Main menu

Background

Monday, 10 Oct 2016

        အိန္ဒိယနိုင်ငံတွင် ယခုနှစ် မိုးသီးနှံဖြစ်သည့် ပဲမျိုးစုံ စိုက်ဧရိယာမှာ မကြုံစဖူး မြင့်တက်လာခဲ့ပြီး လွန်ခဲ့သည့်ငါးနှစ်က ပုံမှန်စိုက်ဧကထက် ပိုမိုစိုက် ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ  လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာန က သြဂုတ် ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် အစီ ရင်ခံစာတွင် ဖော်ပြထားသည့် အချက်အလက်များ အရ စိုက်ပျိုးပြီးစီးခဲ့သည့် မိုးသီးနှံဧရိယာမှာ ဟက် တာ ၁၀၁၉ ဒသမ ၁၀သိန်းဖြစ်ပြီး ယခင်ပုံမှန်စိုက် ပျိုးသည့် ဧရိယာမှာ  ဟက် တာ ၁၀၆၂ ဒသမ ၅၀ သိန်းဖြစ်ရာ လေးရာခိုင်နှုန်းခန့်   လျော့နည်းခဲ့ပါ သည်။ မုတ်သုံမိုးရွာသွန်းမှုကြောင့် ပဲမျိုးစုံနှင့် ဆန် စပါးစိုက်ဧကမှာ ပုံမှန်စိုက်ဧက ထက် ပိုမိုစိုက်ပျိ

Monday, 10 Oct 2016

       ပြည်ပဲဈေးကွက်မှာ အောက်တိုဘာလဆန်းရက် ပြည်ပဝယ်လက် ပဲများ ဈေးမြင့်လာတာကို တွေ့ရပါတယ်။ မတ်ပဲသီးနှံမှာ စက်တင်ဘာလအတွင်း ဈေး အေး အရောင်းအဝယ်ဖြစ်ခဲ့တဲ့အတွက် အိတ်အနည်းငယ်သာ ရောင်း ဝယ်မှုရှိခဲ့ပြီး လကုန် ရက်မှစ၍ ဈေးပြန်လှုပ်လာခဲ့ပါတယ်။ ယခုလဆန်းရက်မှာလည်း ဈေးဆက် မြင့်တက်ခဲ့ကာ ရန်ကုန်ဝယ်လက်များ နေ့စဉ်အဝယ်ရှိခဲ့ပါတယ်။ အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လက်ကျန်ပဲများရော  ပဲ အဝင်ပါရှိခဲ့လို့ ဝယ်လိုအားရှိ သလောက် ရောင်းချနိုင်ခဲ့ပါတယ်။ ပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေ တောင်၊ ကျီးသဲမြို့နယ်များမှ  နေ့စဉ်ဝင်ရောက်နေတယ်လို့ သိရပါတယ်။ ပဲဈေးနှုန်း မှာ တစ်တင်း ၄၆၅၀၀ ကျပ်ဖြင့် စက်တင်ဘာလကုန်ဈေးထက်

Monday, 10 Oct 2016

         အောက်တိုဘာလဆန်းတွင် ပဲဈေးအချို့ဈေးမြင့်တက်ခဲ့လို့ ပဲသစ်ပေါ် ချိန်မှစ၍ ဈေးကောင်းမရဘဲ ဈေးအေးခဲ့တဲ့ ပဲတီစိမ်းသီးနှံဟာ ယခုတစ်ပတ် မှာတော့ တစ်တင်းကျပ် ၂၄၅၀၀ ရရှိခဲ့တဲ့အတွက် ပဲသစ်ပေါ်ချိန်အဖွင့်ဈေးကို မီလုနီးပြီ  ဖြစ်ပါတယ်။ ပဲသစ်ပေါ်စ သြဂုတ်လဆန်းမှာ တစ်တင်း ၂၅၅၀၀ ကျပ်ဖြင့် ဈေးဖွင့် ခဲ့ပြီး ပဲအဝင်လှိုင်လာချိန်မှစ၍ ပဲဈေးနှုန်းများ လျော့နည်းကျဆင်းခဲ့ကာ မန္တလေးဝယ်လက်က နေ့စဉ်ဝယ်ယူမှုရှိခဲ့ပါတယ်။ ပဲဝင်ရောက် မှု နည်းပါးလာ သော်လည်း ပန်းတောင်း၊ မင်းတုန်း၊ ကံမနယ်စုံမှ  အိတ် ၁၀၀ ကျော် နေ့စဉ် ဝင်ရောက်ခဲ့သလို မန္တလေးဝယ်လက်မှ အဝင်ရှိသလောက် ဝယ်ယူခဲ့လို့ အိတ် ၁၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါတ

Monday, 10 Oct 2016

        မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း)မှာ နေ့စဉ်(ဥပုသ်နေ့မှအပ) လယ်ယာထွက်ကုန်သီးနှံများအား  အနယ်နယ်အရပ်ရပ်မှ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များလာရောက်ပြီး အရောင်း အဝယ်ပြုလုပ် ကြပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ  ပထမပတ်မှာ ပဲတီစိမ်း တစ်ပိဿာ၁၃၆၉ ကျပ်(တစ်တန် ၈၃၈၃၆၂ ကျပ်) နဲ့အရောင်း အဝယ်ဖြစ်လို့ ယခင်တစ်ပတ်ဈေးနှုန်း အောက်တစ်ပိဿာ ၅၃ ကျပ်(တစ်တန် ၃၂၄၅၇ ကျ ပ်) နဲ့ ဈေးအေးသွားပေမယ့် နေ့စဉ် သုံးတင်းအိတ် ၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ပဲလွန်းဖြူ တစ်ပိဿာ ၁၀၈၃ ကျပ်(တစ်တန် ၆၆၃၂၁၈ ကျပ်) နဲ့ ယခင်တစ်ပတ်ဈေးနှုန်း အတိုင်း နေ့စဉ်သုံးတင်းအိတ် ၁၀၀ ခန့်၊ ပဲကြီးတစ်ပိဿာ ၁

Monday, 10 Oct 2016

       ပြည်ဈေးကွက်တွင် ယခုတစ်ပတ်၌ လုံးဆန်အဝယ်ရပ်သဖြင့် ဈေးကျလာပါတယ်။ ဆီဆန်ဈေးမှာ အဝယ်ရှိသော်လည်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။  မြန်အောင်၊ ကြံခင်း၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ဝက်ထီးကန်ဘက် မှ တစ်နေ့လျှင် အိတ် ၁၅၀၀ ခန့်အဝင်ရှိပြီး မကွေး၊ မြင်းခြံ၊ ပခုက္ကူနှင့်ရန်ကုန်ဘက်မှ ဆီဆန်ကို အဝယ်ရှိနေတာတွေ့ရပါ တယ်။ လုံးဆန်ကိုဝယ်လက်အဝယ်ရပ်သဖြင့် ဈေးကျနေတာတွေ့ရပါ တယ်။ မြေပဲဆန်ဈေးအနေဖြင့် စက် တင်ဘာလဆန်းတွင် ဆီဆန်တစ် ပိဿာလျှင် ကျပ် ၁၆၀၀ နဲ့ လုံးဆန်တစ်ပိဿာလျှင် ၂၁၅၀ကျပ်ဈေးရှိခဲ့ပြီး စက်တင်ဘာလကုန်တွင် မြေပဲဆီဆန်တစ်ပိဿာလျှင် ၁၄၅၀ ကျပ်နှင့် လုံးဆန် တစ်ပိဿာလျှင် ကျပ် ၁၉၀၀ဖြင့်ဈေးကျလာ တာတွေ့ရ ပါတယ်။

Thursday, 6 Oct 2016

     ဧရာဝတီမြစ်အနောက်ဘက် ကမ်းတစ်လျှောက်ရှိကျေးရွာများဖြစ်တဲ့  ဖိုးဦးတောင်၊ သစ်စိမ့်ပင်၊ ပြည်၊ မှော်ဘီ၊ ဇီးအုပ်၊ ဝက်ထီးကန်စတဲ့ကျေးရွာများမှ ထွက်ရှိတဲ့ သြဇာသီးများ ပြည်သစ်သီး ဝလံဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက် လာတာကြောင့် ဈေးလည်းချိုလာတာ တွေ့ရပါတယ်။ သြဇာသီးပေါ်ချိန်ဖြစ် လို့ အရောင်း အဝယ်လည်းသွက်လျက် ရှိကာ ရန်ကုန်သို့တင်ပို့နေတာကို တွေ့ ရပါတယ်။ ပြည်သြဇာသီးရာခြင်းဈေး တစ်လုံးလျှင် (ချော) ကျပ် ၁၅၀၊ (လ တ်) ကျပ် ၁၀၀ နဲ့ ရောင်းချလျက်ရှိပါတယ်။ ဒေသတွင်းလက်လီဈေးကတော့ တစ် လုံးလျှင်(ချော) ကျပ် ၂၀၀ (အသေး သန့်) ကျပ် ၁၀၀ နဲ့ရောင်းချနေတာ တွေ့ရပါတယ်။ ရာသီပေါ် ချိန်သီးနှံဖြစ် လို့ ဒေသတွင်းရော၊ နယ်တင်ပို့မှုပါ

