Main menu

Background

Wednesday, 1 Sep 2010

ယခုတစ်ပတ် ပဲကြီးဈေးနှုန်းမှာ ပဲကြီး (ကမ်နား) အချောစတစ်တင်းကို ၃၁ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ ကြပြီး၊ ပဲအရည်အသွေးပေါ် မူတည်၍ တစ်တင်းကို ၂၉ဝဝဝ ကျပ်၊ ၂၉၅ဝဝ ကျပ်ဖြင့်လည်း အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲကြော်ဖို၊ ပဲလှော်ဖိုလုပ်ငန်းသမားများ ပုံမှန်အဝယ်ရှိလျက်ရှိတာကြောင့် တစ်ရက်ကို အိတ် ၂ဝဝအထိ ရောင်းဝယ်ခဲ့ကြတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်အတွင်းပဲကြီး (ရွှေကျွန်း) မှာ အရောင်းအဝယ်မဖြစ်သလောက်ရှိခဲ့ပြီး ပဲကြီး(ကမ်းနား) တစ်မိုျးသာ အရည်အသွေးအလိုက် သူ့ဈေးနဲ့သူ အရောင်းအဝယ်ဖြစ်လျက်ရှိ တယ်လို့ သိရပါတယ်။                                                                                                          ခင်ဆွေဝင်း

Wednesday, 1 Sep 2010

ပြည်ဈေးကွက်အတွင်း ထောပတ်ပဲမှာ လက်ကျန်မရှိသလောက်ဖြစ်ခဲ့ပြီး ဈေးနှုန်းကတော့ တစ်တင်းကို ၂၆ဝဝဝ ကျပ်ထိ အရောင်း အဝယ်ဖြစ်နေပါတယ်။ လက်ကားဈေးမှာ ၂၅၅ဝဝ ကျပ်၊ လက်လီဈေးမှာ ၂၆ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ယခုရက်ပိုင်းတွင် ရန်ကုန် ဝယ်လက်များ အဝယ်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်များအဝယ်ရှိလာသော်လည်း ပဲလက်ကျန်မှာ မရှိသလောက်ဖြစ်ခဲ့တဲ့အတွက် ဒေသတွင်း လက်လီသမားများနဲ့သာ ရောင်းဝယ်ခဲ့ကြရသဖြင့် တစ်ရက်ကို အိတ် ၂ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                         ခင်ဆွေဝင်း

Wednesday, 1 Sep 2010

     မန္တလေးဈေးကွက်မှာသြဂုတ်လ ပထမပတ်လောက်က ထောပတ်ပဲတစ်ပိဿာ ၁၂၂ဝ ကျပ်၊ ၁၄၂ဝ ကျပ် ပေါက်ဈေးရှိခဲ့ပြီး ဒုတိယပတ်မှ စလို့ တစ်ပိဿာကို ၁၄၈ဝ ကျပ်၊ ၁၅၁ဝ ကျပ်ထိ ဈေးအနည်းငယ် မြင့်တက်ခဲ့ကာ ယခုလက်ရှိအထိ ဈေးငြိမ်နေခဲ့ပါတယ်။ ဈေးအေးဈေး ငြိမ်နေပေမဲ့ သြဂုတ်လအတွင်း တရုတ်ဈေးကွက်ကို ထောပတ်ပဲတန် ၁ဝဝ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ဈေးကွက်ကို ကလေးထောပတ်ပဲ အနည်းငယ် ဝင်ရောက်မှုရှိကြောင်းသိရပြီး ရန်ကုန်ဝယ်လက်မှလည်း ဝယ်ယူမှုရှိတာကြောင့် တစ်ရက်အိတ် ၂ဝဝ မှ ၅ဝဝ ဝန်းကျင်အထိ အရောင်းအဝယ်ဖြစ်ကြောင်း  စုံစမ်းသိရှိရပါတယ်။                                                                                                                                                                         သက်သက်နိုင်

