အိန္ဒိယနိုင်ငံအပါအဝင် ဖိလစ် ပိုင်၊ ဗီယက်နမ် နိုင်ငံများ၏ ဝယ်လိုအား မြင့်တက်လာမှုကြောင့် ပြည်တွင်း ဈေးကွက်တွင် မြန်မာ့ပြောင်းဆန် ဈေး ကောင်းရနေကြောင်း ပြောင်းလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရ သည်။
လက်ရှိတွင် အိန္ဒိယ၊ ဖိလစ်ပိုင် နိုင်ငံများမှ အဝယ်လိုက်နေပြီး ပြောင်း ဈေး တက်ရိပ်ပြနေကာ ဈေးတက်နိုင် ဖွယ်ရှိကြောင်း သိရသည်။
ပြည်တွင်း ပြောင်းဆန်ဈေးအနေ ဖြင့် အောက်တိုဘာလတွင် ပြောင်းဆံ တစ်ပိဿာ ကျပ် ၁၃၅၀ မှ နိုဝင်ဘာလ တွင် ကျပ် ၁၅၅၀ ဝန်းကျင်အထိ မြင့် တက်ခဲ့ပြီး ဒီဇင်ဘာလအတွင်း တစ် ပိဿာ ကျပ် ၁၆၇၀ အထိ ပေါက်ဈေးရှိ နေကြောင်း သိရသည်။
ယခု ဘဏ္ဍာနှစ်အတွင်း ပြည်ပ နိုင်ငံများသို့ မြန်မာ့ပြောင်းဆန် တန်ချိန် ၁ဒသမ ၇ သန်းဝန်းကျင် တင်ပို့ထားနိုင် ခဲ့ပြီး မြန်မာ့ပြောင်းဆန်အား ပြည်ပနိုင်ငံ များသို့ တင်ပို့မှုမှ တစ်နှစ်လျှင် အမေ ရိကန်ဒေါ်လာ သန်း ၇၀ဝ ဝန်းကျင်ခန့် ရရှိနေကြောင်း သိရသည်။
ထို့ပြင် တစ်နိုင်ငံလုံး အတိုင်း အတာအရ စုစုပေါင်းပြောင်းစိုက်ဧက ၂ သန်းကျော်ရှိပြီး ပြောင်းထုတ်လုပ်မှု အနေဖြင့် မက်ထရစ်တန်ချိန် ၃ ဒသမ ၂သန်းခန့်ထွက်ရှိပြီး တန်ချိန် ၂ ဒသမ၂ သန်းကို ပြည်ပကို တင်ပို့ကာ လက်ကျန် တန်ချိန် ၁ သန်းခန့်ကို ပြည်တွင်းတွင် သုံးစွဲလျက်ရှိကြောင်း သိရသည်။
ကိုတိုး