Main menu

Background

Sunday, 2 Oct 2011

ပဲစင်းငုံ ရန်ကုန် FOB ပုံမှန် အရောင်းအဝယ်ဖြစ်                     ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ်လည်း ပုံမှန် အရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်။ စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အထိ သီတင်းပတ်အတွင်းမှာ ပဲစင်းငုံတန်ချိန် ၇၀၀၀ ခန့် ပြည်ပ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁ ရက်မှ ၂၉ ရက်အတွင်းမှာတော့ ပဲစင်းငုံဖြူနီ၊ အနီ၊ ခွဲခြမ်း စုစုပေါင်း တန်ချိန် ၂၇၀၀၀ ခန့် FOB အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။                       အိန္ဒိယဈေးကွက်ကို လေ့လာကြည့်မယ်ဆိုရင် လက်ကျန်များများမရှိတော့ဘူး လို့ သတင်းရရှိပြီး လက်ရှိစိုက်ပျိုးထားတဲ့ ပဲစင်းငုံပင် အခြေအနေကောင်းတယ် ဆိုပေမဲ့ ပဲအသစ်ထွက်ဖို့ ၂ လကျော်လောက် လိုနေသေးလို့ ဒီကြားကာလမှာ မြန်မာ့ပဲစင်းငုံအဝယ်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ လတ်တလောမှာ သင်္ဘောငှားရမ်း မှု အခက်အခဲကြောင့် တင်ပို့မှုနှေးကွေးနေတယ်လို သိရပါတယ်။ ယခုတစ်ပတ်မှာ ရန်ကုန် FOB ဈေးအနည်းငယ်လျော့ကျလာခဲ့ပါတယ်။                           ပဲစင်းငုံနီ               ဖြူနီ             ငုံနီ(အဟောင်း)၃၀-၉-၁၁              ၆၀၀-၆၂၀         ၄၈၀-၅၀၀            ၅၉၀-၆၁၀၂၃-၉-၁၁             ၆၃၅-၆၅၅          ၅၁၅-၅၃၅            ၆၂၅-၆၄၅MIRT(MAPT)

Sunday, 2 Oct 2011

ပဲစင်းငုံ တန် ၇၀၀၀ နဲ့ ပုံမှန်တင်ပို့မှုရှိ                           ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်တင်ပို့တဲ့ ပမာဏလိုပဲ ယခုတစ်ပတ် စက်တင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အတွင်းမှာလည်း တန်ချိန် ၇၀၀၀ ခန့်နဲ့ ပုံမှန်တင်ပို့မှုရှိနေပါတယ်။ သင်္ဘောတင် နှောင့်နှေးပေမဲ့ အိန္ဒိယ ဝယ်လက်တွေ အဝယ်ရှိနေတဲ့အတွက် ပုံမှန်တင်ပို့နေခြင်းဖြစ်တယ်လို့ ကုန်သည် တစ်ဦးက ဆိုပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၂၃ ရက်နေ့အထိ စုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၁၀၀၀၀ ကျော်ရှိပြီဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှာ တန်ချိန် ၅၆၀၀၀ ခန့်ရှိလို့ ယခုနှစ်မှာ ၂ ဆ ပိုတင်ပြီးဖြစ်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်အတိုင်းတင်ပို့နိုင်မယ်လို့ ခန့်မှန်း ရပါတယ်။  MIRT-MAPT

Sunday, 2 Oct 2011

ပြည်မတ်ပဲဈေးကွက် အဝင်အထွက်သွက်နေ                     ပြည်ပွဲရုံများသို့ ယခုရက်ပိုင်းမှာ ပေါက်ခေါင်း၊ ပေါင်းတလည်ဘက်မှ မတ်ပဲ အဝင်ရှိနေပါတယ်။ ယခင် တစ်ပတ်က ပဲတစ်တင်းကို ၂၀၀၀၀ ကျပ်ရှိပြီး၊ ယခုတစ်ပတ်မှာတော့ ၁၉၅၀၀ ကျပ်ဈေးရှိပါတယ်။ ပြည်ဈေးကွက်သို့ ပေါင်းတည်ဘက်မှ ပဲအဝယ်ရှိသလို ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိနေပြီး၊ တစ်နေ့ကို အိတ် ၁၄၀၀- ၁၅၀၀ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ ပဲကုန်သည်တစ်ဦးကပြောပါတယ်။ ပဲခူးတိုင်းဒေသကြီး ပြည်မှ ရန်ကုန်ဘုရင့်နောင် ဈေးကွက်ကို တစ်နေ့အိတ် ၃၈၀၀ ခန့် တင်ပို့တယ်လို့သိရပါတယ်။ မိမိအေး

