Main menu

Background

Monday, 3 Dec 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် စခန်းမှ ကန်ဒေါ်လာသုညဒသမ ၀၂၃ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ ၃၂ တန် ကျော်နဲ့ မြန်မာ-အိန္ဒိယနယ်စပ် တမူးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၉ သန်း တန်ဖိုးရှိ ပဲပုပ်စေ့ ၁၃ တန်ခန့်ကို နိုဝင် ဘာလ ၂၁ ရက်မှ ၂၇ ရက်အတွင်းတင် ပို့ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း နယ် စပ်စခန်းများမှပဲပုပ်စေ့ ၁၀၄ တန်ကျော် (တန်ဖိုးကန်ဒေါ်လာ သုညဒသမ ၀၇၂ သန်းဖိုး) တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT (DOBT)

Monday, 26 Nov 2012

ပြည်ဈေးကွက်တွင် နှမ်းနက်ကို ရန်ကုန်ကုမ္ပဏီများက အဝယ်ရှိလို့ နှမ်းနက် ဈေးမှာ ယခင်အပတ်ထက် ဈေးမြင့်လာတာတွေ့ရပါတယ်။ နှမ်းနက်ကို ပြလို့၊ ပေါင်း တည်နဲ့မြန်အောင်ဘက်မှတစ်နေ့ကို အိတ် ၅၀၀ ခန့် ဝင်ရောက်သော်လည်း ဆောင်း နှမ်းများ စိုက်ပျိုးချိန် နှမ်းအဝင်နည်းပြီး၊ ရန်ကုန်ဝယ်လက်များက အဝယ်ရှိတဲ့ အတွက်လှောင်နှမ်းများကိုပါထုတ်၍ ရောင်းချခဲ့ရတာကြောင့် နှမ်းနက်ဈေးမှာ မြင့် တက်လာခဲ့ပါတယ်။ ဆီကြိတ်နှမ်းနီမှာ ဆီစက် သမားများကအဝယ်ရှိလို့ ဈေးမှာ ယခင်အပတ်ထက် မြင့်လာတာတွေ့ရပါတယ်။ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာ တစ် အိတ်ကို ၈၃၅၀၀ ကျပ်နဲ့ တစ်နေ့ကို နှမ်းအိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး၊ နှမ်းနက် ၄၅ ပိဿာ တစ်အိတ်ကို ၁၀၀၀၀၀ ကျပ်ဈေးနဲ့ တစ်နေ့ အိတ် ၈၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။

Monday, 26 Nov 2012

ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းမှ ကိုရီးယား၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ ဗီယက်နမ်နဲ့ တရုတ်တို့ကို နှမ်းတန်ချိန် ၁၁၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာ တန် ၈၀၀ ခန့်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ် နှမ်းပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့အထိ နှမ်းစုစုပေါင်း တင်ပို့မှု တန်ချိန် ၇၄၀၀၀ ကျော်ရှိပြီး ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၂၄ သန်းကျော်ဖြစ်လို့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူတင်ပို့မှု တန်ချိန်၇၁၀၀၀ ကျော်တင်ပို့ခြင်းမှ ရရှိတဲ့ ကန်ဒေါ်လာ သန်း ၁၀၀ ထက် ပမာဏ ရော ဝင်ငွေပါပိုမိုကြောင်း သိရပါတယ်။                   MIRT - MAPT

Monday, 26 Nov 2012

ယခုတစ်ပတ်မှာတော့ပြည် ပဲပုပ် ပိဿာ ၂၀ တစ်တင်း ၂၃၀၀၀ ကျပ် ဈေးပေးတယ်လို့ သိရပါတယ်။ ဈေး ကွက်မှာ လက်လီဝယ်ယူသူများနဲ့ ပုံမှန် အရောင်းအဝယ်ဖြစ်ပြီး၊ ပဲပုပ်လက်ကျန် နည်းနေတာကြောင့် အခြားဒေသ များ သို့ မတင်ပို့နိုင်ဘူးလို့ သိရပါတယ်။ လက်လီဝယ်ယူသူများကြောင့် အခု တစ်ပတ်မှာတော့ ၁၀ အိတ်ဝန်းကျင် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။             ဆုမွန်ဆွေ-ပြည်