Wednesday, 1 Sep 2010

  ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကထက် တစ်တင်း ၂ဝဝ ကျပ်မှ ၄ဝဝ ကျပ်ခန့်ဈေးပိုရပြီး ကုလားပဲ (တိုင်ပေ) ၂ဝဝဝဝ ကျပ်နဲ့ ဗွီတူး ၂ဝ၄ဝဝ ကျပ်အသီးသီး ဈေးတန့်နေပါတယ်။ ကုလားပဲ ရိုးရိုးကတော့ ယခင်အပတ်က တစ်တင်း ၁၉၅ဝဝ ကျပ်ထိ ရောက်ခဲ့ပြီး ယခုအပတ်မှာတော့ ဈေးမဖွင့်နိုင်လို့ အရောင်းအဝယ်မဖြစ်ခဲ့ကြောင်း သိရပါတယ်။     ဒီရက်ပတ်မှာတော့ မုံရွာကုန်စည်ဒိုင်မှာ ဒေသတွင်းကလုပ်ငန်းသမား တွေအပြင် မန္တလေးနဲ့ ရန်ကုန် အဝယ်ရှိလို့ တစ်ရက်အိတ် ၇ဝဝ နီးပါး အရောင်း အဝယ်သွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ သြဂုတ်လ ၁၆ ရက်နေ့က ၂၅ ရက်နေ့အထိ မုံရွာကုန်စည်ဒိုင်နယ်မြေက ထပ်ဆင့်တင်ပို့စီးဆင်းမှုအနေနဲ့ မန္တလေးကို တင်း ၃ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂ဝဝဝ ခန့် ရှိခဲ့ကြောင်း သိရပါတယ်။                                                                                                                                                                           ထွန်းလှိုင်

Wednesday, 1 Sep 2010

ပြည်ဈေးကွက်မှာ ယခင်ဇူလိုင်တတိယပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂ဝ၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ကုလားပဲဟာ သြဂုတ်လ နောက်ဆုံး ပတ်မှာလည်းအဲဒီဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ယခုအပတ်မှာ မိုးရွာသွန်းမှု လျော့ နည်းသွားလို့ ပဲခွဲစက်သမား များနဲ့ ပဲလှော်သမားတို့ ပုံမှန်ကြိတ်ခွဲထုတ်လုပ်ဖို့ အဝယ် လိုက်လာပေမဲ့လည်း ကုလားပဲဈေးမှာ ပြောင်းလဲမှုမရှိဘူးလို့ ဈေးကွက်က သိရပါတယ်။ ယခုတစ်ပတ်မှာ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းကို စီးထွက်မှုမရှိဘဲ တိုင်းအတွင်းမှာသာ နေ့စဉ်အိတ် ၁၅ဝ မှ ၂ဝဝ ထိ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်က သိရပါတယ်။                                                                                                                                                                  လွင်လွင်ဆန်း

Wednesday, 1 Sep 2010

မန်း V2 ဈေးကွက်မှာ အရင်တစ်ပတ်က တစ်ပိဿာကို ၁ဝ၅၇ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဒီတစ်ပတ်မှာတော့ ၁၇ ကျပ်ဝန်းကျင်ဈေးမြင့်လာကာ တစ်ပိဿာကို ၁ဝ၇၄ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒေသတွင်းသို့ စစ်ကိုင်းတိုင်း၊ မုံရွာ၊ မြင်းမူနဲ့ ဆားတောင်တို့မှ တစ်ပတ်အတွင်း အိတ် ၈ဝဝ ခန့် ဝင်ရောက်လာခဲ့ပြီး၊ ဒေသတွင်းလှောင်လက်သမားများရဲ့ ရောင်းဝယ်မှုရှိသလို ရန်ကုန် ဝယ်လက်သို့ တစ်ပတ်အတွင်း အိတ် ၅၃ဝဝ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။                                                                                                                                                                    ချိူချိူမြင့့််

Wednesday, 1 Sep 2010

ပြည်ဈေးကွက်သို့ ပဲတီစိမ်းအဝင်နည်းလာခဲ့ပါတယ်။ ဝင်ရောက်လာတဲ့ ပဲတီစိမ်းများကလည်း ယခုရက်ပိုင်း တွင် မိုးများခဲ့လို့ ပဲတီစိမ်းအရည်အသွေး ကျသွားတဲ့အတွက် လိုင်းသမားများမှ ဈေးလျော့အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်က တစ်တင်းကို ၂၇ဝဝဝကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်အတွင်း တစ်တင်းကို ၂၅ဝဝဝ ကျပ်ထိ တစ်တင်းကို ၂ဝဝဝ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ ပဲတီစိမ်းတင်ပို့မှုအနေဖြင့် ရန်ကုန်ကို အိတ် ၁၆ဝဝ ခန့် တင်ပို့ နိုင်တယ်လို့ သိရပါတယ်။                                                                                                                                                                                                        ခင်ဆွေဝင်း

