Main menu

Background

Sunday, 30 Jan 2011

ပင်လယ်ရေကြောင်း နှမ်းအတင် တန်ချိန် ၅ဝဝ ရှိ             ယခင်သီတင်းပတ် ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၆၂ဝ ကျော်ထိ တင်ပို့ခဲ့ပြီး ဇနု်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်အထိ တစ်ပတ်အတွင်းမှာတော့ တန်ချိန် ၅ဝဝ တင်ပို့မှုရှိခဲ့ပါတယ်။တင်ပို့တဲ့ နိုင်ငံတွေက တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ စင်ကာပူ တို့ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက် နှမ်းအသစ်တွေ ဝင်ရောက်နေပြီး ဒေသတွင်း ဆီစက်များက ဝယ်ယူမှုရှိသလို တရုတ်ဘက်ကလည်း အဝယ်ပုံမှန် ရှိနေလို့ ဈေးမြင့် တက်လာတယ်လို့ သိရပါတယ်။ ပင်လယ်ရေကြောင်း တင်ပို့သူတွေ အနေနဲ့ ပြည်ပ အဝယ်ရှိပေမဲ့ ပို့ကုန်တစ်ယူနစ်တန်ဖိုး ကျဆင်းတဲ့အတွက် ဈေးသိပ်မကိုက်လို့ များများမတင်ပို့နိုင်ဘူးလို့ နှမ်းကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၉၅ဝ-၂ဝဝဝ၊ ရိုးရိုးနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၆၅ဝ-၁၇ဝဝ၊ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။                        MIRT-MAPT

Friday, 28 Jan 2011

ဟင်္သာတ ပဲပုပ် အဝင်နည်းပြီး ဈေးမာ          ဟင်္သာတ ပဲဈေးကွက်ကို ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ပဲပုပ်စဝင်လာ ခဲ့ပါတယ်။ ဇန်နဝါရီလ ဒုတိယပတ် အတွင်း ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာများနဲ့ မြန်အောင်၊ အင်္ဂပူမြို့ နယ်များမှ တစ်ရက်ကို အိတ် ၄ဝဝ ခန့် အဝင်များခဲ့ပြီးယခုဇန်နဝါရီလ တတိယပတ်မှာ တစ်ရက်ကို အိတ် ၂၅ဝ ခန့် သာအဝင်ရှိခဲ့ပါတယ်။ ပဲပုပ်ဈေးနှုန်း ဟာလည်း ယခင်အပတ်က တစ်တင်း ၁၅၅ဝဝ ကျပ်ဈေးရှိပြီး ယခုဒီဇင်ဘာ တတိယပတ်မှာ တစ်တင်း ၁၅၇ဝဝ ကျပ်သို့ မြင့်ခဲ့ပါတယ်။ ပဲပုပ်တင်ပို့မှုက ရန်ကုန်ဈေးကွက်ကို တစ်ရက်ပျမ်းမျှ တစ်တင်းခွဲအိတ် ၂၅ဝ ခန့် တင်ပို့နိုင် တယ်လို့ သိရပါတယ်။                                            အေးအေးခိုငိ 

Friday, 28 Jan 2011

မိုးမြေပဲလက်ကျန်နည်းချိန် အဝင်ရှိသလောက်အဝယ်သွက်လို့ ဈေးမာတဲ့ ပြည်မြေပဲဆံ            ပြည်ဈေးကွက်တွင် မိုးမြေပဲလက်ကျန်နည်းချိန်တွင် ဆောင်းမြေပဲ အသစ်များကို မင်းတုန်း၊ ရွှေတောင်၊ ကံမနဲ့ အောင်လံမြို့နယ်တို့မှ တစ်နေ့ကို အိတ် ၈ဝဝ ခန့်ဝင်ရောက်လာတာတွေ့ရပါတယ်။ နေ့စဉ်ဝင်ရောက်မှုမှာ အဝင်နည်း နေလို့ ဆီစက်သမားများမှ အဝင်ရှိသလောက်အဝယ်ရှိနေသဖြင့် မြေပဲဆံဈေးမှာ မြင့်တက်လျက်ရှိပါတယ် ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို ၁၇၂၅ ကျပ် နဲ့ ၁၇၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာ ၁၈ဝဝ ကျပ်ထိ ဈေးမြင့်လာတာ တွေ့ရပါတယ်။ ပြည် ဈေးကွက်တွင် မြေပဲဆံဈေး မြင့်သလို မြေပဲဆီဈေးမှာလည်း တစ်ပိဿာ ၃၈ဝဝ ကျပ်အထိ ဈေးမြင့်လာတာ တွေ့ရပါတယ်။ ဝေဝေမင်း

