Main menu

Background

Sunday, 12 Jun 2011

အိန္ဒိယအစိုးရမှ သကြားတန်ချိန် ၃၃၉ဝဝဝ တင်ပို့ဖို့ ခွင့်ပြုချက်ထုတ်ပြန်              အိန္ဒိယအစိုးရဟာ ဧပြီလအတွင်း ပြည်ပကို သကြားတန်ချိန် စုစုပေါင်း ၅ သိန်းတင်ပို့ခွင့်ပြုထားတဲ့အနက် ယခုအခါ သကြားစက်များကို တန်ချိန် ၃၃၉ဝဝဝ တင်ပို့ဖို့ ခွင့်ပြုချက်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ သကြားစက်များဟာ စားနပ် ရိက္ခာဝန်ကြီးဌာနမှ ခွင့်ပြုချက်မပါဘဲ သကြားပြည်ပတင်ပို့နိုင်ခွင့်မရှိဘူးလို့ သိရပါတယ်။              မတ်လ ၂၂ ရက်နေ့မှာဘဏ္ဍာရေးဝန်ကြီး Pranab Mukherjee ဦးဆောင်တဲ့ စားနပ်ရိက္ခာဆိုင်ရာ အစိုးရဝန်ကြီးများအဖွဲ့(EGoM ) ဟာ Opem General Licences (O G L ) အရ သကြားစက်များကို တန်ချိန် ၅ သိန်းတင်ပို့ခွင့်ပြုထားပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ဧပြီလ ၁၉ ရက်မှာ တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဲဒီပမာဏအနက် တန်ချိန် ၅၁၅ဝဝ ကို အိမ်နီးချင်းနိုင်ငံများအတွက် အရန်သို လှောင်မှုအဖြစ် ထားရှိပြီး ကျန်ပမာဏ ၄၄၈၅ဝဝ ကိုတော့ လွန်ခဲ့တဲ့ ၃ နှစ်ကျော် က သကြားစက်များရဲ့ ပျမ်းမျှထုတ်လုပ်မှု ပမာဏပေါ် အခြေခံပြီး ခွဲဝေတင်ပို့ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။              နောက်ဆုံးစာရင်းများအရ ဝန်ကြီးဌာနမှ ဇွန်လ ၁ ရက်နေ့တိုင် တန်ချိန် ၃၃၉၁၈၇ ကို တင်ပို့ခွင့်ပြုမိန့် ထုတ်ပြန်ပြီးဖြစ်တယ်လို့ သိရပါတယ်။EGoM  အဖွဲ့ဟာ ကြံသကြားထုတ်လုပ်တဲ့ ရာသီ ၂ ခုကြား ပြည်တွင်းစားသုံးမှုထက် နိုင်ငံရဲ့ ထုတ်လုပ်မှု ပိုလံျှတာကြောင့် တန်ချိန် ၅ သိန်း သတ်မှတ်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က အစိုးရဟာ သကြားစက်များကို တန်ချိန် ၁ သန်းခန့် တင်ပို့ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။                ဘရာဇီးပြီးရင် ကမ္ဘာမှာ သကြားဒုတိယအများဆုံး ထုတ်လုပ်တဲ့ အိန္ဒိယရဲ့ သကြားထုတ်လုပ်မှုဟာ ၂ဝ၁ဝ-၁၁ (အောက်တိုဘာ- စက်တင်ဘာ) သကြားထုတ်လုပ်တဲ့ရာသီအတွင်း တန်ချိန် ၂၄ ဒသမ ၅ သန်းခန့်အထိ ထွက်ရှိခဲ့တာကြောင့် ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၁၉ သန်းထက် မြင့်တက်ခဲ့ပါတယ်။ နိုင်ငံရဲ့ နှစ်စဉ်၏ လိုအပ်ချက်က တန်ချိန် ၂၂ သန်းလို့ ခန့်မှန်းထားပါတယ်။                 ၂ဝဝ၈-ဝ၉ နဲ့ ၂ဝဝ၉-၁ဝ ခုနှစ်အတွင်း သကြားထုတ်လုပ်မှုဟာ ပြည်တွင်း စားသုံးမှုအောက် ရောက်ရှိခဲ့ပြီး တန်ချိန် ၁၄ ဒသမ ၅၃ သန်းနဲ့ ၁၉ သန်းနီးပါးသာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်းပြည်တွင်းလိုအပ်ချက် ပြည့်မီဖို့ တန်ချိန် ၆ သန်းခန့် ပြည်ပက တင်သွင်းခဲ့ရတာဖြစ်ပါတယ်။ ယမင်းခင် Source: nns commodity new.com 

