ၇ သန်းကို ယခင်နှစ်ထက် ၂၂ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ စုစုပေါင်း ပြည်တွင်းပဲသုံးစွဲမှုမှာ ၂၀၁၀- ၂၀၁၁ အလားတူ တန်ချိန် သုည ဒသမ ၈ သန်းရှိနိုင်ပြီး လက်ကျန်ပမာဏမှာ တန်ချိန် ၁ ဒသမ ၃သန်းကို ကျ ဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းအလားအလာ အနေနဲ့ ရိတ်သိမ်းမှု အခြေအနေ၊ အပူချိန်၊ ငွေကြေးလဲ လှယ်နှုန်းနဲ့ ကမ္ဘာ့သီးနှံထွက်ရှိမှု အခြေအနေများကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပဲနီလေး ပဲနီလေးအနေနဲ့ အထွက်နှုန်းမှာ ယခင်နှစ် အတိုင်း ဖြစ်နိုင်ပေမဲ့ စိုက်ဧရိယာလျော့ကျတာကြောင့် ထွက်ရှိမှုမှာ ၂၀၁၀-၂၀၁၁ ကထက် ၁၈ ရာခိုင်နှုန်းကျ ဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ပဲစိမ်းလုံးထုတ်လုပ်မှုဟာ တန်ချိန် သုည ဒသမ ၆ သန်းကို အနည်းငယ်ကျဆင်း နိုင်ပြီး ပဲနီလေးမှာ တန်ချိန် သုည ဒသမ ၈ သန်းကို ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်ကျန်များတာကြောင့် ရောင်းချမှုမှာ ၁၇ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၂ ဒသမ ၄ သန်းရှိမယ်လို့ဆိုပါတယ်။ အထူး သဖြင့် တူရကီနဲ့ တောင်အမေရိကားက ဝယ်လိုအား တိုးတက်တာကြောင့် တင်ပို့မှု တိုးတက်နိုင်တယ်လို့ ခန့်မှန်းခြင်းဖြစ်ပါတယ်။ ကုလားပဲဖြူလုံးကြီး ကုလားပဲဖြူလုံးကြီးအနေနဲ့ ၅ နှစ်အတွင်း ပျမ်းမျှ အထွက်နှုန်းနီးပါး ထွက်ရှိပေမဲ့ ရိတ်သိမ်းဧရိယာလျော့ ကျတာကြောင့် ယခင်နှစ်ထက် ၅၈ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၅၄၀၀၀ ခန့် သာရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကာဘူလီ ကုလားပဲနဲ့ ဒေစီကုလားပဲ နှစ်မျိုးလုံး ၂၀၁၀- ၂၀၁၁ ကထက် အထွက်ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။ ၂၀၁၀-၂၀၁၁ အတွင်း ဈေးကွက်ပေါက်ဈေး စံချိန်တင် မြင့်တက်ပေမဲ့ ထုတ်လုပ်မှုစရိတ်ကြီးမြင့်ခြင်း၊ ကုလားပဲစိုက်ပျိုးမှု ကရိကထများခြင်းတို့ကြောင့် ၂၀၁၀-၁၁ အတွင်းမှာ အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးလာကြ ပါတယ်။ စုစုပေါင်းရောင်းချမှု သိသိသာသာ ကျဆင်း နိုင်ပြီး လက်ကျန်လည်း ကျဆင်းတာကြောင့် ပြည်ပတင် ပို့မှုလည်း ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ သြစတြေးလျနဲ့ တူရကီတို့မှာ ရောင်းချမှုလျော့ကျတာကြောင့် ပျမ်မျှဈေးနှုန်းအနေနဲ့ ပြောင်းလဲမှုမရှိနိုင်ကြောင်း ခန့်မှန်း ကြပါတယ်။ အမေရိကန် ကုလားပဲဖြူလုံးကြီး ထုတ်လုပ် မှုမှာလည်း ရိတ်သိမ်းဧရိယာကျဆင်းတာကြောင့် တန်ချိန် ၈၀၀၀၀ ကို ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယခင်းရွှေစင် Source: Agriculture and Agri- Food
