မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း)မှာ နေ့စဉ်(ဥပုသ်နေ့မှအပ) လယ်ယာထွက်ကုန်သီးနှံများအား အနယ်နယ်အရပ်ရပ်မှ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များလာရောက်ပြီး အရောင်း အဝယ်ပြုလုပ် ကြပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ပထမပတ်မှာ ပဲတီစိမ်း တစ်ပိဿာ၁၃၆၉ ကျပ်(တစ်တန် ၈၃၈၃၆၂ ကျပ်) နဲ့အရောင်း အဝယ်ဖြစ်လို့ ယခင်တစ်ပတ်ဈေးနှုန်း အောက်တစ်ပိဿာ ၅၃ ကျပ်(တစ်တန် ၃၂၄၅၇ ကျ ပ်) နဲ့ ဈေးအေးသွားပေမယ့် နေ့စဉ် သုံးတင်းအိတ် ၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ပဲလွန်းဖြူ တစ်ပိဿာ ၁၀၈၃ ကျပ်(တစ်တန် ၆၆၃၂၁၈ ကျပ်) နဲ့ ယခင်တစ်ပတ်ဈေးနှုန်း အတိုင်း နေ့စဉ်သုံးတင်းအိတ် ၁၀၀ ခန့်၊ ပဲကြီးတစ်ပိဿာ ၁၅၃၈ ကျပ်(တစ် တန် ၉၄၁၈၅၆ ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်လို့ယခင်တစ်ပတ် ဈေးထက် တစ်ပိဿာ ၉၀ ကျပ်(တစ်တန် ၅၅၁၁၅ ကျပ်)နဲ့ နေ့စဉ်သုံးတင်းအိတ် ၃၀၀ ကျော်၊ ပဲနီပြား တစ်ပိဿာ ၁၁၇၆ ကျပ်(တစ် တန် ၇၂၀၁၇၀ ကျပ်)နဲ့ ယခင်တစ်ပတ်ကာလတူ ဈေးအောက်တစ်ပိဿာ ကျပ် ၁၀၀(တစ်တန် ၆၁၂၃၉ ကျပ်) ဈေးအေးပေမယ့် နေ့စဉ်သုံးတင်းအိတ် ၂၀၀ ခန့်၊ ပဲပုပ်(ရှမ်း) တစ်ပိဿာ ၉၅၈ ကျပ်(တစ်တန် ၅၈၆၆၇၀ ကျပ်)၊ပဲပုပ်(ဗမာ) တစ် ပိဿာ ၉၃၉ ကျပ်(တစ်တန် ၅၇၅၀၃၄ ကျပ်)နဲ့ ယခင်တစ်ပတ် ကာလတူဈေးနှုန်းအတိုင်းနေ့စဉ် သုံးတင်းအိတ် ၂၅၀ ကျော်၊ ပဲယင်း (သေး) တစ်ပိဿာ ၆၆၇ ကျပ်(တစ်တန် ၄၀၈၄၆၄ ကျပ်)နဲ့ နေ့စဉ်သုံးတင်းအိတ် ၁၀၀ ခန့်၊ ထောပတ် ပဲ (ေ သး) တစ်ပိဿာ ၇၄၇ ကျပ်(တစ်တန် ၄၅၇၄၅၅ ကျပ်) ဖြင့် နေ့စဉ်သုံးတင်းအိတ် ၁၀၀ ခန့်၊ ပဲဇီးကွက်တစ်ပိဿာ ၈၇၆ ကျပ်(တစ်တန် ၅၃၆၄၅၄ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်လို့ ယခင်တစ်ပတ်ကာလတူဈေးနှုန်းအထက် တစ်ပိဿာ ၃၅ ကျပ် (တစ်တန်၂၁၄၃၄ ကျပ်)ဈေးမာနဲ့ နေ့စဉ်သုံးတင်းအိတ် ၁၅၀ခန့်၊ နိုင်လွန်ပဲတစ်ပိဿာ ၁၀၁၃ ကျပ်(တစ်တန် ၆၂၀၃ ၅၁ ကျပ်)နဲ့ ယခင်တစ်ပတ် ကာလတူဈေးအတိုင်းနေ့စဉ်သုံးတင်းအိတ် ၂၀၀ ခန့်၊ မြေထောက်ပဲတစ်ပိဿာ ၁၄၈၁ ကျပ် (တစ်တန် ၉၀၆၉၅၀ကျပ်)နဲ့ ယခင်တစ်ပတ်ကာလတူဈေးနှုန်း အတိုင်း နေ့စဉ် သုံးတင်းအိတ် ၃၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်းသိရပါတယ်။
