Background
ရော်ဘာဈေးလည်းမြင့် တင်ပို့မှုလည်းပို ဒီဇင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ရော်ဘာအဆင့်စုံ ၁၇၉၂ တန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ ဒသမ ၃၇၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာ ၁၁၅ဝ တန်တင်ပို့ ခဲ့တာမို့ ယခုအပတ်မှာ ၆၄၂ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ရော်ဘာအဆင့်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေး ဇုန်မRSS (1) ၁၂၈ တန်ခန့်၊ RSS (3) ၈ဝ၃ တန်ကျော်၊RSS (5) တန် ၃ဝ၊MSR (20) ၅၁၁ တန်၊MSR (50)၂ဝ၄ တန်ကျော်နဲ့ ချင်းရွှေဟော်နယ်စပ်မှာ RSS (3) တန် ၁၁၅ တန်ဖြစ်ပါတယ်။ နယ်စပ်စခန်းများမှ ၂ဝ၁ဝ ဧပြီလမှ ဒီဇင်ဘာလ ၂၈ ရက်ထိ ရော်ဘာတင်ပို့နိုင်မှုများမှာ ၂၅၅၁၁ တန် ရှိပြီလို့ သိရပါတယ်။ ယခုအပတ်မှာ ရော်ဘာဈေးများ မြင့်တက်လျက်ရှိပါတယ်။ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS (3) ၃၉၅၆၅၃၅ ၃၈၃၆၆၄၅ ၁၁၉၈၉ဝ ၃ ၄၃၅၃ ၄၂ဝ၅ ၁၄၈ ၄RSS (5) ၃၇၂၃၇၃၅ ၃၆ဝ၃၇၄၅ ၁၁၉၉၉ဝ ၃ ၄ဝ၈၁ ၃၉ဝ၄ ၁၇၇ ၄MIRT (DOBT)
ရော်ဘာတင်ပို့မှု ပုံမှန် ဒီဇင်ဘာ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၇၉၄ တန် တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၇၁၇ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၇၄၇ တန်တင်ပို့ခဲ့ပြီး ၄၇ တန်ပိုမိုတင်ပို့ခဲ့တာ ကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။ ယခုတစ်ပတ်မှာ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကို MSR-50 တန် ၂ဝ ၊ RSS-5 ၂၄၈ တန် နဲ့ RSS-3 ၂၄၅ တန်၊ စင်ကာပူကိုMSR-20 ၂ဝ၁ တန်၊ RSS-3 တန် ၄ဝ ၊ RSS-5 တန် ၄ဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ်။KZW
ပဲနီလုံးရိုး (စွန်တာနီ) အသစ်မအပေါ်သေးလို့ ဈေးမာ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း ပဲနီလုံးရိုး (စွန်တာနီ) တစ်ပိဿာပေါက်ဈေး ၁၃ဝဝ ကျပ် ဝန်းကျင်နဲ့ ဈေးမာနေပြီး လက်လီအရောင်းအဝယ်သမားများသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ယခုလအတွင်း ကလေးမြို့မှ မန္တလေးမြို့သို့တင်း ၃ဝဝ ၊ မုံရွာမြို့မှ ရန်ကုန်မြို့သို့ တင်း ၁၅ဝ စီးထွက်ခဲ့ပါတယ်။ ဒေသတွင်းနဲ့ လက်လီ ဈေးကွက်အဖြစ် မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှတင်း ၅ဝ ခန့်အရောင်းအဝယ်ဖြစ်ပြီး ပဲသစ်မပေါ်သေးလို့ ပဲအဟောင်း များသာ အရောင်းအဝယ်ဖြစ်နေတဲ့အတွက် ဈေးကတော့ ဆက်လက်ပြီး မာနိုင်သေးတယ်လို့ ဈေးကွက်ကဆိုပါတယ်။ သန်းးသန်းးတင်