Friday, 28 Jan 2011

စီးထွက်မှုအားကောင်းတဲ့ စစ်ကိုင်းနှမ်း           စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နှမ်းသီးနံှကို နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး လျာထားစိုက်ဧကအပြည့် စိုက်တာကြောင့် နှမ်းအသစ်များအဆက်မပြတ် ထွက်ပေါ်ပြီး ရောင်းဝယ်မှုကလည်း အစဉ်အမြဲသွက်လျက် ရှိပါတယ်။ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦး၊ အရာတော်၊ မြောင်မြို့နယ်များမှ နှမ်းများ မုံရွာမြို့သို့ ဝင်ရောက်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုလ ၁၈ ရက်အတွင်း နှမ်းတစ်ပိဿာ ပေါက်ဈေးနိမ့်/မြင့်မှာ နှမ်းညို ၁၄၃၃ ကျပ်- ၁၅ဝဝ ကျပ်၊ နှမ်းနီ ၁၅ဝဝ ကျပ်- ၁၅၈၇ ကျပ်၊ နှမ်းဖြူ ၁၄၆၇ ကျပ်- ၁၆ဝဝ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပါတယ်။ တိုင်းအတွင်းမှ စီးထွက် အများဆုံး သီးနံှမှာနှမ်းဖြစ်ပြီး ယခုလအတွင်း မန္တလေးမြို့သို့ နှမ်းဖြူ၊ နီ၊ ညိုတင်း ၆၆ဝဝ ကျော် စီးထွက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ နှမ်းဖြူ ၊ နီ၊ ညို တင်း ၃ဝဝ ကျော် အရောင်းအဝယ်ဖြစ်ပြီး နှမ်းဆီတစ်ပိဿာ ပေါက်ဈေးမှာ လက် ကား ၃ဝဝဝ ကျပ်၊ လက်လီ ၃၂ဝဝ ကျပ်၊ နှမ်းဖတ် ၆၂ဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။                                                         သန်းသန်းတင်

Sunday, 16 Jan 2011

အရောင်းအေး ဈေးအေးနေတဲ့ ဟင်္သာတ ပဲပုပ်               ဟင်္သာပဲပုပ်တစ်တင်းလျှင် ၁၅၅ဝဝ ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ပြီး၊ ယခုဇန်နဝါရီလ ဒုတိယပတ် တွင်လည်း ၁၅၅ဝဝ ကျပ်ဖြင့် ဈေးငြိမ် နေပါသည်။ အရောင်း အဝယ်ဖြစ်မှု အနေနဲ့ ဒေသတွင်း အိတ် ၃ဝဝ ခန့်သာ ရှိပြီး၊ ယခင်အပတ်ထက် အရောင်းအေး သွားပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန် ဈေးကွက်သို့ ပျမ်းမျှတစ်တင်းခွဲဝင်အိတ် ၃ဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။အေးအေးခိုင်

Sunday, 16 Jan 2011

ပဲပုပ်လက်လီသမားများဖြင့်ပြည်ပဲပုပ် အရောင်းအဝယ်ဖြစ်            ပြည်ပဲပုပ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၁၅ဝဝဝ ကျပ်ဖြင့် ဈေးငြိမ် အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲပုပ်ကိုကံမ၊ ပန်းတောင်း၊ ဥသျှစ်ပင်နဲ့ ပေါက်ခေါင်းမြို့နယ်များမှ တစ်နေ့ကို အိတ် ၂ဝ ကျော် အဝင်ရှိ ကြောင်း သိရပါတယ်။ ပြည်ပဲပုပ်မှာ လက်လီသမားဖြင့် နေ့စဉ်အိတ် ၂ဝ- ၃ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်မွန်ဆွေ

