Main menu

Background

ရေကြောင်းကုန်သွယ်မှုလမ်းမှ ဘိလပ်မြေတန်ချိန် ၈၀၀၀ ကျော်ဝင်

Tue, 06/27/2017 - 10:57 -- journal_editor

      ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း   အမေရိကန်ဒေါ်လာ ၄၃၈၆၂၅ တန်ဖိုးရှိ ဘိလပ်မြေ ၈၂၃၂ ဒသမ ၅၀တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ ၂၃၂ ဒသမ ၅၀ တန်နဲ့ မလေးရှားမှ တန်ချိန် ၈၀၀၀ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့ တဲ့ ဘိလပ်မြေတန်ချိန် ၁၇၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန် ၈၀၅၀ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ကာလတူြ ဖစ်တဲ့ ၂၀၁၆ ဇွန်လ ၁၁ ရက်မှ ၁၇ ရက် အထိ သီတင်းပတ်အတွင်း ဘိလပ်မြေတင်သွင်းမှုမှာတန်ချိန် ၃၁၂၀၀ ကျော်နဲ့နှိုင်းယှဉ်ရင်  ယခုနှစ်မှာဘိလပ်မြေ တန်ချိန် ၂၂၉၀၀ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ် လို့သိရပါတယ်။    

 

သီတာဝင်း (DOT)