Monday, 19 Nov 2012

မလေးရှားနိုင်ငံရဲ့ စားအုန်းဆီသိုလှောင်မှုပမာဏ ဆက်လက်မြင့်တက်နေတဲ့ အပေါ် စိုးရိမ်မှုတွေကြောင့် စားအုန်းဆီကြမ်းဈေးက ဆက်ပြီးကျဆင်းဖွယ် ရှိနေ တယ်လို့ လေ့လာဆန်းစစ်သူများက ခန့်မှန်းကြပါတယ်။ MIDF သုတေသနအရ ယခုနှစ်နောက်လများမှာ စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၂၃၀၀ နဲ့ ၂၅၀၀ (ကန် ဒေါ်လာ ၇၄၉ နဲ့ ၈၁၅)အတွင်း တည်ငြိမ်လိမ့်မယ်လို့ ဆိုပါတယ်။ အောက်တို ဘာလအတွင်း ပြည်ပတင်ပို့မှုက တန်ချိန် ၁ ဒသမ ၇၆ သန်းနဲ့ ယခုနှစ်အတွင်း အများဆုံးဖြစ်သလို ပြည်ပတင်ပို့မှုမှာ အများဆုံးဖြစ်ခဲ့တဲ့ ၂၀၁၁ အောက်တို ဘာလ နောက်ပိုင်းကတည်းကအမြင့်ဆုံးတင်ပို့နိုင်ပေမယ့် သိုလှောင်မှုက အမြင့်မှာ ဆက်ပြီး ရှိနေသေးတယ်လို့ ဆိုပါတယ်။

Monday, 19 Nov 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၄ ဒသမ ၈၁၀ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၆၂၂ တန် ကျော်ကို နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်အတွင်း တင်ပို့ ခဲ့တာ တွေ့ရပါ တယ်။ နှမ်းရောင်စုံ တင်ပို့မှုတွေကတော့ နှမ်းနက် ၁၈၀၅ တန်ခန့်၊ နှမ်းဖြူ ၆၉၄ တန်ကျော်နဲ့ နှမ်းညို ၁၂၂ တန်ကျော်တင်ပို့နိုင် ခဲ့ပါတယ်။ ယခင် အပတ်ထက် နှမ်းရောင်စုံတင်ပို့မှု ၄၀၅ တန်ကျော်၊ (ကန်ဒေါ်လာသုညဒသမ ၇၃၁ သန်း) ပိုမိုတင်ပို့ခဲ့ပါတယ်။ နှစ်ဖက် မြေပြင်နှမ်းဈေးများကိုကြည့်လျှင် နှမ်းနက်ဈေး ယခင်အပတ်ကထက် ပိုမိုလျက်ရှိတာတွေ့ရမှာဖြစ်ပါတယ်။

Wednesday, 7 Nov 2012

ပင်လယ်ရေကြောင်းက နှမ်းကို ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှားအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို တင်ပို့မှု ရှိပါတယ်။ ယခုတစ်ပတ်မှာ ယခင်တစ်ပတ်ထက် တင်ပို့မှုလျော့ကျပြီး ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ တရုတ်တို့ကို တန်ချိန် ၈၃၀ ခန့်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလ ၂၆ ရက်နေ့အထိ နှမ်းစုစုပေါင်း ပြည်ပတင်ပို့မှုမှာ တန်ချိန် ၆၃၈၀၀ ခန့်ရှိပြီး ကန်ဒေါ်လာ ၁၀၄ သန်းကျော် ရရှိထားရာယခင်နှစ်ကာလတူ တင်ပို့မှု တန်ချိန် ၅၉၈၀၀ ကျော်မှ ရရှိတဲ့ကန်ဒေါ်လာ ၈၃ သန်းကျော်ထက် ပိုမိုကြောင်း သိရပါတယ်။ ယခုနှစ်တင်ပို့မှု တန်ချိန် ၆ သောင်းကျော်အနက် တန်ချိန် ၄၅၀၀၀ ခန့်မှာ နယ်စပ်မှ တစ်ဆင့် တရုတ်ကို တင်ပို့ခဲ့ပြီး ပင်လယ်ရေကြောင်း တင်ပို့မှုအများဆုံးမှာ တောင်ကိုရီးယားကို တန်ချိန် ၈၀၀၀ ကျော်၊ စင်ကာပူကို တန်ချိန် ၃၈၀၀ ခန့်နဲ့ ဂျပန်ကို တန်ချိန် ၂၆၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ MIRT - MAPT

Monday, 29 Oct 2012

ရေကြည်မြို့နယ်ရှိ တောင်သူများ ရင့်မှည့်ပြီး၊ ကောက်စောစပါးများ ရိတ်သိမ်း ခြွေလှေ့လျက်ရှိနေ သလို ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးဖို့ မျိုးစေ့များ ဝယ်ယူ စုဆောင်းနေကြပါတယ်။ နှစ်စဉ် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ ပဲလွန်းဖြူအများဆုံး စိုက်ပျိုး ခဲ့ပေမယ့် ယခင်နှစ်က မတ်ပဲဈေးကွက်နဲ့ စားသုံးဆီ(အတု)များ ဝင်ရောက်လာမှု အပေါ် MAPT ဝန်ထမ်းများရဲ့အသိပညာပေးခြင်းများကြောင့် တောင်သူများ အသိအမြင်ရှိလာကြပြီး၊ ၂၀၁၂-၁၃ ခုနှစ်၊ ယခုနှစ်မှာတော့ မြေပဲစိုက်ဧက တိုးချဲ့ စိုက်ပျိုးဖို့ စိုက်နေကြတောင်သူများနဲ့ ယခင်စိုက်ပျိုးခြင်းမရှိတဲ့ တောင်သူများပါ မျိုးမြေပဲများ ကြိုတင်ဝယ်ယူစုဆောင်းလျက် ရှိကြောင်းသိရပါတယ်။

