စပျစ်သီးသည် ချိုချဉ်အရသာဖြင့် လူကြိုက် များသောအသီးဖြစ်သည်။ စပျစ်သီးကိုဖျော်ရည် အဖြစ်လည်းသောက်သုံးကြသည်။ များသောအား ဖြင့်တော့ အသီးအတိုင်း စားလေ့ရှိကြသည်။ ထို့ပြင် စပျစ်သီးကို ဝိုင်အဖြစ်လည်း ပြုလုပ် သောက်သုံးကြသည်။ စပျစ်ဝိုင်သည် နာမည်ကြီး လှသည်။ စပျစ်သီးသည် ကျန်းမာရေးကိုလည်း များစွာအထောက်အကူပြုပါသည်။
မူရင်းဒေသ
စပျစ်သီးမျိုးရင်းမှာဠငအခေနနေ ဖြစ်ပြီး မျိုးစိတ် ပေါင်း(ှစနခငနျ-စပီရှီးစ်) ငါးမျိုးရှိကြောင်း မှတ် သားရပါသည်။ ယင်းမျိုးစိတ်ငါးမျိုးအနက် မျိုးစိတ် တစ်မျိုးသည် ဥရောပမျိုးဖြစ်ပြီး ကျန်မျိုးစိတ် လေးမျိုးကိုမူ ရာသီဥတုကိုလိုက်၍ စိုက်ပျိုးကြ သည်။ စပျစ်သီး၏မူရင်းဒေသက ကော်ကေးရှား၊ ပါကစ္စတန်နှင့် ဥရောပဒေသများဟု သိရသည်။ တချို့က အာရှဒေသဟုလည်း ဆိုကြသည်။မြန်မာ နိုင်ငံတွင်လည်း စပျစ်သီးကို မန္တလေး၊ စစ်ကိုင်း၊ ကျောက်ပန်းတောင်း၊ မုံရွာနှင့်မိတ္ထီလာ စသည့် ဒေသများတွင် စိုက်ပျိုးကြောင်းသိရသည်။
စပျစ်အရောင်နှင့် စပျစ်မျိုးသက်တမ်း
စပျစ်ကို အမျိုးအစားအားဖြင့် အရောင် အလိုက် ရှစ်မျိုးရှိသည်။ အနက်ရောင်(ြူခေု) ၊ နက်ပြာရောင်(ီမေု ဘူကန)၊ အစိမ်းရောင် (ွမနနည)၊ အနီရောင်(ျွနိ) ၊ လိမ္မော်ရောင်(ဥမညေါန)၊ ပန်းရောင် (ဏငညု)၊ ခရမ်းရောင် (ဏကမစူန)နှင့် စိမ်းနုရောင် စသည်တို့ဖြစ်သည်။ စပျစ်ပင်ကို အဓိကအားဖြင့် လာဘရားစကားဝိုင်းမျိုးနှင့် ဝဲနီးဖီယားမျိုးဟူ၍ နှစ်မျိုးခွဲထားသည်ဟု ဆို သည်။ လာဘရားစကားဝိုင်းမျိုးတွင် မျိုးကွဲပေါင်း ၆၀ဝ ကျော်ရှိပြီး သက်တမ်းမှာ နှစ် ၁၀ဝ ခန့်ရှည် သည်။ ဝဲနီးဖီးယားမျိုးတွင် မျိုးစိတ်ပေါင်း ၃၀ဝ ကျော်ရှိပြီး သက်တမ်းမှာ ၇၀ အထိဖြစ်သည်။ ထို့အပြင် စပျစ်သီးချွန်နှင့် သီးဝိုင်းဟူ၍လည်း ကောင်း၊ စားစပျစ်၊ ဝိုင်စပျစ်နှင့် သီးခြောက်စပျစ် ဟူ၍လည်း အသုံးပြုမှုပေါ် မူတည်၍ခွဲခြားထားပါ သည်။
မြေ၊ ရာသီဥတုနှင့် မိုးရေချိန်
စိုက်ပျိုးပင်များအတွက် မြေသည်အဓိက ဖြစ်သည်။ မြေသည် စိုက်ပျိုးမည့်အသီးအနှံ ကြိုက် နှစ်သက်သောမြေမျိုးဖြစ်ဖို့လိုသည်။ ယခု စပျစ် စိုက်ပျိုးမည့်မြေသည် ဆားဓာတ်ရှိသောမြေမှ လွဲ ၍ မည်သည့်မြေမဆိုစိုက်ပျိုးနိုင်သော်လည်း သဲ ဆန်သောမြေနှင့်မြေပွတို့တွင် ပိုမိုဖြစ်ထွန်းသည်။ ရွှံ့စေးမြေမျိုးကိုတော့ ရှောင်ကြဉ်ရမည်။ အချဉ် ဓာတ်နှုန်းမှ ၆ ဒသမဝဖြစ်ကြောင်းသိရသည်။စပျစ် ပင် နှစ်သက်သောရာသီဥတုအပူချိန်မှာ အများ ဆုံး ၁၁၅ ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး အနည်းဆုံးမှာ ၃၁ ဒီဂရီဖာရင်ဟိုက်ဖြစ်သည်။ မိုးရေချိန်မှာ အနည်းဆုံး ၂၀ လက်မမှ ၂၉ လက်မနှင့် မိုးရေချိန် လက်မ ၄၀ ထက်မပိုသောဒေသများတွင် ဖြစ်ထွန်း နိုင်သည်။
စပျစ်စိုက်ပျိုးနည်းများ
စပျစ်ပင်ကိုပျိုးရာတွင် ကိုင်းဖြတ်ပျိုးခြင်း၊ အစေ့ချပျိုးခြင်းနှင့် အဖူးမြှုပ်ပျိုးခြင်းဟူ၍ သုံးမျိုး ရှိကြောင်းသိရသည်။ ထို့ပြင် စိုက်ပျိုးရာတွင် ကိုင်း ဖြတ်စိုက်နည်း၊ချုံပုတ်သဏ္ဌာန်စိုက်နည်း၊ပင်ထောင် စိုက်နည်း၊ သံကြိုးတန်းစိုက်နည်းနှင့် စင်တင်စိုက် နည်းဟူ၍ရှိသည်။ ထိုနည်းများအနက်မှ စိုက်နည်း အနည်းငယ်ကိုသာဖော်ပြပါမည်။
ကိုင်းဖြတ်စိုက်နည်း
ကိုင်းဖြတ်စိုက်ပျိုးမည်ဆိုပါက စိုက်ကျင်းကို ၃ ပေတူးပြီး ကိုင်းရင့်ရင့်ကို ၉ လက်မခန့် ကိုင်းရင့် နွယ် ၄-၅ ခုထည့်စိုက်ရသည်။ စိုက်ပျိုးပြီးနောက် သန်မာသော အပင်နှစ်ပင်သာချန်၍ ကျန်အပင် ကို နုတ်ပစ်ရသည်။ စိုက်ကျင်းအတွင်းသို့ မစိုက်မီ ကပင် မြေဆွေးနှင့်သစ်ရွက်ဆွေး နွားချေးဆွေးများ ကိုထည့်ထားရမည်။ ကိုင်းဖြတ်စိုက်မည်ဆိုပါက စက်တင်ဘာလ ၂၄ ရက်မှ အောက်တိုဘာ ၂၅ ရက်အတွင်းဖြတ်ကြောင်းသိရသည်။ ဤကား စပျစ်ပင် စိုက်ပျိုးမည့်ကိုင်းကို ဖြတ်ခြင်းဖြစ်သည်။စပျစ်တစ်ဧကတွင် အပင် ၄၀ဝ-၄၅၀အတွင်း ဝင်ဆံ့သည်ဟုသိရသည်။
ကြိုးတန်းစိုက်နည်း
အများအပြားမှာ သံကြိုးတန်းစနစ်ဖြင့်သာစိုက်ပျိုးကြသည်ဟု ဆိုသည်။ သံကြိုးတန်းစနစ်မှာ စိုက်ကျင်းတစ်ကျင်းတွင် တိုင်းတစ်တိုင်နှုန်းစိုက် ရသည်။ ထို့နောက်မြေပြင်မှ ပထမကြိုးတန်းကို ၃၀ လက်မခွာ၍ တန်းရသည်။ ဒုတိယကြိုးတန်းကိုမူ ပထမကြိုတန်းမှ အထက်သို့ ၂၄လက်မခွာ၍ တန်း ရသည်။ ပင်ကြားကို ၃ ပေ မှ ၁၀ ပေအထိလည်း ကောင်း၊တန်းကြားကို ၁၂ ပေအထိလည်းကောင်း၊ တိုင်တစ်တိုင်ကို ပေ ၃၀ ခွာပြီး စိုက်ရပါမည်။
စင်တင်စိုက်နည်း
စင်တင်စိုက်ပျိုးခြင်းမှာ မိမိမြေဧရိယာပေါ် မူတည်၍ တိုင်များကို အကွာအဝေးတစ်ခု သတ် မှတ်၍ အတန်းလိုက် မျက်နှာချင်းဆိုင် စိုက်ပါ။ထို့နောက် မျက်နှာချင်းဆိုင်တိုင် ဟိုဘက်ထိပ်သည် ဘက်ထိပ်ကို တန်းတစ်တန်ဖြင့်ဆက်ပေးရသည်။တိုင်အားလုံးကို ဤနည်းအတိုင်းဆက်ပေးရပါမည်။ဥပမာ-ဘူးစင်များကဲ့သို့ စင်ထိုးခြင်းဖြစ်သည်။ထို့နောက် တိုင်တစ်ဖက်မှ စိုက်ကျင်းပြုလုပ် စိုက် ပျိုးပြီး ထိုစင်ပေါ်သို့တင်ပေးခြင်းဖြစ်သည်။
