Main menu

Background

Thursday, 26 May 2011

 ပဲတီစိမ်း တန် ၁ဝဝဝ ကျော် နယ်စပ်ကတင်ပို့                  ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ပဲတီစိမ်း ၁၄၃၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒဿမ ၅၈၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၄ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု တန် ၁ဝဝဝ ကျော် ပိုမိုခဲ့ပါတယ်။ သယ်ယူစရိတ်အနေနဲ့ကတော့ မန္တလေး-မူဆယ်ကားခနှုန်းထားမှာပဲတီစိမ်း တစ်ပိသာကို ၇၅ ကျပ်မှ ၇၂ ကျပ်အထိကျ ဆင်းခဲ့တာ တွေ့ရ ပါတယ်။ သယ်ယူစရိတ် အထိုက်အလျောက်သက်သာမှုရှိပြီး တစ်ဘက်နိုင်ငံဝယ်လိုအားရှိခြင်းကြောင့် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ တစ်ဘက်နိုင်ငံနဲ့ မိမိဘက်ပေါက် ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                             မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု             ယခင်         ပြောင်းလဲမှု     %         ယခု         ယခင်    ပြောင်းလဲမှု     %ပဲတီစိမ်း     ၈၇၄၇၇၄      ၁ဝဝ၅၈၂ဝ      ၁၃၁ဝ၄၆      ၁၄       ၁၁ဝ၃      ၁၂၈၆          ၁၈၃         ၁၆MIRT (DOBT)

Thursday, 26 May 2011

ယခုတစ်ပတ် ပဲတီစိမ်းတန် ၇ဝဝဝ ခန့် ပြည်ပအဝယ်ရှိ              ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ယခင်သီတင်းပတ်က ပြည်ပအဝယ်အေးသွားခဲ့တဲ့ ပဲတီစိမ်းကို ယခုတစ်ပတ်မှာ တန် ၇ဝဝဝ ထိ အဝယ်ပြန်တက်လာတာ တွေ့ရပါတယ်။ မိုးမိပဲတီစိမ်းများကိုရောပြီး ရောင်းချမှုကြောင့် ပဲအရည်အသွေး နိမ့်ကျသွားတဲ့အတွက် ယခင်တစ်ပတ်က အဝယ်ထိုင်းသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာလည်း ပဲတီစိမ်း ပဲပင်ပေါက်များမှာ ဓါတုဆေးပါဝင်မှုနဲ့ ပတ်သက်လို့ သတင်းအချို့ဖြစ်ပေါ်ခဲ့တာကြောင့် တရုတ်ကုန်သည်တွေ အဝယ်ခေတ္တရပ်ဆိုင်းသွားတာကြောင့်လို့ သိရပါတယ်။             ဒါပေမဲ့ ယခုတစ်ပတ်မှာတော့ စင်ကာပူဝယ်လက်များ အဝယ်ရှိလာတဲ့အတွက် အရောင်း အဝယ်ပြန်ဖြစ်လာခြင်း ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးနှုန်းများကတော့ ယခင်တစ်ပတ်အတိုင်း ငြိမ်နေပြီး ပဲတီစိမ်း(အညာ)နဲ့ ပခုက္ကူ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ ဖြစ်ပြီး ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၁၂၃ဝ-၁၂၅ဝ ရှိကြောင်း သိရပါတယ်။ MIRT-MAPT

Thursday, 26 May 2011

ပင်လယ်ရေကြောင်း ပဲတီစိမ်းတင်ပို့မှု ပြန်တိုးတက်                ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု ယခုတစ်ပတ်မှာ ပြန်တိုးတက်လာခဲ့ပါတယ်။ သြင်္ကန်အပြီး သီတင်းပတ်မှာ ပဲတီစိမ်းတန် ၃ဝဝဝ အောက်သာ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်)အတွင်းမှာတော့ တန်ချိန် ၅၅ဝဝ အထိ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ၂ဝ၁၁ ဧပြီတစ်လလုံးမှာ ပဲတီစိမ်းတန် ၂ဝဝဝဝ ခန့် တင်ပို့ခဲ့ပြီး မတ်လမှာ တန်ချိန် ၃ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်းမှာတော့ ပဲတီစိမ်းတန်ချိန် ၁၃ဝဝဝ ခန့်သာ တင်ပို့မှုရှိခဲ့လို့ ယခင်နှစ် ကာလတူထက် ပိုတင်လာတာတွေ့ရပါတယ်။ MIRT- MAPT

