Main menu

Background

Sunday, 7 Aug 2011

ဈေးအပြောင်းအလဲမရှိတဲ့ ပြည်ပဲနီပြားဈေးကွက်              ပဲခူးတိုင်းဒေသကြီး ပြည်အတွင်း အခြားပဲများစိုက်ပျိုးမှု များသော်လည်း ပဲနီပြားသီးနံှကို မြို့နယ်တိုင်းတွင် စိုက်ပျိုးမှုမရှိဘဲ နတ်တလင်း၊ ရွှေတောင်မြို့နယ်များတွင်သာ ဧကအနည်းငယ်ခန့် စိုက်ပျိုးခဲ့ကြပါတယ်။ ဒါကြောင့် ဈေးကွက်သို့လည်း ပဲနီပြားသီးနံှမှာ အများအပြားဝင်ရောက်မှုမရှိတဲ့အတွက် အခြားတိုင်းသို့လည်း တင်ပို့နိုင်ခြင်း မရှိကြတာကို တွေ့ရပါတယ်။ ဒေသတွင်း လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး လက်ကား ရောင်းဝယ်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ ပဲနီပြား သီးနံှဈေးနှုန်းမှာ ပေါ်စအချိန်တွင် တစ်တင်း ၂၂ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ဇွန်လမှစ၍ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့် ယခု သြဂုတ်လ ပထမပတ်ထိ ဈေးအပြောင်းအလဲမရှိဘဲ ရောင်းဝယ်ခဲ့ကြကြောင်း သိရပါတယ်။               ခင်ဆွေဝင်း

Sunday, 7 Aug 2011

မိုးပဲစိုက်ပျိုးမှု အခြေအနေကောင်းမွန်တာကြောင့် အိန္ဒိယကုလားပဲဈေးလျော့ကျလာ                  အိန္ဒိယနိုင်ငံ အဓိကပဲစိုက်ပျိုးရာ ပြည်နယ်များမှာ မိုး ပဲမျိုးစုံ စိုက်ပျိုးမှု တိုးတက်နေခြင်းနဲ့အတူ ကုန်သည်များမှ ဈေး အမြင့်မှာ ဝယ်ယူမှုနည်းတာကြောင့် ကုလားပဲဈေးများ ယခင် ရက်ထက်လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပါလီမန်အစည်းအဝေးမှာ ဈေးနှုန်းမြင့်တက်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးခြင်းများကြောင့်လည်း ဈေးနှုန်းကို ကန့်သတ်စေ တယ် လို့ ခန့်မှန်းကြပါတယ်။                 NCDEX  မှာ သြဂုတ်လ ကုလားပဲ စာခုျပ်ဈေးက တစ်တန်ကို ဝ ဒသမ ၆၂ ရာခိုင်နှုန်းကျဆင်းပြီး ရူပီး ၃ဝ၆၁ဝ (ကန်ဒေါ်လာ ၆ဝ၃ ဒသမ ၄၈) ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲတော်ကာလဖြစ်တဲ့ လာမယ့်ရက်တွေမှာတော့ ကုလားပဲ ဈေး ခိုင်မာဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။                  ပဲအဓိကစိုက်ပျိုးတဲ့ မဒ္ဒရာပရာဒေ့ရှ်၊ အတ္တရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာတို့မှာ မိုးရွာသွန်းမှု တိုးတက်နေခြင်းကြောင့် ပဲထုတ်လုပ်မှု ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင် Source: commodityonline

