Background
ပြည်ဈေးကွက်တွင် ကျွန်းမြေပဲများ အရောင်းအဝယ်ဖြစ် ပြည်ဈေးကွက်ကို မင်းတုန်း၊ ကံမမြို့နယ်များမှ ကျွန်းမြေပဲများ တစ်နေ့ကို အိတ် ၁ဝဝဝ ခန့် ဝင်ရောက်လာတာ တွေ့ရပါတယ်။ ရိုးရိုးဆီကြိတ်မြေပဲဆံများမှာ အဝင်နည်းနေသဖြင့် ပြည်ဈေးကွက်တွင် ကျွန်းမြေပဲများသာ အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံ ကျွန်းမြေပဲတစ်ပိဿာကို ၁၆၂၅ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၈ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာကို ၄ဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်ဈေးထက် ကျလာခဲ့တာ ကို တွေ့ရပါတယ်။ ဆွေဆွေမင်း
ဆီစက်သမားများ ပုံမှန်အဝယ်ရှိနေတဲ့ ပြည်နှမ်းနီ ပြည်ဈေးကွက်တွင် ဆီကြိတ်နှမ်းနီဈေးမှာ ယခင်အပတ်အတိုင်း ဈေးငြိမ်နေပြီး နှမ်းနက်ဈေးမှာ ယခင်အပတ်ထက် ဈေးထပ်ကျလာတာတွေ့ရပါတယ်။ နှမ်းနီမှာ အဝင်မရှိပေမဲ့ မြို့တွင်းလှောင်နှမ်းများကို ဆီကြိတ်နေသဖြင့် ဆီဈေးမှာလည်း ယခင်အပတ်အတိုင်း ငြိမ်နေတာတွေ့ရပါတယ်။ နှမ်းနက်မှာ အဝင်မရှိ အထွက်မရှိသဖြင့် ဈေးဆက်ကျနေတာတွေ့ရပါတယ်။ နှမ်းနီ ၄၅ ပိဿာ တစ်အိတ်ကို ၈၂ဝဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေသော်လည်း နှမ်းနက် ၄၅ ပိဿာတစ်အိတ်ကို ၇၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ထက်ဈေးကျလာတာတွေ့ရပါတယ်။ နှမ်းဆီတစ်ပိဿာကို ၃၆ဝဝ ကျပ်ဈေးဖြင့် တစ်နေ့ကို ၅ ပီပါခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
ယခုအပတ်နယ်စပ်မှ နှမ်းပို့ မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ နှမ်းဖြူ ၁၃ ဒသမ ၂၅ တန်နဲ့ နှမ်းဖြူအခွံချွတ် ၄ တန် စုစုပေါင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၂၁ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က နယ်စပ်မှ နှမ်းတင်ပို့နိုင်ခဲ့ခြင်းမရှိဘဲ ယခုအပတ်မှာ ပြန်လည်တင်ပို့လာနိုင်ခဲ့ပါတယ်။ ပြည်တွင်းနှမ်းဈေးနှုန်းမှာ နှမ်းနက် တစ်တန်ကို ၁၁၈၈၇ဝ၂ ကျပ်၊ နှမ်းဖြူတစ်တန်လျှင် ၉၈ဝဝဝဝ ကျပ်မှ ၉၉၃၆၁၁ ကျပ်ထိရှိနေပါတယ်။ တစ်ဘက်နိုင်ငံ ရွှေလီဝယ်ဈေးမှာ ပြောင်းလဲမှုမရှိဘဲ နှမ်းဖြူ ၁ တန်ယွမ် ၈၃၈ဝ မှ ၉ဝ၈ဝ ထိရှိပြီး နှမ်းနက် ၁ တန် ယွမ် ၁ဝ၂၈ဝ မှ ၁၁၂၈ဝ မှာ ဈေးတန့်နေလျက်ရှိပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံနှမ်းမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါ တယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းနက် (ကောင်း) ၁၁၉၇၄၃၂ ၁၂၂၁၉၃၂ ၂၄၅ဝဝ ၂ ၁၃၇ဝ ၁၃၇ဝ - -နှမ်းဖြူ (ကောင်း) ၁၄၄၃၃၁၇ ၁၄၆၇၈၁၇ ၂၄၅ဝဝ ၁ .၇ ၁၆၇၄ ၁၆၇၅ ၁ ဝ .ဝ၆MIRT (DOBT)