Thursday, 26 May 2011

  ပြည်ပအဝယ ် ရက်ခြားရှိတဲ့ ပဲလွန်းဖြူ              ယခင်သီတင်းပတ်က နေ့စဉ် FOB အရောင်းအဝယ်ရှိခဲ့တဲ့ ပဲလွန်းဖြူ ဟာ ယခုတစ်ပတ်မှာ ရက်ခြား ရောင်း ဝယ်မှုဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဧပြီလ ၂၉ ရက်မှ မေလ ၄ ရက်အထိ တစ်ပတ် အတွင်းမှာ တန် ၂ဝဝဝ ခန့် ပြည်ပ အဝယ်ရှိခဲ့ပါတယ်။ အခြားပဲတွေထဲမှာ ပဲလွန်းဖြူကို ပြည်ပဝယ်ယူမှုများပြီး ဈေးနှုန်းအနေနဲ့လည်း တည်ငြိမ်နေတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေး အနေနဲ့ ယခင်သီတင်းပတ် ဈေးများ အတိုင်း FAQ  တစ်တန် ကန်ဒေါ်လာ ၈၂ဝ-၈၄ဝနဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ရှိကြောင်း သိရပါတယ်။                 MIRT- MAPT

Thursday, 26 May 2011

ပဲလွန်းဖြူတင်ပို့မှု အားကောင်းနေဆဲ                 ပဲလွန်းဖြူ တင်ပို့မှုကတော့ အပတ်စဉ်အားကောင်းနေပါတယ်။ ယခင် သီတင်းပတ်များက တန်ချိန် ၅ဝဝ နဲ့ ပုံမှန်တင်ပို့မှုရှိခဲ့ပြီး ယခုသီတင်းပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်) အတွင်းမှာ တန်ချိန် ၆ဝဝ အထိ တင်ပို့ခဲ့ ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ရုရှားနဲ့ ထိုင်းတို့ ဖြစ်ပါတယ်။                   ၂ဝ၁၁ ခုနှစ် ဧပြီလ တစ်လလုံးမှာ ပဲလွန်းဖြူတန်ချိန် ၃၅ဝဝ တင်ပို့ခဲ့ပြီး မတ်လမှာ တန်ချိန် ၆၅ဝဝ ကျော် အထိ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလမှာ တန်ချိန် ၂ဝဝဝ ခန့် သာရှိလို့ ယခုနှစ် ကာလတူမှာ ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT- MAPT

Thursday, 26 May 2011

FOB အဝယ် အနည်းငယ်တိုးလာ             ယခုတစ်ပတ် ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ၊ ဖြူများ ပြည်ပအဝယ်အနည်းငယ် တိုးလာတာတွေ့ရပါတယ်။ သြင်္ကန်အပြီး ယခင်သီတင်းပတ်က ပဲစင်းငုံတန်ချိန် ၁ဝဝဝ ဝန်းကျင်ခန့်သာ FOB အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခု သီတင်းပတ်(ဧပြီလ၂၉ ရက်မှ မေလ ၄ ရက်)အတွင်းတန်ချိန် ၆၅ဝဝ ကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ ဝယ်လက်များက ပဲစင်းငုံနီကို အဝယ်ပိုများပြီး မေလ သင်္ဘောတင်ပို့အတွက်ဝယ်ယူခြင်းဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း အရောင်းအဝယ် အထိုက်အလျောက်ဖြစ်ပေမဲ့ FOB  ဈေး အနည်းငယ်လျော့ကျခဲ့ပါတယ်။                                   ဒေါ်လာ/တန်                   ပဲစင်းငုံနီ(FAQ)               ပဲစင်းငုံဖြူနီ၊ အဖြူ (FAQ)၆-၅-၁၁          ၇၅ဝ-၇၇ဝ                          ၆၅ဝ-၆၇ဝ၂၉-၄-၁၁        ၇၈ဝ-၈ဝဝ                          ၆၈ဝ-၇၁ဝMIRT(MAPT)

Thursday, 26 May 2011

ယခင်သီတင်းပတ်တွေထက် ပဲစင်းငုံသင်္ဘောတင်လျော့                 အခြားပဲတွေ တင်ပို့မှု တိုးတက်လာပေမဲ့ ယခင်သီတင်းပတ်တွေထက် လျော့ကျတင်ပို့နေတဲ့ ပဲကတော့ ပဲစင်းငုံဘဲဖြစ်ပါတယ်။ သြင်္ကန်မတိုင်မီ တန် ၃၅ဝဝ ကျော်၊ သြင်္ကန်အပြီးသီတင်းပတ်မှာ တန်ချိန် ၃ဝဝဝ အောက်နဲ့ ယခု သီတင်းပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်) မှာတော့ တန် ၂ဝဝဝ ခန့် သာ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနဲ့ အိန္ဒိယကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁၁ ဧပြီလ တစ်လလုံး ပဲစင်းငုံတန်ချိန် ၇ဝဝဝ ကျော်တင်ပို့ခဲ့ပြီး မတ်လမှာ တန်ချိန် ၂ သောင်း နီးပါးတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလမှာ တော့ တန်ချိန် ၅ဝဝဝ ခန့်သာ တင်ပို့ခဲ့လို့ ယခုနှစ် ဧပြီလမှာ ပိုတင်လာတာ တွေ့ရပါတယ်။ MIRT- MAPT