ယခုနှစ်အတွင်း ဈေးကောင်းရရှိခဲ့တဲ့ ပြည်ပဲနီပြား ပဲခူးတိုင်းဒေသကြီးအနောက်အတွင်း နတ်တလင်းမြို့နယ်မှာသာ စိုက်ဧကအနည်းငယ်ရှိတဲ့ ပဲနီပြားသီးနံှဟာ အခြားတိုင်းသို့လည်း တင်ပို့မှုမရှိပဲ ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲနီးပြားဟာ စိုက်ပျိုးထွက်ရှိမှု နည်းပေမဲ့ ဈေးနှုန်းမှာ တစ်တင်းကို ၂၈ဝဝဝ ကျပ်ထိ ယခုနှစ်အတွင်း ဈေးကောင်းရရှိခဲ့ပါတယ်။ အောက်တိုဘာလအတွင်း လက်လီရော လက်ကားသမားများပါ အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလမှစလို့ လက်ကျန်နည်းလာခဲ့ပြီး တစ်တင်း ၂၆ဝဝဝ ကျပ်နဲ့ ရောင်းဝယ်နေခဲ့ရာမှ နိုဝင်ဘာလ ဒုတိယပတ်မှာ တစ်တင်း ၂၈ဝဝဝ ကျပ်ကိုဈေးမြင့်လာခဲ့တာကို တွေ့ရပါတယ်။ နိုဝင်ဘာလ ကုန်မှာတော့ ၎င်းဈေးနဲ့ လက်ကျန်ပြတ်သွားခဲ့တဲ့အတွက် ပဲနီပြားဈေးနှုန်းမှာ ယခုနှစ်အတွင်း ဈေးကောင်းရရှိခဲ့ ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ဘိုကိတ်ဈေးကွက်ဈေးကျလာ ယခင်တစ်ပတ်က ဘိုကိတ်ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာ တော့ တစ်တင်းကို ၁ဝဝဝ ကျပ်ကျော်လျော့နည်းကာ ၁၆ဝဝဝ ကျပ်- ၁၆၂ဝဝ ကျပ်ဈေးသာရှိကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က ကံမမြို့နယ်များမှ အဝင်ရှိခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ အဝင်နည်းနေပါတယ်။ ယခင်တစ်ပတ်က အိတ် ၁ဝဝ-၁၅ဝ အတွင်း အဝင်ရှိခဲ့ပြီး ယခုတစ်ပတ်မှာတော့ အိတ် ၄ဝ-၅ဝ အတွင်းသာ အဝင်ရှိကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
မုံရွာကုလားပဲ ဒီဇင်ဘာမှာ နယ်အဆွဲများခဲ့ မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ ဒီဇင်ဘာလထဲမှာ ဒေသ တွင်းလုပ်ငန်းသမားများ မျိုးအတွက် ဝယ်ယူမှုများအပြင် မန္တလေး၊ ရန်ကုန်နယ် အဆွဲပါပိုခဲ့လို့ အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။ ပဲခွဲစက်၊ ကြာဇံစက်၊ အမှုံကြိတ် စက်လိုင်းသမားတွေအနေနဲ့ ဒီလထဲမှာ ကုန်ကြမ်းပစ္စည်းပိုသူက ထုတ်ရောင်း ခဲ့ကြသလို၊ စက်သမားအချို့ ကုန်ကြမ်းမပြတ်အောင် ဝယ်ယူစုဆောင်းမှုတွေ ရှိခဲ့တဲ့ အတွက် အခုလို အရောင်းသွက်ပြီး ဈေးမာခြင်း ဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဒီဇင်ဘာလထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးရဲ့ တစ်တင်း အနိမ့် အမြင့်မှာ ကုလားပဲရိုးရိုး ၁၉ဝဝဝ ကျပ်၊ ၂ဝ၅ဝဝ ကျပ်၊ ကုလားပဲတိုင်ပေ ၂ဝဝဝဝ ကျပ်၊ ၂၂၅ဝဝ ကျပ်၊ ကုလားပဲ ဗွီတူး ၂၂၃ဝဝ ကျပ်၊ ၂၃၈ဝဝ ကျပ်နဲ့ ကုလားပဲ ၉၂၉ ၂၁၅ဝဝ ကျပ်-၂၃ဝဝဝ ကျပ်ဈေးပေါက်ခဲ့ပြီး လကုန်ပတ်မှာ အသီးသီး ဈေး အေးခဲ့ကာ ဒီဇင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင်ဈေးကွက်ကနေ မန္တလေးကို တင်း ၁ဝဝဝဝ ခန့် ရန်ကုန်ကို တင်း ၁ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁၅ဝဝ အသီးသီး စီးထွက်သွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ဈေးအတက်အကျ မငြိမ်တဲ့ ပြည်ကုလားပဲ ပဲခူးတိုင်းဒေသကြီးအနောက်မှာ ယခုနှစ် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ကုလားပဲစိုက်ဧက ၂၉ဝဝဝ ခန့်လျာထားပြီး ယခုဒီဇင်ဘာလကုန်မှာ ဧက ၂၇ဝဝဝ ခန့် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါတယ်။ ပြည်ကုလားပဲဈေးမှာ တစ်တင်းကို ယခင် တစ်ပတ်က ၂၂ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပေမဲ့ ယခုဒီဇင်ဘာလ နောက်ဆုံးပတ်တွင် တစ်တင်း ၂ဝ၅ဝဝ ကျပ်မှ ၂၁၇ဝဝ ကျပ်အတွင်း ဈေးအတက်အကျ မငြိမ်ဘဲ ရှိနေတာကို တွေ့ရပါတယ်။ အခြားတိုင်းများသို့ တင်ပို့ရောင်းချမှုမရှိပဲ တိုင်း အတွင်းမှာသာ အရောင်းအဝယ်ရှိပြီး ပဲခွဲစက်သမားများမှလည်း ပုံမှန် အရောင်းအဝယ်ရှိတာကြောင့် တစ်နေ့ကို အိတ် ၂ဝဝ ကျော်အရောင်း အဝယ် ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
ဈေးအေးနေတဲ့ စစ်ကိုင်းက ပဲတီစိမ်း မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလဆန်းမှ ပဲတီစိမ်းကြီးတစ်ပိဿာဈေး ၁၂၆၃ ကျပ်မှ လလယ်တွင် ၁၃၁၆ ကျပ်သို့ ဈေးမြင့်သွားပြီး၊ ယခုဒီဇင်ဘာနောက်ဆုံးပတ်မှာ ၁၁၅၈ ကျပ်သို့ ဈေးအေးသွားပါတယ်။ အလားတူ ပဲတီစိမ်း အသေးတစ်ပိဿာဈေးမှာ ၁၁၈၄ ကျပ်၊ ၁၃၁၆ ကျပ်၊ ၁ဝဝဝ ကျပ် ဈေးပေါက်ကြောင်း သိရပါတယ်။ ပဲတီစိမ်းအကြီးကို မန္တလေးဝယ်လက် အဆွဲများပြီး၊ ပဲတီစိမ်းအသေးကို ရန်ကုန်ဝယ်လက်မှ အဆွဲများပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှ ပဲတီစိမ်းကြီး တင်း ၄ဝဝ ကျော်၊ ပဲတီစိမ်းအသေးတင်း ၆ဝဝ ကျော် အရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။ ၂ဝ၁ဝ ခု ဒီဇင်ဘာလ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ မန္တလေးမြို့သို့ တင်း ၉ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ သန်းသန်းတင်
ပင်လယ်ရေကြောင်း အပို့ တန် ၃ဝဝဝ ကျော်သာရှိ ယခင်သီတင်းပတ်က ပဲတီစိမ်းတန်ချိန် ၃ဝဝဝ ကျော်ထိ ပင်လယ်ရေကြောင်းက တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ်မှာ တော့ တန်ချိန် ၃ဝဝဝ အောက်ကို လျော့ကျတင်ပို့ခဲ့ပါတယ်။ အိန္ဒိယဝယ်လိုအားရှိတဲ့ ခရမ်းရွှေဝါ၊ ပဲတီစိမ်းအလုံးကြီးများ အသစ်မထွက်သေးတဲ့အတွက် တင်ပို့မှုလျော့နည်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကိုင်း၊ မုံရွာဘက်က ပဲတီစိမ်းအသစ်တွေ ဝင်ရောက်နေပြီဖြစ်ပြီး တရုတ်ဝယ်လက်က အရည်အသွေးကောင်းတွေကို ဈေးပေးဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်ဈေးအတိုင်း FAQ (အညာ၊ ပခုက္ကူ) တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ နဲ့ ရွှေဝါအသေး တစ်တန်ကို ကန်ဒေါ်လာ ၁၂ဝဝ- ၁၂၂ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
ဈေးအေးအေးနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ပဲလွန်းဖြူ ဟင်္သာတဈေးကွက်ကို ခရိုင် တွင်းမြို့နယ်များမှ ပဲလွန်းဖြူသစ်များ ဝင်ရောက်လာရာ ယခင်အပတ်က ပိဿာ ၂ဝ ဝင်တစ်တင်းကို ၁၉ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု တစ်ပတ် ပဲလွန်းဖြူဈေးမှာ ၁၈ဝဝဝ ကျပ်ကို ဈေးအေးလာပါတယ်။ ပဲလွန်း ဖြူ ဈေးအေးနေသော်လည်း အရောင်း အဝယ်နဲ့တင်ပို့မှုက ယခင်အပတ်ထက် ပိုများလာပြီး တစ်တင်းခွဲဝင်အိတ် ၅ဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ အေးအေးခိုင်