Wednesday, 5 Oct 2016

      ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗ လျူတီအို)က ကမ္ဘာ့ကုန်သွယ် ရေးတိုး တက်မှုနှုန်း ခန့်မှန်းချက်ကို မူလခန့်မှန်း ထားသည့်အောက်သို့ စက်တင်ဘာ ၂၇ ရက်ကလျှော့ချခန့်မှန်းလိုက်ပြီး ဂလို ဘယ်လိုက်ဇေးရှင်းပုံစံကို အချို့နိုင်ငံ များက ဆန့်ကျင်မှုနှင့် အီးယူမှ ဗြိတိန် နုတ်ထွက်မှုစသည့် ဂယက်တို့ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးဖွံ့ဖြိုးမှု နှုန်းကို ကမ္ဘာ့ ဘဏ္ဍာရေးအကျပ်အတည်းကာလ နောက်ပိုင်း အနိမ့်ဆုံး နှုန်းသို့ ရောက်ရှိ သွားစေနိုင်သည်ဟုလည်း သတိေ ပး ထားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

Wednesday, 5 Oct 2016

       မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးက စက်တင်ဘာ ၂၈ ရက်က ကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါသတင်းတွင် ဖော်ပြသည်။ အိန္ဒိယနိုင်ငံမှ ဝယ်လိုအား  မြင့်တက်မှုကြောင့် ဈေးကွက်တိုးတက်မည့်အလားအလာ များကို ေ တွ့ခဲ့ရသော် လည်း ပို့ကုန်အားနည်းကျဆင်းမှုနှင့် ပြိုင်ဖက်သီးနှံများဖြစ် သော ပဲပုပ်ဆီဈေးများ  ကျဆင်းမှုကြောင့်ဈေးကွက်  အလား အလာအပေါ် ဂယက်ရိုက်ခတ်မှုကြောင့် ယခုကဲ့သို့ ကျဆင်း ခဲ့ရခြင်းဖြစ်သည်။ ဘာဆာမလေး ရှား ကုန်စည်ဒိုင် (-Bursa Malaysia Derivative Exchange)တွင် ဒီဇင်ဘာအတွက် ကြိုရောင်း ဈေးက တစ်ရက်အတွင်း အနိမ့်ဆုံးဈေးအဖြစ်  တစ်တန်ကို ၂၅၉၆ ရင်းဂစ်နှုန်းအထိ ရောက်ရှိခဲ့ပြီးနောက် စက်တင်ဘာ ၂၈  ရက် ဈေးပိတ်ချိန်မှာ တ

Wednesday, 5 Oct 2016

       စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ  ၈၅၅၇၀၀ တန်ဖိုးရှိ ဘိလပ်မြေ ၁၀၅၅၀ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ SCG တစ်မျိုးသာ တင်သွင်းခဲ့တယ် လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် ၆၂၀၀ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့နှိုင်းယှဉ်ရင် တန်ချိန်၄၃၂၀ ကျော်တင်သွင်းမှု ပိုခဲ့တယ်လို့သိရပါတယ်။ ၂၀၁၅ ခုနှစ် ကာလတူမှာ ဘိလပ်မြေတင် သွင်းမှုမှာ တန်ချိန် ၇၁၉၀ ရှိခဲ့တာကြောင့် ယခု သီတင်းပတ်မှာ ဘိလပ်မြေတင်သွင်းမှုပိုခဲ့တယ်လို့ သိရပါတယ်။

Wednesday, 5 Oct 2016

       ယခုတစ်ပတ်တွင် အစုရှယ်ယာ ဈေးနှုန်းများသည် ဈေးအတက်အကျ အနည်းငယ်ဖြင့်သာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ FMI, MTSH တို့၏ရှယ်ယာဈေး နှုန်းများမှာ အတက်အကျ ကျပ် ၁၀၀၀ ခန့်သာရှိေ သာ်လည်း MCB ၏ ရှယ်ယာ ဈေးနှုန်းမှာ နေ့စဉ်အတက်အကျ ကျပ် နှစ်ရာခန့်သာရှိကြောင်း YSX ၏သတင်း ထုတ်ပြန်ချက်များအရ သိရသည်။ ရှယ်ယာဈေးနှုန်း အတက်အကျ အနည်းငယ်သာ ရှိသော်လည်းအရောင်း အဝယ်ဖြ စ်မှုမှာ  နေ့စဉ်လေးထောင် ကျော်မှ ကိုးထောင်ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

Pages