Background
်ပဲပုပ်ဆီဈေး မြင့်လို့ စားအုန်းဆီကြမ်း ဈေးမြင့်လာ ဂရိနိုင်ငံရဲ့ ဆန့်ကျင်ဆန္ဒပြမှု ပြင်းထန်တဲ့ အတိုင်းအတာက ကျော်လွန်လာပြီး ပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေကြောင့် ပဲပုပ်ဆီကြိုပွိုင့်ဈေး အတက်ဘက် ကို ဦးတည်လာခြင်းနဲ့အတူ ဇွန်လ ၂၉ ရက် မလေးရှားစားအုန်းဆီကြမ်းကြိုပွိုင့်ဈေး လည်း မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ စက်တင်ဘာလအခြေခံစံနှုန်း စားအုန်းဆီကြမ်း စာခုျပ်ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၁ဝ၉ (ကန်ဒေါ်လာ ၁ဝ၂၉) ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ ဝ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၆ ဒသမ ၉၄ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၅၄) ဈေးနဲ့ရောင်းဝယ်ခဲ့ကြပါတယ်။ ဇွန်လအတွက် မလေးရှားစားအုန်းဆီ တင်ပို့မှုကို အစောပိုင်းက တန်ချိန် ၁ ဒသမ ၅၅ သန်းခန့်မှန်းရာမှ ဈေးကွက်အား လျော့လာလို့ တန်ချိန် ၁ ဒသမ ၄၄ သန်းကို လျော့ကျနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ မေလအတွင်းမှာ စားအုန်းဆီတန်ချိန် ၁ ဒသမ ၃၅ သန်းတင်ပို့ခဲ့တယ်လို့ ကုန်ပစ္စည်းစစ်ဆေးသူများက ခန့်မှန်းပါတယ်။ မလေးရှားနိုင်ငံရဲ့ မေလ သိုလှောင်လက်ကျန်ဟာ တန်ချိန် ၁ ဒသမ ၉၂ သန်းနဲ့ ၁၆ လအတွင်း အမြင့်ဆုံးကို ရှိနေပါတယ်။အဓိကဆီအုန်းစိုက်ပျိုးတဲ့ ဒေသတွေမှာ ရာသီဥတုသာယာတာကြောင့် ဆီအုန်းထွက်ရှိမှု မြင့်တက်ခြင်းက ဈေးနှုန်းကို ထပ်မံကျဆင်းစေပါတယ်။ ယခုနှစ် အတွင်း စားအုန်းဆီဈေးဟာ ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဖြစ်ပါတယ်။အမေရိကန် ပဲပုပ်စိုက်ဧရိယာ သတင်းများက ဈေးနှုန်းကို အထောက်အပံ့ဖြစ် စေပြီး ယခုနှစ် ပဲပုပ်စိုက် ဧရိယာဟာ မတ်လ ခန့်မှန်းထားတဲ့ ဧက ၇၆ ဒသမ ၆၁ သန်း ထက် လျော့ကျနိုင်တယ်လို့ လေ့လာဆန်းစစ်သူများက ခန့်မှန်းကြပါတယ်။ လက်ငင်းဈေးကွက်မှာ ဇူလိုင်လအတွက် သန့်စင်ပြီး Palm Oil ဈေးဟာ တစ်တန် ကန်ဒေါ်လာ ၁၁၁၇ ဒသမ ၈ဝ ရှိပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးဟာ တစ်တန် ရင်းဂစ် ၃ဝ (ကန်ဒေါ်လာ ၉ ဒသမ ၉) မြင့်တက်ပြီး ရင်းဂစ် ၃၁၄ဝ (ကန်ဒေါ်လာ ၁ဝ၄ဝ)နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန Source: palmoilhq.com