Sunday, 7 Aug 2011

မူဆယ်ကပဲ အပို့ရှိတဲ့ ပဲယင်း                 ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ သာ ကန်ဒေါ်လာ ဝ ဒသမ ၁၉၁ သန်းတန်ဖိုးရှိတဲ့ ပဲယင်း ၃၆၇ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ တမူးနယ်စပ်များမှ ၇၃၅ တန်ကျော်အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ထက်ဝက်ကျော် လျော့နည်း တင်ပို့ခဲ့ပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးထွက် ပဲယင်းများကို မူဆယ်က နေ တင်ပို့နေတာ ဖြစ်ပါတယ်။ မိမိဘက် မြေပြင်ဈေးမြင့်တက်နေသော် လည်း တစ်ဖက်နိုင်ငံဈေးလျော့နည်းလျက်ရှိပါတယ်။ ဇူလိုင်လအတွင်းမှာ ပဲယင်းတင်ပို့မှု ၁၉၇၉ တန်ရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁၉၄ဝ ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ဧပြီလမှ ဇူလိုင်လထိ ၃၇ဝဝ တင်ပို့ထားပြီး ယမန်နှစ်ကာလတူထက် တန် ၁၄ဝဝ ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲယင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                              မိမိဘက်(ကျပ်/တန်)               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)              ယခု         ယခင်        ပြောင်းလဲမှု   %    ယခု      ယခင်   ပြောင်းလဲမှု     %ပဲယင်း ၃၂၄၃၃၂     ၃၁၂၃၇၂       ၁၁၉၆ဝ    ၄      ၄၈၁     ၄၉၅           ၁၄          ၃MIRT (DOBT)

Sunday, 7 Aug 2011

ပြည်ပဲကြီး (ရွှေကျွန်း) ရန်ကုန်ဝယ်လက်ရှိနေ                ပြည်ဈေးကွက်သို့ ပဲကြီးဝင်ရောက်မှုအနေဖြင့် အဝင်ပါးလာခဲ့ပြီဖြစ်ပါတယ်။ ဇူလိုင်လကုန်ထိ ဒေသတွင်း အဝင်ပါးလာသော်လည်း မကွေးတိုင်းဒေသကြီးဖက်မှ အိတ် ၅ဝဝ ကျော်ဝင်ရောက်ခဲ့ပါတယ်။ ယခုသြဂုတ် လဆန်းပိုင်းမှာတော့ လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်လျက်ရှိကာ ပဲကြီးရွှေကျွန်း တစ်တင်း ၁၇ဝဝဝ ကျပ်နဲ့ ပဲကြီးကမ်းနားတစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ဒေသတွင်း ပဲကြော်လုပ်ငန်း သမားများ အဝယ်ရှိပြီး တစ်ရက်အိတ် ၂၅ဝ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်သလို ရန်ကုန်ဝယ်လက်သမားများမှ ပဲကြီးရွေကျွန်း အဝယ်ရှိခဲ့တာကြောင့် အိတ် ၁ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။               ခင်ဆွေဝင်း

Sunday, 7 Aug 2011

ပြည်ထောပတ်ပဲ အဖွင့်ဈေးကောင်းခဲ့ပေမယ့် နောက်ပိုင်းဈေးကျလာ                   ပြည်ဈေးကွက်အတွင်း ထောပတ်ပဲမှာ အဝင်မရှိသလို အရောင်းအဝယ်လည်း အေးနေခဲ့ပါတယ်။ ယခင်အပတ်က ရန်ကုန်ဝယ်လက်များ ဝယ်ယူမှုရှိခဲ့သော်လည်း သြဂုတ်လဆန်းပိုင်းတွင် လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲဈေးနှုန်းမှာ ယခင်နှစ်က ပဲပေါ်စအချိန်တွင် တစ်တင်း ၁၄ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မေလနောက်ပိုင်းမှစ၍ ဈေးနှုန်းမှာ တဖြည်းဖြည်း မြင့်လာခဲ့ပြီး သြဂုတ်လအတွင်း တစ်တင်း ၂၆ဝဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ ယခုနှစ်မှာ တော့ ပဲပေါ်စအချိန်တွင် တစ်တင်း ၂၁ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ဧပြီလကုန်မှစ၍ ဈေးကျလာပြီး ဇွန်လအတွင်း ၁၇ဝဝဝ ကျပ်နဲ့ ဇူလိုင်လဆန်းမှစ၍ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့် ယခုသြဂုတ်လ ပထမပတ်အထိ ၎င်းဈေးအတိုင်း ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။          ခင်ဆွေဝင်း 

