Main menu

Background

Sunday, 12 Jun 2011

်ပင်လယ်ရေကြောင်းက ပဲစင်းငုံတန် ၆ဝဝဝ ကျော်အတင်ရှိ                   ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု ယခင်သီတင်းပတ်က တန်ချိန် ၅ဝဝဝ ခန့်သာရှိခဲ့ပေမဲ့ ယခုသီတင်းပတ် (ဇွန်လ ၂ ရက်မှ ၈ ရက်) အတွင်းမှာ တန်ချိန် ၆၁ဝဝ ကျော်ထိ တိုးတက်တင်ပို့လာတာ တွေ့ရပါတယ်။ ၂ဝ၁၁ မေလ တစ်လလုံး တင်ပို့မှု အနေနဲ့ ပဲစင်းငုံ တန် ၂ သောင်းနီးပါးရှိပြီး ၂ဝ၁ဝ မေလအတွင်းမှာတော့ တန်ချိန် ၇ဝဝဝ ကျော်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                       လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၃ ရက်နေ့အထိ တင်ပို့ပြီးစီးမှုကတော့ တန်ချိန် ၃ဝဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာတန်ချိန် ၁၇ဝဝဝ ခန့် တင်ပို့မှုရှိလို့ ယခုနှစ်မှာ တန်ချိန် တစ်သောင်းကျော် ပိုတင်လာတာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု ပုံမှန်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT

Sunday, 12 Jun 2011

ယခုအပတ် မူဆယ်မှ တင်ပို့မှုပို                မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၁ ရက်မှ ၇ ရက်အထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၄၆၇ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၅ဝ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၉ တန် ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ ယခုအပတ် မတ်ပဲဈေးတက်လျက်ရှိပြီး တစ်ဘက်နိုင်ငံဈေးကတော့ ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နိုှုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု        ယခင်       ပြောင်းလဲမှု       %        ယခု     ယခင်     ပြောင်းလဲမှု         %မတ်ပဲ ၆ဝ၉၂၉၄     ၅၂၇၃၅ဝ      ၈၁၉၄၄         ၁၃       ၈၉၆      ၉၄၁         ၄၅                 ၅MIRT (DOBT)

Sunday, 12 Jun 2011

ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုးကျဆင်းပေမဲ့ မတ်ပဲ FOB ဈေးအနည်းငယ်ပို              ပြည်ပပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး ကျဆင်းလာနေပေမဲ့ ယခုတစ်ပတ် ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်)မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ မတ်ပဲဈေးကတော့ ယခင်တစ်ပတ်ထက် အနည်းငယ်ပိုလာတာ တွေ့ရပါတယ်။ အိန္ဒိယ နိုင်ငံပိုင်အေဂျင်စီမှ မြန်မာမတ်ပဲ ဝယ်ယူဖို့ တင်ဒါခေါ်ယူထားပြီး အဝယ်သွက် လာတာကြောင့် ဈေးတက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဇွန်လ ၄ ရက်မှ ၁ဝ ရက်အထိ ပြည်ပဝယ်လက်များ ဝယ်ယူစာချုပ်ထား ရှိမှုဟာ မတ်ပဲ FAQ၊ SQ တန်ချိန် ၁၅ဝဝဝ ခန့်ရှိလို့ ယခင်သီတင်းပတ် အရောင်း အဝယ်ဖြစ်ခဲ့တဲ့ တန်ချိန် ၂၅ဝဝဝ ထက် လျော့ကျခဲ့ပါတယ်။ ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်းမှာတော့ မတ်ပဲ SQ  တန်ချိန် ၇ဝဝဝ ခန့်၊FAQ  တန်ချိန် ၁၇ဝဝဝ ကျော်နဲ့ အခွံချွတ် မတ်ပဲတန် ၆ဝဝ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်    ဒေါ်လာ/တန်                   မတ်ပဲ(FAQ)             မတ်ပဲ(SQ) ၁ဝ-၆-၁၁         ၇၈ဝ-၈ဝဝ               ၉၃ဝ-၉၅ဝ ၃-၆-၁၁          ၇၆ဝ-၇၈ဝ               ၉၁ဝ-၉၃ဝ                                                                 MIRT(MAPT)