အမေရိကန်ပဲပုပ်ကို တရုတ်တိုးမြှင့် တင်သွင်းမယ် အမေရိကန်ပဲပုပ်တောင်သူတွေကို နိုင်ငံရဲ့ စိတ်ဝင်စားမှု တိုးတက်နေတာကြောင့် တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှုဟာ ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းပိုမိုမြင့်တက်ဖွယ်ရှိတယ်လို့ အမေရိကန်ပဲပုပ်အသင်း ဥက္ကဌ Alan Kemper မှ ပြောကြားပါတယ်။ ပဲပုပ်ကုန်သွယ်မှုတိုးတက်ခြင်းက ၂ နိုင်ငံကုန်သွယ်မှု မျှခြေကို ညွှန်ပြနေတဲ့ တရုတ်- အမေရိကန်ဆက်ဆံရေးကို တိုးမြင့်ဖို့ အကူအညီဖြစ်နိုင်တယ်လို့ တရုတ်ကျွမ်းကျင်ရှင်များက ဆိုပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန် ပဲပုပ်ကို အများဆုံးတင်သွင်းပြီး ပဲပုပ်ကုန်သွယ်မှုဟာ တရုတ်- အမေရိကန် ကုန်သွယ်မှုမျှခြေတိုးတက်ဖို့မှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတယ်လို့ Kamper က ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ယခင်နှစ် အမေရိကန် ထုတ်လုပ်မှုရဲ့ ၄ ပုံ ၁ ပုံကို တင်သွင်းခဲ့တယ်လို့ အသင်းက ဆိုပါတယ်။ အမေရိကန်နိုင်ငံဟာ ၎င်းရဲ့ စိုက်ပျိုးရေးကဏ္ဍကို ကြီးကြီးမားမား အထောက်အပံ့ပေးနေတဲ့အတွက် ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်အတွင်း အကျိုးအမြတ်ပိုမိုရရှိရေးဟာ နိုင်ငံ အတွက်အရေးပါတယ်လို့ တရုတ်နိုင်ငံ သတင်းအချက်အလက်ဌာန၊ စီးပွားရေးခန့်မှန်းတွက်ချက်မှုဌာနမှ သုတေသနပညာရှင် Zhang Monan က ဆိုပါတယ်။ မြေနဲ့ရေအရင်းအမြစ်ကို ကန့်သတ်ထားတဲ့အတွက် ပြည်တွင်းပဲပုပ်ထုတ်လုပ်မှုလို စိုက်ပျိုးရေးထုတ်ကုန်တွေ အတွက် တရုတ်နိုင်ငံရဲ့ ဝယ်လိုအားကြီးမားမှုကို ပြည့်မီဖို့ အခက်အခဲဖြစ်စေပါတယ်။ ဒါကြောင့် ပြည်ပက စိုက်ပျိုးရေးထုတ်ကုန်တွေကို ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။တင်သွင်းမှု တိုးတက်ခြင်းဟာ ပြည်တွင်းထုတ်လုပ်မှုကျဆင်းလို့ မဟုတ်ဘဲ ပြည်တွင်း ဝယ်လိုအား ကြီးမားလာတာကြောင့်လို့ တရုတ်ပဲပုပ်ထုတ်လုပ်မှုအသင်း ဒုတိယဥက္ကဌ Liu Denggaoမှ ပြောကြားပါတယ်။ တရုတ် နိုင်ငံရဲ့ ပဲပုပ်စိုက်ဧရိယာဟာ ယခင်နှစ်လိုပဲ ပြောင်းလဲခြင်းမရှိဘဲ ကြီးမားကျယ်ပြန့်နေဆဲဖြစ်တယ်လို့ Liu က ဆိုပါတယ်။ တရုတ်နိုင်ငံပြည်တွင်းထုတ်လုပ်မှု တန်ချိန် ၁၅ ဒသမ ၂ သန်းရှိပြီး ၂ဝ၁ဝ ခုနှစ်အတွင်း တင်သွင်းမှုဟာ တန်ချိန် ၅၄ ဒသမ ၈ သန်းအထိ သမိုင်းတင်မြင့်တက်ခဲ့တယ်လို့ အကောက်ခွန်စာရင်းများအရ သိရပါတယ်။ နိုင်ငံရဲ့ ပြည်တွင်းဖူလုံမှုနှုန်းဟာ လက်ရှိမှာ ၂၂ ရာခိုင်နှုန်းသာရှိတယ်လို့ ဆိုပါတယ်။ တင်သွင်းတဲ့ ပဲပုပ်များအားလုံးမှာ မျိုးရိုးဗီဇမြှင့်တင်ထားတဲ့ ပဲပုပ်များဖြစ်ပြီး တိရစ္ဆာန်အစာနဲ့ ဆီကြိတ်ခွဲဖို့မှာ အသုံးပြုပါတယ်။ မေလအတွင်း တင်သွင်းမှုဟာ တန်ချိန် ၄ ဒသမ ၅၆ သန်းရှိလို့ ယခင်နှစ်ထက် ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ယခုနှစ် ပထမ ၅ အတွင်း တင်သွင်းမှုကတော့ ယခင်နှစ်ကာလတူနဲ့ ယှဉ်ရင် ပိုမိုများနေတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: china Daily
ရှမ်းပဲပုပ် လက်ကျန်နည်းချိန် မိုးပဲပုပ်စစိုက် ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဒေသထွက်ကုန်တစ်မျိုးဖြစ်တဲ့ ရေသွင်းပဲပုပ်တွေလည်းပြီးခဲ့တဲ့အပတ်ကစပြီး ဈေးကွက်ကို ဝင်နေပါတယ်။ ဒီတစ်ပတ်မှာလည်းဟိုပုံးမြို့နယ် နမ့်ခုတ်မြို့နယ်တွေရဲ့ပုန်းအင်းဒေသတွေက ပဲပုပ်တွေ ဈေးကွက်ကို ထပ်ပြီးဝင်လာပါတယ်။ စိုက်ဧကလည်းနည်းတာကြောင့် အဝင်ကလည်းသိပ်မများလှပါဘူး။ အထွက် နှုန်းများတဲ့မိုးပဲပုပ်တွေ ကိုလည်း စပြီးစိုက်နေပါပြီ၊ အခုထွက်နေတဲ့ပဲပုပ်တွေကိုတော့ ဝယ်လက်တွေကလည်းအစိုနဲ့ အခြောက်ဆိုပြီး ခွဲဝယ်ယူနေပါ တယ်။ မိုးကလည်း အဆက်မပြတ်ရွာနေတာကြောင့် ပဲပုပ်အခြောက်လှန်းဖို့ အခက်အခဲရှိတာကြောင့် တချို့ကလည်း အစိုအတိုင်းသာရောင်းဝယ်ကြတယ်လို့လည်းသိရပါတယ်။ ဟိုပုံးဈေးကွက်မှာ ပဲပုပ် (အစို) တစ်ပိဿာ ၅ဝဝ ကျပ်၊ ၆ဝဝ ကျပ်၊ (အခြောက်)တစ်ပိဿာ ၆၈ဝ ကျပ်၊ ၇ဝဝ ကျပ် ဈေးရှိပါတယ်။ ပဲပုပ်ဆီအဖြစ်ကြိတ်ရန်အတွက် အဓိကဝယ်ယူနေတယ်လို့ လည်းသိရပါတယ်။ ရန်ကုန်ဝယ်လက်တွေကတော့ ပဲပြား၊ ပဲနို့ရည် ပြုလုပ်ရန်အတွက်လည်းဝယ်ယူနေကြပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ ပဲပုပ်တစ်ပိဿာ ၇ဝဝ ကျပ်၊ ၇၅ဝ ကျပ်ဈေးရှိတယ်လို့တောင်ကြီးကုန်စည်ဒိုင်ကသိရှိရပါတယ်။ ဧဧခိုင်
ဈေးဆက်မြင့်နေတဲ့ ပြည်မြေပဲဆံ ပြည်ဈေးကွက်ကို မြေပဲဆံများ မင်းတုံးဘက်မှ ရေလမ်းဖြင့် ဝင်ရောက်လာသလို အောင်လံဘက်မှလည်း ကုန်းလမ်းဖြင့် ဝင်ရောက်လာတာတွေ့ရပါတယ်။ ဝင်ရောက်လာသော မြေပဲဆံများကို ဆီစက်သမားများနှင့် ပွဲရုံများမှ ပုံမှန်အ ဝယ်ရှိနေလို့ မြေပဲဆံဈေးမှာ ယခင်အပတ်ထက်ဈေးအနည်းငယ်မြင့်လာတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံတစ်ပိဿာကို ၁၈ဝဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၉၅ဝ ကျပ်ဖြင့် တစ်နေ့ကိုအိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
ဆီစက်သမားများအဝယ်ရှိ၍ ဈေးမြင့်လာတဲ့ ပြည်နှမ်း ပြည်ဈေးကွက်တွင်နှမ်းဈေးမှာ ယခင်အပတ်ထက်အနည်းငယ်ဈေးမြင့်လာပါတယ်။ ဆီစက်သမား များမှလည်း မြို့ခံ ပွဲရုံများမှ နှမ်းများကို ဆီကြိတ်ရန် ဝယ်ယူနေတာကြောင့် နှမ်းဈေးမှာ ယခင်အပတ်ထက် ဈေးပြန်မြင့်လာတာတွေ့ရပါတယ်။ ပွဲရုံများသို့လည်း နယ်များမှ အဝင်မရှိခြင်း၊ လှောင်နှမ်းများကို ထုတ်၍ ရောင်းချနေသဖြင့် တစ်နေ့ကို အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၇၅ဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ်ကို ၈ဝဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် တစ်အိတ် ၅ဝဝဝ ကျပ်ခန့် ဈေးမြင့်လာပါတယ်။ နှမ်းဆီဈေးမှာလည်း တစ်ပိဿာကို ယခင်အပတ်ထက် ၁ဝဝ ကျပ်မြင့်ကာ ၃၆ဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် နှမ်းဈေးမြင့်သလို ဆီဈေးပါမြင့်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
အဖြူတစ်လှည့် အမဲတစ်လှည့် တင်ပို့ ခုတလော မူဆယ်နယ်စပ်မှ နှမ်းတင်ပို့မှု ကိုကြည့်တဲ့အခါ ဒီတစ်ပတ်အဖြူတင်လျှင် နောက်တစ်ပတ် အနက်တင်တယ်။ အဖြူတစ်လှည့် အနက်တစ်လှည့်နဲ့ အလှည့်ကျ ဝယ်လိုအားရှိသလိုတွေ့နေရပါတယ်။ ယခုအပတ်မှာတော့ ကန်ဒေါ်လာ ၁၂၃ဝဝဝ တန်ဖိုးရှိ နှမ်းဖြူ ၉၁ ဒသမ ၄၅ တန်တင်ပို့ခဲ့ပြီး ယခင်အပတ်က နှမ်းနက် ၃၅ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံနှမ်း မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၉၈၅၁၇၅ ၁ဝဝ၃၂၄၅ ၁၈ဝ၇ဝ ၁ .၈ ၁၃၇၄ ၁၃၁၇ ၅၇ ၄နှမ်းနက် ၁၁၂၅၇၉၃ ၁ဝ၇၃၄၃ဝ ၅၂၃၆၃ ၄ .၇ ၁၄၆၇ ၁၄၃၃ ၃၄ ၂MIRT (DOBT)
စားအုန်းဆီကြမ်းဈေး ၇ လအတွင်း အနိမ့်ဆုံးကိုကျဆင်း ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်မှုမြင့်တက်လာတာကြောင့် သိုလှောင်မှုမြင့် တက်မယ့်မျှော်လင့်ချက်များနဲ့ အခြားကုန်စည်တွေ ဈေးကျဆင်းတာကြောင့် မလေးရှား စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ ၇ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မလေးရှားဘာစာကုန်စည်ဒိုင်မှာ စက်တင်ဘာလ စားအုန်းဆီကြမ်း စာချုပ်ဈေးဟာ ၁ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး ရင်းဂစ် ၃၁၃၆ (ကန်ဒေါ်လာ ၁ဝ၃၂) ကို ကျဆင်းခဲ့လို့ နိုဝင်ဘာလ ၂၃ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။ တရုတ်တင်သွင်းသူများရဲ့ ခိုင်မာတဲ့ ဝယ်လိုအားက အကန့်အသတ်ဖြစ်သွား ခြင်းဟာ ဈေးနှုန်းကို ကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ အရှေ့အလယ်ပိုင်းပွဲတော် အတွက် ဝယ်ယူမှုနဲ့ တရုတ်နိုင်ငံရဲ့ အဝယ်ပြီးဆုံးခြင်းက ဈေးပိုမိုကျဆင်းဖို့ ဖြစ်စေ တယ်လို့ ကွာလာလမ်ပူမှ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မလေးရှားနိုင်ငံရဲ့ ထုတ်လုပ်မှု လက်ရှိမြင့်တက်နေခြင်းက မေလကုန်မှာရှိတဲ့ အရန်သိုလှောင်မှု တန်ချိန် ၁ ဒသမ ၉၂ သန်းထက်ပိုမိုဖို့ ဖြစ်စေပါတယ်။ လက်ကျန် ပမာဏ ဆက်လက်တိုးတက်နေလို့ ဇွန်လကုန်မှာ တန်ချိန် ၂ ဒသမ ၁ သန်း- ၂ ဒသမ ၁၅ သန်းခန့်အထိ ရှိလာနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ဘီစကစ်မှ ရှန်ပူနဲ့ အိုက်စကရင်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ စားအုန်းဆီဈေးဟာ ပဲပုပ်ဆီဈေးနဲ့ ဈေးကွာခြားမှုများခြင်းကလည်း ဝယ်လိုအားကို တိုးတက်စေပါတယ်။ ဒါ့အပြင် သြဂုတ်လမှာစတင်မယ့် အစ္စလမ်ဘာသာဝင်တို့ရဲ့ ဥပုသ်လအတွက်လည်း အဝယ်တိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ ယခုအချိန်မှာ အရှေ့အလယ်ပိုင်း တင်သွင်းသူများဟာ လိုအပ်ချက်ရဲ့ ၈၅ ရာခိုင်နှုန်းနီးပါး တင်သွင်းပြီးဖြစ်လို့ ဇူလိုင်လလယ်မှာ အပြည့်အဝတင်သွင်းပြီးတော့မယ်လို့ ဆိုပါတယ်။ ဒါကြောင့် မလေးရှားနိုင်ငံရဲ့ လက်ကျန်ပမာဏဟာ ပိုမိုမြင့်တက်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ သန့်စင်ပြီး Palm olein အတွက် ချက်ချင်းတင်ပို့ရမယ့်ဈေးဟာ အာဂျင်တီးနား ပဲပုပ်ဆီဈေးထက် တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ လျော့ကျနေတယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာသင်္ဘော တင်ရ မယ့် စားအုန်းဆီဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၉၂ ဒသမ ၅ဝ ဈေးဖြစ်ခဲ့ပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ကို ရင်းဂစ် ၅ဝ (ကန်ဒေါ်လာ ၁၆ ဒသမ ၄၆) လျော့ကျပြီး တစ်တန်ကို ရင်းဂစ် ၃၁၉ဝ (ကန်ဒေါ်လာ ၁ဝ၅ဝ) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊ Source: palmoilhq.com
