Main menu

Background

Monday, 6 Sep 2010

 မုံရွာဈေးကွက်       ပဲစင်းငုံနီကိုရန်ကုန်ဝယ်လက်ဝယ်အား အသင့်အတင့် ရှိခဲ့သလို ပဲတီစိမ်းကြီးကို မန္တလေးဝယ်လက်အဝယ်ရှိခဲ့တယ်လို့ သိရ ပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁ဝ၂၅ ကျပ် (တစ် တန်ကို ၆၂၇၆၉၉ ကျပ်) နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ယခင် အပတ် နဲ့စာရင် ဈေးငြိမ် နေကြောင်းသိရပါတယ်။ ပဲတီစိမ်းကြီးကို မန္တလေး ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာကို ၁၂၆၈ ကျပ် (တစ်တန်ကို ၇၇၆၅၁ဝ ကျပ်) နဲ့ဝယ်အားအထိုက်အလျောက် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျ နေတယ်လို့ မြို့ခံကုန်သည်များကဆိုပါတယ်။

Wednesday, 1 Sep 2010

စဉ်    အမိုျးအမည်           ရေတွက်ပုံ        ဈေးနှုန်း(ကျပ်)                         ပြောင်းလဲမှု                                                 ယခင်အပတ်    ယခုအပတ်   ၁    ကုလားပဲဖြူလုံးကြီး   ၁ ပိဿာ          ၁ဝ၅၃       ၁ဝ၇၄       ၂    ပဲစင်းငုံနီ               ၁ ပိဿာ             ၁ဝ၇၃    ၁ဝ၂၅        ၃    ပဲတီစိမ်းကြီး          ၁ ပိဿာ             ၁၅၅၃    ၁၃၄၂    ဆက်သွယ်ရန် ဖုန်း -၀၇၁-၂၁၈၀၄ မုံရွာဈေးကွက်ဒီတစ်ပတ် မုံရွာဈေးကွက်တွင် ကုလားပဲဖြူလုံးကြီးနဲ့ ပဲတီစိမ်း ကြီးသာ အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့ပြီး ပဲစင်းငုံနီကတော့ အနည်း ငယ်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူ လုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များအပြင် ရန်ကုန်ဝယ်လက်ကပါ ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် မြင့်လာပြီး တစ်ပိဿာကို ၁ဝ၇၄ ကျပ် (တစ်တန်ကို ၆၅၇၇ဝ၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၄ဝဝ ခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးကို ရန်ကုန်၊ မန္တလေးဝယ်လက်က ရောင်းချတဲ့ ပဲတီ စိမ်းအရည်အသွေးမကြိုက်တာကြောင့်  ဈေးချဝယ်ယူမှုတွေရှိခဲ့လို့ တစ်ပိဿာကို ၁၃၄၂ ကျပ် (တစ်တန်ကို ၈၂၁၈၂၇ ကျပ်)နဲ့ နေ့စဉ် အိတ်  ၃ဝဝ ခန့်သာ အရောင်းအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။  

Thursday, 2 Jul 2009

မတ်ပဲက ဈေးကွက်သို့အဝင်နည်း ပေမယ့် ပဲခွဲစက်လုပ်ငန်းရှင်များ နဲ့ မြို့ပေါ် လက်လီဝယ်လက်များ အဝယ်ပုံမှန်ရှိကြောင်း သိရပါတယ်။ ပဲတီစိမ်းကို ရန်ကုန်နဲ့ မန္တလေး အတွက် ဝယ်ယူသူများ အရည်အသွေးအလိုက် အဝယ် ရှိကြောင်း မြို့ခံကုန်သည်များက ပြောပါတယ်။

Pages