Sunday, 16 Jan 2011

ဆောင်းမြေပဲအတွက် အားတက်ဖွယ်                    ပြည်ဈေးကွက်တွင် မိုးမြေပဲတွေပြီးစီးလို့ ဆောင်းမြေပဲတွေ စတင်ထွက်ရှိလာပြီဖြစ်ပါတယ်။ လတ်တလောမှာတော့ ကုန်သည်တွေအနေနဲ့ မြေပဲအတောင့်တွေကို (ပြည်) တင်းအလိုက် ရောင်းချလျှက် ရှိပါတယ်။ ဆီထွက်နှုန်းမကောင်းတဲ့ မြေပဲကိုပြုတ်စားရန်အတွက်ရောင်းချကြပါတယ်။ ဆောင်းမြေပဲ အထွက်စောစောရရှိတဲ့ တောင်သူတွေအနေနဲ့ ဆီစက်တွေ၊ ပွဲရုံတွေကိုတင်ပို့ရောင်းချလျက် ရှိပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ မှာ ဆောင်းမြေပဲစိုက်ပျိုးမှုဟာ ၉၄၆၄၄ ဧကရှိတဲ့အတွက် အားတက် ဖွယ်ဖြစ်ပြီး၊ တိုင်းတွင်းစားသုံးမှု အတွက်လည်း ပိုလံျှမှာဖြစ်ပါတယ်။ ပြည်ဈေးကွက်မှာ မြေပဲတောင့် တစ်တင်းကို ၆၅ဝဝ ကျပ်ရှိပြီး၊ မြေပဲဆီတစ်ပိဿာကို ၃၅ဝဝ ကျပ်၊ မြေပဲဆံတစ်ပိဿာကို ၁၅ဝဝ ကျပ်ရှိကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းကို မကွေးတိုင်း၊ အောင်လံမြို့မှ မြေပဲဆံအိတ်များ တင်ပို့လျက် ရှိပါတယ်။ မကွေးတိုင်းမှ ဝင်လာသော မြေပဲတွေကိုတော့ ပြည်မြို့ရှိဆီစက်များနဲ့ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါတယ်။ အိအိခိုင်

Sunday, 16 Jan 2011

နှမ်းဈေးတက်ပေမဲ့ ဈေးကွက်ထဲ အဝင်ပါးနေ                ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနံှဈေးကွက်မှာ နှမ်းဈေးအနည်းငယ်မြင့်လာသလို စားဆီ ဈေးလည်းမြင့်တက်လာတဲ့အတွက် နှမ်းတောင်သူတစ်ချို့ ဈေးကွက်ထဲနှမ်းရောင်းချမှုနည်းပါးပြီး ကျေးရွာများရှိ တစ်နိုင် တစ်ပိုင်ဆီစက်များမှာ သွားရောက်ဆီကြိတ်မှုတွေ ရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ဖြစ်ပေါ်ခဲ့တဲ့ မုံရွာ ကုန်စည်ဒိုင် နှမ်းဈေးကွက်မှာ နှမ်းညိုတစ်တင်း ၂၁၅ဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်၊ နှမ်းနီတစ်တင်း ၂၂၅ဝဝ ကျပ်မှ ၂၄ဝဝဝ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၂၈ဝဝ ကျပ်မှ ၂၄ဝဝဝ ကျပ်အသီးသီးတက်ဈေးဖြစ်ပေါ်ခဲ့ပြီး စားဆီဈေးတွေကလည်း ပဲဆီတစ်ပိဿာ ၃၂ဝဝ ကျပ်မှ ၃၃၅ဝ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၈၅ဝ ကျပ်မှ ၂၉၅ဝ ကျပ်နဲ့ စားအုန်းဆီ တစ်ပိဿာ ၂၄၆ဝ ကျပ်မှ ၂၅၄ဝ ကျပ်အသီးသီးတက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှမ်းစိုက်ရာသီက မုံရွာနယ်တစ်ဝှမ်း မုန်တိုင်းမိုးမိခဲ့လို့ နှမ်းပင်အများစု အပွင့်ေြွက၊ မှိုကပ်ပြီး နှမ်းအထွက်နည်းခဲ့တယ်လို့ ဆိုပါတယ်။ ယခုလအတွင်း မုံရွာကုန်စည်ဒိုင်မှာ နှမ်းအဝင်ပုံမှန်သာရှိခဲ့ပြီး မန်းအဆွဲလည်း ငြိမ်နေတာ တွေ့ရပါတယ်။ ဇန်နဝါရီလ ၁၂ ရက်နေ့ထိ မုံရွာဈေးကွက်ကနေ မန္တလေးကို နှမ်းတင်း ၂၅ဝဝ ခန့်သာ စီးထွက်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ မုံရွာနယ်ရဲ့ ဖွံ့ဖြိုးတဲ့ ကျေးလက်တွေမှာ ဆီစက်ငယ်တွေနဲ့ နှမ်းတစ်တင်း ဆီကြိတ်ခ ၁ဝဝဝ ကျပ် (နှမ်းဖတ်ပြန်ပေး) စနစ်နဲ့ လုပ်ငန်း တွင်ကျယ်လျက်ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Sunday, 16 Jan 2011

