Main menu

Background

Wednesday, 12 Sep 2012

ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၇-၉-၂၀၁၂                                   ကျပ်/ပိဿာ

စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး

31/7
7/9
ပြောင်းလဲမှု
30/8
7/9
ပြောင်းလဲမှု
31/8
7/9
ပြောင်းလဲမှု
31/8
7/9
ပြောင်းလဲမှု

1
မတ်ပဲ
911
932

750
750

875
800

850
800

2
ပဲစင်းငုံ
1096
1086

1050
1017

1065
1030

1060

1025

3
ပဲတီစိမ်း
1115
1030

754
711

974
947

1000
1000

4
ကုလားပဲရိုးရိုး
1500
1480

1138
1084

1126
1068

1104
1105

5
ပဲလွန်းဖြူ
950
950

833
833

-
-

870
870

6
ထောပတ်ပဲ
780
780

853
951

658
684

-
-

* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။

Sunday, 9 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ သြဂုတ်လမှာ ကန်ဒေါ်လာ ၁ ဒသမ ၁၇၆ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၄၂၁ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး အနီးစပ်ဆုံးကာလဖြစ်တဲ့ ဇူလိုင်လထက် ၂၄၉ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။ ယမန်နှစ် ကာလတူနဲ့နှိုင်းယှဉ်လျှင်တော့ ၁၁၄၇ တန်ခန့် အပို့လျော့ခဲ့ပါတယ်။ သြဂုတ်လအတွင်း တစ်ဖက်နိုင်ငံရွှေလီရဲ့ ရော်ဘာပေါက်ဈေးများဟာ ဇူလိုင်လထက် ယွမ် ၅၀၀ ခန့် ဈေးတက်လာပြီး  RSS-3  နဲ့   RSS-5  တစ်တန်လျှင် ၁၈၅၀၀ မှ ၁၉၀၀၀ ယွမ် (၂၉၁၇-၂၉၉၇ ဒေါ်လာ) အသီးသီး ဈေးပေါက်လျက်ရှိပါတယ်။ ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီးနိုင်ငံများမှာ မော်တော်ယာဉ် ထုတ်လုပ်မှုအရှိန်မြင့်နေ တဲ့အတွက် တာယာထုတ်လုပ်မှုများ မြင့်တက် လျက်ရှိရာ ကုန်ကြမ်းဖြစ်တဲ့ရော်ဘာများ ဝယ်လို အား နှစ်စဉ်မြင့်တက်လျက်ရှိပါတယ်။ တရုတ်နိုင်ငံဟာ မော်တော်ကား တာယာထုတ်လုပ်မှုမှာ အကြီးဆုံးဈေးကွက်ကို ပိုင်ဆိုင်ထားတဲ့နိုင်ငံ ဖြစ်ပြီး မော်တော်ကားတာယာအပြင် စက်ဘီးနဲ့မော်တော် ဆိုင်ကယ်တာယာများ၊ အခြားရော်ဘာထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်တဲ့အတွက် ရော်ဘာဝယ်လိုအားမြင့်တက်စေ လျက်ရှိပါ တယ်။ ဒါပေမယ့် ဒီနှစ်မှာ ကမ္ဘာ့ရော်ဘာ ဈေးကျဆင်းနေတဲ့အပြင် တရုတ်နိုင်ငံရဲ့ ရော်ဘာထွက်ရှိမှုတိုးတက်လာတဲ့ အတွက် ဈေးနှုန်းအရရော၊ ပမာဏအရပါ လျော့နည်းခဲ့တဲ့အတွက် ယမန်နှစ်ကာလတူထက် ရော်ဘာတင်ပို့မှု ကျဆင်းခဲ့ရတာလို့ သိရပါ တယ်။ CMK

Sunday, 9 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၄၈ သန်းတန်ဖိုးရှိ RSS-3 ၁၆၁ တန်ခန့်ကို သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ မူဆယ်မှ ယခင်အပတ်က ၃၆ တန်ကျော် သာအပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၁၂၅ တန်အပို့ပိုခဲ့ပါတယ်။ ယခုအပတ် ချင်းရွှေဟော်နယ်စပ်မှ ရော်ဘာတင်ပို့နိုင် ခြင်းမရှိဘူးလို့သိရပါတယ်။ မူဆယ်မြေပြင်ပေါက်ဈေးမြင့်တက် သော်လည်း တစ်ဖက်နိုင်ငံမြေပြင်ဈေးပြောင်းလဲမှုမရှိပါဘူး။ မြေပြင်ပေါက်ဈေးများကို ယခင်အပတ်နဲ့နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်