Wednesday, 1 Sep 2010

     ယွမ်ဈေးကျဆင်းနေသော်လည်း  ပဲတီစိမ်းဈေးက အရောင်းအဝယ်သွက်မနေဘဲ မှန်မှန်အေးအေးသာ ဖြစ်နေပါ တယ်။ ထွက်လာတဲ့ ပဲတီစိမ်းများက အရည်အသွေးအမိုျးအမိုျးဖြစ်နေလို့ ဈေးနှုန်းလည်း အမိုျုးမိုျးနဲ့ ရောင်းဝယ်နေကြပါတယ်။ အညိုဖောက်များတဲ့ပဲက အောက်ဈေးဖြစ်ပြီး အရည်အသွေးကောင်းအရောင်လှတဲ့ ပဲကဈေးကောင်းရပါတယ်။ တရုတ်လက်ကလည်း အဝယ်အေးနေလို့ တရုတ်ကိုတက်နေတဲ့ ပဲလည်းမှန်မှန်ပဲ သွားနေပါတယ်။ ပဲတီစိမ်းဈေးက ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ တစ်ပိဿာကို ၁၂၄၄ ကျပ်က ၁၈၃၁ ကျပ်ကြားဈေးဖြစ်ပေါ်ခဲ့ပြီး၊ ယခုတစ်ပတ်အတွင်း ၁၂၄၄ ကျပ်မှ ၁၆၁၈ ကျပ်အတွင်း ဈေးဖြစ်ခဲ့တာတွေ့ရပါတယ်။ ခူးဆွတ်နေတဲ့ ပဲတီစိမ်းသမားတွေအတွက်တော့ မိုးကြောင့် နည်းနည်း ခက်နေကြကြောင်း တွေ့ရပါတယ်။                                                                                                                                                                                                 မျိူးသူ

Wednesday, 1 Sep 2010

မြေထောက်ပဲ ပင်လယ်ရေကြောင်း တင်ပို့မှု အနေနဲ့ ယခင်တစ်ပတ်က တန်ချိန် ၁ဝဝ ကို လျော့ကျ တင်ပို့ခဲ့ရာ မှ ယခုတစ်ပတ်  သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အတွင်းမှာတော့ တန်ချိန် ၃ဝဝ ကျော်ကို ပုံမှန်အတိုင်းပြန်လည် တင်ပို့ လာတာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံ တွေကတော့ ရုရှား၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယ ဖြစ်ပါတယ်။ ရန်ကုန်FOB ဈေးမှာ ယခင်တစ်ပတ်လိုပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၇ဝ-၆၈ဝ နဲ့ ပြောင်းလဲ ခြင်းမရှိသကဲ့သို့ အိန္ဒိယမွန်ဘိုင်းဈေးမှာ လည်း (polished ) တစ်တန်ကို ရူပီး ၃၃၅ဝဝ (ကန်ဒေါ်လာ ၇၁၅)၊ (unpolished )တစ်တန်ကို ရူပီး ၃၂ဝဝဝ (ကန်ဒေါ်လာ ၆၈၃) နဲ့ ဈေးငြိမ်နေ တယ်လို့ သိရပါတယ်။                                                                                                                           MIRT - MAPT

Wednesday, 1 Sep 2010

ပိုမိုတင်ပို့လာတဲ့ ပဲလွန်းဖြူယခုတစ်ပတ် သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အတွင်း ပင်လယ်ရေ ကြောင်းက ပဲလွန်းဖြူတင်ပို့မှုဟာ တန်ချိန် ၆ဝဝ နီးပါးကို ပိုမိုလာတာ တွေ့ရပါတယ်။ ပုံမှန်အားဖြင့် ယခင် သီတင်းပတ်များက တစ်ပတ်ကို တန်ချိန် ၃ဝဝ ဝန်းကျင်သာ တင်ပို့မှု ရှိရာမှ ယခုတစ်ပတ် တိုးတက် လာခြင်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယားနဲ့ ယူအေအီးကို တင်ပို့တာဖြစ်ပါတယ်။ ရန်ကုန် ၤFOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ သြဂုတ်လ ၂၆ ရက်မှာလည်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ-၇၉ဝ နဲ့မျှတစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ ဈေး ပြောင်းလဲခြင်းမရှိဘဲ ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို သြဂုတ်လ ၂၅ ရက်နေ့က ရူပီး ၄၈၅ဝဝ (ကန်ဒေါ်လာ ၁ဝ၃၅) ဈေးဖြစ်ကြောင်း သိရပါတယ်။                                                                                                                                                                                                                                                        MIRT - MAPT 

Pages