Sunday, 2 Oct 2011

ရန်ကုန် FOB မတ်ပဲ အရောင်းအဝယ် တန်တစ်သောင်းအောက်လျော့                       ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင်သီတင်းပတ်က မတ်ပဲတန်ချိန် သုံးသောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ ယခုတစ်ပတ် (စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်) အတွင်းမှာတော့ တန်ချိန် ၈၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ မတ်ပဲအသစ် တွေ ဝင်ရောက်နေပြီဖြစ်ပြီး ဝင်ရောက်တဲ့ပဲများကလည်း အရည်အသွေးနိမ့်တာ ကြောင့် ဈေးကျနေတဲ့အတွက် အဝယ်နှေးနေတာဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁ ရက်မှ ၂၉ ရက်အတွင်း FOB အရောင်းအဝယ်ဖြစ်မှု အနေနဲ့ မတ်ပဲ SQ တန်ချိန် ၂၆၀၀၀ ကျော်၊ FAQ တန်ချိန် ၆၄၀၀၀ ခန့် နဲ့ အခွံချွတ်တန်ချိန် ၂၇၀၀ ခန့် စုစုပေါင်း တန်ချိန် ၉၂၆၀၀ ကျော် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ သင်္ဘောငှားရမ်းမှုအခက်အခဲရှိတဲ့အပြင် အိန္ဒိယဈေးကွက်တွေမှာ အရည်အသွေးနိမ့်ပဲများဝင်လာတာကြောင့် FOB အရောင်း အဝယ်နှေးပြီး ဈေးပါအေးနေတာ တွေ့ရပါတယ်။                                                                                            ဒေါ်လာ/တန်                     မတ်ပဲ(FAQ)         မတ်ပဲ(SQ)၃၀-၉-၁၁         ၇၆၀-၇၈၀           ၈၄၅-၈၆၅၂၃-၉-၁၁         ၇၉၅-၈၁၅           ၈၈၅-၉၀၅                                                                                           MIRT(MAPT)

Sunday, 2 Oct 2011

မတ်ပဲသင်္ဘောတင် တန်ချိန် ၂၃၀၀၀ ကျော်ရှိ                   ပင်လယ်ရေကြောင်း သင်္ဘောတင်ပို့မှုအနေနဲ့ ယခုတစ်ပတ် (စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်) အတွင်းမှာ မတ်ပဲတန်ချိန် ၂၃၀၀၀ ကျော်ထိ တင်ပို့မှုရှိခဲ့လို့ ယခင်သီတင်းပတ်တင်ပို့မှုထက် တန် ၅၀၀၀ ကျော် ပိုတင်လာတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၁၂ ရဲ့ စက်တင်ဘာလ ၂၃ ရက်အတွင်း မတ်ပဲတန်ချိန် စုစုပေါင်း ၃၈၅၀၀၀ ကျော် တင်ပို့ပြီးဖြစ်လို့ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၂၆၀၀၀၀ ခန့်နဲ့ ယှဉ်ရင် တန်ချိန် ၁၂၀၀၀၀ ကျော်ပိုတင်ထားပြီးဖြစ်တာ သိရပါတယ်။ ယခုသီတင်းပတ်အတွင်း တင်ပို့မှုပိုပေမဲ့ လတ်တလောအရောင်း အဝယ်အေးပြီးသင်္ဘောအခက်အခဲများကြောင့် လာမယ့်သီတင်းပတ်တွေမှာ တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။                 MIRT-MAPT