Sunday, 7 Aug 2011

ယခုတစ်ပတ် ထောပတ်ပဲနဲ့ မြေထောက်ပဲ အရောင်းအနည်းငယ်တက်လာ                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ထောပတ်ပဲ နဲ့ မြေထောက်ပဲတို့ အရောင်းအဝယ်စာချုပ်ချုပ်နိုင်မှုဟာ ယခုအပတ် ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၄ ရက်ထိ ထောပတ်ပဲ တန် ၁၃ဝ ကျော်၊ မြေထောက်ပဲ FAQ တန် ၃၃ဝ ခန့် ရောင်းဝယ်နိုင်ခဲ့ပါတယ်။ ယခင်အပတ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အတွင်း ထောပတ်ပဲတန် ၁ဝဝ၊ မြေထောက်ပဲ တန် ၂၇ဝ ကျော်ရှိတာ ကြောင့် ယခုအပတ် အရောင်းအဝယ်အနည်းငယ်ပိုလာ ပါတယ်။ ယခုအပတ် ထောပတ်ပဲကို တရုတ်၊ ဂျပန်၊ စင်ကာပူနိုင်ငံများကို တင်ပို့ခဲ့ပြီး မြေထောက်ပဲကို အိန္ဒိယ၊ ဂျပန်၊ စင်ကာပူနိုင်ငံများကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ကဈေးများအနေနဲ့ သြဂုတ်လ ၄ ၇က်မှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ၊ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၃ဝ-၆၅ဝ ဖြစ်တာကြောင့် ယခုအပတ် ထောပတ်ပဲဈေးငြိမ်ပြီး မြေထောက်ပဲဈေး ပို လာတာ တွေ့ရပါတယ်။ MIRT- MAPT 

Sunday, 7 Aug 2011

မုံရွာ V2  တက်ဈေးနဲ့ အဝယ်သွက်                  သြဂုတ်လဆန်း မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ V2 ဈေးတက်လာပြီး မန်းနဲ့ရန်ကုန်ဝယ်လက် အဆွဲသွက်လာခဲ့တယ်လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်။ ကုလားပဲအားလုံးပြီးခဲ့တဲ့ ဇူလိုင်လဆန်းကပေါက်ဈေး ထက် ဈေးပိုလာခဲ့ရာ သြဂုတ် လဆန်းမှာ V2  တစ်တင်း ၂၁၅ဝဝ ကျပ်မှ ၂၂ဝဝဝ ကျပ်၊ ကုလားပဲရိုးရိုးတစ်တင်း ၁၅၅ဝဝ ကျပ်မှ ၁၆ဝဝဝ ကျပ်၊ ကုလားပဲတိုင်ပေ ၁၇ဝဝဝ ကျပ်မှ ၁၇၁ဝဝ ကျပ်၊ ကုလားပဲ 929 တစ်တင်း ၁၆၈ဝဝ ကျပ် ဈေးအသီးသီးပေါက်ခဲ့တာတွေ့ရပါတယ်။ V2 ဈေးကွက်မှာတော့ မန်းနဲ့ရန်ကုန်ဝယ်လက်တွေ အများဆုံးဆွဲခဲ့လို့ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ရက်လျှင် အိတ် ၃ဝဝဝ မှ ၅ဝဝဝ ဝန်းကျင် နေ့စဉ်အရောင်း သွက်ခဲ့ပြီး၊ ကျန်ကုလားပဲတွေ ကတော့ လုပ်ငန်းသုံးအတွက် မန်းအဆွဲအနည်းငယ်နဲ့ ဒေသတွင်းခွဲစက်၊ ပဲကြော်ဖိုနဲ့ ပဲလက်လီသမားအဝယ် အသင့်အတင့်ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဇူလိုင် ၂၇ ရက်ကနေ သြဂုတ် ၃ ရက်နေ့အထိ မုံရွာ ကုန်စည်ဒိုင် ဈေးကွက်ကနေ ကုလားပဲစီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၅ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၁၆ဝဝဝ ခန့်ရှိခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။      ထွန်းလှိုင်၊ 

