Main menu

Background

Sunday, 2 Jan 2011

မုံရွာကုလားပဲ ဒီဇင်ဘာမှာ နယ်အဆွဲများခဲ့                 မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ ဒီဇင်ဘာလထဲမှာ ဒေသ တွင်းလုပ်ငန်းသမားများ မျိုးအတွက် ဝယ်ယူမှုများအပြင် မန္တလေး၊ ရန်ကုန်နယ် အဆွဲပါပိုခဲ့လို့ အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။ ပဲခွဲစက်၊ ကြာဇံစက်၊ အမှုံကြိတ် စက်လိုင်းသမားတွေအနေနဲ့ ဒီလထဲမှာ ကုန်ကြမ်းပစ္စည်းပိုသူက ထုတ်ရောင်း ခဲ့ကြသလို၊ စက်သမားအချို့ ကုန်ကြမ်းမပြတ်အောင် ဝယ်ယူစုဆောင်းမှုတွေ ရှိခဲ့တဲ့ အတွက် အခုလို အရောင်းသွက်ပြီး ဈေးမာခြင်း ဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဒီဇင်ဘာလထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးရဲ့ တစ်တင်း အနိမ့် အမြင့်မှာ ကုလားပဲရိုးရိုး ၁၉ဝဝဝ ကျပ်၊ ၂ဝ၅ဝဝ ကျပ်၊ ကုလားပဲတိုင်ပေ ၂ဝဝဝဝ ကျပ်၊ ၂၂၅ဝဝ ကျပ်၊ ကုလားပဲ ဗွီတူး ၂၂၃ဝဝ ကျပ်၊ ၂၃၈ဝဝ ကျပ်နဲ့ ကုလားပဲ ၉၂၉ ၂၁၅ဝဝ ကျပ်-၂၃ဝဝဝ ကျပ်ဈေးပေါက်ခဲ့ပြီး လကုန်ပတ်မှာ အသီးသီး ဈေး အေးခဲ့ကာ ဒီဇင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင်ဈေးကွက်ကနေ မန္တလေးကို တင်း ၁ဝဝဝဝ ခန့် ရန်ကုန်ကို တင်း ၁ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁၅ဝဝ အသီးသီး စီးထွက်သွားနိုင်ခဲ့တယ်လို့ သိရပါတယ်။                       ထွန်းလှိုင် 

Sunday, 2 Jan 2011

ဈေးအတက်အကျ မငြိမ်တဲ့ ပြည်ကုလားပဲ                   ပဲခူးတိုင်းဒေသကြီးအနောက်မှာ ယခုနှစ် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ကုလားပဲစိုက်ဧက ၂၉ဝဝဝ ခန့်လျာထားပြီး ယခုဒီဇင်ဘာလကုန်မှာ ဧက ၂၇ဝဝဝ ခန့် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါတယ်။ ပြည်ကုလားပဲဈေးမှာ တစ်တင်းကို ယခင် တစ်ပတ်က ၂၂ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပေမဲ့ ယခုဒီဇင်ဘာလ နောက်ဆုံးပတ်တွင် တစ်တင်း ၂ဝ၅ဝဝ ကျပ်မှ ၂၁၇ဝဝ ကျပ်အတွင်း ဈေးအတက်အကျ မငြိမ်ဘဲ ရှိနေတာကို တွေ့ရပါတယ်။ အခြားတိုင်းများသို့ တင်ပို့ရောင်းချမှုမရှိပဲ တိုင်း အတွင်းမှာသာ အရောင်းအဝယ်ရှိပြီး ပဲခွဲစက်သမားများမှလည်း ပုံမှန် အရောင်းအဝယ်ရှိတာကြောင့် တစ်နေ့ကို အိတ် ၂ဝဝ ကျော်အရောင်း အဝယ် ရှိကြောင်း သိရပါတယ်။                                                                                       လွင်လွင်ဆန်း