Sunday, 12 Jun 2011

ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တဲ့ စစ်ကိုင်းက CP ပြောင်း                    ချောင်းဦးမြို့နယ်တစ်ဝိုက်ရှိ တောချောင်းကြီး၊ မကျည်းခွ၊ ငလုံးတင်ကျေးရွာများမှ ကျွန်းစိုက် CP ပြောင်းများ မုံရွာကုန်စည်ဒိုင်သို့ ဝင်ရောက်ကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုမေလအတွင်း အစေ့ထုတ်ပြောင်း ဃဏ တစ်ပိဿာ အနိမ့်အမြင့် ဈေးမှာ ၂၃၉ ကျပ်-၂၆၁ ကျပ်၊ ဇွန်လ ပထမပတ်အတွင်း ၂၅ဝ ကျပ်-၂၅၅ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ မန္တလေးဝယ်လက် အဆွဲကောင်းလို့ မုံရွာကုန်စည်ဒိုင်မှာ အစေ့ထုတ်ပြောင်း တစ်ရက်ကို ပျမ်းမျှတင်း ၇ဝဝ ကျော်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ မေလအတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ မန္တလေးသို့ အစေ့ထုတ်ပြောင်း CP တင်း ၁၆ဝဝ ကျော်စီးထွက် ခဲ့ ကြောင်း သိရပါတယ်။ သန်းသန်းတင် 

Sunday, 12 Jun 2011

 နယ်စပ်မှ ယခုအပတ်ပြောင်းအပို့လျော့                 ဇွန်လ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၇ဝ၅ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၉၇၄ဝ ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၈၁၆ တန်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ မူဆယ်နဲ့ လွယ် ဂျယ် နယ်စပ်မှ တင်ပို့မှု လျော့နည်းခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ယခုအပတ်နယ်စပ် အလိုက် ပြောင်းဖူးစေ့ တင်ပို့နိုင်မှုများကတော့ မူဆယ်မှ ၉၂၉၈ တန်ကျော်၊ လွယ်ဂျယ်မှ တန် ၃ဝဝ နဲ့ ချင်းရွှေဟော် ၁၄၂ တန်ကျော် အသီးသီးဖြစ်ပါတယ်။မိမိဘက်နဲ့ တစ်ဖက်နိုင်ငံမြေပြင်ပေါက်ဈေးကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်                                  မိမိဘက်(ကျပ်/တန်)                                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု             ယခင်     ပြောင်းလဲမှု    %         ယခု     ယခင်    ပြောင်းလဲမှု    %ပြောင်းဖူးစေ့    ၂၂၆၁၁၁      ၂၂၇၅၁၅     ၁၄ဝ၄        ဝ .၆၂     ၂၉၁     ၂၉ဝ            ၁          ဝ .၃၄MIRT (DOBT)

Sunday, 12 Jun 2011

တန် ၆ဝဝ ကျော် တင်ပို့နိုင်                   ဇွန်လ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန် ၈၁၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၂၂၆ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က တင်ပို့မှုမရှိခဲ့တာကြောင့် တိုးတက်မှု ရှိတယ်လို့ဆိုရပါမယ်။ ပင်လယ်ရေကြောင်းသာမက နယ်စပ်ကပါ တန် ၉ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ FOB  ရန်ကုန်ဈေးကတော့ ဒေါ်လာ ၂၉ဝ နဲ့ ၃၁ဝ ကြား ဈေးရနေပါတယ်။   KZW 