အောက်တိုဘာလ ဒုတိယပတ်မှာ တစ်ပတ်လောက်ရွာနေတဲ့မိုး စဲသွားခဲ့ပေမယ့် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ကတော့ ဆက်လက်အေးနေခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့အပတ်တွေက ဝယ်လိုအား အကောင်းဆုံး ဖြစ်တဲ့ V2 ဟာ ဒီတစ်ပတ်မှာ ရန်ကုန် Export ဝယ်လက်ရှိလို့ တစ်နေ့တင်း ၃၀၀ ခန့်သာ အရောင်း အဝယ် အေးသွားခဲ့တယ်လို့ ကုန်သည်ရပ်ကွက်က ကြားသိရပါတယ်။ ၉၂၉ တိုင်ပေနဲ့ ကုလားပဲရိုးရိုးကတော့ ကြာဇံ၊ ပဲမှုန့်နဲ့ ခွဲစက်လိုင်းက ပုံမှန်အဆွဲရှိလို့ တစ်နေ့ တင်း ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်ပေါက်ဈေး အနေနဲ့ ဠ၂ တစ်တင်း ၂၃၅၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်၊ ၉၂၉ တစ်တင်း ၁၉၂၀၀ ကျပ်မှ ၁၉၅၀၀ ကျပ်၊ တိုင်ပေတစ်တင်း ၁၉၅၀၀ ကျပ်မှ ၁၉၇၀၀ ကျပ်၊ ကုလားပဲ ရိုးရိုးတစ်တင်း ၁၈၅၀၀ ကျပ်မှ ၁၉၀၀၀ ကျပ် အသီးသီးဈေးငြိမ်နေခဲ့ပါတယ်။ ယခုရက်သတ္တပတ်အတွင်း မန္တလေးကို တင်း ၂၀၀၀ ခန့်နဲ့ ရန်ကုန်ကို တင်း ၃၀၀၀ ခန့်သာ ကုန်းလမ်းကနေ စီးဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုမှာ အောက်တိုဘာလ ပထမပတ် အတွင်း တန်ချိန် ၆၀၀ ခန့်သာရှိလို့ ယခင်သီတင်းပတ်များထက် သိသိသာသာ လျော့ကျလာတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၇ ရက် အထိ စုစုပေါင်း ကုလားပဲတန်ချိန် ၆၃၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၃၄၀၀ ခန့်သာရှိလို့ ယခုနှစ်ကာလတူမှာ တန်ချိန် ၆ သောင်းခန့်ပိုပြီး တင်ပို့နိုင်ခဲ့ပါတယ်။ FOB ဈေးကွက် ကုလားပဲအရောင်းအဝယ်ဖြစ်မှုမှာ ယခုအောက်တိုဘာလ ဒုတိယပတ်အတွင်းမှာ တန်ချိန် ၂၅ ခန့်သာ ရှိလို့ FOB အရောင်းအဝယ်လျော့ကျ လာပြီ ဖြစ်ပါတယ်။ လက်ကျန်နည်းလာသလို ယခုတစ်ပတ် ပြည်ပအဝယ်အေးလို့ အရောင်းအဝယ်ဖြစ်မှုနည်းတာကြောင့် ရန်ကုန် FOB ဈေးမှာ အနည်းငယ် လျော့လာခဲ့ပါတယ်။ အောက်တိုဘာလ ၁၄ ရက်မှာ ကုလားပဲဖြူလုံး FAQ တစ်တန် ကန်ဒေါ်လာ ၁၀၂၀-၁၀၄၀ ရှိပြီး အောက်တိုဘာလ ၇ ရက်နေ့မှာ ကန်ဒေါ် လာ ၁၀၈၀-၁၁၀၀ ဈေးရှိကြောင်း သိရပါတယ်။ MIRT-MAPT
