Main menu

Background

ပြည်ပဲတီစိမ်း တရုတ်ဝယ်လက်ရှိမှုအပေါ် မန္တလေးလိုင်းသမားဝယ်ယူခဲ့

Tue, 08/29/2017 - 12:55 -- journal_editor

        ပြည်ပဲမျိုးစုံဈေးကွက်မှာ မိုးပဲတီစိမ်းသီးနှံ အဝင်ဆက်ရှိခဲ့ပြီး မင်းတုန်း၊ ကံမနှင့် ပြည်အနီးတစ်ဝိုက်မှ ဝင်ရောက်ခဲ့ကြကာ ပဲလက်ကျန်လည်း အသင့် အတင့်ရှိကြလို့ မန္တလေးလိုင်းသမားများမှ တရုတ်ဝယ်လက် ဝယ်ယူမှုအေ ပါ် မူတည်၍ အရောင်းအဝယ်ပြုလုပ်လျက်ရှိပါတယ်။ ဒါကြောင့် ယခုတစ်ပတ် အတွင်း တစ်ရက်အိတ် ၂၀၀ ကျော် နေ့စဉ်လိုလို ရောင်းချမှုရှိခဲ့ပြီး ပဲဈေးနှုန်း အနေဖြင့်  တစ်တင်းကျပ် ၂၇၀၀၀ နှင့်ကျပ် ၂၈၀၀၀အကြား ယခင်တစ်ပတ် ဈေးအတိုင်း ဈေးဆက်ငြိမ်လျက် အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ယခင်နှစ် သြဂုတ်လအတွင်းက ပဲတီစိမ်းသီးနှံဈေးမှာ တစ်တင်းလျှင်ကျပ် ၂၂၀၀၀ ဖြင့်သာ ရောင်းဝယ်ခဲ့ကြတဲ့အတွက် ယခုနှစ်ဈေးမှာ တစ်တင်းကျပ် ငါးထောင်ခန့် ပိုရနေတယ်လို့ သိရပါတယ်။

 

ခင်ဆွေဝင်း