မြန်မာနိုင်ငံသည် ကြက်သွန်ဖြူကို ရှမ်းပြည် နယ်တွင် အများဆုံးစိုက်ပျိုးပြီး မကွေးတိုင်းဒေသ ကြီး ယောနယ်ဒေသများဖြစ်သည့် ဆော၊ ကျောက် ထု၊ ပေါက် မြို့များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး ကြသည်။ ကြက်သွန်ဖြူအပင်သည် ပင်ပျော့ပင် ငယ်တစ်မျိုးဖြစ်ပြီး ရေအလွန်လိုအပ်သော သီးနှံ တစ်မျိုးဖြစ်သည်။ အစိုဓာတ်ရှိသော မြေအတော် များများတွင် စိုက်ပျိုးနိုင်ပြီး အပူအအေး သင့်တင့် မျှတသော ရာသီဥတုကို ကြိုက်နှစ်သက်၍ အောက် တိုဘာ၊ နိုဝင်ဘာလလယ်တွင် စိုက်ပျိုးလျက်ရှိကြ သည်။ စိုက်ပျိုးရာတွင် ပင်ကြားနှစ်လက်မ၊ တန်း ကြားလေး လက်မခန့်ခွာ၍ စိုက်ပျိုးကြသည်။ ကြက်သွန်ဖြူမှာ အစိုဓာတ်ကြိုက်၍ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ရာသီဥတု ပူပြင်းမှုအပေါ်မူ တည်၍ ရေသွင်းအကြိမ်ရေ ငါးကြိမ်မှ ၁၀ ကြိမ် ထိရေသွင်း၍ စိုက်ပျိုးကြသည်။ ရေမြေဒေသလိုက် ၍ ရာသီဥတုနှင့် ကိုက်ညီသည့် ကြက်သွန်ဖြူမျိုးကို ရွေးချယ်၍စိုက်ပျိုးကြသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်ဖြူကို ရှမ်းပြည် နယ်တွင် အများဆုံး စိုက်ပျိုးခဲ့ကြပြီး ရှေးယခင်က ရှမ်းပြည်နယ်မှထွက်သော ကြက်သွန်ဖြူကို ပြည်ပ ထိုင်းနိုင်ငံဈေးကွက်သို့ ကုန်ချိန်အများဆုံး တင်ပို့ ခဲ့ရ၍ ပြည်ပဝယ်လိုအားဈေးကွက် ကောင်းခြင်း ကြောင့် တောင်သူများ အကျိုးအမြတ်များစွာရရှိခဲ့ကြောင်း သိရှိရသည်။ ၂၀၁၄ ခုနှစ်မှစ၍ ထိုင်း နိုင်ငံသည် တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူများကို အများဆုံးဝယ်ယူတင်သွင်းခဲ့၍ မြန်မာ့ကြက်သွန် ဖြူဈေးကွက် ပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်ဖြူ စိုက်ပျိုး တောင်သူနှင့် စိုက်ဧကနည်း၍ သီးနှံထွက်ရှိမှု နည်းခြင်းကြောင့် ပြည်တွင်းစားသုံးမှု လိုအပ်ချက် အရ တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူများကို နှစ်စဉ် ဝယ်ယူတင်သွင်းခဲ့ရသည်။
ကြက်သွန်ဖြူသီးနှံသည် အအေးပိုင်းဒေသ များတွင် အများဆုံး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်း မှုရှိကြောင်း၊ ဗမာကြက်သွန်ဖြူမျိုးကို အများဆုံး စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမြေအနေဖြင့် စပါးခင်း အလွတ်တွင် သီးထပ်စိုက်ပျိုးခြင်း၊ လယ်ကွက်ယာ မြေများနှင့် ကျောချောင်းနံဘေးရှိ သဲနုန်းမြေများ တွင် ကျင်းဖွဲ့၍ စိုက်ပျိုးခြင်းတို့ဖြင့် အောက်တိုဘာ လကုန် နိုဝင်ဘာလဆန်းပိုင်းတွင် စိုက်ပျိုးကြပြီး တောင်သူများအနေဖြင့် စိုက်ပျိုးရာသီ မတူညီ ကြောင်း သိရသည်။ ကြက်သွန်ဖြူပင်စိုက် သက် တမ်းမှာ လေးလခန့်ကြာမြင့်ကြောင်း၊ မတ်လကုန် တွင် ကြက်သွန်ဖြူ လှိုင်လှိုင်တူး ဖော်၍ ရိတ်သိမ်း ကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရှိရ သည်။
စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် ကြက်သွန်ဖြူ သုည ဒသမ ၅ ဧကစိုက်ပျိုးလျှင် ပိဿာ ၁၀ဝ ခန့် ကုန်ကျကြောင်း၊ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် (ဗမာ)ကြက် သွန်ဖြူဥသေးမျိုးကို စိုက်ပျိုးကြောင်း၊ ကြက်သွန်ဖြူ ဥကို ြွေခ၍ရရှိသော အမြှောင့်(အသေး)များကို စိုက်ပျိုးရကြောင်း၊ တောင်သူများအနေဖြင့် စိုက် ပျိုးရာတွင် နွားရှဉ်း ထယ်ချောင်းနောက် ဖြူးချခြင်း၊ မြေပြင်သို့လက်ဖြင့် စိုက်ခြင်း၊ နှစ် နည်းဖြင့် စိုက်ပျိုးကြောင်း၊ ကြက်သွန်ဖြူ တစ်ပိဿာ စိုက်ပျိုး လျှင် ပျမ်းမျှအထွက် ၁၀ ပိဿာ မှ ၁၂ ပိဿာခန့် ထွက်ရှိ၍ သုည ဒသမ ၅ ဧက စိုက်ပျိုးလျှင် ပျမ်းမျှပိဿာ ၁၀ဝ၀ခန့်ထွက်ရှိကြောင်း၊ တစ် ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ ဈေးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း ကုန်ကျစရိတ်အနေဖြင့် ယခု နှစ်ပေါ်သည့်အချိန် ကျပ်သိန်း ၄၀ ခန့်ကုန် ကျ၍ ဝင်ငွေမှာ ကျပ်သိန်း ၁၀ဝ ခန့် ရရှိခြင်းကြောင့် သုည ဒသမ ၅ ဧကစိုက်ပျိုးလျှင် ကျပ်သိန်း ၆၀ ခန့် အကျိုးအမြတ်ရရှိကြောင်း သိရသည်။
ဈေးကွက်အနေဖြင့် ဒေသတွင်းကြက်သွန် ဖြူသီးနှံပေါ်ချိန် အရောင်းအဝယ် ဖြစ်ခဲ့သော ဈေးနှုန်းမှာ ၂၀၂၂ ခုနှစ်တွင် ကြက်သွန်ဖြူ တစ် ပိဿာ လက်ကားဈေး ကျပ်၂၀ဝ၀၊ လက်လီဈေး ကျပ် ၃၀ဝ၀၊ ၂၀၂၃ ခုနှစ်တွင် လက်ကားဈေး ကျပ် ၃၅၀ဝ၊ လက်လီဈေး ကျပ် ၆၀ဝ၀ ယခုဘဏ္ဍာနှစ် ၂၀၂၄ ခုနှစ်တွင် လက်ကားဈေး ကျပ် ၁၀ဝ၀ဝ၊ လက်လီဈေး ကျပ် ၁၅၀ဝ၀ မှ ၁၈၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
ထွက်ရှိသည့် ကြက်သွန်ဖြူများကို ဒေသ တွင်း ဝယ်လက်ကုန်သည်များမှတစ်ဆင့် ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေမြို့များနှင့် ချောက်၊ ဆိပ်ဖြူ၊ ဆင်ဖြူ ကျွန်း၊ စလင်းမြို့များသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရှိရသည်။ စိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ပြည်တွင်းကြက်သွန်ဖြူဈေးနှုန်း သိသိသာသာ မြင့်တက်အရောင်းအဝယ်ဖြစ်ခြင်း ကြောင့် အကျိုးအမြတ် များစွာရရှိကြောင်း ရှားတောကျေးရွာရှိ ကြက်သွန်ဖြူ စိုက်တောင်သူ တစ်ဦးထံမှ သိရှိရသည်။
မြင့်မြင့်သန်း (ပခုက္ကူ)