Sunday, 12 Jun 2011

မတ်ပဲတင်ပို့မှု တန်ချိန် နှစ်သောင်းကျော်ရှိဆဲ              ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု အားကောင်းလျက်ရှိရာ ယခုသီတင်းပတ် (ဇွန်လ၂ ရက်မှ ၈ရက်) အတွင်းမှာလည်း တန်ချိန် နှစ်သောင်းကျော် ရှိတာ တွေ့ရ ပါတယ်။ မေလ တစ်လလုံးမှာ မတ်ပဲတန်ချိန် ၈၅ဝဝဝ ကျော် တင်ပို့မှုရှိခဲ့ပြီး ၂ဝ၁ဝ မေလ သင်္ဘောတင်ပို့မှု တန်ချိန် ၃၁ဝဝဝ ကျော်နဲ့ ယှဉ်ရင် တန်ချိန် ၅ သောင်းကျော်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။                ယခုဘဏ္ဍာနှစ်အတွင်း ဇွန်လ ၃ ရက်နေ့အထိ တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၂၅ဝဝဝ ခန့်ရှိပြီး ယခင်နှစ်ကာလတူက တန်ချိန် ၅ သောင်းကျော်သာရှိလို့ ယခုနှစ်မှာ ထက်ဝက်ကျော်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ် များမှာလည်း မတ်ပဲတင်ပို့မှု ဆက်လက်အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်း ကြပါတယ်။                MIRT- MAPT 

Monday, 6 Jun 2011

ရှမ်းနနွင်းလည်းဈေးအေးနေ            ရှမ်းနနွင်းဈေးလည်းအေးနေပါတယ်။ နနွင်းစိုက်တောင်သူများ၊ ကုန်သည်များရဲ့ အတွေ့အကြုံအရ ရှမ်းပြည်နယ်ထွက် သီးနံှများက သုံးနှစ်ဈေးကောင်းရပြီးရင် ဈေးကျလေ့ရှိတယ်လို့ ဆိုပါတယ်။ နနွင်းကလည်း သုံးနှစ်ဈေးကောင်းခဲ့ပြီးဖြစ်တာကြောင့် ဒီနှစ်ကဈေးကျခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းရဲ့ နနွင်းအဓိကထွက်တဲ့ ပင်လောင်းမှာလည်း လက်ကျန်နနွင်းက သိန်းဆယ်ဂဏန်းရှိနေပါသေးတယ်။ ပင်လောင်းနနွင်းကို ယခင်နှစ်တွေက ရောပြီးရောင်းရတာကြောင့် လက်ကျန် နည်းပေမဲ့၊ ဒီနှစ်ကတော့ အဲဒီလိုမရောင်းခဲ့ရပါဘူး။ နနွင်းကိုပြည်တွင်းသုံးအနေနဲ့လည်း ဟင်းခတ်အမွှေး အကြိုင် အဖြစ်အသုံးပြုခြင်း၊ ပရဆေးဖော်ခြင်း၊ ခြင်ဆေးခွေပြုလုပ်ခြင်းအတွက်သာ အသုံးပြုတာကြောင့် ပြည်ပဝယ်လိုအား မရှိရင် လက်ကျန်က အများကြီးကျန်ပါတယ်။ ဒါကြောင့်ဒီနှစ်မှာလည်း နနွင်းစိုက်တောင်သူတွေက နနွင်းကိုသိပ်မစိုက်တော့ပဲ ဂမုန်းဥ တွေကိုသာ ပြောင်းပြီး စိုက်ကြတယ်လို့ သိရပါတယ်။               ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ပင်လောင်း နနွင်းတစ်ပိဿာ ၁၂ဝဝ ကျပ်- ၁၃ဝဝ ကျပ်၊ ဟိုပုံးနနွင်း ၁၉ဝဝ ကျပ်၊ ပင်းတယနနွင်း ၁၉ဝဝ ကျပ်-၂ဝဝဝ ကျပ်နဲ့ ဆင်တောင်နနွင်းက ၃၅ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတက် တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်

Monday, 6 Jun 2011

ဝယ်လက်မျှော်တဲ့ ကျောက်ဆည်နနွင်း              မေလဆန်းကထဲက ဈေးအေးလာတဲ့ ကျောက်ဆည်နနွင်း ယခုအချိန်ထိ ဆက် လက် ဈေးအေးနေပါတယ်။ အိန္ဒိယနနွင်း ဈေးကွက်ကျဆင်းနေခြင်းရဲ့ အကျိုးဆက်က ပြည်တွင်းနနွင်းဈေးကွက်ကိုပါ ထိခိုက်လာပါတယ်။ ယခုနှစ် နနွင်းစိုက် တောင်သူများဟာ အထွက်နှုန်းပိုတဲ့ နနွင်းမျိုးကိုရောနှောစိုက်ပိုျးလာကြောင်း၊ ဗမာ နနွင်းစစ်စစ်က တစ်ဧကပိဿာ ၇ဝဝ ဝန်းကျင်သာ ထွက်ပြီး ယခုနှစ်စိုက်တဲ့ ရှမ်းနနွင်းက ပိဿာ ၁၂ဝဝ ဝန်းကျင်ထွက်လို့ အထွက်နှုန်း ကောင်းမွန်ပေမဲ့ အရည်အသွေးညံ့ကြောင်း၊ လက်ရှိဈေးကွက် အနေအထားအရ အရည်အသွေးကောင်း ပစ္စည်းကိုသာ ရွေးချယ်ဝယ်ယူလျက်ရှိကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ယခင်အပတ်က တစ်ပိဿာ ၂၈ဝဝ ကျပ်ဈေးရှိခဲ့ပြီး ယခုတစ်ပတ်မှာ ၂၆ဝဝ ကျပ်ပေါက်ဈေး ရှိသော်လည်း အဝယ်သာရှိပြီး တင်ပို့မှုမရှိကြောင်း သိရပါတယ်။  ကျော်မြင့်