စိုက်ပင်တစ်ပင်နှင့်တစ်ပင် ၆ပေ ခွာရ သည်။ စိုက်ကျင်းရှည်တန်းတစ်တန်းနှင့် တစ်တန်း ၁၀ ပေ မှ ၁၂အကွာအဝေးထားရှိရသည်။ ပိုးမွှား ကျရောက်ပါက သင့်လျော်ရာ ပိုးသတ်ဆေးကို အသုံးပြုသင့်ပါသည်။ ကန့်မှုန့်ပက်ပေးခြင်း၊ ဒုတ္ထာ နှင့် ထုံးကို ရေသင့်သလောက်ရော၍လည်း ပက် ဖျန်းပေးနိုင်သည်။
မြေသြဇာကျွေးခြင်း
စပျစ်ပင်စိုက်ပျိုးပြီးနောက် မြေသြဇာကို သင့်သလို ကျွေးနိုင်သည်။ စပျစ်ပင်သည်မြေသြဇာ များများကျွေးရသည်ဟု ဆိုပါသည်။ နွားချေးဆို လျှင် ခေါင်းမနှိမ်မီ တစ်ဧကကိုလှည်း ၂၅ စီးမျှ ထည့်ပေးရသည်။ ထို့ပြင် သစ်ရွက်ဆွေးများ၊ သစ်ဆွေးများနှင့်မြေဆွေးတို့ ထည့်ပေးရသည်။ဘဲ ချေးဆွေးနှင့်မြင်းချေးဆွေးကိုလည်း ထည့်ပေးနိုင် သည်။
ထို့ပြင် ဓာတ်ဆား ရှစ်ဆ၊ သာဂူစေ့ ရှစ်ဆ နှင့် ပေါ်တက် တစ်ဆခွဲရော၍ တစ်ဧကလျှင်ပေါင် ချိန် ၆၀ဝမှ ၁၀ဝ၀ အထိ အပင်၏ အခြေအနေကို ကြည့်၍ ကျွေးရသည်။ ဤကား စိုက်ပျိုးရေးပဒေ သာစာအုပ်၌ ဖော်ပြထားသည့် မြေသြဇာကျွေး နည်းကို ဖော်ခြင်းဖြစ်သည်။
ကိုင်းဖြတ်ပေးခြင်း
စပျစ်ပင်ကို ကိုင်းဖြတ်ပေးရသည်ဟုသိရ သည်။ အမှန်တော့ အပင်အသီးကောင်းစေရန် အပင်ကို စနစ်တကျရှင်းလင်းပေးခြင်းတစ်မျိုးဟု ယူဆနိုင်သည်။ ထိုသို့ ပြုလုပ်ပေးပါက ကိုင်းဖြတ် ပေးသည့်နေရာမှ အခက်အလတ်များ ထွက်လာပြီး ထိုထွက်လာသော အညွန့်အခက်များမှ အသီးများ စွာ သီးလေ့ရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် စပျစ်ပင်စိုက်ပျိုးပြီး ကိုင်းဖြတ်ခြင်းသည် အဓိက ပြုစုနည်းတစ်မျိုးဟုဆိုရပေမည်။ ကိုင်းဖြတ်ရာ တွင် အောက်တိုဘာလမှာ ဖြတ်လျှင်အသီးအရည် အသွေးပိုကောင်းသည်ဟု သိရသည်။ ကိုင်းဖြတ် ရာတွင် ဖြတ်မည့်ကိုင်းသည် ခဲတံအရွယ်ခန့် ကိုင်း ကို အရင်းပိုင်းမှ နှစ်ဆစ်သုံးဆစ်ချန်၍ ဖြတ်ပေးရ သည်။ ကိုင်းဖြတ်သည့်နေရာမှ ထွက်လာသော အညွန့်များမှ အသီးအများအပြား သီးလေ့ရှိပါ သည်။
အသီးသီးချိန်နှင့် အသီးခူးချိန်
