Background
ရောင်းလိုအားများလို့ ဈေးလျော့အဝယ်ရှိလာတဲ့ ပြည်ပဲကြီး ယခုတစ်ပတ်ပြည်ပဲကြီးဈေးကွက်တွင် အခြားတိုင်းမှဝင်ရောက်မှုမရှိဘဲ ဒေသတွင်းမှအနည်းငယ်သာဝင် ရောက်မှုရှိခဲ့ပါတယ်။ ယခင်အပတ်က ပဲကြီး (ရွှေကျွန်း) တစ်တင်း ၁၇ဝဝဝ ကျပ်၊ ပဲကြီး(ကမ်းနား)တစ်တင်း ၁၅၅ဝဝ ကျပ်ဈေးဖြင့် ဈေးမြင့်လာခဲ့ပြီးယခုတစ်ပတ်အတွင်း တောင်သူတွေမှအပ်ပဲများ ထုတ်ရောင်း လာကြတာကြောင့် ဝယ်လက်များမှ ပဲကြီး(ရွှေကျွန်း)တစ်တင်း ၁၆၅ဝဝ ကျပ်၊ ပဲကြီး(ကမ်းနား)တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ် ထက်တစ်တင်း ၅ဝဝ ကျပ်ဈေးလျော့အဝယ်ရှိခဲ့တာကိုတွေ့ရပါတယ်။ ပဲကြော်ဖိုသမားရော လိုင်း သမားများပါ အဝယ်ရှိတဲ့အတွက် တစ်ရက်အိတ် ၂၅ဝ မှ ၃ဝဝ အထိအရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။ ခင်ဆွေဝင်း
မူဆယ်မှပဲကြီး ပုံမှန်အပို့ရှိနေ ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်းမူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၄ သန်း တန်ဖိုးရှိ ပဲကြီ်း ၁၂၃ တန်ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ယခင် အပတ်ကထက် ၂၆ တန်ခန့် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဇွန်လအတွင်း ပဲကြီး တင်ပို့မှုမှာ ၂၇၂ တန်ရှိပြီးဖြစ်သော်လည်း မေလအတွင်းမှာ နယ်စပ်မှ ပဲအပို့မရှိခဲ့ပါဘူး။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်စမှ ဇွန်လဒုတိယပတ်ထိ မူဆယ် နယ်စပ်မှ ပဲကြီးတင်ပို့မှုမှာ ၁၁၇၄ တန်ရှိနေပြီဖြစ်ပါတယ်။ MIRT (DOBT)
ထောပတ်ပဲနဲ့ မြေထောက်ပဲ သင်္ဘောတင်ပုံမှန်ရှိနေ ယခုသီတင်းပတ် (ဇွန်လ ၉ ရက်မှ ၁၄ ရက်) အတွင်းမှာ ပင်လယ်ရေကြောင်း က ထောပတ်ပဲ တန် ၆ဝဝ နီးပါးနဲ့ မြေထောက်ပဲ တန် ၃ဝဝ နီပါးတင်ပို့မှုရှိလို့ ယခင်သီတင်းပတ်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ်နဲ့ ဂျပန်တို့ဖြစ်ပါတယ်။ ဇွန်လ ၁ဝ ရက်နေ့အထိ လက်ရှိ ဘဏ္ဍာနှစ်အတွင်း တင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲတန် ၇ဝဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက ထောပတ်ပဲတန် ၆၃ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၂ဝဝဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှုအားကောင်းဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။MIRT- MAPT
ယခုသီတင်းပတ် မြေထောက်ပဲကို ပြည်ပအဝယ်ပိုများ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ထောပတ် ပဲကို ပုံမှန်အဝယ်ရှိပြီး မြေထောက်ပဲကို ပြည်ပအဝယ်ပိုများလာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှု အနေနဲ့ ယခင်သီတင်းပတ်က ထောပတ်ပဲ တန် ၇၈ဝ ကျော်နဲ့ မြေထောက်ပဲ တန် ၆၄ဝ ဖြစ်ခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၁ဝ ရက်မှ ၁၇ ရက်)အတွင်းမှာတော့ ထောပတ်ပဲတန် ၄ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၈ဝဝ ကျော် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးနှုန်းအနေနဲ့ မြေထောက်ပဲဈေးမှာ ယခင်သီတင်းပတ် အတိုင်း ပြောင်းလဲမှုမရှိဘဲ ဇွန်လ ၁၇ ရက်မှာလည်း တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိပြီး ထောပတ်ပဲမှာ ယခင်သီတင်းပတ်ထက် အနည်းငယ်လျော့ကျပြီး တစ်တန်ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ MIRT- MAPT
ဈေးအနည်းငယ်လှုပ်တဲ့ မုံရွာကုလားပဲဖြူလုံးကြီး V2 မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုနှစ်ဇွန်လ ၁၅ ရက်အတွင်းကုလားပဲဖြူလုံးကြီးV2 တစ်ပိဿာအနိမ့်၊အမြင့်ဈေးမှာ ၈၃၂ ကျပ်၊ ၉၂၈ ကျပ်။ ယခင်နှစ်ကာလတူ ပေါက်ဈေးမှာ ၁ဝ၄၂ ကျပ်၊ ၁ဝ၇၉ ကျပ်ဈေးအသီးသီးနဲ့ရောင်း ဝယ်ခဲ့ကြပါတယ်။ ဇွန်လ ၁၃၊ ၁၄ ရက်နေ့မှာ V2 တစ်ပိဿာ ၈၃၂ ကျပ် မှ ၁၅ ရက်နေ့မှာ ၈၆၈ ကျပ်သို့ ဈေးလှုပ်ခဲ့ရာတစ်ပိဿာအပေါ် ၃၆ ကျပ်၊ တစ်တင်းအပေါ် ၇ဝဝ ကျပ်ဈေးတက်ခဲ့ကြောင်းသိရှိရပါတယ်။ပဲမျိုးစုံသီး နံှများရဲ့ဈေးအတက်အကျ ဖြစ်ရခြင်းမှာ Earning ဈေးနဲ့ Export ဝယ်လက်အပေါ်မူတည်ပါကြောင်း ကုန်သည်တစ်ဦး မှပြောပြလို့သိရှိရပါတယ်။ ယခုအပတ်အတွင်း မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီး V2တင်း ၁၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ယခုလအတွင်းစစ်ကိုင်းတိုင်းဒေသကြီးမှ ကုလားပဲဖြူလုံးကြီး V2 ရန်ကုန် သို့တင်း ၁၄ဝဝ ကျော်၊ မန္တလေးသို့တင်း ၃၁ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရှိရပါတယ်။ သန်းသန်းတင်
ရန်ကုန် FOB ဈေးကွက် ကုလားပဲအရောင်းအဝယ်အသင့်အတင့်ဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်အတွင်း ကုလားပဲဖြူလုံးကြီးကို ပြည်ပအဝယ် အသင့်အတင့်ရှိတယ်လို့ သိရပါတယ်။ ဇွန်လ ၁ဝ ရက်မှ ၁၇ ရက်အထိ FOB အရောင်းအဝယ် ဖြစ်မှုအနေနဲ့ တန်ချိန် ၁၅ဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ပြည်ပအဝယ် ပုံမှန်ရှိနေပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး အပြောင်းအလဲကြောင့် ရန်ကုန် FOB ကုလားပဲဖြူလုံးဈေး (FAQ) ဈေးဟာ ယခင်သီတင်းပတ်က ကန်ဒေါ်လာ ၈၃ဝ-၈၅ဝ ရှိရာမှ ဇွန်လ ၁၇ ရက်နေ့မှာ ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ ကို လျော့ကျတယ်လို့ သိရပါတယ်။ MIRT- MAPT
ကုလားပဲဖြူလုံးကြီး သင်္ဘောတင်ပို့မှု တန် ၂၃ဝဝ ကျော်လာ ယခင်သီတင်းပတ်က ကုလားပဲဖြူလုံးကြီး သင်္ဘောတင်ပို့မှု တန် ၁၄ဝဝ ခန့်ကို လျော့ကျခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၉-၁၄ရက်) အတွင်းမှာတော့ တန် ၂၃ဝဝ ကျော်ကို ပြန်တိုးတက်လာတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁ဝ ရက်နေ့အထိ ကုလားပဲဖြူလုံးကြီး သင်္ဘောတင်ပို့မှု တန်ချိန် ၂၄ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန် ၅ဝဝ ခန့်သာ တင်ပို့နိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ် များမှာလည်း တင်ပို့မှု ဆက်လက်အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
