Background
ပုံမှန်တင်ပို့နေဆဲ ပဲလွန်းဖြူ ပဲလွန်းဖြူကို ပင်လယ်ရေကြောင်း က ပုံမှန်တင်ပို့လျက်ရှိရာ ယခုသီတင်း ပတ် (သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်) အတွင်း တန်ချိန် ၃ဝဝ တင်ပို့မှု ရှိခဲ့တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေက တော့ အိန္ဒိယ၊ ကိုရီးယား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ဖြစ်ပါတယ်။ ယခုလက်ရှိ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၉ ရက်နေ့အထိ ပဲလွန်းဖြူ တင်ပို့ပြီးစီးမှု ဟာ တန်ချိန် ၁၄ဝဝဝ ခန့်ရှိပြီး၊ ယခင် ဘဏ္ဍာနှစ်ကာလတူက တင်ပို့ခဲ့တဲ့ တန်ချိန် ၁၃၆ဝဝ ခန့်ထက် အနည်းငယ် ပိုမိုတာ တွေ့ရပါတယ်။ ပြည်တွင်း အဝယ်လိုက်တဲ့ ပဲဖြစ်လို့ လက်ကျန်များ ဆက်လက်တင်ပို့ဖွယ်ရှိပါတယ်။ MIRT - MAPT
ယခုတစ်ပတ် ထောပတ်နဲ့ မြေထောက် FOB အရောင်းအဝယ်ပိုဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ FOB ဈေးကွက်မှာ ယခုတစ်ပတ်အတွင်း ထောပတ်ပဲနဲ့ မြေထောက်ပဲ အရောင်းအဝယ်ဖြစ်မှုဟာ တန်ချိန် ၄၃၃ နဲ့ မြေထောက်ပဲတန်ချိန် ၄၁၉ ရှိတယ်လို့ သိရပါတယ်။ သြဂုတ်လအတွင်း ၂၅ ရက်နေ့အထိ အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုဟာ ထောပတ်ပဲတန်ချိန် ၇ဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၈၅ဝ ကျော်ရှိပြီလို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ သြဂုတ်လ ၂၆ ရက်မှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၃ဝ-၇၅ဝ မြေထောက်ပဲတစ်တန် ကန်ဒေါ်လာ ၆၄ဝ- ၆၆ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ပဲစင်းငုံ ပြည်ပအဝယ်လိုက် ယခုတစ်ပတ် သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း ရန်ကုန် တိုင်းဒေသကြီး၊ ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အိန္ဒိယဝယ်လက်များ ပဲစင်းငုံကို အဝယ်လိုက်တယ်လို့ သိရပါတယ်။ ပဲစင်းငုံ အနီစရော၊ ရှမ်းစအကြီးနဲ့ လင်းခေးစများ အရောင်းအဝယ်ဖြစ်မှုဟာ ယခုတစ်ပတ်မှာ တန်ချိန် ၁၁ဝဝဝ ခန့် ရှိတယ်လို့ သိရပါတယ်။ သြဂုတ်လ ၂၅ ရက်အထိ စုစုပေါင်း အရောင်းအဝယ်ချုပ် ဆိုမှုမှာ ပဲစင်းငုံဖြူနီ၊ အနီနဲ့ ခွဲခြမ်းစုစုပေါင်း တန်ချိန် နှစ်သောင်းကျော်တယ်လို့ သိရပါတယ်။ ပြည်ပအဝယ်လိုက်ပြီး အရောင်းအဝယ်ဖြစ်မှုများပေမယ့် ပို့ကုန်ဝင်ငွေလဲနှုန်း အပြောင်းအလဲကြောင့် FOB ဈေးကတော့ အပြောင်းအလဲမရှိ ငြိမ်နေတာတွေ့ရပါတယ်။ သြဂုတ်လ ၂၆ ရက် FOB ဈေးအနေနဲ့ ပဲစင်းငုံနီ(FAQ)တစ်တန် ကန်ဒေါ်လာ၅၅ဝ-၅၇ဝ၊ ဖြူနီ (FAQ)တစ်တန် ကန်ဒေါ်လာ ၄၃ဝ-၄၅ဝနဲ့ ပဲစင်းငုံနီ အဟောင်း တစ်တန် ကန်ဒေါ်လာ ၅၄ဝ-၅၆ဝ ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
ပဲစင်းငုံ တင်ပို့မှု တန်ချိန် ၃၂ဝဝ ခန့်သာရှိ ယခုတစ်ပတ် (သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်ထိ) ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုတန်ချိန် ၃၂ဝဝ ခန့်သာရှိတာတွေ့ရပါတယ်။ သြဂုတ်လ ပထမပတ်မှာ တန်ချိန် ၅ဝဝဝ ဝန်းကျင်တင်ပို့မှုနဲ့ ယှဉ်ရင် လျော့ကျခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် သြဂုတ်လ ၁၉ ရက်နေ့ထိ တင်ပို့ပြီးစီးမှုကို လေ့လာကြည့်ရင် ပဲစင်းငုံ တန်ချိန် ၈၂ဝဝဝ ခန့် ရှိပြီဖြစ်လို့ ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၄၂ဝဝဝ ကျော်ထက် တစ်ဆခန့် ပိုလာတာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ် တွေမှာတော့ ပိုမိုတင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ MIRT - MAPT