ပြည်ပဲပုပ်လည်း လက်လီသမားများသာ အရောင်းအဝယ်ဖြစ် ပြည်ဈေးကွက်တွင် ပဲပုပ်မှာ လက်လီဈေး ၁၇၅ဝဝ ကျပ်၊ လက်ကားဈေး ၁၆၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါတယ်။ နေ့စဉ်လက်လီ ဝယ်ယူ သူများရှိတာကြောင့် တစ်နေ့ကို ၄ အိတ်မှ ၆ အိတ်အတွင်း အရောင်း အဝယ် ဖြစ်ပါတယ်။ ပြည်ဈေးကွက်မှာ ပဲပုပ်လက်ကျန်နည်းနေပြီး လက်ကျန် ရှိသည့် ကုန်သည်အချို့မှ ထုတ်ရောင်း ခြင်းဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းမှာ မိုးပဲပုပ်ဧက ၂ဝဝ ကျော် စိုက်ပိုျးပြီးပြီလို့လည်း သိရပါ တယ်။ ဆုမွန်မွန်ဆွေ
လက်လီသမားများသာ အရောင်းအဝယ်ဖြစ်တဲ့ စစ်ကိုင်းပဲပုပ် ယခုအချိန်က မိုးသီးနံှများ စိုက်ပျိုးတဲ့ ကာလဖြစ်လို့ စစ်ကိုင်းတိုင်းဒေသ ကြီးရဲ့ ၂ဝ၁၁-၁၂ ခုနှစ် မိုးပဲပုပ် စိုက် ပျိုးဖို့ လျာထားဧက ၂ ထောင်ကျော် ကိုအားလုံးစိုက်ပျိုးပြီးကြောင်း သိရပါတယ်။ ယခု ရောင်းဝယ်နေတာက ဆောင်းမှာ စိုက်ခဲ့တဲ့ ပဲပုပ်များဖြစ်ပြီး မြောင်မြို့နယ် လှေဦးတင်ကျေးရွာ၊ နဘက်ကျေးရွာ၊ ပရိမ္မကျေးရွာများမှ ပဲပုပ်များ မုံရွာကုန်စည်ဒိုင်သို့ ဝင်ရောက် လာပြီး လက်လီသမားများသာ ရက်ခြား အရောင်းအဝယ်ဖြစ်ကြောင်း၊ အရောင်း အဝယ်ဖြစ်တဲ့ နေ့များမှာ ပဲပုပ်တင်း ၁ဝဝ၊ ၂ဝဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုနှစ် ဇွန်လ အတွင်း ပဲပုပ်စေ့တစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၇၅ဝ ကျပ်-၇၈၉ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပြီး ယခင်နှစ်ကာလတူ ဈေးမှာ ၈၃၃ ကျပ်-၈၆၁ ကျပ်ဈေး ပေါက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
အဝယ်လိုက်တဲ့ စစ်ကိုင်းမြေပဲ စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များမှ မြေပဲများ မုံရွာကုန်စည်ဒိုင်သို့ ဝင်ရောက်လာပါတယ်။ တရုတ်ဝယ်လက်ရှိလို့ မုံရွာကုန်စည်ဒိုင်မှာ မြေပဲအဝယ်လိုက်လာကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို မြေပဲဆံနီ၊ ဖြူနဲ့ မြေပဲလုံးဆံ တင်း ၇ဝဝ ကျော်အရောင်းအဝယ်ဖြစ်ပြီး ယခုလအတွင်း မုံရွာကုန်စည်ဒိုင်မှာ မြေပဲတစ်ပိဿာပေါက်ဈေး အနိမ့်အမြင့်မှာ မြေပဲဆံနီ ၁၉၅ဝ ကျပ်-၂၁၅ဝ ကျပ်၊ မြေပဲဆံဖြူ ၁၇ဝဝ ကျပ်-၁၇၅ဝ ကျပ်၊ မြေပဲလုံးဆံ ၂ဝ၃၆ ကျပ်-၂၂၁၄ ကျပ်၊ ပဲဖတ် ၅၄ဝ ကျပ်-၅၅ဝ ကျပ်၊ ပဲဆီ လက်ကားတစ်ပိဿာ ၃၇၅ဝ ကျပ်၊ လက်လီ ၄ဝဝဝ ကျပ်ဈေးအသီးသီးနဲ့ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ စီးထွက်မှုအနေနဲ့ ဇွန်လ ၁၅ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးသို့ မြေပဲဆံနီ၊ ဖြူနဲ့ မြေပဲလုံးဆံတင်း ၃ဝဝဝ ခန့်စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
