Main menu

Background

ဆန်ချောဈေးငြိမ်ပြီး ဆန်ကြမ်းဈေးအနည်းငယ်ကျ

Tue, 10/30/2018 - 13:12 -- journal_editor

        ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ အရောင်းအဝယ်အေးတဲ့အတွက်   ဆန်ချောဈေးငြိမ်နေပြီး   ဆန်ကြမ်း ဈေးအကျဘက်ရောက်နေကြောင်း ဝါးတန်းဆန်ဈေးကွက်မှ သိရပါတယ်။ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဆန်လက်ကားဈေးနှုန်း များအရ ဖျာပုံပေါ်ဆန်းထိပ်စတစ်အိတ်ကျပ် ၅၂၀ဝ၀ နဲ့ လတ်စတစ်အိတ်ကျပ် ၅၁၀ဝဝ၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်း ဆန်ထိပ်စတစ်အိတ်ကျပ် ၅၆၀ဝ၀ နဲ့ လတ်စတစ်အိတ်ကျပ် ၅၄၀ဝဝ၊ ကျိုက်လတ်ပေါ် ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၅၀ဝဝဝနဲ့လတ်စတစ်အိတ်ကျပ် ၄၉၀ဝဝ၊ ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကျပ်    ၆၁၀ဝ၀ - ၆၃၀ဝဝ၊ ပေါ်ဆန်း(ရှယ်) တစ်အိတ်လျှင် ကျပ် ၅၀ဝဝဝ - ၅၃၀ဝ၀ ရှိပြီး ယခင်တစ်ပ တ်ဈေးအတိုင်း အပြောင်းအလဲမရှိကြောင်း သိရပါတယ်။ယခု တစ်ပတ်မှာ ဆန်အဝင်နည်းသလို အရောင်းအဝယ်လည်း အေးကြောင်း ကုန်စည်ဒိုင်မှ သိရပါတယ်။ ပေါ်ဆန်းအသစ် များလည်း ကုန်စည်ဒိုင်သို့ စတင်ဝင်ရောက်ေ နပြီဖြစ်ေ ကြာင်းသိရပါတယ်။
    ဆန်ကြမ်းဈေးကတော့ အကျဘက်ရောက်နေတယ်လို့ သိရပါတယ်။ ဧည့်မထ ၂၅ မှတ်တစ်အိတ်ကျပ် ၂၂၅၀ဝ -၂၂၈၀ဝ၊ သီးထပ်(ရှယ်)တစ်အိတ်ကျပ် ၂၄၂၀ဝ - ၂၄၅၀ဝ၊ ရက် ၉၀ ဆန်တစ်အိတ်ကျပ် ၂၅၀ဝဝ-၂၅၅၀ဝ၊ မိုးသုခတစ် အိတ်ကျပ် ၂၄၅၀ဝ-၂၆၀ဝ၀ ရှိပြီး သီးထပ်နဲ့ရက် ၉၀ အနည်း ငယ်စီဈေးကျကြောင်း သိရပါတယ်။ အရောင်းအဝယ်ပါးတဲ့ အတွက် ဈေးကျတာဖြစ်တယ်လို့ ကုန်စည်ဒိုင်မှ သိရပါ တယ်။                                                
               

ယဉ်ယဉ်အေး