အဝင်နည်း၍ ဈေးမြင့်လာတဲ့ ပြည်ဆောင်းနှမ်း              ပြည်ဈေးကွက် နှမ်းအရောင်းအဝယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ မင်းတုန်း၊ ကံမနဲ့အောင်လံဘက်မှ ယခင်မိုးနှမ်းလှိုင်လှိုင်ပေါ်ချိန်တွင် တစ်နေ့လျှင် အိတ် ၁၅ဝဝ ခန့်အထိ အဝင်ရှိသော်လည်း ယခုမိုးနှမ်းကုန်၍ ဆောင်း နှမ်းပေါ်ချိန်တွင် တစ်နေ့လျှင် အိတ် ၄ဝဝ မှ ၅ဝဝ အထိသာ အဝင်ရှိပြီး နှမ်းဈေးမှာ လည်း အနည်းငယ်တက်လျက်ရှိပါတယ်။ နှမ်းနီကို မြို့ခံဆီစက်များမှ ပုံမှန်အဝယ် ရှိနေသဖြင့် နှမ်းနီ ၄၅ ပိဿာ ဝင်တစ်အိတ်လျှင် ၇၄ဝဝဝ ကျပ်ဈေးဖြင့် ယခင် အပတ်ထက် ဈေးမြင့်လာပါတယ်။ နှမ်းနက်ဈေးအနေနဲ့ ကတော့ ယခင်အပတ် အတိုင်း ဈေးငြိမ်နေပါတယ်။ နှမ်းနက်ကို ရန်ကုန်တိုင်း ဒေသကြီးသို့ ဒီဇင်ဘာလအတွင်းက အိတ် ၁၄ဝဝ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ဆွေဆွေမင်း

Sunday, 16 Jan 2011

နှမ်းရောင်စုံတင်ပို့မှု နှမ်းအနည်းငယ်ပို့                      မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဇန်နဝါရီလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ သန်းကျော် တန်ဖိုးရှိ နှမ်းရောင်စုံတန် ၁၇ဝဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းအမျိုးအစား အလိုက် တင်ပို့နိုင်မှုကတော့ နှမ်းဖြူ ၂ဝ၆ တန်ကျော်၊ နှမ်းနက် ၁ဝ၅၂ တန်ကျော်နဲ့ နှမ်းအခွံချွတ် ၄၄၉ တန်တို့ ဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ် (၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေ ဟော် နယ်စပ်စခန်းများမှ နှမ်း ၁၅၇ဝ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၁၃ဝ ကျော်တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ပြည်တွင်းနှမ်းဈေးမှာ နှမ်းဖြူ တစ်တန် အလတ် ကျပ် ၉ ဒသမ ၂၅ သိန်းနှင့် အရည်အသွေးကောင်းရင် ကျပ် ၉ ဒသမ ၈ဝ သိန်း၊ နှမ်းနက် အညံ့ကျပ် ၁ဝ ဒသမ ၈၈ သိန်းနဲ့အရည်အသွေးကျပ် ၁၄ ဒသမ ၁ဝသိန်း ဝန်းကျင် ရှိပါတယ်။ ယခုရက်ပိုင်းအတွင်း တရုတ် နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ် ဝယ်လိုအားရှိပြီး ရွှေလီ မှာတော့ ယွမ် ၁၂၅ဝဝ နဲ့ ဝယ်ယူလာပြီး လဆန်းပိုင်းက ထက် ယွမ် ၅ဝဝ ခန့် ပိုမြင့်တယ်လို့ သိရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ် နှမ်း မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်။                                                        မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု         ယခင်         ပြောင်းလဲမှု        %          ယခု             ယခင်             ပြောင်းလဲမှု          %နှမ်းဖြူ           ၁၁၃၈၆ဝ၂    ၁၁၅၈၂၄၇   ၁၉၆၄၆           ၁ .၇      ၁၂၅၂           ၁၃၁၈                ၆၆                   ၅နှမ်းနက်        ၁၅၅၁၃၂၂    ၁၅၁၁၅၁၈    ၃၉၈ဝ၄          ၂ .၅       ၁၇၈ဝ           ၁၅၉ဝ               ၁၉ဝ                ၁ဝ                                                                                                                                                MIRT (DOBT)

Pages