Monday, 6 Jun 2011

မူဆယ်နယ်စပ်မှ နနွင်းတက်၊ နနွင်းခေါင်းအပို့ရှိ               မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း နနွင်း တက် ၈၆ တန်ကျော်နဲ့ နနွင်းခေါင်း ၁၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁၉၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကထက် နနွင်းတက် တန် ၃ဝ တင်ပို့မှု ပိုမိုခဲ့ပါတယ်။                    MIRT (DOBT)

Monday, 6 Jun 2011

နနွင်း ၉၆ တန်ကျော်တင်ပို့              မေ ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်း နနွင်းတန်ချိန် ၉၆ ဒသမ ၄၇ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းက တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန် သွယ်ဖက်နိုင်ငံကတော့ စင်ကာပူနဲ့ မလေးရှားနိုင်ငံဖြစ်ပါတယ်။ စင်ကာပူနိုင်ငံကို ၄ဝ ဒသမ ၄၇ တန်နဲ့ မလေးရှားကို ၅၆ တန်အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ်က မလေးရှားနိုင်ငံကိုသာ တင်ပို့နိုင် ခဲ့ပြီး ဒီတစ်ပတ်စင်ကာပူနိုင်ငံကို ပါတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် ၁၂ တန်သာတင်ပို့နိုင်ခဲ့တဲ့ နနွင်းက ဒီသီတင်းပတ်မှာ ၉၆ ဒသမ ၄၇ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ဒီတစ်ပတ်မှာ တန်ချိန် ၈ဝ ကျော်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သိန်းရှစ်သောင်းကျော်ရရှိခဲ့ပါတယ်။   MIRT (DOT)

Monday, 6 Jun 2011

ကျောက်ပန်းတောင်း ထန်းလျက်ဈေးအေး                ကျောက်ပန်းတောင်းမြို့ရဲ့ အဓိကထွက်ကုန်ထန်းလျက်ကို အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချကြရာ လုံးကြီး၊ လုံးလတ်၊ လုံးသေးဟူ၍ အမျိုးအစားခွဲခြား၍ အဓိကထားရောင်းဝယ်ကြပါတယ်။ ထန်းလျက်ဟာ ရာသီချိန်အလိုက် အထွက် အနည်းအများ ကွာခြားတတ်ပါတယ်။ ယခုအချိန်ဟာ ဒုတိယအသီးနဲ့ နောက်ဆုံး သီး အကူးအပြောင်းချိန်ဖြစ်လို့ ထန်းလျက်အထွက်နည်းတယ်လို့ သိရပါတယ်။                   မေလကုန်ရဲ့ ကျောက်ပန်းတောင်း ထန်းလျက်ဈေးကွက်မှာ ထန်းလျက်လုံးကြီး တစ်ပိဿာ ၅၄ဝ ကျပ်၊ လုံးလတ် တစ်ပိဿာ ၅၈ဝ ကျပ်၊ ရိုးရိုးလုံးသေး တစ်ပိဿာ ၆၅ဝ ကျပ်နဲ့ ဆေးလုံးသေး တစ်ပိဿာ ၈ဝဝ ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိရာ အခြားမြို့များသို့ တင်ပို့မှုထက် အဓိကထားလှောင်ကြတယ်လို့သိရပါတယ်။                 ထန်းလျက်လုံးကြီးကို အရက်ချက်စက်ရုံများသို့ တင်ပို့ပြီး လုံးသေးထန်းလျက်များကို မန္တလေးသကြား စက်ရုံများသို့ အဓိကတင်ပို့ပြီး လုံးသေးထန်းလျက်များကို မုန့်လုပ်ငန်းသုံးအဖြစ် အဓိကတင်ပို့ရောင်းချပါတယ်။ အိန္ဒိယမှ သကြားများတင်သွင်းလာမှုကြောင့် သကြားစက်ရုံများမှ အဝယ်နည်းလို့ ထန်းလျက်တင်ပို့မှုနည်းပြီး ဈေးအေးလျက်ရှိကြောင်း ဒေသခံကုန်သည်များက ဆိုပါတယ်။  မြတ်သန္တာထွန်း

Pages