Sunday, 2 Jan 2011

ဈေးအေးနေတဲ့ စစ်ကိုင်းက ပဲတီစိမ်း                  မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလဆန်းမှ ပဲတီစိမ်းကြီးတစ်ပိဿာဈေး ၁၂၆၃ ကျပ်မှ လလယ်တွင် ၁၃၁၆ ကျပ်သို့ ဈေးမြင့်သွားပြီး၊ ယခုဒီဇင်ဘာနောက်ဆုံးပတ်မှာ ၁၁၅၈ ကျပ်သို့ ဈေးအေးသွားပါတယ်။ အလားတူ ပဲတီစိမ်း အသေးတစ်ပိဿာဈေးမှာ ၁၁၈၄ ကျပ်၊ ၁၃၁၆ ကျပ်၊ ၁ဝဝဝ ကျပ် ဈေးပေါက်ကြောင်း သိရပါတယ်။ ပဲတီစိမ်းအကြီးကို မန္တလေးဝယ်လက် အဆွဲများပြီး၊ ပဲတီစိမ်းအသေးကို ရန်ကုန်ဝယ်လက်မှ အဆွဲများပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှ ပဲတီစိမ်းကြီး တင်း ၄ဝဝ ကျော်၊ ပဲတီစိမ်းအသေးတင်း ၆ဝဝ ကျော် အရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။ ၂ဝ၁ဝ ခု ဒီဇင်ဘာလ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ မန္တလေးမြို့သို့ တင်း ၉ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ သန်းသန်းတင် 

Sunday, 2 Jan 2011

ပင်လယ်ရေကြောင်း အပို့ တန် ၃ဝဝဝ ကျော်သာရှိ            ယခင်သီတင်းပတ်က ပဲတီစိမ်းတန်ချိန် ၃ဝဝဝ ကျော်ထိ ပင်လယ်ရေကြောင်းက တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ်မှာ တော့ တန်ချိန် ၃ဝဝဝ အောက်ကို လျော့ကျတင်ပို့ခဲ့ပါတယ်။ အိန္ဒိယဝယ်လိုအားရှိတဲ့ ခရမ်းရွှေဝါ၊ ပဲတီစိမ်းအလုံးကြီးများ အသစ်မထွက်သေးတဲ့အတွက် တင်ပို့မှုလျော့နည်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကိုင်း၊ မုံရွာဘက်က ပဲတီစိမ်းအသစ်တွေ ဝင်ရောက်နေပြီဖြစ်ပြီး တရုတ်ဝယ်လက်က အရည်အသွေးကောင်းတွေကို ဈေးပေးဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးကတော့ ယခင်တစ်ပတ်ဈေးအတိုင်း FAQ  (အညာ၊ ပခုက္ကူ) တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ နဲ့ ရွှေဝါအသေး တစ်တန်ကို ကန်ဒေါ်လာ ၁၂ဝဝ- ၁၂၂ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 2 Jan 2011

ဈေးအေးအေးနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ပဲလွန်းဖြူ               ဟင်္သာတဈေးကွက်ကို ခရိုင် တွင်းမြို့နယ်များမှ ပဲလွန်းဖြူသစ်များ ဝင်ရောက်လာရာ ယခင်အပတ်က ပိဿာ ၂ဝ ဝင်တစ်တင်းကို ၁၉ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု တစ်ပတ် ပဲလွန်းဖြူဈေးမှာ ၁၈ဝဝဝ ကျပ်ကို ဈေးအေးလာပါတယ်။ ပဲလွန်း ဖြူ ဈေးအေးနေသော်လည်း အရောင်း အဝယ်နဲ့တင်ပို့မှုက ယခင်အပတ်ထက် ပိုများလာပြီး တစ်တင်းခွဲဝင်အိတ် ၅ဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။                                                                                          အေးအေးခိုင်