ပင်လယ်ရေကြောင်းက နှမ်းတန် ၂ဝဝ ကျော်သာတင် ဂျပန်အပို့နည်းပြီး ကိုရီးယားနဲ့ မလေးကိုပို့ ယခုသီတင်းပတ်များအတွင်း နှမ်းတင်ပို့မှုက တစ်ပတ်ထက်တစ်ပတ်လျော့ကျလို့ လာတာတွေ့ရပါတယ်။ ယခင် သီတင်းပတ်က ပင်လယ်ရေကြောင်း တင်ပို့မှု တန်ချိန် ၃ဝဝ ကျော်ရှိခဲ့ရာမှ ယခုသီတင်းပတ်မှာ တန်ချိန် ၂ဝဝ ကျော် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ အဓိကတင်ပို့နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ဆူနာမီဂယက်ကြောင့် ဂျပန်နိုင်ငံကို တင်ပို့မှု သိသိသာသာ လျော့ကျတာတွေ့ရပြီး ဒီတစ်ပတ်ကိုရီးယားနဲ့ မလေးရှားကို တင်ပို့မှုများတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း နှမ်းတင်ပို့မှုအနေနဲ့ မတ်လ ၁၁ ရက်နေ့အထိ တန်ချိန် ၇၈ဝဝဝ ကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၈၅ဝဝဝ ကျော် တင်ပို့နိုင်တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ မတ်လ ၁၉ ရက်မှာ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၅၃၅-၁၅၆၅နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၃၆ဝ-၁၄ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ပြည်ဈေးကွက်တွင် နှမ်းနီဈေးငြိမ်ပြီး နှမ်းနက်ဈေးအနည်းငယ်ကျ ပြည်ဈေးကွက်တွင် နှမ်းနီဈေးမှာ ဈေးငြိမ်နေပြီး၊ နှမ်းနက်ဈေးမှာ ဈေး အနည်းငယ်ကျသွားတာတွေ့ရပါတယ်။ နှမ်းနီမှာ အဝင်အနည်းငယ်ရှိပေမဲ့ လှောင်လက် နှမ်းများကြောင့် ဆီကြိတ်ရန်ဖူလုံနေသဖြင့် နှမ်းနီဈေးမှာ ဆက်တက်မသွားဘဲ ငြိမ်နေခဲ့ပါတယ်။ နှမ်းနက်မှာ အိတ်စပို့သမားများ အဝယ်မရှိသဖြင့် ယခင်အပတ်ထက် ဈေးကျသွားပါတယ်။ နှမ်းနီ ၄၅ ပိဿာ တစ်အိတ်လျှင် ၈၂ဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ်လျှင် ၇၈ဝဝဝ ကျပ်ဈေးဖြင့် နှမ်းနီမှာဆီကြိတ်ရန်အတွက် တစ်နေ့လျှင် အိတ် ၆ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းဆီဈေးမှာ ယခင်အပတ်အတိုင်း တစ်ပိဿာ ၃၆ဝဝ ကျပ်ဈေးဖြင့် ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ဝေဝေမင်း