နယ်စပ်မှ မတ်ပဲအပို့ရှိ သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးထွက် ကန်ဒေါ်လာ ဝ ဒသမ ဝ၇၇ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၉ဝ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ၉၇ တန် အပို့ရှိခဲ့တာမို့ ယခု အပတ်မှာ ၉ တန်သာ တင်ပို့မှုလျော့နည်းခဲ့တာဖြစ်ပါတယ်။ မတ်ပဲ မြေပြင်ပေါက် ဈေးများမှာ မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ယခင်အပတ်အတိုင်း ဈေး ပြောင်းလဲမှု မရှိတာတွေUရပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးမှာ ကျပ် ၄၉၉၂၇၃ ဖြစ်ပြီး တစ်ဘက်နိုင်ငံ ပေါက်ဈေးကတော့ ၈၆၂ ဒေါ်လာဖြစ်ပါတယ်။ MIRT (DOBT)
မတ်ပဲ FOB အရောင်းအဝယ် ပုံမှန်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲကို ပြည်ပအဝယ်ပုံမှန် ရှိနေတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်လိုပဲ ယခုတစ်ပတ် (သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်နေ့ထိ) အတွင်းမှာလည်း ပြည်ပ အရောင်းအဝယ် တန်ချိန် ၁၄၁ဝဝ ကျော် စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်တွေ အဝယ်ရှိနေပြီး၊ ပြည်ပပို့ကုန်ခွန်များ လျှော့ချခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များ များများ တင်ပို့လိုပေမယ့် ပို့ကုန်ဝင်ငွေ တစ်ယူနစ်ဈေးနှုန်း အပြောင်းအလဲများပြီး၊ မတည်ငြိမ်မှုကြောင့် အရောင်းအဝယ်ဖြစ်သင့်သလောက် မဖြစ်ဘူးလို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ယခုတစ်ပတ် ပဲဈေးတွေ အနည်းငယ်တက်လာပြီး၊ ပြည်ပအဝယ်ရှိပေမယ့် ပို့ကုန် ဝင်ငွေဈေးနှုန်းကြောင့် FOB ဈေးအနည်းငယ် လျော့ကျလာခဲ့ပါတယ်။ မတ်ပဲ FOB ဈေးများ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂၆-၈-၁၁ ၇၄ဝ-၇၆ဝ ၈၃ဝ-၈၅ဝ၁၈-၈-၁၁ ၇၄ဝ-၇၆ဝ ၈၃၅-၈၅၅ MIRT(MAPT)
တင်ပို့ခွန်များ လျှော့ချပေးမှုကြောင့် မတ်ပဲတင်ပို့မှု ပိုလာ ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့နိုင်မှုဟာ ယခင်သီတင်းပတ်တွေက တန်ချိန် ၁၃ဝဝဝ ကျော် တင်ပို့ခဲ့ရာ မှ တင်ပို့ခွန်များ လျှော့ချပေးမှုကြောင့် ယခုတစ် ပတ် (သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်)အတွင်း တန်ချိန် ၁၄ဝဝဝ ကျော်ထိ တင်ပို့မှု ပိုလာခဲ့ပါတယ်။ ဒါပေမယ့် ဇူလိုင်လ နောက်ဆုံးပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၁၇၅ဝဝ ကျော်ထက်တော့ လျော့ကျနေသေးတာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂ဝ၁၁-၁၂ အတွင်း သြဂုတ်လ ၁၉ ရက်နေ့အထိ တင်ပို့ ပြီးစီးမှုကို လေ့လာကြည့်ရင် တန်ချိန် ၃ သိန်းကျော်ပြီဖြစ်ပြီး၊ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၂ သိန်းနီးပါးထက် တန် တစ်သိန်းကျော် ပိုမို တင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း ပိုမိုတင်ပို့နိုင် မယ်လို့ ခန့်မှန်းထားပါတယ်။ MIRT - MAPT
ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုလျော့ သြဂုတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၃၆၃၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ဝ၅၄ သန်းကို တရုတ်၊ အိန္ဒိယနဲ့ စင်္ကာပူနိုင်ငံတွေကိုတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ယခုတပတ်မှာ တန် ၁ဝဝဝ ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ပြည်တွင်းပြောင်းလက်ကျန်နည်းနေပေမယ့်လည်း အဝယ်လိုက်နေတာကြောင့် အဆက်မပြတ်တင်ပို့နိုင်ခြင်း ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းအပြင် နယ်စပ် ကနေလည်း တန် ၁ဝဝဝဝ ကျော် အပတ်စဉ်တင်ပို့နေတာတွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းတွေကတော့ တစ်တန်ကို ၂၈ဝ-၃ဝဝ ဒေါ်လာကြားဈေးရလျက် ရှိပါတယ်။ KZW
ယခုအပတ် မူဆယ်နယ်စပ်မှသာ ပြောင်းအပို့ရှိ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ဝ၄၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁ဝ၈၈၄ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၂၅၃ သန်းတန်ဖိုးရှိ နံှစားပြောင်း ၈၄၂ တန်ကို သြဂုတ် လ ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၂၁၂၂ တန် အပို့ ရှိခဲ့တာမို့ ယခုအပတ်မှာ ၃၉၆ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မိမိဘက်ပြောင်း မြေပြင်ပေါက်ဈေးပြောင်းလဲမှုမရှိသော်လည်းတစ်ဘက်နိုင်ငံမှာ နံှစားပြောင်း ၆ ရာခိုင်နှုန်းမြင့်တက်ပြီး ပြောင်းဖူးစေ့က ၁ ရာခိုင်နှုန်းကျော် ကျဆင်းနေပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နံှစားပြောင်း ၂၁ဝ၇၇ဝ ၂၁ဝ၇၇ဝ - - ၃၁၄ ၂၉၅ ၁၉ ၆ပြောင်းဖူးစေ့ ၂ဝ၈၇၆၉ ၂ဝ၈၇၆၉ - - ၂၈၈ ၂၉၂ ၄ ၁ .၄MIRT (DOBT)
၂ဝ၁၆ ၌ရော်ဘာပြတ်လတ်မှု ရင်ဆိုင်ရဖွယ်ရှိ ဇူလိုင်လရဲ့ စာရင်းများအရ သဘာဝရော်ဘာဈေးနှုန်းဟာ ရောင်းလိုအားနည်းခြင်း၊ ဒေါ်လာဈေးကျခြင်းနဲ့ ရေနံဈေး တက်ခြင်းတို့ကြောင့် ဈေးမငြိမ်ခဲ့ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း (ANRPC) ကပြောကြားခဲ့ပါတယ်။ ၂ဝ၁၆ မှစပြီးတော့ ကမ္ဘာ့ရော်ဘာ ရောင်းလိုအားကျဆင်းနိုင်ဖွယ်ရှိကြောင်း (ANRPC) ကခန့်မှန်းခဲ့ပါတယ်။ ယခုအတိုင်းသာ ရော်ဘာရောင်းလိုအား အကျပ်အတည်းဆက်ဖြစ်နေပြီး ဝယ်လိုအားလည်း အတန်အသင့်မြင့်တက်လာမယ်ဆိုရင် ၂ဝ၁၈ မှာ ကုန်ပစ္စည်းလိုအပ်ချက်ဖြစ်နိုင်ကြောင်း (ANRPC) ကပြောကြားခဲ့ပါတယ်။ (ANRPC) အသင်းဝင်နိုင်ငံတွေကတော့ ယခုနှစ်တတိယလေးလပတ်မှာထုတ်လုပ်မှု ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ပြီး ပထမနဲ့ဒုတိယလေးလပတ်တွေမှာ ၁ဝ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းအသီးသီးတိုးတက်ခဲ့ပါတယ်။ ယခင်နှစ် တတိယလေးလပတ်မှာ ရောင်းလိုအား ၁၂ ဒသမ ၁ ရာခိုင်နှုန်းတက်ခဲ့ပြီး၊ ယခုနှစ်ကုန်ပိုင်းအထိတော့ တရုတ်ရဲ့ ဝယ်လိုအားက ကာလရှည်ကြာကျဆင်းနိုင်ကြောင်း (ANRPC) က ခန့်မှန်းခဲ့တယ်လို့သတင်းရရှိပါတယ်။ Source:Pire Business,KZW