Sunday, 12 Jun 2011

၂ဝ၁၇ တွင် ထိုင်းနိုင်ငံမှ ရော်ဘာတန်ချိန် (၂) သိန်းကျော် ပိုမိုထုတ်လုပ်နိုင်မည်                  ကမ္ဘာ့အကြီးဆုံးရော်ဘာတင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံက ၂ဝ၁၇ မှာ ရော်ဘာတန်ချိန် ၂၂ဝဝဝဝ ပိုမိုတိုးမြှင့်ထုတ်လုပ် နိုင်ဖွယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ယခုနှစ်မှာ ထိုင်းနိုင်ငံတစ်ဝှမ်းမှာ ရော်ဘာစိုက်ဧရိယာရိုင် ၈ သိန်းခန့်ရှိကြောင်း ရော်ဘာကော်မတီက ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံက မကြာသေးမှီက ၃ နှစ်စီမံကိန်းချမှတ်ပြီး ရော်ဘာစိုက်ဧရိယာတွေကို အရှေ့မြောက်မှာရိုင် ၅သိန်း၊ မြောက်ပိုင်းဒေသမှာ ရိုင် ၁၅ဝဝဝဝနဲ့ အရှေ့ပိုင်းဒေသ၊ အလယ်ပိုင်းဒေသနဲ့ တောင်ပိုင်းဒေသ တွေမှာ ရိုင် ၁၅ဝဝဝဝ ထပ်မံတိုးခဲျ့ စိုက်ပျိုးနေပါတယ်။ ဒီစီမံကိန်းမှာ ရော်ဘာစိုက်ပျိုးသူ ၁၆ဝဝဝဝ ပါဝင်ပြီး ၂ဝ၁၇ မှာ တန်ချိန် ၂၂ဝဝဝဝ ကျော် ပိုမိုထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ ထိုင်းနိုင်ငံက ရော်ဘာတန်ချိန် ၃ ဒသမ ၁၁ သန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံက ကမ္ဘာ့အကြီးဆုံးရော်ဘာထုတ်လုပ်သူဖြစ်ပြီး တန်ချိန် (၃) သန်းကျော် ထုတ်လုပ်နိုင်ကာ စိုက်ဧရိယာမှာတော့ ဒုတိယအများဆုံးလိုက်ပြီး အင်ဒိုနီးရှားက ပထမနေရာမှာ ရှိကြောင်း သိရပါတယ်။ ရော်ဘာစိုက်ပျိုးရေးက ၂ဝဝ၄ မှ ၂ဝ၁ဝ အထိ ၅ ဒသမ ၉၁ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်ခဲ့ပြီး ၂ဝဝ၄ မှာ စိုက်မြေရိုင် ၁၂ ဒသမ ၉၅ သန်းကနေ ၂ဝ၁ဝ မှာ စိုက်မြေ ရိုင် ၁၇ ဒသမ ၉၆ သန်းကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် တစ်ချို့ဝေဖန်သုံးသပ်ချက်များကတော့ထိုင်းနိုင်ငံ ရဲ့ ရော်ဘာစိုက်ပျိုးရေးတိုးခဲျ့မှု စီမံကိန်းနဲ့ ဆန့်ကျင်ဖက်တွေ ဖြစ်နေပါတယ်။ ရော်ဘာဝယ်လိုအားက စီးပွားရေးဖွံ့ဖြိုးမှုပေါ်မှာ မူတည်ပြီး ကမ္ဘာ့စီးပွားရေးက ပိုမိုပြီး မတည်မငြိမ် ဖြစ်လာကြောင်း ဝေဖန်သူများကပြောပါတယ်။ လွန်ခဲ့တဲ့ ၁ဝ စုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးအလျင်အမြန် တိုးတက်ခဲ့တဲ့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကလည်း ၁ဝ နှစ်အတွင်း ရော်ဘာဝယ်လိုအားအတွက်အာမခံချက် မပေးနိုင်ကြောင်း သိရပါတယ်။ အနာဂတ် ဈေးကွက်နဲ့ အစိုးရရဲ့ မူဝါဒတွေကြောင့် ရော်ဘာဈေးနှုန်းကလည်း တက်ချည်ဆင်းချည်ဖြစ်နေပြီး ဝယ်လိုအားလည်း သေချာမှု မရှိကြောင်း ၎င်းဝေဖန်ရေးသမားများက ပြောကြားပါတယ်။ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့မှာလည်း ရော်ဘာ စိုက်ပျိုးရေး တွေ တရှိန်ထိုးဆောင်ရွက်နေကြောင်း သိရပါတယ်။ တကယ်လို့ ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့မယ်ဆိုရင်တော့ ဝယ်လိုအားလဲ ကျဆင်းမှာ ဖြစ်ပြီး ရောင်းလိုအားကတော့ ပိုလံျှနေမှာ ဖြစ်ကြောင်းသုံးသပ်နေကြပါတယ်။ Source: commodity online ,KZW 

