Background
ပြည်ပဲလွန်းဖြူ အရောင်းအဝယ် အေးနေ ပြည်ပဲလွန်းဖြူဈေးကွက်မှာ ပဲ တစ်တင်းကို ၁၈၅ဝဝ ကျပ်နဲ့ ဈေးငြိမ် နေတာကို တွေ့ရပါတယ်။ ပဲအဝင် လည်း သိပ်မရှိတော့ဘဲ လက်ကျန်က လည်း နည်းနေပြီး အရောင်းအဝယ် လည်း အေးနေတာကို တွေ့ရပါတယ်။ တစ်နေ့ကို ၄-၅ အိတ်သာ မြို့တွင်း လက်လီသမားများ အရောင်းအဝယ် ရှိ တာကို တွေ့ရပါတယ်။ မိမိအေး
ပဲလွန်း ဖြူ လက်ကျန်နည်းလာလို့ ဈေးငြိမ်ပြီး အရောင်းလျော့လာ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုအပတ် ဇူလိုင် ၂၉ ရက်မှ သြဂုတ် လ ၄ ရက်အတွင်း ပဲလွန်းဖြူ အရောင်းအဝယ်ဖြစ်မှုဟာ လက်ကျန်နည်းလာ ပြီဖြစ်တာကြောင့် တန် ၄ဝဝ ခန့်သာ ရှိ တယ်လို့ သိရပါတယ်။ ယခင်အပတ် တန် ၁ဝဝဝ ကျော် တင်ပို့နိုင်လို့ လျော့ နည်းလာကာ တွေ့ရပါတယ်။ ပြည်ပ ဝယ်လက်ကြိုက်တဲ့ ပဲဖြစ်ပေမဲ့ ပြည်တွင်းလက်ကျန်တော့ တော်တော်လေး နည်းသွားပြီလို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ သြဂုတ်လ ၄ ရက်က FAQ တစ်တန် ကန်ဒေါ်လာ ၈၆ဝ-၈၈ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ယခင် အပတ်အတိုင်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။ MIRT- MAPT
ယခုအပတ်ပဲလွန်းဖြူ တင်ပို့မှု ယခင်အပတ်ထက်ပိုလာ ပင်လယ်ရေကြောင်းမှ ပဲလွန်းဖြူ တင်ပို့မှုဟာ ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက် အတွင်း တန် ၁၅ဝ၊ ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ၂ဝဝ ခန့်၊ ဇူလိုင် ၂၄ ရက်မှ ၃ဝ ရက်အတွင်း တန် ၃ဝဝ တင်ပို့နိုင်တာကြောင့် ဇူလိုင်လအတွင်း ယခုအပတ်ပိုတင်နိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများဖြစ်ပြီး အိန္ဒိယ၊ ကိုရီးယား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူနိုင်ငံတို့ကို အများ ဆုံး တင်ပို့တာ တွေ့ရပါတယ်။ MIRT- MAPT
ကြိုက်ဈေးမရသော်လည်း ရောင်းချမှုရှိတဲ့ ပြည်ပဲစင်းငုံ ပြည်ပဲစင်းငုံဈေးကွက်ရဲ့ ယခုသြဂုတ်လပထမပတ် ပဲဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ၁၂၇ဝဝ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဈေးနဲ့ ယှဉ်ကြည့်ရင် တစ်တင်းကို ၈ဝဝ ကျပ်ထိ လျော့ကျခဲ့ပါတယ်။ အခြားတိုင်း ဒေသ ကြီးများရှိ ဝယ်လက်များမှ အဝယ်ဆက်လက်အေးနေခြင်းကြောင့် ဈေးလျော့ ခြင်းဖြစ်ကြောင်း သိရပါ တယ်။ ပဲဈေးကွက်တွင် ပဲစင်းငုံမှာ ကြိုက်ဈေး မရသော် လည်း ငွေလိုသူအချို့ ထုတ်ရောင်းကြကြောင်း သိရပါတယ်။ အရောင်းအဝယ် နေ့တိုင်းမဖြစ်သော်လည်း တစ်ချို့ရက်များတွင် အိတ် ၃ဝဝ ထိ အရောင်း အဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ယခုတစ်ပတ် ပဲစင်းငုံ ပြည်ပကို အရောင်းအေးသလို ဈေးအေးနေ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ်တွင်း ပဲစင်းငုံတန်ချိန် ၅၆ဝဝ ခန့် ပြည်ပအရောင်းအဝယ် စာချုပ်ချုပ်နိုင်ခဲ့တဲ့ အနက် ပဲစင်းငုံနီ တန် ၅၄ဝဝ ပါဝင်တယ်လို့ သိရပါတယ်။ ယခင်အပတ် ပဲစင်းငုံ တန်ချိန် ၇၄ဝဝ ခန့် စာချုပ်ချုပ်ဆိုနိုင်တာကြောင့် ယခုအပတ် အရောင်းအဝယ် လျော့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယဝယ်လက်များအနေနဲ့ အာဖရိက ဘက်မှာ မိုးခေါင်နေလို့ မြန်မာနိုင်ငံဘက်မှ အထိုက်အလျောက်တော့ ဝယ်ယူမှုရှိ တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ထက်လျော့ကျသွားတဲ့ ရန်ကုန် FOB ဈေး များကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံအသစ်အနီ(FAQ) ပဲစင်းငုံအဟောင်းအနီ(FAQ)၄-၈-၁၁ ၅၈ဝ-၆ဝဝ ၅၇ဝ-၅၉ဝ၂၈-၇-၁၁ ၆၁ဝ-၆၃ဝ ၅၉ဝ-၆၁ဝMIRT(MAPT)
ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု အနည်းငယ်လျော့ ပင်လယ်ရေကြောင်းက ပဲစင်းငုံပြည်ပတင်ပို့နိုင်မှုဟာ ဇူလိုင်ပထမပတ် ၂ ရက်မှ ၈ ရက်အတွင်း တန်ချိန် ၆၅ဝဝ ရှိခဲ့ပြီး၊ ဒုတိယပတ် ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန်ချိန် ၃၅ဝဝ ရှိခဲ့ကာ၊ တတိယပတ် ဇူလိုင် ၁၇ ရက်မှ ၂၃ ရက် အတွင်း တန် ၆၁ဝဝ ကျော် တင်ပို့ခဲ့ပါတယ်။ ယခုဇူလိုင်နောက်ဆုံးပတ် ၂၄ ရက် မှ ၃ဝ ရက်ထိ တန် ၅၆ဝဝ နီးပါးတင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာနှစ် ဇူလိုင် ၂၉ ရက်ထိ မတ်ပဲတင်ပို့ပြီးစီးမှုဟာ တန်ချိန် ခုနှစ်သောင်း ကျော် ဖြစ်တာကြောင့် ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၃၅ဝဝဝ ကျော်ထက် ထက်ဝက် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ MIRT- MAPT
ဈေးဆက်အေးနေတဲ့ ပြည်မတ်ပဲဈေးကွက် သြဂုတ်လရဲ့ အစရက် ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေး ယခင်တစ်ပတ်ထက် အေးလာခဲ့တယ်လို့ သိရပါတယ်။ ပြည်ပွဲရုံများသို့ ပဲအဝင်ပါးလာခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်ရှိပြီး တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့်အဝယ်ရှိခဲ့ပါတယ်။ မြို့တွင်း ဝယ်လက်ကတော့ နေ့စဉ်အရောင်းအဝယ်မရှိဘဲ တချို့ ရက်မှာ သာ အရောင်းအဝယ်ဖြစ်တာကို တွေ့ရပါတယ်။ ရန်ကုန်ဘုရင့်နောင်သို့ ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်မှ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၃ဝဝဝ ခန့်သာ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး
မတ်ပဲ FOB အရောင်းအဝယ် ပုံမှန်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း FOB စာချုပ်ချုပ်ဆိုနိုင်မှုမှာ တန် ၁၆ဝဝဝ ရှိခဲ့ပါတယ်။ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အတွင်း FOB စာချုပ်ချုပ်ဆိုမှုမှာလည်း တန်ချိန် ၁၆ဝဝဝ ကျော်ဖြစ်လို့ ယခင်အပတ်အတိုင်း ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးကျဆင်းလာတာရယ်၊ အိန္ဒိယ က မတ်ပဲဈေး လျော့ဝယ်တာရယ်ကြောင့်ယခုတစ်ပတ်မတ်ပဲ FAQ ဈေးလျော့တာ တွေ့ရပါတယ်။ အိန္ဒိယမှာ စက်တင်ဘာပဲအသစ် ပေါ်ကာနီးလေဝယ်ယူမှု ဈေးအေး လေဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးများကိုယခင်တစ်ပတ်နှင့် နှိုင်း ယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၄-၈-၁၁ ၇၅ဝ-၇၆ဝ ၈၄ဝ-၈၆ဝ၂၈-၇-၁၁ ၇၅၅-၇၇၅ ၈၄ဝ-၈၆ဝMIRT(MAPT)
ယခုတစ်ပတ် မတ်ပဲတင်ပို့မှုလျော့ မတ်ပဲပြည်ပသင်္ဘောတင်ပို့နိုင်မှုမှာ ဇူလိုင် ပထမပတ် ၂ ရက်မှ ၈ ရက်အတွင်း တန် နှစ်သောင်းတင်ပို့ခဲ့ပြီး ဒုတိယပတ် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန် ၁ ဒသမ ၁ သောင်းကျော်တင်ပို့ခဲ့ကာ တတိယပတ် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ၂ ဒသမ ၂ သောင်းခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုဇူလိုင်နောက်ဆုံးပတ် ၂၄ ရက်မှ ၃ဝရက်အတွင်းတန် ၁ ဒသမ ၇ သောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဇူလိုင် ၂၉ ရက်ထိ မတ်ပဲတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၂ ဒသမ ၆ သိန်းခန့် တင်ပို့နိုင်ခဲ့လို့ ယခင်နှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁ ဒသမ ၇ သိန်းခန့် ထက်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ အိန္ဒိယက ပဲအသစ်တွေ ထွက်လာတော့မှာဖြစ်လို့ ဝယ်လိုအားနည်းလို့ လာ မယ့် သီတင်းပတ်တွေမှာ တင်ပို့မှု တိုးတက်နိုင်ဖွယ်မရှိဘူးလို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
ပြောင်းဖူးစေ့ တန် ၃၆၈ဝဝ နယ်စပ်မှ အပို့ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၉ ဒသမ ၆၉၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၄၆၄၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၆၇ဝ သန်းတန်ဖိုးရှိ နံှစားပြောင်း တန် ၂၂ဝဝ ကျော်၊ ကန်ဒေါ်လာ ၆ ဒသမ ၅ဝ သန်းတန်ဖိုးရှိ ပြောင်း ကြိတ်ဖတ် ၆၅ တန်ကို ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းဖူးစေ့ ၂၅၉၁၇ တန်နဲ့ နံှစားပြောင်း ၁၅၇၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးကထွက်ရှိတဲ့ ပြောင်းဖူးစေ့နဲ့ နံှစားပြောင်းများကို မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့နေတာဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံပြောင်းဈေးများ ပြောင်းလဲမှု မရှိသော် လည်း မိမိဘက်မှာ နံှစားပြောင်း ဈေးအနည်းငယ်မြင့်တက်ပြီး ပြောင်းဖူးစေ့ဈေး ကတော့ အနည်းငယ် ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းဈေး များကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၁၁၁၆၅ ၂၁၁၂၆၃ ၉၈ ဝ .ဝ၅ ၂၉၄ ၂၉၄ - -နံှစားပြောင်း ၂၁၃ဝ၇၈ ၂၁၂၅၆၁ ၅၁၇ ဝ .၂ ၂၉၄ ၂၉၄ - -MIRT (DOBT)
