Main menu

Background

Sunday, 4 Sep 2011

လက်ကျန်နည်းပေမဲ့ ကုလားပဲဖြူလုံးကြီး တန် ၃ဝဝဝ ကျော်တင်ပို့မှုရှိ                  ဝယ်လိုအားကောင်းတဲ့ ကုလားပဲဟာ ဈေးကွက်တွေမှာ လက်ကျန်နည်း လာပေမဲ့ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်ထိ တစ်ပတ်အတွင်းမှာလည်း တန်ချိန် ၃၃ဝဝ ကျော်တင်ပို့မှုရှိတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် သြဂုတ်လ ၂၆ ရက်နေ့အထိ ကုလားပဲတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၂၇ဝဝ ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၂ သန်းကျော်ဖိုးရှိလို့ ယခုနှစ်မှာ ဈေးအကောင်းဆုံးနဲ့ အရောင်း အဝယ် အဖြစ်ဆုံးပဲဖြစ်ပါတယ်။ MIRT - MAPT

Sunday, 4 Sep 2011

ပြည်ပဲတီစိမ်း အရည်အသွေးအလိုက် ဈေးပေးဝယ်ယူ         ပြည်ဈေးကွက်သို့ ယခုသြဂုတ်လ နောက်ဆုံးပတ်တွင် ပဲတီစိမ်းဝင်ရောက်မှုမှာ ပါးလာခဲ့ပြီဖြစ်ပါတယ်။ အဝင်ပါးလာသလို ပဲတီစိမ်းအရည်အသွေးမှာလည်း ကျလာခဲ့တဲ့အတွက် လိုင်းသမားများမှ ဈေးလျော့အဝယ်ရှိ ရှိခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးမှာ ရှယ်စတစ်တင်း ၁၆ဝဝဝ ကျပ်၊ ရိုးရိုးစ တစ်တင်း ၁၄ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ယခု တစ်ပတ်အတွင်း နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ အရောင်းအဝယ်ဖြစ်တဲ့ရက်မှာ အိတ် ၅ဝဝ ကျော်ထိရောင်းဝယ်ခဲ့ကြပြီး ယခုလကုန်ထိ ရန်ကုန်သို့ အိတ် ၂ဝဝဝ ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Sunday, 4 Sep 2011

ယခုအပတ် မူဆယ်နယ်စပ်မှ ပဲတီစိမ်း တင်ပို့မှုကောင်းနေ             မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ၂၄ ရက်မှ ၃ဝ ရက် ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၂၇ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၃၄၇၅ တန် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှ ၂၉၄၄ တန်ကျော်နဲ့ စစ်တွေမှ ၂၂ တန် အပို့ရှိခဲ့တာဖြစ်ပြီး၊ ယခုအပတ်မှ မူဆယ် နယ်စပ်ပေါက် တစ်ခုတည်းမှ အပို့ရှိခဲ့သော်လည်း တန်ချိန် ၅၅ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ နယ်စပ်မှ ပဲတီစိမ်း ၁၇၁၉၅ တန်အပို့ရှိပြီး ဧပြီလမှ သြဂုတ်လကုန်ထိ တန်ချိန် ၁၁၁၁ဝဝ ကျော်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်ရောတစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများ မြင့် တက်လျက်ရှိပြီး၊ ပဲတီစိမ်းအညာ ဆန်ကာချ ၁ကီလိုကို ၅ ဒသမ ၅ ယွမ်မှ ၆ ယွမ်ခန့်ထိ ဈေးရလျက်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-                                          မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု             ယခင်    ပြောင်းလဲမှု    %       ယခု       ယခင်   ပြောင်းလဲမှု   %ပဲတီစိမ်း     ၅၇၈၃၄၂     ၅၇၄၇၅၃     ၃၅၈၉        ဝ .၆     ၈၆ဝ     ၈ဝဝ            ၆ဝ         ၈MIRT (DOBT)

Sunday, 4 Sep 2011

ပဲတီစိမ်း FOB အရောင်းအဝယ် တန် ၅၆ဝဝ ကျော်ဖြစ်                     ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ပဲတီစိမ်းတန်ချိန် ၅၆ဝဝ ကျော်ပြည်ပအရောင်းအဝယ် စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယအဝယ် လိုက် လာတာကြောင့် အညာ ပဲတီစိမ်း အရောင်းသွက်သလို ခရမ်းပဲတီရွှေဝါ လက်ကျန်တွေလည်း အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။                      သြဂုတ်လ တစ်လလုံး အရောင်းအဝယ်ဖြစ်မှုမှာ ပဲတီရွှေဝါ တန်ချိန် ၁၇ဝဝဝခန့်၊ ပဲတီစိမ်းခွဲခြမ်းတန် ၄ဝဝဝ ကျော်၊ ပဲတီစိမ်း တန် ၂၃ဝဝ ခန့် နဲ့ စုစုပေါင်း တန်ချိန် ၂၃ဝဝဝ ကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းအညာကို အဝယ် သွက်တာကြောင့် ရန်ကုန် FOB ဈေးမှာ အနည်းငယ်တိုးလာတာ တွေ့ရပါတယ်။ ဒေါ်လာ/ တန်               ပဲတီစိမ်းအညာ      ပဲတီရွှေဝါအသေး     ပဲတီရွှေဝါအကြီး၂-၉-၁၁       ၇၃ဝ-၇၅ဝ             ၉၂ဝ-၉၄ဝ             ၁ဝဝဝ-၁ဝ၂ဝ၂၆-၈-၁၁      ၇၁ဝ-၇၃ဝ           ၉၂ဝ-၉၄ဝ              ၁ဝဝဝ-၁ဝ၂ဝMIRT(MAPT)