Sunday, 12 Jun 2011

ပင်လယ်ရေကြောင်း အပို့မရှိ                   ဇွန်လ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့နိုင်ခြင်း မရှိခဲ့ပါဘူး။ ယခင်အပတ် ကလည်း တန် ၂၆ဝ ခန့်သာတင်ပို့မှုရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှအများဆုံးဝယ်ယူနေတဲ့တရုတ်နိုင်ငံမှာ အလုပ်သမားပြဿနာ များကြောင့် ဝယ်လိုအားကျဆင်းနေတဲ့အပြင် တခြားဝယ်လက်ကြီးဖြစ်တဲ့ ဂျပန်နိုင်ငံကလည်း အမှာတွေကို ရွှေ့ဆိုင်းထားတဲ့ အတွက် တင်ပို့မှု လျော့ကျနေရခြင်း ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းအပို့မရှိပေမယ့် နယ်စပ်ကတော့ တန် ၇ဝဝ ကျော် တင်ပို့ပြီး တင်ပို့မှု ပုံမှန်ရှိနေ တာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးကတော့ ပြောင်းလဲမှုမရှိပဲ RSS-3  တစ်တန်ကို ဒေါ်လာ ၄၆ဝဝ၊ RSS-5 တစ်တန်ကို ဒေါ်လာ ၄၅ဝဝ၊MSR-20 တစ်တန်ကို ဒေါ်လာ ၄၆ဝဝ အသီးသီး ရှိကြောင်း သိရပါတယ်။             KZW 

Sunday, 12 Jun 2011

မူဆယ်နဲ့ ချင်းရွှေဟော်သာမက မြိတ်ကလည်း ရော်ဘာတင်ပို့နိုင်                   ဇွန်လ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးများက တစ်ဆင့် တစ်ဘက် နိုင်ငံသို့RSS-3  တန် ၇၆ဝ ကျော်နဲ့MSR-50 ၁၂၂ တန် တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုများကတော့ မူဆယ်မRSS-3  ၄၁၅ တန်၊MSR-50 ၁၂၂ တန်၊ ချင်းရွှေဟော်RSS-3  ၂၄၅ တန်ကျော်နဲ့ မြိတ်မှ RSS-3  တန် ၁ဝဝ ၊ စုစုပေါင်း ကန်ဒေါ်လာ ၄ ဒသမ ၂၂၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်အနေနဲ့ ယွမ်ဈေး အတက်အကျ ပေါ်မူတည်ပြီး တွက်ချေကိုက်မှုနည်းတဲ့အတွက် ယခုအပတ်မှာ ယခင်အပတ်ကထက် တန် ၁၂ဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ နယ်စပ်စခန်းများအားလုံးရဲ့ တင်ပို့နိုင်မှုကတော့ ယခင်အပတ်ကထက် ၁၆၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာမြေပြင်ပေါက် ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                               မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု                 ယခင်      ပြောင်းလဲမှု      %      ယခု       ယခင်    ပြောင်းလဲမှု   %RSS -3      ၃၈၁၂ဝ၂ဝ     ၃၁၉၉ဝဝဝ     ၆၁၃ဝ၂ဝ     ၁၆      ၄၆၃၇     ၄၄၇၄     ၁၆၃         ၄RSS -5      ၃၆၉၅၉၃ဝ     ၃ဝ၈၇ဝဝဝ      ၆ဝ၈၉၃ဝ     ၁၆     ၄၅၆ဝ     ၄၃၉၆     ၁၆၄         ၄MIRT (DOBT)