အရောင်းအဝယ်အသွက်ဆုံး စစ်ကိုင်းမိုးကြိုပဲတီစိမ်း ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်ရှိ မြို့နယ်များမှ မိုးကြို ပဲတီစိမ်းများ မုံရွာကုန်စည်ဒိုင်သို့ လှိုင်လှိုင်ဝင်ရောက် လျက်ရှိပါတယ်။ တရုတ်ဝယ်လက်အဆွဲရှိလို့ မုံရွာကုန်စည်ဒိုင် မှာ အရောင်းအဝယ်အသွက်ဆုံးသီးနံှမှာ ပဲတီစိမ်းကြီးသီးနံှ ဖြစ်ပြီး တစ်ရက်ကို ပဲတီစိမ်းကြီးအိတ် ၁ဝဝဝ ကျော် အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ယခုလအတွင်း ပဲတီစိမ်းကြီး တစ်ပိဿာအနိမ့်အမြင့် ပေါက်ဈေး ၁၃၁၆ ကျပ်-၁၅၂၆ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပြီး စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှ မန္တလေးသို့ ဇွန်လ ၁၅ ရက်အတွင်း ပဲတီစိမ်းကြီး တင်း ၁၅ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းသန်းတင်
ယခုအပတ် ပဲတီစိမ်း တန် ၆၇ဝဝ ကျော်နယ်စပ်မှပို ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၇ သန်းကျော်တန်ဖိုးရှိ ပဲတီစိမ်း ၆၇၅ဝ တန် ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၆၂ဝ ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ တစ်ဘက်နိုင်ငံဈေး ပြောင်းလဲမှု မရှိသော်လည်း မိမိဘက်မြေပြင်ဈေးမှာ ကျပ် တစ်သိန်းကျော် လျော့ကျလျက်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၈၇၈၄၇၃ ၉၉၂၁၉၇ ၁၁၃၇၂၄ ၁၃ ၁၂၇၂ ၁၂၇၃ ၁ ဝ .ဝ၈MIRT (DOBT)
ပဲတီစိမ်း ကို အိန္ဒိယဝယ်လက် အဝယ်လျော့ ရန်ကုန်တိုင်းဒေသကြီး(ဘုရင့်နောင်) ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို အိန္ဒိယဝယ်လက် အဝယ်လျော့လို့ အရောင်း အဝယ်ဖြစ်မှုနည်းတယ်လို့ သိရပါတယ်။ FOB ဈေးကွက်မှာ ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ အရောင်းအဝယ်ဖြစ်မှု အနေနဲ့ တန်ချိန် ၂၇ဝဝ ခန့်သာရှိလို့ ယခင်သီတင်းပတ် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ တန်ချိန် ၄ဝဝဝ ကျော်ထက် လျော့ကျတာ တွေ့ရပါတယ်။ တရုတ်ဈေးကွက်မှာလည်း အစိုးရက ပဲတီစိမ်းတင်ပို့မှု ပိတ်ပင်ထားတဲ့အတွက် လက်ကျန်သိုလှောင်မှု များနေတာကြောင့် မြန်မာ ပဲတီစိမ်းများ တရုတ်က ခပ်လေးလေးသာ ဝယ်ယူမှုရှိပြီး အိန္ဒိယဝယ်လက်တွေကလည်း မြန်မာ ပဲတီစိမ်းပေါက်ဈေးကို သိပ်မလိုက်နိုင်တဲ့အတွက် အဝယ်ပါးသွားတယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB ဈေး လျော့ကျလာတာကို ယခင်သီတင်းပတ်ဈေးနဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲတီစိမ်း (အညာ) ပဲတီရွှေဝါ(အသေး) ပဲတီရွှေဝါအကြီး၁၇-၆-၁၁ ၁ဝ၂ဝ-၁ဝ၄ဝ ၁၁၈ဝ-၁၂ဝဝ ၁၂၈ဝ-၁၃ဝဝ၁၃-၆-၁၁ ၁ဝ၅ဝ-၁ဝ၇ဝ ၁၂ဝဝ-၁၂၂ဝ ၁၃ဝဝ-၁၃၂ဝMIRT (DOBT)