Sunday, 7 Aug 2011

ကုလားပဲဖြူလုံးကြီး ဈေးခိုင်သော်လည်း ပြည်ပအရောင်းအဝယ်ပြန်လျော့                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှုမှာ ကုလားပဲဖြူလုံးကြီး FAQ တန် ၄၇ဝဝ ခန့် ရှိခဲ့ပါတယ်။ ယခင်အပတ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အတွင်း ကုလားပဲတန် ၆၅ဝဝ ကျော်ရောင်းချနိုင်တာနဲ့ယှဉ်ရင် ယခုအပတ် အရောင်းလျော့ပေမဲ့ ဈေးနှုန်းအနေနဲ့ ပိုမိုခိုင်မာလာတာတွေ့ရပါတယ်။ ပြည်ပ ဝယ်လိုအားရှိနေဆဲဖြစ်ပြီး လက်ကျန်နည်းလာတဲ့အတွက် ဈေးပိုတိုးလာခြင်းဖြစ် တယ်လို့ သိရပါတယ်။                 ရန်ကုန် FOB ဈေးအနေနဲ့ ယခင်ဇူလိုင်လ ၂၉ ရက်က FAQ တစ်တန် ကန် ဒေါ်လာ ၉၃ဝ-၉၅ဝ ရှိရာမှ ယခုအပတ် သြဂုတ်လ ၄ ရက်အတွင်း FAQ တစ်တန် ကန်ဒေါ်လာ ၁ဝဝဝ-၁ဝ၂ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT 

Sunday, 7 Aug 2011

ကုလားပဲဖြူလုံးကြီး ယခင်နှစ်ထက်ပိုတင်ပို့နိုင်                ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုကတော့ ဇူလိုင် ၁ဝရက် မှ ၁၆ ရက်အတွင်း တန်ချိန် ၁၅ဝဝ ခန့်၊ ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ချိန် ၃ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ပြီး ယခုဇူလိုင်နောက်ဆုံးပတ် ၂၄ ရက်မှ ၃ဝ ရက်အတွင်း တန်ချိန် ၃၂ဝဝ ကျော် ပိုမိုတင်ပို့လာနိုင်ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဇူလိုင် ၂၉ ရက်အထိ ကုလားပဲဖြူလုံးကြီး တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၃၈ဝဝဝ ကျော်ရှိပြီး ယခင်နှစ် ကာလတူ တင်ပို့မှု တန်ချိန် ၆ဝဝ ကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုအပတ် ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်လျော့ပေမဲ့ အခြားပဲများ ထက်ပိုပြီး အဝယ်ရှိတာကြောင့် ဆက်လက်တင်ပို့နိုင်မယ်လို့ ကုန်သည်များက ခန့်မှန်း ကြပါတယ်။      MIRT- MAPT 

Sunday, 7 Aug 2011

အရည်အသွေးပေါ်လိုက်၍ ဈေးပေးဝယ်ယူမှုရှိတဲ့ ပြည်ပဲတီစိမ်း                   ယခုတစ်ပတ်ပြည်ဈေးကွက်သို့ ပဲတီစိမ်းဝင်ရောက်မှုမှာ ယခင်ဇူလိုင်လကုန်ဝင်ရောက်မှုထက် လျော့ကျလာခဲ့ပါတယ်။ တစ်ရက်ကို အိတ် ၄ဝဝ-၅ဝဝ ခန့်ဝင်ရောက်ခဲ့ပြီး ပဲဈေးနှုန်းမှာ တစ်တင်းကို ၁၆၅ဝဝ ကျပ်မှ ၁၈ဝဝဝ ကျပ်ထိ အရည်အသွေး ပေါ်လိုက်၍ ဈေးပေးဝယ်ယူမှုရှိခဲ့ကြပါတယ်။ ဇူလိုင် နောက် ဆုံးပတ်တွင် တစ်တင်းကို ထိပ်စမှာ ၁၇၅ဝဝ ကျပ်၊ ရိုးရိုးစမှာ ၁၄၅ဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ယခုသြဂုတ်လ ပထမ ပတ်အတွင်း မန္တလေးဝယ်လက်များ အဝယ်ရှိခဲ့တာကြောင့် ဈေးပိုမြင့်လာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်သို့ ပဲတီ စိမ်း တင်ပို့မှုအနေဖြင့် ဇူလိုင်လအတွင်း အိတ် ၃ဝဝဝ ကျော် တင်ပို့နိုင်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း 

Pages