Sunday, 12 Jun 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ FOB အဝယ်ပိုများ                ယခုတစ်ပတ် ဇွန်လ ၄ ရက်မှ ၁ဝရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB  ဈေးကွက်မှာ မြေထောက်ပဲတန် ၆၄ဝ နဲ့ ထောပတ်ပဲတန် ၇၈ဝ ကျော် အရောင်းအဝယ်စာချုပ်ပြီးကြောင်း သိရပါတယ်။ ယခင်သီတင်းပတ်က ထောပတ်ပဲ တန် ၁၇ဝ နဲ့ မြေထောက်ပဲတန် ၃ဝဝ သာ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုတစ်ပတ် ပိုမိုလာတာတွေ့ရပါတယ်။                ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်း မှာလည်း မြေထောက်ပဲ တန်ချိန် ၉၆ဝ နဲ့ ထောပတ်ပဲ တန်ချိန် ၈၃ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပြည်ပဝယ်လက် ပုံမှန်ရှိတဲ့ ပဲများအနေနဲ့ ယခုတစ်ပတ်မှာလည်း ရန်ကုန် FOB ဈေးပြောင်းလဲခြင်း မရှိဘဲ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ နဲ့ မြေထောက်ပဲ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။              MIRT- MAPT 

Sunday, 12 Jun 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲတင်ပို့မှု လျော့ကျလာ                  ယခုသီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းက ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု လျော့ကျလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်များက ထောပတ်ပဲ တန် ၈ဝဝ ကျော်၊ မြေထောက်ပဲ တန် ၃ဝဝ ကျော်နဲ့ တင်ပို့မှုအားကောင်းခဲ့ရာမှ ယခုသီတင်းပတ် ဇွန်လ ၂ ရက်မှ ၈ ရက်အတွင်းမှာတော့ ထောပတ်ပဲ တန် ၂ဝဝ နဲ့ မြေထောက်ပဲ တန် ၂၅ဝ ခန့်သာ တင်ပို့မှု ရှိခဲ့တာတွေ့ရပါတယ်။ မေလ တစ်လလုံး တင်ပို့မှုအနေနဲ့ ထောပတ်ပဲ တန် ၄ဝဝဝ ကျော်၊ မြေထောက်ပဲ တန် ၁၈ဝဝ ခန့် ရှိပြီး ယခင်နှစ် ၂ဝ၁ဝ မေလအတွင်းမှာတော့ ထောပတ် ပဲ တန်ချိန် ၂၇ဝဝ ခန့်နဲ့ မြေထောက်ပဲ တန် ၇ဝဝ ကျော် တင်ပို့ခဲ့လို့ ယခုနှစ် မေလအတွင်း တင်ပို့မှုပိုခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍနှစ်အတွင်း ဇွန်လ ၃ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲတန်ချိန် ၆၇ဝဝ ခန့်၊ မြေထောက်ပဲ တန် ၃ဝဝဝ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက ထောပတ်ပဲတန်ချိန် ၆ဝဝဝ နီးပါးနဲ့မြေထောက်ပဲတန်ချိန် ၂ဝဝဝ ကျော် တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်မှာတော့ တင်ပို့မှု ပြန်တက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT 

Sunday, 12 Jun 2011

ရန်ကုန် FOB ဈေးကွက် ကုလားပဲအဝယ်လျော့                 ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ယခင်သီတင်းပတ်က FOB အရောင်းအဝယ် တန်ချိန် ၁ဝဝဝ နီးပါးဖြစ်ခဲ့ပေမဲ့ ယခုသီတင်းပတ် (ဇွန်လ ၄ ရက်မှ ၁ဝ ရက်) အတွင်းမှာတော့ တန်ချိန် ၇၂ဝ သာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ပြည်ပဝယ်လိုအားရှိပေမဲ့ ကုန်သည်ကြီးများလက်ထဲမှာ လက်ကျန် လျော့နည်းတာကြောင့် FOB ဈေးအနည်းငယ်ပိုလာတာတွေ့ရပါတယ်။ ဇွန်လ ၃ ရက်နေ့  FAQ တစ်တန် ကန်ဒေါ်လာ ၇၉ဝ-၈၅ဝ ရှိရာမှ ဇွန်လ ၁ဝ ရက်မှာ ကန်ဒေါ်လာ ၈၃ဝ-၈၅ဝ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ MIRT- MAPT 

Pages