အရေးကြီးတဲ့ ဆေးဝါးများရဲ့ ဈေးနှုန်းတွေကို ထိန်းချုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် မျှော်လင့်မထားတဲ့ အခက်အခဲများကို ကြုံတွေ့ခဲ့ရကြောင်း အသည်းဆေး၊ ကင်ဆာဆေး၊ ခွေးရူး ရောဂါ ကာကွယ်ဆေးနဲ့ မြွေဆိပ်ဖြေ ဆေး အပါအဝင် ဆေးဝါးအများအပြား နဲ့ နောက်ဆုံးIV Saline ဓာတ်ဆားရည် အထိ ဖြန့်ဖြူးမှုကျဆင်းခြင်း သို့မဟုတ် ဆေးရုံများနဲ့ ဆေးဆိုင်တွေမှာ ဆေး များပြတ်လပ်ခဲ့ကြောင်းတိုင်းမ်အော့ အိန္ဒိယသတင်းမှာ ဖော်ပြပါတယ်။
IV Saline လို ဓာတ်ဆားရည်က အစိုးရဆေးရုံများမှာပင် ပြတ်လပ်ခဲ့ သလို ပုဂ္ဂလိကဆေးရုံကြီးတွေမှာလည်း ဆေးဝါးပြတ်လပ်မှုကြောင့် ကင်ဆာ ရောဂါကုသရေး အစီအစဉ်တွေကို ပြန်လည်ရေးဆွဲ ဆောင်ရွက် ခဲ့ရေ ကြာင်း သက်ဆိုင်ရာ သတင်းရပ်ကွက်များက ပြောပါတယ်။
''အရေးကြီးတဲ့ ဆေးဝါးတချို့မရ ရှိဘဲ ယာယီပြတ်လပ်မှု ရှိခဲ့ပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ ပြည်နယ်၊ ဗဟို အစိုးရတွေနဲ့ ကျွန်တော်တို့လက်တွဲ ဆောင်ရွက်နေပါတယ်။ အစိုးရအဖွဲ့ တွေကလည်းအရေးကြီးတဲ့ဆေးတွေ ဖြန့်ဖြူး မှုကို ရပ်မပစ်ဖို့ ဆေးဝါးကုမ္ပဏီ တွေကို စာနဲ့ အကြောင်းကြားထားပါ တယ်''လို့ ကိုချိမြို့မှ Amrita Institute of Medical Science ရဲ့ အကြီးတန်း ဆေးဝါးဆိုင်ရာအုပ်ချုပ်ရေးမှူး ဒေါက် တာဆန်ဂျစ်ဆင်း က ပြောပါ တယ်။ ဒါပေမယ့် ကျန်းမာရေးဌာန အတွင်းဝန် ရာဂျစ်ဆာဒါနန်ဒန်ကမူ အစိုးရဆေးရုံတွေမှာIV Saline ဓာတ်ဆားရည်အနည်းငယ် ပြတ်လပ်မှု ရှိခဲ့ပေမယ့်တစ်ရက် နှစ်ရက်အတွင်း ပြန်ရမှာဖြစ်ကြောင်း အစိုးရဆေးရုံ တွေ မှာ ဆေး ဝါး အများစုကို ပြန်လည် ရရှိနေပြီဖြစ်ကြောင်း ပြောပါတယ်။
ဆေးဝါးဈေးနှုန်း ထိန်းချုပ်ရေး အဖွဲ့ဖြစ်တဲ့ အမျိုးသားဆေးဝါးဈေးနှုန်း သတ်မှတ်ရေးအဖွဲ့ (NPPA) က အခြေခံဆေးဝါးတွေရဲ့ ဈေးနှုန်းကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိလျှော့ချ ဖို့သတ်မှတ်ခဲ့ပါတယ်။ NPPA က ဆေး ဝါးတွေရဲ့ ဈေးနှုန်းတွေကို ထိန်းချုပ် ကန့်သတ်ဖို့နဲ့ဈေးကွက်အတွင်းဆေးဝါး တွေရရှိအောင်ဆောင်ရွက်ဖို့ လုပ်ပိုင် ခွင့်ရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
Background