Sunday, 4 Sep 2011

ယခုတစ်ပတ် ပဲတီစိမ်းတင်ပို့မှု တန် ၅ဝဝဝ နီးပါးရှိလာ        ယခုတစ်ပတ် သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်အတွင်း ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၅ဝဝဝ နီးပါးအထိ တိုးတက်လာခဲ့ပါတယ်။ ပြည်ပဝယ်လိုအားကောင်းလာတာကြောင့် တင်ပို့မှုပိုလာခြင်းဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ်၂၆.၈.၂ဝ၁၁ ထိ ပင်လယ်ရေကြောင်းက တင်ပို့ပြီးစီးမှု တန်ချိန် ၁၇ဝဝဝဝ ခန့်ရှိပြီး၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၇ဝသန်းခန့်သာ ရှိတာ တွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာတင်ပို့မှုဟာ တန်ချိန် ၁၁ဝဝဝဝ ကျော်သာရှိပေမဲ့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၄၁ သန်းအထိ ရရှိခဲ့တာတွေ့ရပါတယ်။ လက်ရှိရောင်းဝယ်မှု အခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။MIRT - MAPT

Sunday, 4 Sep 2011

ပြည်ပဲလွန်းဖြူ ပစ္စည်းပြတ်ပေမယ့် ဈေးကောင်းရနေ                     ပြည်ပဲလွန်းဖြူ ဈေးကွက်မှာ ပစ္စည်းပြတ်သလောက် ဖြစ်နေပြီး၊ လက်ကျန်အနည်းငယ်ရောင်းဝယ်မှု ရှိခဲ့ ပါတယ်။ လက်လီသမားများသာ အရောင်းအဝယ်ရှိခဲ့ပြီး ပဲတစ်တင်းကို ယခင်တစ်ပတ်က ၁၈ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုတစ်ပတ်မှာ ပစ္စည်းလက်ကျန်ရှားလို့ တစ်တင်း ၁၈၃ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။မိမိအေး

Sunday, 4 Sep 2011

ပဲလွန်းဖြူတင်ပို့မှု လျော့ကျပေမဲ့ FOB အရောင်းတန် ၄ဝဝခန့်ရှိ               ပဲလွန်းဖြူကို ပင်လယ်ရေကြောင်း က တင်ပို့မှုဟာ ယခင်သီတင်းပတ်တွေ က တန်ချိန် ၃ဝဝ ခန့်နဲ့ ပုံမှန်တင်ပို့မှုရှိခဲ့ပေမဲ့ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက် အတွင်း သီတင်းပတ်မှာတော့ စင်ကာ ပူနဲ့ ထိုင်းကို တန်ချိန် ၁ဝ တန်ခန့်သာ တင်ပို့မှု ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန် တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည် ဒိုင်မှာ ပြည်ပအရောင်း အဝယ်စာချုပ် ချုပ်ဆိုမှုကတော့ တန်ချိန် ၄ဝဝ ခန့်ရှိ တာ တွေ့ရပါတယ်။                   သြဂုတ်လ တစ်လလုံး အရောင်း အဝယ်ဖြစ်မှုဟာ တန်ချိန် ၁၃ဝဝ ခန့် ရှိပြီး ယခုဈေးကွက်တွေမှာတော့ လက်ကျန်အတော်နည်းနေပြီလို့သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင် သီတင်းပတ်ဈေးအတိုင်း ပြောင်းလဲခြင်း မရှိဘဲ စက်တင်ဘာလ ၂ ရက်နေ့မှာ ပဲလွန်းဖြူ (FAQ) တစ်တန် ကန်ဒေါ် လာ ၈၄ဝ-၈၆ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၅ဝ-၉၇ဝ အသီးသီးရှိ တယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 4 Sep 2011