စပျစ်ပင်သည် အသက်ပြင်းသော အပင်မျိုး ဖြစ်သည်။ အတော်အတန် ရေမြုပ်ခြင်းကိုလည်း ခံနိုင်သည်ဟုဆိုသည်။ သို့သော်လည်း ကိုင်းဖြတ် ခြင်းနှင့် ကိုင်းပြုပြင်ခြင်းများကို ပြုလုပ်ပေးရ သည်။ စပျစ်ပင်ကို စိုက်ပျိုးပြီးနောက် စင်ပေါ်သို့ ၂-၃ ပေရောက်လျှင် ခေါင်နှိမ်ပေးရသည်။ မြေ သြဇာ နွားချေး သင့်သလောက် ထည့်ပေးရသည်။ စပျစ်ပင်သည် စိုက်ပျိုးပြီးနောက် နှစ်နှစ်မှ လေး နှစ်တွင် အသီးစသီးလေ့ရှိသည်။ စတင်သီးသော အသီးများသည် အရွယ်အစား မညီမျှပေ။ စံချိန်မီ အသီးမျိုး မဟုတ်ပေ။ ခြောက်နှစ်ဝန်းကျင်ခန့်မှ အသီးညီ၍ စံချိန်မီ အသီးများရရှိမည်ဖြစ်သည်။ ထိုအချိန်တွင် စပျစ်တစ်ဧကလျှင် အသီးနှစ်တန် ခန့် အနည်းဆုံးရနိုင်သည်။
စပျစ်သီးကိုခူးဆွတ်မည်ဆိုပါက နံနက်ပိုင်း အချိန်နှင့်ညနေပိုင်းအချိန်တွင်သာ ခူးဆွတ်လေ့ရှိ ကြသည်။ ခူးဆွတ်ရာတွင်လည်း လက်ဖြင့်ဖြုတ်ယူ ခြင်းမဟုတ်ဘဲ အညှာကိုကက်ကြေးဖြင့် ညှပ်၍ အခိုင်လိုက်ခူးယူခြင်းဖြစ်သည်။စပျစ်သီးခူးရာတွင် သတိပြုရမည့်အချက်မှာ နှင်းစိုလျှင်ခူးဆွတ်လေ့ မရှိခြင်းပင် ဖြစ်သည်။
ကုန်ကျစရိတ်နှင့် အထွက်နှုန်း
စပျစ်မျိုးကိုင်းတစ်ကိုင်းကို ၁၀ဝ၀-၁၅၀ဝ ကျပ်နှုန်းဖြစ်သည်။ တချို့ ယိုးဒယားမျိုးဆိုလျှင် တစ်ပင် ၃၅၀ဝ မှ ၄၅၀ဝ အထိရှိသည်။ တစ်ဧက တွင် အပင် ၄၀ဝ ကျော်ဝင်ဆံ့သည့်အတွက် မျိုး အတွက် ကုန်ကျစရိတ်မှာ တစ်ပင် ကျပ် ၁၀ဝ၀ နှုန်းဆို လေးသိန်းဖြစ်သည်။ ယိုးဒယားမျိုးသည် တစ်ပင် ကျပ် ၃၅၀ဝ ဖြင့်ဆိုလျှင် ကျပ် ၁၄ သိန်းခန့် ကုန်ကျသော်လည်းနှစ်ရှည်ခူးနိုင်သည့်အတွက် တွက်ခြေကိုက်ပါသည်။
စပျစ်သီးကို စာရေးသူတို့ဒေသ၌ အလေး ချိန်ဖြင့်သာ ရောင်းချလေ့ရှိပြီး ၁၀ကျပ်သားကို ကျပ် ၁၅၀ဝ၊ တစ်ပိဿာ ကျပ် ၁၅၀ဝ၀ ဖြစ်သည်။ဒေသအလိုက်ဈေးနှုန်းကွဲပြားမှုရှိနိုင်သည်။ တန် အားဖြင့် တစ်တန်တွင် ၆၂၂ ပိဿာရှိသည်။ ထို့ကြောင့် တစ်ဧကလျှင် ၂ တန်အနည်းဆုံးထွက် သည်ဆိုသောကြောင့် ၁၂၄၄ ပိဿာဖြစ်သည်။ကာလပေါက်ဈေးဖြင့်ဆို တစ်ဧကသိန်းပေါင်း များစွာ ရရှိနိုင်သည်။ စပျစ်ပင်သည် နှစ်ရှည်ပင် ဖြစ်သည့်အတွက် စိုက်ပျိုးသူများအနေဖြင့် တွက် ခြေကိုက်နိုင်ပါသည်။ထို့ကြောင့် စပျစ်စိုက်ပျိုးနည်း ကို ရေးသားမျှဝေလိုက်ခြင်းဖြစ်ပါသည်။
ကိုးကား - ဥယျာဉ်ခြံစိုက်ပျိုးနည်းပဒေသာ
(မင်းသော်တာ)
- စားပင်ဟင်းရွက်သီးနှံများစိုက်ပျိုးနည်း (သုတေသီဆရာငြိမ်း)
- သစ်သီးများနှင့်ကျန်းမာရေး
(ဒေါက်တာခင်မောင်လွင်)
ကျော်စွာ(ကျိုက်ပိ)