Main menu

Background

စတော့ရှယ်ယာတန်ဖိုးကျပ်သန်း၆၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့

Mon, 10/07/2024 - 12:15 -- journal_editor

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း  စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၆၀ဝ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းYSX) မှ သိရသည်။ 
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာ အစောင် ရေ စုစုပေါင်း ၂၆၀၂၆၂ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၆၃၄ ဒသမ ဝ၆၄ သန်း ရှိခဲ့ခြင်းဖြစ်သည်။ 
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် hf First Myanmar Investment(FMI က အစုရှယ်ယာ ၁၀ဝ၉၂ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၈၉ ဒသမ ၁၅၀သန်း၊Myanmar Thilawa SEZ Holdings Public (MTSH) က အစုရှယ်ယာ ၃၂၈၈၃ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၁၃ဒသမ ဝ၆၂ သန်း ရရှိ ခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ်(MCB)) က အစုရှယ်ယာ ၅၀၇ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ် ၄ ဒသမ ၄၈၁ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၁၇၂၅၉၉ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးကျပ် ၃၁၃ ဒသမ ၄၄သန်း ရရှိခဲ့သည်။
ထို့အတူTMH Telecom Public (TMH) )  က  အစုရှယ်ယာ ၅၈၅၀ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၆ ဒသမ ၃၆၉ သန်း၊ Ever Flovw River Group Public(EFR) က အစုရှယ်ယာ ၂၀၂၃၅ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၄ ဒသမ ၅၀၆ သန်း ရရှိခဲ့သည်။

 

ကိုတိုး