Sunday, 2 Jan 2011

မြေထောက်ပဲ ပိုတင်ပြီး ပဲလွန်းဖြူတင်ပို့မှု လျော့ကျ                      ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက မြေထောက်ပဲ တင်ပို့မှု ပိုလာပြီး ပဲလွန်းဖြူ တင်ပို့မှု တော့ လျော့ကျလာခဲ့ပါတယ်။ ပဲလွန်းဖြူအသစ်တွေ ဈေးကွက်ကို ဝင်လာ နေပြီး အရောင်းအဝယ်ဖြစ်လာပေမဲ့ ဒီတစ်ပတ်မှာတော့ တန်ချိန် ၅ဝ ခန့်သာ တင်ပို့ခဲ့ပြီး မြေထောက်ပဲ တန် ချိန် ၁၈ဝ ခန့် တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ ယူအေအီး၊ ဖိလစ်ပိုင်၊ အိန္ဒိယတို့ဖြစ်ပါတယ်။                     ရန်ကုန် FOB ဈေးအနေ နဲ့ ပဲလွန်းဖြူ တစ်တန်ကို ယခင်သီတင်းပတ်က  FAQ မှာ ကန်ဒေါ်လာ ၇၇ဝ- ၇၈ဝ ရှိရာမှ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၇၅ဝ-၇၇ဝ ကိုလည်းကောင်း၊   SQ  မှာ ယခင်သီတင်းပတ်က ကန် ဒေါ်လာ ၈၇ဝ-၈၈ဝ ရှိရာမှ ယခု တစ် ပတ်မှာ ကန်ဒေါ်လာ ၈၅ဝ-၈၇ဝ ကို လည်းကောင်း ကျဆင်းခဲ့ပါတယ်။ မြေ ထောက်ပဲ ၤဥြ ဈေးမှာ ယခင်တစ် ပတ် အတိုင်း တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ ရှိကြောင်း သိရပါတယ်။                                                                     MIRT - MAPT

Sunday, 2 Jan 2011

အစိုဓါတ်များခြင်းကြောင့် အိန္ဒိယပြည်နယ်အစိုးရ ပဲစင်းငုံဝယ်ယူမှု နှောင့်နှေးနေ                အိန္ဒိယနိုင်ငံ မဟာရပ်ရှတရာမှထွက်ရှိတဲ့ ပဲစင်းငုံများမှာ အစိုဓါတ် ပါဝင်မှု မြင့်မားနေလို့ ဝယ်ယူဖို့အခက်တွေ့ နေရပါတယ်လို့ ပြည်နယ် အစိုးရ အရာရှိတစ်ဦးက ပြောကြားကြောင်း သိရပါတယ်။ ပြည်နယ်အစိုးရက ပဲစင်းငုံ ဝယ်ယူဖို့ခရိုင် ၁၁ ခုမှာ ပဲစင်းငုံအဝယ်စင်တာများဖွင့်လှစ်ထားပြီး အစိုဓါတ် ပါဝင်မှု များလို့ လက်ရှိအချိန်ထိ ဝယ်ယူရခြင်းမရှိသေးဘူးလို့ ပြည်နယ်ဈေးကွက် ရှာဖွေရေး အဖွဲ့မှ ပြောကြားပါတယ်။ တောင်သူများရောင်းချနေတဲ့ ပဲစင်းငုံများဟာ နိုင်ငံတော် လယ်ယာထွက်ကုန်သမ ဈေးကွက်ရှာဖွေရေးအဖွဲ့မှ သတ်မှတ်ထားတဲ့ ပဲစင်းငုံ အစိုဓါတ် ပါဝင်မှု ၁၂ ရာခိုင်နှုန်းထက်ကျော်လွန်ပြီး ၁၅-၁၇ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလကုန်အထိ ပဲအဓိကစိုက်ပိုျးတဲ့ ဒေသများ မှာ မိုးအဆက်မပြတ်ရွာသွန်းနေလို့ အစိုဓါတ်ပါဝင်မှု များနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်နယ်အစိုးရဟာ နောက်နှစ်လအတွင်း ပဲစင်းငုံအနည်းဆုံးတန်ချိန် ၁ဝဝဝဝ-၂ဝဝဝဝ ဝယ်ယူသွားဖို့ ခရိုင် ၁၁ ခုမှာ အရောင်းစင်တာ ၄၇ ခုဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ဗဟိုအစိုးရမှ ပဲစင်းငုံအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း တစ်တန်ကို ရူပီး ၃ဝဝဝဝ (ကန်ဒေါ်လာ ၆၆၄)သတ်မှတ်ထားပြီး၊ ပဲအများဆုံး ထွက်ရှိတဲ့ နှစ်လအတွက် တစ်ကြိမ်ကို အပိုဆောင်းငွေ ရူပီး ၅ဝဝဝ (ကန်ဒေါ်လာ ၁၁၁) ပေးဝယ်ယူဖို့ ဝယ်ယူရေးအေဂျင်စီများကို သတ်မှတ်ပေးခဲ့ကြောင်း သိရပါ တယ်။ ပဲစင်းငုံဝယ်ယူမှုဟာ နောက် ၆ ရက်-၇ ရက်အတွင်း အရှိန်အဟုန်ဖြင့် ဝယ်ယူသွားမယ်လို့ အရာရှိတစ်ဦးက ပြောကြားပါတယ်။ ယမင်းခင်၊ှSource: business standard