Sunday, 9 Sep 2012

သြဂုတ်လ ၅ ရက်မှ စက်တင်ဘာလ ၁ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၈၈၄ သန်းတန်ဖိုးရှိ MSR-20    ၆၉၇ တန်ကျော်နဲ့ ကန်ဒေါ်လာ ၁ ဒသမ ၀၈ သန်းတန်ဖိုးရှိ RSS-3 တန် ၄၀၀ ကို တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။MSR-20      ၆၉၇ တန်ကို တရုတ်သို့ ၁၉၄ တန်ကျော်၊ မလေးရှားသို့ တန် ၁၀၀၊ ကိုရီးယားသို့ ၄၀၃ တန်ကျော်နဲ့ RSS-3 တန် ၄၀၀ ကိုတော့ တရုတ်သို့တင်ပို့ခဲ့တာဖြစ်ပါတယ်။

Sunday, 9 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုည ဒသမ ၃၅၂ သန်းတန်ဖိုးရှိ သကြား ၅၇၃ တန်ကျော်ကို အပို့ ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင်တော့ ၄၄၆ တန်အပို့လျော့ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ ၄၉၇ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၇၆ တန်အသီးသီးတင်ပို့ ခဲ့ကြပြီး ချင်းရွှေဟော်ရောမူဆယ်ကပါ ယခင်အပတ်ထက် တင်ပို့မှုလျော့နည်းခဲ့တာ ဖြစ်ပါတယ်။                                                                          MIRT(DOBT)

Sunday, 9 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၈၂၅ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၃၃၂ တန်ကျော်ကို အပို့ရှိခဲ့ပါတယ်။ မူဆယ်မှ ၂၁၃၀ တန်နဲ့ ချင်းရွှေဟော်မှ ၂၀၂ တန်ကျော်တင်ပို့ ခဲ့ကြတာဖြစ်ပါတယ်။ မူဆယ်မှယခင်အပတ်တင်ပို့မှုထက် ၁၀၇၂ တန်လျော့နည်း ခဲ့ပြီး ချင်းရွှေဟော်မှ ၁၇၃ တန်ကျော် ပိုမိုတင်ပို့ခဲ့တာဖြစ်ပါတယ်။ မိမိဘက်မူဆယ်မှာ ရော တစ်ဘက်နိုင်ငံရွှေလီမှာပါ ပြောင်းဈေး များ လျော့ကျလျက်ရှိတယ်လို့ သိရ ပါတယ် -

Sunday, 9 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ တစ်ဖက် နိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၃၅၆ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း တန် ၆၃၀ ကျော်ကိုသာ သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၂၄၇၆ တန်လျော့နည်း တင်ပို့ ခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်ထက် ရွေးရွက်၊ နေလဲ စေ့၊ ဝဥခြောက်၊ တောဂျူးမြစ်၊ ချဉ်ပေါင်ဖာလာ (အခွံမပါ) နဲ့ ကြောင်ပန်းစေ့များ အပို့ပိုသော်လည်း တန်ဖိုးကြီး ကြောင် လျှာစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ နနွင်းတက် (ရှမ်း/ ကျောက် ဆည်)၊ တောချင်း၊ ဂုံညင်းလုံး၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ကွမ်းစားဂမုန်းနဲ့ဒရင်ကောက်မြစ်များ အပို့လျော့ ခဲ့တာ ဖြစ် ပါတယ်။ MIRT(DOBT)

