Background
ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၀၈၉ သန်းတန်ဖိုးရှိ MSR-20 ၄၀၃ တန်ကျော်ကို သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့သိရှိ ရပါတယ်။ သြဂုတ်လ အတွင်းမှာပင်လယ်ရေကြောင်းမှ တရုတ် သို့ RSS-3 တန် ၄၀၀၊ MSR-20 ၁၉၄ တန်ကျော်၊ မလေးရှားသို့ MSR-20 တန် ၁၀၀၊ ကိုရီးယားသို့MSR-20 ၄၀၃ တန်ကျော်နဲ့ ဂျပန်သို့အိမ်အလှဆင်ရန်နှင့် သစ်ရွက်ဆွေးမြေသြဇာအဖြစ်အသုံးပြုရန် ရော်ဘာရွက်ခြောက် ၈ တန်ကျော်ကိုတင်ပို့ထားပြီးဖြစ်ပါတယ်။ ယခု အပတ်ရော်ဘာFOB တစ်တန်ပေါက်ဈေးများမှာRSS-1 ကန်ဒေါ်လာ ၂၇၀၀ မှ ၂၈၀၀၊ RSS-3 နှင့် MSR-20 ကန်ဒေါ်လာ ၂၆၀၀ မှ ၂၇၀၀၊RSS-5 နှင့် MSR-50 ကန်ဒေါ်လာ ၂၅၀၀ မှ ၂၆၀၀နဲ့ Crepe Rubber ကန်ဒေါ်လာ ၂၄၅၀ မှ ၂၅၅၀ အသီးသီးဖြစ်ပါတယ်။ CMK
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၅၃၄ သန်းတန်ဖိုးရှိ သကြားဖြူ ၅၃၅ တန်ကျော်နဲ့ သကြားညို ၃၆၇ တန်ခန့်တင်ပို့မှု ရှိခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်မှအပို့မရှိသော်လည်း မူဆယ်နယ်စပ်မှ သကြားညိုရော သကြားဖြူတင်ပို့မှုပါ ယခင်အပတ်ကထက် တင်ပို့မှုပိုမိုခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်ကမူဆယ်မှ သကြားဖြူ ၂၉၆ တန်ကျော်နဲ့ သကြားညို ၂၆၈ တန်ခန့်အပို့ရှိခဲ့ရာ ယခုအပတ်မှာ သကြားဖြူတင်ပို့မှုနှစ်ဆကျော်ပိုမိုခဲ့တာတွေ့ရပါတယ်။ MIRT(DOBT)
သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၂၇ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃၁၀၈ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၂၉၀ ကျော် အပို့ပိုခဲ့ပါတယ်။ ယခင်အပတ်ကအပို့မရှိတဲ့ အုံတုံ ခေါက်၊ ရွေးရွက်၊ ဖန်ခါးသီးခြောက်တို့ ယခုအပတ်မှ အပို့ရှိခြင်း အပြင် ဒရင်ကောက်မြစ်၊ ကွမ်းသီးခွံ၊ ကြောင်လျာစေ့၊ နေလဲ စေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ တောဂျူးမြစ်၊ ဆီးသီး ခြောက်၊ နနွင်းတက်၊ မိကျောင်းကွမ်းဖတ်စေ့၊ တောဂျင်း၊ ဂုံညှင်းလုံး၊ ကြောင်ပန်းစေ့နဲ့ တောင်လုံးကျော်တို့ ယခင်အပတ် ကထက် အပို့ပိုမိုခဲ့လို့ဖြစ်ပါတယ်။ တမူးနယ်စပ်မှ ကန်ဒေါ် လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိ တောင်လုံး ကျော် ၁ ဒသမ ၇ တန်နဲ့ဇာတိပ္ဖိုလ်သီးသုညဒသမ ၂၅ တန် ယခု အပတ်မှာ အသွင်းရှိခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ မူဆယ်မှ ပရဆေး ၁၀၇၅၇ တန်ခန့် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဇူလိုင်လနဲ့နှိုင်းယှဉ်ကြည့်လျှင် ၂၈၃၃ တန် ကျော် ပိုမိုတင်ပို့ နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)
သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နဲ့ထိုင်းနယ်စပ်ရှိ မူဆယ်နဲ့ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၅၁၉ သန်းတန်ဖိုးရှိ နနွင်းတက် ၃၂၉ တန်ကျော် ကိုတင်ပို့ခဲ့ပါတယ်။ မူဆယ်မှ ၂၈၇ တန်ကျော်နဲ့ မြဝတီ မှ ၄၂ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် တန်ချိန် ၁၆၀ ကျော်ပိုမို တင်ပို့ခဲ့ပါတယ်။ သြဂုတ်လမှာ နယ်စပ်မှ နနွင်းတက် ၁၁၉၃ တန်ခန့်တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လနဲ့နှိုင်းယှဉ်လျှင် ၃၇၈ တန်ခန့်တင်ပို့မှုလျော့ကျခဲ့တာတွေ့ရပါတယ်။ ယမန်နှစ်သြဂုတ်လနဲ့နှိုင်းယှဉ်လျှင် ၇၇၂ တန်ခန့်ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။MIRT(DOBT)
ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့တာကာလအတွင်း နနွင်း ၁၂၀ ဒသမ ၉၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့ စင်ကာပူနိုင်ငံကို တန် ၃၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် နနွင်းတင်ပို့ခဲ့တဲ့နိုင်ငံတွေနဲ့တန်ချိန်တွေက စင်ကာပူနိုင်ငံကို ၅ တန်၊ရီမင်နိုင်ငံကို ၁၀ တန်နဲ့ မလေးရှားနိုင်ငံကို ၁၀၅ ဒသမ ၉၈ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ်နနွင်းတင်ပို့မှု ကိုယှဉ်ကြည့်ရင် ဒီတစ်ပတ်မှာ နနွင်း တင်ပို့ခဲ့တာ တန် ၈၀ လျော့နည်း ခဲ့တာ တွေ့ရပါတယ်။ FOB ဈေးကတစ်တန်ကို ကန်ဒေါ်လာ ၅၀၀-၅၅၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာသုညဒသမ ၀၀၉ သန်းတန်ဖိုးရှိ မန်ကျည်းမှည့်အစေ့ပါ ၆ တန်ကျော်နဲ့ မန်ကျည်းစေ့ ၁၁၁ တန်၊ စုစုပေါင်း ၁၁၇ တန်ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ယခင်အပတ်ကထက် မန်ကျည်းစေ့ တန်ချိန် ၉၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ မန်ကျည်းမှည့် (အစေ့ပါ) ၂၀၉ တန်ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။MIRT (DOBT)
ဒီတစ်ပတ်မှာတော့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မန်ကျည်း ၁၄၄ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ မန်ကျည်းနဲ့ မန်ကျည်း(အစေ့လွတ်) ဆိုပြီး နှစ်မျိုးတင်ပို့ခဲ့ပါတယ်။ မန်ကျည်းက FOB ဈေး တစ်တန်ကို ကန်ဒေါ်လာ ၃၅၀ ဝန်းကျင်ရရှိခဲ့ပြီးတော့ မန်ကျည်း(အစေ့လွတ်)ကFOB ဈေးတစ်တန်ကို ကန်ဒေါ်လာ ၇၀၀ ဝန်းကျင်ထိ ရရှိခဲ့ပါတယ်။ ယခင်တစ်ပတ် မန်ကျည်းတင်ပို့မှုက တန်တစ်ရာ့နှစ်ဆယ်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတော့ ယခင်တစ်ပတ် တင်ပို့မှုတန်ချိန်ထက် တန်နှစ် ဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ရာသီဥတုကြောင့် ဒီတစ်ပတ်မှာလည်း ချင်းကအဝင်နည်းနေပါသေးတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၂၀၀၀ - ၃၀၀၀ ခန့်သာအဝင်ရှိနေတယ်လို့ သိရပါ တယ်။ ချင်းတက်က လက်ကျန်မရှိတော့ပေမယ့် ချင်း(ဥမ) ကတော့ လက်ကျန် အတော်များများကျန်နေပါသေးတယ်။
သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုညဒသမ ၀၆၆ သန်းတန်ဖိုးရှိ ချင်းခြောက် ၂၉ တန်နဲ့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ ချင်းခြောက် ၁၀ တန်ကို အပို့ရှိခဲ့ပါတယ်။ ယခု အပတ်နယ်စပ်မှ ဂျင်းခြောက် ၃၉ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၄ တန်အပို့ပိုမိုခဲ့ပါတယ်။ သြဂုတ်လတစ်လလုံးမှာ ချင်းခြောက်တင်ပို့မှု တန် ၁၀၀ နီးပါးရှိတယ်လို့စာရင်းများအရ သိရှိရပါတယ်။ MIRT(DOBT)
ယခုရက်ပိုင်းအတွင်း မြို့နယ်တာဝန်အနေနဲ့ ကျေးရွာအတော်များများကို ကွင်းဆင်းဆောင်ရွက်ခဲ့ရလို့ သြဂုတ်လ ၂၆ ရက်က မြိုင်မြို့နယ်၊ ၂၉ ရက်မှာ ပခုက္ကူမြို့နယ်ထဲက ချိုင်းကျေးရွာအုပ်စုကိုရောက်ခဲ့ပါတယ်။ နယ်တွေကို ကွင်း ဆင်းရင်း ကျွဲကူးရေပါဆိုသလို စိုက်ရေးပျိုးရေး၊ သီးနှံအထွက်ဆိုတာတွေကို လေ့လာ စူးစမ်း မေးမြန်းဖြစ်ခဲ့ပါတယ်။