Sunday, 2 Jan 2011

တက်ဈေးမျှော်တဲ့ ပဲစင်းငုံ                   မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း ပဲစင်းငုံနီ (ဟောင်း) တစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၇၂၅ ကျပ်၊ ၇၄၅ ကျပ်၊ ပဲစင်းငုံနီ (အသစ်) ဈေး ၆၈၅ ကျပ်၊ ၈၁ဝ ကျပ် ဈေးဖွင့်ထားပါတယ်။ မုံရွာမြို့နယ် ကျောက္ကာကျေးရွာနဲ့ သာစည်ကျေးရွာများမှ ပဲစင်းငုံနီအသစ်တင်း ၃ဝ/၂ဝ ခန့် ရက်ခြား မုံရွာမြို့သို့ အဝင်ရှိပြီး၊ ဈေးတက်ရိပ်ရှိလို့ လှောင်လက်သမားများက ဝယ်ယူသိုလှောင်ကာ တက်ဈေးမျှော်နေကြောင်း ကုန်သည်သတင်း ရပ်ကွက်ကသိရပါတယ်။ အခုလော လောဆယ် ရန်ကုန်ဝယ်လက်အဆွဲများတာကြောင့် မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ် ပျမ်းမျှတင်း ၁ဝဝဝကျော်၊ ပဲစင်းငုံနီ (အဟောင်း)များ အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါတယ်။                                                                    သန်းးသန်းးတင်

Sunday, 2 Jan 2011

  ပြည်ပဲစင်းငုံ အဟောင်းထက် အသစ်ဈေးမြင့်                ပြည်ဈေးကွက် ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေးထက် အနည်းငယ် ဈေးမြင့်လာတာကို တွေ့ရပါတယ်။ ပဲစင်းငုံပိဿာ ၂ဝ တစ်တင်းကို ပဲအသစ် ၁၅၃ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ပဲအဟောင်းလက်ကျန်များမှာ ၁၄ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ပဲစင်းငုံအသစ်များမှာ ကံမဘက်မှ အဝင်ရှိသလို မကွေး၊ အောင်လံ၊ ကျောက်ပန်းတောင်း မြို့နယ် များမှလည်း အိတ် ၁၅ဝ ခန့် အဝင်ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်တွင် မန္တလေးတိုင်းသို့ အိတ် ၆ဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။                                                                             ဆုမွန်ဆွေ

Sunday, 2 Jan 2011

ပြည်ဈေးကွက်သို့ ပဲစင်းငုံအသစ်များ စတင်ဝင်ရောက်              ပဲခူးတိုင်းဒေသကြီးအနောက်နဲ့ ၂ဝ၁ဝ-၂ဝ၁၁ စိုက်ပိုျးရာသီမှာ ပဲစင်းငုံ စိုက်ဧက ၁၆ဝဝဝ ကျော်စိုက်ပျိုးခဲ့ပါတယ်။ ပဲစင်းငုံသီးနံှဟာ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ များမှာ လှိုင်လှိုင်ပေါ်လာမှာဖြစ်ပါတယ်။ ယခင်နှစ် ပဲစင်းငုံထွက်ပေါ်ချိန်မှာ တစ် တင်း ၂၈ဝဝဝ ကျပ်မှ ၂၈၅ဝဝ ကျပ်အထိရှိခဲ့ပါတယ်။ ယခုနှစ် ဒီဇင်ဘာ လဆန်းမှ စပြီး ပဲစင်းငုံတစ်တင်း ၁၅ဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်မှာ ဈေးဖွင့်လျှက်ရှိပါ တယ်။                                                                                                ဆွေဆွေမင်း

Pages