Thursday, 26 May 2011

မတ်ပဲ FOB ရောင်းဝယ်မှုတန်ချိန် ၄ သောင်းကျော်                  ယခုတစ်ပတ် (ဧပြီလ ၂၉ ရက်မှ မေလ ၄ ရက်)အထိ တစ်ပတ်အတွင်း ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပဝယ်လက်များနဲ့ အရောင်း အဝယ် ဖြစ်ခဲ့တာ မတ်ပဲ FAQ တန်ချိန် ၃ဝဝဝဝ နဲ့ SQ တန်ချိန် ၁၈ဝဝဝ ကျော် ရှိလို့ စုစုပေါင်းတန် ၄ သောင်းကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဈေးနဲ့ပြည်ပ အဝယ်ကောင်းနေတာကြောင့် အရောင်းအဝယ်ဖြစ်မှုများလာ တာ ဖြစ်ပါတယ်။                   ပြည်တွင်းမှာ ရောင်းချသူများလို့ ဈေးကျဆင်းလာခြင်းက ပြည်ပဝယ် လက်တွေအတွက် ဝယ်ယူဖို့ အချိန်ကောင်းဖြစ်လာပါတယ်။ တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခင်သီတင်းပတ်ထက် ပိုများလာတာကို တွေ့ရပါတယ်။ FOB ဈေးအနည်းငယ် ကျဆင်းလာတာကို တွေ့ရပါတယ်။                                ဒေါ်လာ/တန်                       မတ်ပဲ(FAQ)                 မတ်ပဲ(SQ) ၆-၅-၁၁            ၈၃ဝ-၈၇ဝ                   ၉၈ဝ-၁ဝဝဝ ၂၉-၄-၁၁          ၈၅ဝ-၈၇ဝ                  ၁ဝဝဝ-၁ဝ၂ဝ MIRT(MAPT)

Thursday, 26 May 2011

ယခုတစ်ပတ် မတ်ပဲသင်္ဘောတင် တန် ၁၄ဝဝဝ ထိ တိုးတက်                     ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုကတော့ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်) အတွင်းမှာ တန်ချိန် ၁၄ဝဝဝ ထိ တိုးတက်လာခဲ့တာ တွေ့ရပါတယ်။ သြင်္ကန်အပြီး သီတင်းပတ်အတွင်းက တန်ချိန် ၇၅ဝဝ တင်ပို့ခဲ့ရာမှ ပြန်လည်တိုးတက်တင်ပို့လာတာဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ၂ဝ၁၁ ဧပြီလ တစ်လလုံး မတ်ပဲတင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၂၇ဝဝဝ ခန့်ရှိပြီး မတ်လမှာ တန်ချိန် ၃၂ဝဝဝ ခန့်ထိ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်းမှာတော့ တန်ချိန် ၃၅ဝဝဝ ကျော်တင်ပို့နိုင်ခဲ့လို့ ဒီနှစ်ကာလတူ တင်ပို့မှု လျော့ကျတာတွေ့ရှိရပါတယ်။ ကုန်သည်များရဲ့ ပြောကြားချက်အရ မေလနဲ့ ဇွန်လတွေမှာ တင်ပို့မှု တိုးတက်နိုင်တယ်လို့ သိရပါတယ်။  MIRT- MAPT 

Monday, 23 May 2011

ကျောက်ပန်းတောင်း ထန်းလျက် အရောင်းသွက်                     ကျောက်ပန်းတောင်း ထန်းလျက် အကြမ်းများကို မန္တလေးသကြားစက်များ၊ ကြာညို့စက်များနှင့် ရန်ကုန် ငံပြာရည်စက်ရုံများသို့ လည်းကောင်း၊ တောင်ကြီးမြို့များသို့ လည်းကောင်း တစ်နေ့ကို ကုန်ချိန်ပိဿာ ၁၅ဝဝဝ မှ ၂ဝဝဝဝ ခန့်အထိ တင်ပို့နေရပြီး ဈေးနှုန်းအနေဖြင့် ယခင်အပတ် တစ်ပိဿာ ၅ဝဝ ကျပ်နှုန်းမှ ယခုတစ်ပတ်ကို ၅၄ဝ ကျပ်နှုန်းရှိသဖြင့် ထန်းလျက်ဈေး အနည်းငယ်တက်ကြောင်းသိရပါတယ်။ စားထန်းလျက် အလုံးသေးက ယခင်တစ်ပတ် ဈေးနှုန်း ကျပ် ၅၅ဝ ရှိပြီး ယခုတစ်ပတ် တစ်ပိဿာ ၆၅ဝ ကျပ်၊ ဆေးစပ်ထန်းလျက်ဖြူ ယခင် တစ်ပတ် ၆ဝဝ ကျပ်နှုန်းနဲ့ ယခုတစ်ပတ် ၇ဝဝ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ရှိ နေကြောင်း၊ ၎င်းစားထန်းလျက်များကို မိတ္ထီလာ၊ တောင်ကြီး၊ နေပြည်တော်၊ မန္တလေး၊ တောင်တွင်းကြီးနဲ့ အခြားမြို့ အသီးသီးသို့ နေ့စဉ် ပိဿာချိန် ၁၂ဝဝဝ ဝန်းကျင်တင်ပို့ရောင်းချနေကြောင်းလည်း သိရပါတယ်။                                   ထားအိဝင်း 

Pages