Sunday, 9 Sep 2012

၂၀၁၂ ခုနှစ် သြဂုတ်လရဲ့ ပခုက္ကူကုန်စည်ဒိုင် ကြက်သွန် နီ အဝင်အထွက်စာရင်းကို လေ့လာကြည့်ရာမှာ အဝင် အနေနဲ့ ပိဿာချိန် ၁၁ သိန်း ၆ သောင်းကျော်အဝင်ရှိတာကို တွေ့ရပါတယ်။ အထွက်အနေနဲ့ မန္တလေးကို ကားနဲ့သယ်ယူခ တစ်ပိဿာ ၁၇ ကျပ် - ၂၀ ကျပ်နှုန်းနဲ့ ပိဿာချိန် နှစ် သောင်းခွဲကျော် ရန်ကုန်ကို ကားနဲ့ သယ်ယူခ တစ်ပိဿာ ၄၀ ကျပ် - ၅၅ ကျပ်နှုန်းနဲ့ ပိဿာချိန် နှစ်သိန်းခြောက် သောင်းကျော် အထွက်ရှိတယ်ဆိုတော့ စုစုပေါင်းအထွက်က ၃ သိန်းနီးပါးရှိပါတယ်။ ကြက်သွန်နီဟာရေလမ်းနဲ့ မသွားဘဲ ကုန်းလမ်းနဲ့ သွားနေတာကို သတိထားမိပါတယ်။ အဝင်နည်း တဲ့အတွက် ကုန်ချိန်နှိုင်းယှဉ်ကြည့်ရင်လက်ကျန်အနေနဲ့ ပခုက္ကူမှာ ကြက်သွန်နီ ပိဿာချိန် ၈ သိန်းကျော် ၉ သိန်းနီးပါး(သြဂုတ်လတစ်လတည်း) ရှိနေတာတွေ့ရ မှာဖြစ် ပါတယ်။ဈေးနှုန်းတွေအနေနဲ့ကတော့ တစ်ပိသာကို အထက်စ ၆၀၀ ကျပ် - ၆၅၀ ကျပ် - ၆၇၅ ကျပ်၊ အောက်စ ၄၂၅ ကျပ် - ၄၅၀ ကျပ် - ၄၇၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ပါ တယ်။ စက်တင်ဘာလထဲမှာဆိုရင်လည်း စက်တင်ဘာ ၆ ရက်ထိ ပိဿာချိန် တစ်သိန်းနီးပါး ဆက်ဝင်နေတယ်လို့ သိရ ပါတယ်။ လှောင်ထားတဲ့ ကြက်သွန်နီဟာ နိုဝင်ဘာလမှာ အစို့ထွက်၊ ဥချောင်၊ အရည်ပျော်ဆိုတာ ဖြစ်တတ်တဲ့အတွက် သက်တမ်းကာလဟာ သုံးလ တင်းတင်းပဲ ရှိပါတော့တယ်။ လေ့လာခဲ့တဲ့  စာရင်းတွေအရ  ပခုက္ကူမှ ကြက်သွန်နီဟာ အဝင်သွက်သလောက် အထွက်အီနေတာ တွေ့ရပါတယ်။ ကြက်သွန်ဖြူဆိုတာ မွှန်တတ်တာမျိုးဆိုတော့  သဘာဝမွှန် တာကိစ္စမရှိပေမယ့် ပစ္စည်းလက်ကျန်အခြေအနေကို တွက် ဆပြီး၊ တက်ဈေးမှန်းရင်း ဈေးနှုန်းမမွှန်ကြစေဖို့ သတိပြုအပ် ကြောင်း တင်ပြလိုက်ရပါတယ်။မြင့်ဦး

Sunday, 9 Sep 2012

ရှမ်းနနွင်းကလည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်က မန္တလေးဝယ်လက်တွေ ဝယ်ယူ လာတာ ကြောင့် ဟိုပုံးနနွင်းကတစ်ပိဿာ ၉၀၀ ကျပ်ဈေးနဲ့ ပိဿာ ချိန် ၂ သောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ အဝင်က လည်း အနည်းအကျဉ်းလောက်သာ ရှိတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ပုံမှန်အဝင်ရှိပြီး၊ ပုံမှန်ပြန်ရောင်း နေရတယ်လို့ ဆိုပါတယ်။ ပင်လောင်းနနွင်းကိုလည်း ပြည် တွင်း လုပ်ငန်းရှင်တွေက ခြင်ဆေးခွေပြုလုပ်ဖို့အတွက် ဝယ်ယူ နေ တာကြောင့် မနှစ်ကထက် အရောင်းအဝယ်ပိုဖြစ်နေပါ တယ်။ နနွင်းက ချင်းထက်အရောင်းနည်းနည်းအေးတာ ကြောင့် လက်ကျန်ကလည်း ခန့်မှန်းတန် ၂ သောင်းခန့် ကျန် နေသေးတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။ ဒီတစ်ပတ် နနွင်း ပေါက်ဈေးတွေက ပင်လောင်းနနွင်းဆိုရင် တစ်ပိဿာ ၆၀၀ ကျပ် - ၇၀၀ ကျပ်၊ ရိုးရိုးနနွင်း(တောင်ပို့လ)က နည်း နည်းညံ့ရင် ၉၀၀ ကျပ်၊ ကောင်းရင် ၁၀၀၀ ကျပ်နဲ့ ဆင်တောင် နနွင်းက တစ်ပိဿာ ၁၂၀၀ ကျပ် - ၁၃၀၀ ကျပ်ဈေး ရှိတယ်လို့ သိရပါတယ်။                            ဧဧခိုင်

Sunday, 9 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၃၂ သန်းတန်ဖိုးရှိ နနွင်းတက် ၁၄၉ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၁၄ တန်ကျော်ကို သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိ ကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၁၅၂ တန်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မူဆယ်မှရောမြဝတီကပါ ယခုအပတ်မှာ တင်ပို့မှုပမာဏလျော့နည်း ခဲ့၍ ဖြစ်ပါတယ်။  MIRT(DOBT)

Pages