Tuesday, 27 Sep 2011

ပစ္စည်းလက်ကျန်လျော့လို့ မုံရွာမတ်ပဲဈေးမော့လာ                မုံရွာဒေသဝန်းကျင်က ယာသမားတွေအနေနဲ့ မတ်ပဲအစိုက်နည်းကြလို့ မုံရွာ ကုန်စည်ဒိုင်ဈေးကွက်ထဲ ပစ္စည်းလက်ကျန်လျော့လာတဲ့အတွက် စက်တင်ဘာ တတိယပတ်မှာ မတ်ပဲဈေးမော့လာခဲ့ပါတယ်။ ဒေသမျိုးတွေ သာ အစိုက်များခဲ့လို့ Export  အရည်အသွေးမမီသလို ပဲအထွက်လည်းနည်းလို့ ဒေသတွင်းစက်သမား အဆွဲနဲ့သာ မျှတရုံလောက်ရှိတာတွေ့ရပါတယ်။ ဈေးကွက်အနေနဲ့ သြဂုတ်လထဲမှ တစ်တင်း ၁၆၃၀၀ ကျပ်သာ အမြင့်ဆုံးဈေး ရခဲ့ပြီး စက်တင်ဘာလပတ်မှာတော့ တစ်တင်း ၂၀၅၀၀ ကျပ်ထိ ဈေးမြောက်လာခဲ့ပါတယ်။                   မုံရွာမြို့ပေါ်ရှိ အကြော်ဖိုတွေအတွက် မတ်ပဲအနှစ်ကြိတ်ခွဲလုပ်ငန်းတွေ တွင်ကျယ်လျက်ရှိပြီး၊ ပဲလက်လီ အဝယ်သွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ နယ်စီးဆင်းမှုအနေနဲ့ ယခုတစ်ပတ်ထဲမှာ မန္တလေးကို တင်း ၆၀၀ သာ စီးထွက်ခဲ့တာ တွေ့ရပါတယ်။ ထွန်းလှိုင်

Tuesday, 27 Sep 2011

အိန္ဒိယမတ်ပဲဈေးမြင့်တက်ခဲ့ပြီး ပြန်လျော့လာ                   ယခုသီတင်းပတ်အစပိုင်းမှာ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ပဲခွဲစက်များ ဝယ်လိုအားကောင်းလို့ မတ်ပဲဈေးမြင့်တက်ခဲ့ပြီး သီတင်းနှောင်းပိုင်းမှာတော့ ပြန်လည်လျော့ကျခဲ့ပါတယ်။ ပဲခွဲစက်များက ကာလတိုအတွင်း လိုအပ်တဲ့ ပမာဏ ကိုသာ ဝယ်ယူခြင်းနဲ့ ပဲအမြောက်အမြားဝင်ရောက်ချိန်ကို စောင့်ဆိုင်းနေတဲ့အတွက် ဈေးပြန်ကျ လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ပဲထုတ်လုပ်မှုက မနှစ်ကထက် ၁၆ ဒသမ ၄၃ ရာခိုင်နှုန်းလျော့ကျပြီး တန်ချိန် ၁ ဒသမ ၁၇ သန်းသာ ထွက်မယ်လို့ ခန့်မှန်း ထားခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ အဓိကပဲစိုက်ဒေသ များက သီးနှံပျက်စီးတဲ့သတင်းမရရှိပေမဲ့ ဈေးကွက်အတွင်း အရည်အသွေးနဲ့ ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။ နိုင်ငံရဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသများမှာ မိုးရွာသွန်း နေတာကြောင့် ပဲအဝင် နောက်ကျမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                   ဒေါ်လာ/ တန်                  ၂၁-၉-၁၁      ၂၀-၉-၁၁       ၁၉-၉-၁၁           ၁၇-၉-၁၁မွန်ဘိုင်း            ၈၅၇          ၈၇၆                ၉၀၅                 ၈၈၈ဒေလီ          ၈၅၇-၈၉၉       ၈၈၁-၉၃၃    ၉၀၀-၉၄၂            ၈၈၈-၉၃၀ချန်နိုင်း         ၉၀၄-၉၀၉      ၉၀၇-၉၁၂         ၉၂၁                 ၉၀၉MIRT- MAPT