ဈေးငြိမ်နေတဲ့ ပြည်ပဲပုပ် ပြည်ပဲပုပ်မှာ ပိဿာ ၂ဝ တစ် တင်းကို ၁၆ဝဝဝ ကျပ်ဖြင့် ဆက်လက် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ လယ်မှစ၍ ယခုမတ်လ ဒုတိယပတ်ထိ အဝင်ပါးနေတဲ့အတွက် ဆက်လက်ဈေးငြိမ်နေပြီး အရောင်းအဝယ်လည်း ပါးနေပါတယ်။ အဝင်ပါးနေတဲ့အတွက် ယခုလမှာ အခြားတိုင်းသို့ တင်ပို့နိုင်ခြင်းမရှိကြောင်း သိရပါတယ်။ တိုင်းအတွင်းမှာတော့ လုပ်ငန်း သုံးသမားများဖြင့်သာ အရောင်းအဝယ် အနည်းငယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
နှမ်းဈေးမပြောင်းသော်လည်း တင်ပို့မှု မရှိ ယခုအပတ်နယ်စပ်မှ နှမ်းမျိုးစုံတင်ပို့နိုင်မှုမရှိခဲ့ပါဘူး။တရုတ်နိုင်ငံမှ နှမ်းဝယ်လိုအားရှိသော်လည်း လက်ရှိ ပြည်တွင်း သယ်ယူစရိတ်ကြောင့် အရောင်းအဝယ် ပါးလျက်ရှိပါတယ်။ နယ်စပ်မှ ဧပြီလမှ ဖေဖော်ဝါရီလကုန်ထိ နယ်စပ်မှ နှမ်းတင်ပို့ နိုင်မှုမှာ ၄၁ဝဝဝ တန်ရှိပြီဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံမှာ နှမ်းဖြူ ဈေးကျလျက် ရှိသော်လည်း နှမ်းနက်ဈေးမှာမူ မြင့်တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ နှမ်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၂၂၁၉၃၂ ၁၂၃၅၄၃၂ ၁၃၅ဝဝ ၁ ၁၃၆၉ ၁၃၈၂ ၁၃ ၁နှမ်းနက် ၁၄၆၇၈၁၇ ၁၄၅ဝ၇၃၁ ၁၇ဝ၈၆ ၁ ၁၆၇၄ ၁၆၅၆ ၁၈ ၁MIRT (DOBT)
ယခင်တစ်ပတ်ထက် ဒီတစ်ပတ် နှမ်းအတင်လျော့ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုက တန်ချိန် ၅ဝဝ ခန့် ရှိခဲ့ရာက မတ်လပထမပတ်မှာတော့ တန်ချိန် ၃ဝဝ ကျော်သာတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဂျပန်၊ ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူ တို့ဖြစ် ပါ တယ်။ ပြည်တွင်းဈေးကွက်တချို့မှာတော့ နှမ်းလက်ကျန်နည်းလာပြီဖြစ်ပြီး နယ်စပ်တရုတ်ဝယ်လက်တို့ အဆွဲပုံမှန်ရှိလို့ နှမ်းဈေး က ခိုင်မာနေပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခုတစ်ပတ်မှာ သိပ္ပံနှမ်းနက်တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၅၃၅-၁၅၆၅ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃၆ဝ-၁၄၁ဝ အသီးသီး ရှိကြောင်း သိရပါတယ်။ MIRT - MAPT
စားအုန်းဆီကြမ်းဈေးနှုန်း ယခုနှစ် ကန်ဒေါ်လာ ၁၃ဝဝ ကျော်အထိ မြင့်တက်လာနိုင် ဇီဝလောင်စာအတွက် ဝယ်လိုအားတက်နေတာကြောင့် ယခုနှစ်မှာ စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃၁၈) ထိမြင့်တက်ဖွယ်ရှိတယ်လို့ ထုတ်လုပ်လေ့လာဆန်းစစ်Dorab Mistry က ပြောကြားပါတယ်။ ၎င်းပြောကြားချက်အရ အနောက်အာရှနဲ့ မြောက်အာဖရိက နိုင်ငံတွေမှာ မသေချာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဇီဝ လောင်စာအတွက် ဝယ်လိုအားဟာ အနည်းဆုံး တန်ချိန် ၂ ဒသမ ၅ သန်းထိ တိုးလိမ့်မယ်လို့ ဆိုပါ တယ်။ ရှေ့လတွေမှာ နိုင်ငံရေးမတည်မငြိမ်မှုများ ဆက်ဖြစ်နေမယ်ဆိုရင် စွမ်းအင်ဈေးနှုန်းတွေ ဆက်လက်မြင့်တက် နိုင်တာကြောင့် ဇီဝလောင်စာ အဝယ်ဘက်ကို တိုးလာမှာဖြစ်တယ်လို့ စားအုန်းဆီညီလာခံနဲ့ ၂ဝ၁ဝ ပြပွဲမှာပြောကြားခဲ့ကြောင်း သိရပါတယ်။ နိုင်ငံရေး အခြေအနေအရ ရေနံဈေးနှုန်း မြင့်တက်ခြင်းနဲ့အတူ လက်ရှိ စားအုန်းဆီကြမ်းဈေးလည်း လိုက်ပါမြင့်တက် နေတယ်လို့ ဆိုပါတယ်။ ရေနံဈေးနှုန်းမြင့်တက်ခြင်း၊ စားအုန်းဆီလက်ကျန်နည်းခြင်းနဲ့ ဝယ်လိုအား တိုးတက်နေခြင်းကြောင့် နောက်သီတင်း ၁ဝ ပတ်အတွင်းမှာ စားအုန်းဆီ ကြမ်းဈေးနှုန်းဟာ စံချိန်သစ် တင်လောက်တဲ့အထိ မြင့်တက်နိုင် တာကြောင့် ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃၁၈)ကို မကြာမီ သီတင်းပတ် တွေမှာ ရောက်ရှိ လာနိုင်တယ်လို့ ၎င်းက ထပ်လောင်းပြောကြားပါတယ်။ ယျေဘုယျဘဏ္ဍာရေးအခြေအနေ ကျဆင်းခြင်းနဲ့ ရုတ်တရက် ဈေးကွက် ကျဆင်းသွားခြင်းမျိုးမရှိဘူးဆိုရင် ဒီနှစ်ရဲ့ စားအုန်းဆီကြမ်း ဈေးနှုန်း က ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၈၉) အောက် ရောက်ရှိနိုင်မှာ မဟုတ်ဘူး လို့ ဆိုပါတယ်။ ထုတ်လုပ်မှုအနေနဲ့ မလေးရှားနိုင်ငံက တန်ချိန် ၁၇ ဒသမ ၃ သန်း ထွက်ရှိနိုင်ပြီး အင်ဒိုနီးရှားကတော့ မနှစ်ကထက် တန်ချိန် ၁ ဒသမ ၅ သန်းပိုပြီး တန် ချိန် ၂၄ သန်းအထိ ထွက်ရှိနိုင်တယ်လို့လည်း ၎င်းက ပြောကြားပါတယ်။ ယုဇန၊ ှSource: Bernama. com
အဝင်နည်းလို့ ဈေးမာနေတဲ့ ပြည်နှမ်း ပြည်ဈေးကွက်ကို နှမ်းအဝင်နည်းသွားသဖြင့် နှမ်းဈေးမှာ ဆက်လက်မာလျက်ရှိပါတယ်။ မြန်အောင်၊ ကြံခင်းနဲ့ မင်းတုန်းဘက်မှ တစ်နေ့ကို အိတ် ၃ဝဝ ခန့်ဝင်ရောက်လာသဖြင့် ဆီစက်သမားများမှ ဆီကြိတ်ဖို့ လုံလောက်မှု မရှိခြင်းကြောင့် မိုးနှမ်းလက်ကျန်များကို ဆီကြိတ်နေသဖြင့် နှမ်းဈေးမှာ ဆက်လက်ဈေးမာလျက်ရှိပါတယ်။ နှမ်းနီ ၊ နှမ်းနက် ၄၅ ပိဿာ တစ်အိတ်ကို ၈၂ဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် တစ်နေ့ကို အိတ် ၅ဝဝ-၆ဝဝ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါ တယ်။ နှမ်းဆီ တစ်ပိဿာကို ၃၆ဝဝ ကျပ်ဈေးဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ ဝေဝေမင်း