ပြည်ပဲစဉ်းငုံဈေး ပြန်မြင့်လာ                 ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲစဉ်းငုံဈေးအနည်းငယ်မြင့်လာတာကိုတွေ့ရ ပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၁ဝဝဝ ကျပ်ဈေးပေးခဲ့ရာမှ ယခု တစ်ပတ်မှာတော့ တစ်တင်းကို ၁၉ဝဝ ကျပ်ထိ ဈေးပိုပေးကာ ဈေးကွက်တွင် တစ်တင်းကို ၁၂၉ဝဝ ကျပ်ထိ ဈေးပေးဝယ်ယူကြောင်းသိရပါတယ်။ ရောင်းဝယ်မှု အနေနဲ့ကတော့ တစ်နေ့ကို အိတ် ၂ဝဝ-၃ဝဝ ထိ အရောင်းအဝယ်ဖြစ်၍ အရောင်း အဝယ်လုံးဝမဖြစ်သောရက်များလည်းရှိတယ်လို့ သိရပါတယ်။ တင်ပို့မှုအနေနဲ့ ကတော့ သြဂုတ် တစ်လလုံးမှာ ရန်ကုန်ဝယ်လက်အနည်းငယ်ရှိတာကြောင့် အိတ် ၁၂၅ဝ ထိ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 4 Sep 2011

ယခင်တစ်ပတ်ထက် ပဲစင်းငုံပြည်ပအဝယ်တိုး               ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံ ပြည်ပ အရောင်းအဝယ်ဖြစ်မှုဟာ ယခင်တစ်ပတ်က တန်ချိန် ၁၁ဝဝဝ ခန့်ရှိခဲ့ရာမှ ယခုတစ်ပတ် သြဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁ရက်အတွင်းမှာတော့ တန် ချိန် ၁၃ဝဝဝ ကျော်ထိ တိုးတက်လာတာတွေ့ရပါတယ်။ အိန္ဒိယဈေးကွက်မှာ လည်း ပဲဈေးအနည်းငယ်ြွကခဲ့သလို ပဲအသစ်ပေါ်ဖို့လည်း လိုနေသေးတာကြောင့် မြန်မာ ဘက်မှာ အဆွဲလိုက်လာတဲ့ သဘောရှိပါတယ်။                  သြဂုတ်လ တစ်လလုံး အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုဟာ ပဲစင်းငုံဖြူနီ တန် ၅ဝဝဝ ကျော်၊ အနီတန်ချိန် ၂၇ဝဝဝ ကျော်နဲ့ ခွဲခြမ်းတန် ၆ဝဝ ကျော် စုစုပေါင်း တန်ချိန် ၄၆ဝဝဝ ကျော်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာလည်း ပြည်တွင်းကုန်သည်များ ရောင်းလိုအားကောင်းနေလို့ ပြည်ပအဝယ်မရှိသလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ယခုရက်ပိုင်းအတွင်း ပြည်ပပို့ကုန် ဝင်ငွေ လဲလှယ်နှုန်း ပြန်ကောင်းလာတဲ့ သဘောရှိလို့ ရန်ကုန် FOB ဈေးလည်း အနည်းငယ် တိုးခဲ့ပါတယ်။                      ပဲစင်းငုံနီ             ဖြူနီ          ငုံနီ(အဟောင်း)၂-၉-၁၁           ၅၈ဝ-၆ဝဝ      ၄၆ဝ-၄၈ဝ        ၅၇ဝ-၅၉ဝ၂၆-၈-၁၁         ၅၅ဝ-၅၇ဝ     ၄၃ဝ-၄၅ဝ          ၅၄ဝ-၅၆ဝMIRT(MAPT)

Sunday, 4 Sep 2011

ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု အနည်းငယ်တိုး            ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်သီတင်းပတ်တွေက တန် ၃ဝဝဝ ကျော်တင်ပို့မှုရှိခဲ့ရာမှ သြဂုတ်လနောက်ဆုံးပတ် (သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်) အတွင်းမှာတော့ တန်ချိန် ၄ဝဝဝ နီးပါးတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုတစ်ပတ်တင်ပို့မှုမှ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၃၁၇ သန်းဖိုးရရှိတယ် လို့ သိရပါတယ်။            လက်ရှိဘဏ္ဍာနှစ် သြဂုတ် ၂၆ ရက် အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံ တန်ချိန် ၈၅ဝဝဝ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၅၈ သန်းကျော်ဖိုး ရရှိတယ်လို့ သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုကို ကြည့်ရာမှာတန်ချိန်အားဖြင့် ၄၇ဝဝဝ ကျော်သာရှိသော်လည်း ယခင်နှစ် ပဲစင်းငုံဈေးကောင်း ရရှိခဲ့လို့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၈ သန်းကျော်ရရှိခဲ့ပါတယ်။ ယခုနှစ်အတွင်း တင်ပို့မှု ပမာဏထက်ဝက်နီးပါးပိုမိုပေမဲ့ ဈေးလျော့ကျမှုကြောင့် ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁ဝ သန်းခန့်သာ ပိုမိုတာတွေ့ရပါတယ်။ လက်ရှိအရောင်းအဝယ်ပုံမှန်ရှိနေလို့ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန် တင်ပို့နိုင်မယ်လို့ ကုန်သည်များက ခန့်မှန်းထားပါတယ်။ MIRT - MAPT

Pages