Tuesday, 27 Sep 2011

မတ်ပဲ ရန်ကုန် FOB တန်ချိန် သုံးသောင်းနီးပါးအရောင်းအဝယ်ဖြစ်                        ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ်အရောင်းအဝယ်ဖြစ်မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၁၈၀၀၀ ခန့် ရှိရာမှ ယခုတစ်ပတ် (စက်တင်ဘာလ ၁၆ ရက်မှ ၂၂ ရက်) အတွင်းမှာ တန်ချိန် သုံးသောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စက်တင် ဘာ ၂၂ ရက်အထိ စုစုပေါင်းတန်ချိန် ၈၅၀၀၀ ခန့် အရောင်းအဝယ် စာချုပ်ချုပ် ထားကြောင်း သိရပါတယ်။                         ယခုတစ်ပတ် အစပိုင်းမှာ ပြည်တွင်း ဈေးကွက်အတွင်း ပြည်ပပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး မြင့်တက်လာတဲ့အပြင် အိန္ဒိယဘက်မှာလည်း စက်တင်ဘာလ ဝင်ရမယ့် မတ်ပဲများ မိုးရွာသွန်းမှုကြောင့် ပဲအဝင်နောက်ကျခဲ့ပြီး အဝယ်တက်တဲ့ အတွက် ဈေးမြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ ကွန်တိန်နာ ငှားရမ်းမှု အခက်အခဲကြောင့် တင်ပို့မှုနှောင့်နှေးမှုတွေရှိလာလို့ အရောင်းအဝယ်ပြန်အေးသွားပြီး ဈေးနှုန်းပါပြန်လျော့လာတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်    ဒေါ်လာ/တန်                     မတ်ပဲ(FAQ)     မတ်ပဲ(SQ)၂၃-၉-၁၁         ၇၉၅-၈၁၅     ၈၈၅-၉၀၅၁၆-၉-၁၁         ၇၈၀-၈၀၀     ၈၇၀-၈၉၀MIRT(MAPT)

Tuesday, 27 Sep 2011

ယခင်သီတင်းပတ်ထက် မတ်ပဲတင်ပို့မှုလျော့                    ယခင်သီတင်းပတ်က မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် နှစ်သောင်းကျော် ထိမြင့်တက်ခဲ့ရာမှ ယခုတစ်ပတ် (စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်)အတွင်းမှာ တော့ တန်ချိန် ၁၈၀၀၀ ခန့်သာ တင်ပို့မှုရှိလို့ အနည်းငယ်လျော့ကျခဲ့တာ တွေ့ရပါတယ်။ ကုန်သည်ကြီးများရဲ့ ပြောကြားချက်အရ သင်္ဘောအခက် အခဲရှိခြင်းနဲ့ ကွန်တိန်နာငှားရမ်းခများ ဈေးကြီးခြင်းတို့ကြောင့် တင်ပို့မှု လျော့ကျခြင်းဖြစ်တယ်လို့ သိရပါတယ်။                     လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ အတွင်း စက်တင်ဘာ ၁၆ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၃၆၀၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တင်ပို့မှုတန်ချိန် ၂၅၀၀၀၀ ခန့်နဲ့ ယှဉ်ရင် တန်တစ်သိန်းကျော် ပိုတင်နိုင်တာ တွေ့ရပါတယ်။ ကွန်တိန်နာအခက်အခဲဆက်ရှိနေမယ်ဆိုရင် လာမယ့် သီတင်းပတ် မှာလည်း တင်ပို့မှု လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT 

Tuesday, 27 Sep 2011

ပဲစင်းငုံ ပြည်ပတင်ပို့မှု တန်ချိန် ၇၀၀၀ ကျော်                    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၁၀၅၀၀ ခန့်အထိ တိုးတက်တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ် စက်တင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အတွင်းမှာတော့ တန်ချိန် ၇၀၀၀ ကျော်တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ ဝယ်လိုအားရှိနေပေမဲ့ သင်္ဘောတင်ပို့မှု နှောင့်နှေးခြင်းတို့ကြောင့် တင်ပို့မှု ကျဆင်းသွားခြင်းဖြစ်ပါတယ်။                      လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၁၆ ရက်နေ့အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၁၀၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၅၃၀၀၀ ခန့်နဲ့ ယှဉ်ရင် ထက်ဝက်ခန့်တင်ပို့မှု ပိုမိုလာတာတွေ့ရပါတယ်။ MIRT- MAPT

Pages