ရန်ကုန်ဝယ်လက်နဲ့ အိန္ဒိယဝယ်လက်တို့ ဝယ်ယူနေတဲ့ မတ်ပဲက ယခုတစ်ပတ်မှာ တစ်ပိဿာ ၂၄၁၇ကျပ်(တစ်တန် ၁၄၈၀၁၄၇ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ် လို့ ယခင်တစ်ပတ် ကာလတူဈေးအောက်တစ်ပိဿာ ၈၃ ကျပ်(တစ် တန် ၅၀၈၂၈ ကျပ်) ဈေးအေးပေမယ့် နေ့စဉ်သုံးတင်းအိတ် ၆၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ကုလားပဲဖြူကြီးတစ်ပိဿာ ၂၂၀၀ ကျပ်(တစ်တန် ၁၃၄၇၈၇၀ ကျပ်)၊ ကုလားပဲထိုင်ဝမ်က တစ်ပိဿာ၂၁၁၆ ကျပ်(တစ်တန် ၁၂၉၅၈၁၇ ကျပ်)နဲ့ ကုလားပဲ နှစ်မျိုးပေါင်း နေ့စဉ်သုံးတင်းအိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ် ဆီထွက်သီးနှံများဖြစ်တဲ့ နှမ်းရောင်စုံနဲ့ မြေပဲရဲ့ ဈေးနှုန်းများမှာ နှမ်းဖြူတစ်ပိဿာ ၂၂၂၂ ကျပ် (တစ်တန် ၁၃၆၀၇၃၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်လို့ ယခင်တစ်ပတ်ကာလတူဈေးနှုန်းထက် တစ်ပိဿာ ၂၂၂ ကျပ်(တစ်တန် ၁၃၅၉၅၁ ကျပ်) မြင့်တက်ခဲ့ပါတယ်။ နှမ်းညိုတစ်ပိဿာ ၁၆၆၂ ကျပ်(တစ်တန် ၁၀၁၇၇၉၂ ကျပ်)နဲ့ အရောင်းအဝယ် ဖြစ် လို့ ယခင်တစ်ပတ်ကာလတူဈေးနှုန်းထက် တစ်ပိဿာ ၂၀၀ ကျပ်(တစ်တန် ၁၂၂၄၇၈ ကျပ်) မြင့်တက်ခဲ့ကာ နှမ်းနက် တစ်ပိဿာ ၂၈၈၉ ကျပ်(တစ်တန် ၁၇၆၉၁၉၄ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်လို့ ယခင်တစ်ပတ်ကာလတူဈေးနှုန်း အထ က် တစ်ပိဿာ ၃၁၁ ကျပ်(တစ်တန် ၁၉၀၄၅၃ ကျပ်) ဈေးမြင့်တက်ခဲ့ပါတယ်။ နှမ်းနက်(စမုံ)က တစ်ပိဿာ ၃၄၄၄ ကျပ်(တစ်တန် ၂၁၀၉၀၇၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်လို့ ယခင်တစ်ပတ်ကာလတူဈေးနှုန်းထက် တစ်ပိဿာ ၄၄ ကျပ် (တစ် တန် ၂၆၉၄၅ ကျပ်) မြင့်တက်ခဲ့ပြီး ပန်းနှမ်းတစ်ပိဿာ ကျပ် ၁၈၀၀(တစ်တန် ၁၁၀၂၃၀၂ ကျပ်)နဲ့ အရောင်းအဝယ် ဖြစ်လို့ ယခင်တစ်ပတ် ဈေးနှုန်းအောက်တစ်ပိဿာ ၈၉ ကျပ်(တစ်တန် ၅၄၅၀၃ ကျပ်) ဈေးကျဆင်းခဲ့ပါတယ်။ အဆိုပါ နှမ်းငါးမျိုး နေ့စဉ်သုံးတင်းအိတ် ၄၀၀ ကျော် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ မြေပဲဆန် ှ၁ လုံးဆန်တစ်ပိဿာ ကျပ် ၁၈၀၀ (တစ်တန် ၁၁၀၂၃၀ ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်လို့ ယခင်တစ်ပတ်ကာလတူဈေးနှုန်းအထက် တစ်ပိဿာ ကျပ် ၁၀၀ (တစ်တန် ၆၁၂၃၉ ကျပ်) ဈေးမာလျက်နေ့စဉ်သုံးတင်း အိတ် ၆၀၀ ကျော် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။
ဒီတစ်ပတ်မှာ ပြည်ပ(တရုတ်)က ဆွဲတဲ့ ပဲတီစိမ်းဈေး အနည်းငယ်အေးသလို ရန်ကုန်နဲ့ပြည်ပ(အိန္ဒိယ)ကဆွဲတဲ့ မတ်ပဲလည်း ဈေးအနည်းငယ်အေးကြောင်း၊ ဆီထွက်သီးနှံ အများစု ဈေးမာနဲ့အရောင်းအဝယ်ဖြစ်ပေမယ့် ပစ္စ ည်းလက်ကျန်နည်းနေတာကြောင့် ထင်သလောက်အရောင်းအဝယ်မဖြစ်ကြောင်း၊ ပြောင်းဖူးစေ့များမှာ ဒေသတွင်းလုပ်ငန်းရှင် များကသာ ဝယ်ယူမှုရှိပြီး ဈေးအေးသလို အရောင်းအဝယ်လည်းအေးကြောင်း ကုန်သည်ကြီး တစ်ဦး က ပြောတယ်။
စိုးအောင်(မန္တလေး)