Monday, 29 Oct 2012

မလေးရှား စားအုန်းဆီသိုလှောင်မှု စံချိန်တင်မြင့်တက်ခြင်းကြောင့် ဈေးနှုန်း ကျဆင်းမှာ စိုးရိမ်နေကြပေမယ့်လည်း ပွဲတော်အတွက် ဝယ်လိုအားတိုးတက်လာ တာကြောင့် မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး မြင့်တက်လာကြောင်း သိရပါတယ်။ အဓိက စားဆီတင်သွင်းတဲ့ အိန္ဒိယနိုင်ငံမှာ ဒီပါဝလီပွဲတော်အတွက် ဝယ်လက်များက စားအုန်းဆီကို တိုးတက်ဝယ်ယူခြင်းက ကမ္ဘာ့နံပါတ် -၂ စားအုန်းဆီထုတ်လုပ်တဲ့ မလေးရှားနိုင်ငံရဲ့သိုလှောင်မှုလက်ကျန် ကိုလျော့ကျစေပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်း စစ်ဆေးသူများရဲ့ စာရင်းအရ အောက်တိုဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း စားအုန်းဆီတင်ပို့မှုဟာ ပြီးခဲ့တဲ့လထက် ၁၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။

ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဇန်နဝါရီလ စာချုပ်ဈေးဟာ ၁ ရာခိုင်နှုန်း ပိုမိုပြီး၊ တစ်တန် ရင်းဂစ် ၂၆၀၃ (ကန်ဒေါ်လာ ၈၅၆)ဈေးဖြစ်လို့ စက်တင်ဘာလ ၂၈ ရက်နောက်ပိုင်းအမြင့်ဆုံးပမာဏကို ရောက်ရှိကြောင်း သိရပါတယ်။ မလေးရှား နိုင်ငံအတွင်း အဓိက ဆီအုန်းစိုက်ပျိုးရာ ဒေသများမှာ မိုးရွာသွန်းနေတဲ့အတွက် ဆီအုန်းခူးဆွတ်မှု အဟန့်အတားဖြစ်နေပြီး၊ ပြည်ပတင်ပို့မှု ခိုင်မာနေတဲ့အတွက် လာမယ့် သီတင်းပတ်မှာ လည်း ဈေးမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိဈေးကွက်မှာ နိုဝင်ဘာလအတွက် သန့်စင်ပြီး စားအုန်းဆီဈေးက တစ်တန် ကန်ဒေါ်လာ ၈၅၂ ဒသမ ၅၀ ဈေးနဲ့ ကမ်းလှမ်းပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက တစ်တန်ရင်းဂစ် ၂၄၆၀(ကန်ဒေါ်လာ ၈၀၉)ရှိကြောင်း သိရပါတယ်။                              ယုဇန၊Source: palmoil hq.com
 

Monday, 29 Oct 2012

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဒေါ်လာ သုည ဒသမ ၆၆၂ သန်းတန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၃၃၉ တန်ကို အောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် တန် ၁၁၀ ခန့် အပို့ ပိုခဲ့ပါတယ်။ နှမ်းရောင်စုံတင်ပို့မှုကိုကြည့်လျှင် ယခုအပတ် မှာ နှမ်းညိုအပို့မရှိခဲ့ဘဲ နှမ်းဖြူနဲ့နှမ်းနက် သာအပို့ရှိခဲ့ပြီး ယခင်အပတ်ထက် နှမ်းဖြူ ၁၉၄ တန်ကျော်နဲ့ နှမ်းနက် ၈၃ တန်အပို့လျော့ခဲ့ပါတယ်။ ယခင်အပတ် မြေပြင်နှမ်းပေါက် ဈေးများနဲ့ ယခုအပတ်ဈေးနှိုင်းယှဉ်ရာမှာ မိမိဘက်မြေပြင် ဈေးလျော့နည်းလျက်ရှိပြီး တစ်ဖက်နိုင်ငံ ဈေးအနည်းငယ် မြင့်တက်လျက်ရှိပါတယ် -

Pages