ပြည်ဈေးကွက်အတွင်း ပဲတီစိမ်းသီးနှံမှာ အဝင် မရှိတော့ သလို ပွဲရုံအချို့၌သာ လက်ကျန်ပဲများကို မျိုးသမားများ အဝယ် ရှိတဲ့အတွက် တစ်ရက်ကို အိတ် ၃၀ -၄၀ အထိ အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုနှစ်ပဲတီစိမ်းဈေးမှာ ဇူလိုင်လဈေးစဖွင့်ချိန်မှာ တစ်တင်း ၁၅၆၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ဇူလိုင်လကုန်တွင် တစ်တင်း ၁၇၅၀၀ ကျပ်ထိ ဈေးမြင့် ခဲ့ပါတယ်။ သြဂုတ်လ၊ စက်တင်ဘာလများအတွင်း တစ်တင်း ၁၄၀၀၀ ကျပ်ထိ ဈေးပြန်လျှော့သွားခဲ့ကာ စက်တင်ဘာ လကုန်မှစ၍ မျိုးသမားများ ဝယ်ယူမှုရှိလာတဲ့အတွက် တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တာ ကြောင့်၊ ယခုနှစ် ပဲစိုက် တောင်သူမှာ ဈေးကောင်းမရခဲ့ဘူးလို့ သိရပါတယ်။ ခင်ဆွေဝင်း
အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၈၂၀ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၀၅၀တန်ခန့်အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် တန် ၂၀၀ ခန့် လျော့နည်းခဲ့ပါတယ်။ ယခုအပတ် ပဲတီစိမ်း ကုန်တက်လည်းနည်းတယ်လို့ ၁၀၅ မိုင်ရှိ ပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ မိမိဘက် မြေပြင် ဈေးအနည်းငယ်မြင့်သော်လည်း တစ်ဘက်နိုင်ငံဈေးကတော့ ပြောင်းလဲမှုမရှိပါဘူး။ ယခုအပတ် နှစ်နိုင်ငံ မြေပြင်ပေါက် ဈေးများကို ယခင်အပတ်ဈေးနဲ့ နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၇၀၂၅၂၇ ၆၅၃၅၀၀ ၄၉၀၂၇ ၈ ၈၉၄ ၈၉၄ - -MIRT (DOBT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပဝယ်လိုအားနည်းတာကြောင့် ပဲတီစိမ်းတန် ၂၀၀၀ ခန့်၊ ပဲတီရွှေဝါတန် ၆၇၀ ကျော်နဲ့ ပဲတီစိမ်းခွဲခြမ်း ၁၃၀ ခန့် စုစုပေါင်း တန် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပဲတီစိမ်းအသစ်တွေ ဝင်ရောက်မှုရှိနေဆဲဖြစ်ပြီး ပဲတီစိမ်း အဝင်ရပ်မယ့် လာမယ့်လများမှာတော့ မြန်မာပဲတီစိမ်းကိုအဝယ်ပြန်လိုက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယခုတစ်ပတ် အတွင်း ပဲတီရွှေဝါကို အရောင်းအဝယ် ဖြစ်မှု များတာ တွေ့ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုနည်းပြီး ပို့ကုန်ဝင်ငွေ တစ်ဒေါ်လာ တန်ဖိုး လျော့ကျမှုကြောင့် FOB ဈေးလည်း အနည်းငယ် လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန် ပဲတီစိမ်းအညာ ပဲတီရွှေဝါအသေး ပဲတီရွှေဝါအကြီး၁၄-၁၀-၁၁ ၇၅၀-၇၇၀ ၈၀၀-၈၂၀ ၁၀၀၀-၁၀၂၀၇-၁၀-၁၁ ၇၈၀-၈၀၀ ၈၄၀-၈၆၀ ၁၀၂၀-၁၀၄၀MIRT(MAPT)