Background
ပြည်တွင်းဆီဈေးနှုန်း (၁၁-၅-၂၀၁၂) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3600 3500 2800 2800 2200 2200 ရန်ကုန် 3000 3800 3000 3000 1905 1860 မန္တလေး 3250 3200 2900 2900 2065 2020 ပဲခူး 3400 3400 2700 2700 2000 2000 မကွေး 3600 3600 2900 2900 2100 2100 မုံရွာ 3500 3550 3050 3100 2100 2060 တောင်ကြီး 3000 3000 2400 2500 2200 2200 စစ်တွေ 3200 3200 3000 3000 2200 2000
ကမ္ဘာ့စီးပွားရေးပြန်ကောင်းမွန်လာခြင်းနဲ့ ကုန်စည်ဝယ်လိုအားတို့အပေါ် သံသယဖြစ်စေတဲ့ အီးယူ အကျပ်အတည်းနဲ့ အမေရိကန်မှ စီးပွားရေးစာရင်းများ ထွက်ပေါ်လာတာကြောင့် မေလ ၃ ရက်နေ့မှာ မလေးရှား၊ စားအုန်းဆီကြိုပွိုင့်ဈေး ဟာ သီတင်း ၆ ပတ်အတွင်း ဆက်တိုက်ကျဆင်းလာခဲ့ပါတယ်။ စားအုန်းဆီကြိုပွိုင့် ဈေးဟာ မတ်လ ၂၃ ရက်မှာ ဖြစ်ပေါ်တဲ့ တစ်တန်ရင်းဂစ် ၃၃၇၀ (ကန်ဒေါ်လာ ၁၁၁၁)ကို လျော့ကျခဲ့တယ်လို့ သိရပါတယ်။
ပြည်ဈေးကွက်မှာ မြေပဲဆန်ဈေးမှာ ဈေးပြန်ငြိမ်နေတာ တွေ့ရပါတယ်။ မင်းတုန်း၊ ကံမဘက်ကအဝင်ရှိနေပေမဲ့ ရန်ကုန်၊ ပြည်ဆီစက်သမားများမှ ပုံမှန် အဝယ်ရှိနေလို့ တစ်နေ့ကို မြေပဲဆန်အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်။ မြေပဲဆီဆန် တစ်ပိဿာကို ၁၆၀၀ ကျပ်၊ လုံးဆန်တစ်ပိဿာ ၁၈၇၀ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။ဝေေ၀မင်း
ဧပြီလ ၂၅ ရက်မှမေလ ၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၅၄၈၂ သန်းတန်ဖိုးရှိ နှမ်းနက် ၂၁၅ တန်ကျော်နဲ့ နှမ်းဖြူ ၁၈၁ တန်ကို မူဆယ် နယ်စပ်မှအပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နှမ်းနက် ၁၀၅ တန်ကျော်နဲ့ နှမ်းဖြူ ၁၁၄ တန် အပို့ပိုခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဧပြီလမှာ နယ်စပ်မှ နှမ်း ရောင်စုံ ၁၂၃၅ တန်ခန့်တင်ပို့ထားပြီးဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းက နှမ်းပြည်ပတင်ပို့မှုမှာ ဧပြီလ ၂၂ ရက်မှ ၂၇ ရက် အတွင်း တန်ချိန် ၅၄၀ ခန့်ရှိပါတယ်။ ဧပြီလ ပထမပတ်မှာ တန်ချိန် ၂၆၀ ကျော်၊ ဧပြီလ ၈ ရက်မှ ၁၈ ရက်မှာ တန်ချိန် ၄၆၀ ခန့် အသီးသီးတင်ပို့ခဲ့ပါတယ်။ ပြည် တွင်းမှာ နှမ်းလက်ကျန်နည်းလာတဲ့အပြင် တရုတ်နယ်စပ်မှဆွဲအားများတာကြောင့် ပင်လယ် ရေကြောင်းက တင်ပို့မှုလျော့ကျလာတာဖြစ်ပါတယ်။ လက်ရှိ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ဧပြီလ ၂၇ ရက်အထိ စုစုပေါင်း နှမ်းတင်ပို့မှုမှာ တန်ချိန် ၂၅၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၂၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ ကြောင်း သိရပါတယ်။MIRT - MAPT
ကမ္ဘာ့ စားနပ်ရိက္ခာ ဈေးနှုန်း ကျဆင်းတယ်လို့ FAO က ကြေညာ ပေမယ့် ပဲပုပ်ကြိုပွိုင့်ဈေးကတော့ ၄ နှစ် နီးပါးအတွင်း ၎င်းရဲ့ အမြင့်ဆုံးဈေးကို ဆက်လက်ထိန်းထားပါတယ်။ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လကစပြီး ယခုလအထိ ပဲပုပ်ဈေးအမြင့်ဆုံးကို ရောက်ရှိနေပြီး၊ ရောင်းချမှု နည်းတာကြောင့်လည်း ဆက်လက်မြင့်တက်ဖွယ်ရှိနေပါတယ်။ ပဲပုပ်လက်ကျန်နည်းခြင်းက ပြောင်းဈေး ပိုမိုမြင့်တက်စေဖို့လည်း တွန်းပို့နေတယ် လို့ သတင်းများစွာက ဆိုထားပါတယ်။
ပြည်ဈေးကွက်မှာ တစ်တင်း ၁၄၀၀၀ ကျပ်ဈေးဖြင့် ဈေးဖွင့်ထား သော်လည်း အရောင်းအဝယ်မှာအေး နေပါတယ်။ တိုင်းအတွင်းရှိ လက်ကျန် ပဲ များဖြင့်သာ အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ပဲပုပ်ကို အခြားတိုင်းမှ အဝယ် များမရှိတော့သလိုတိုင်းအတွင်း အခြား မြို့နယ်များမှလည်း အဝင်မရှိတော့ တဲ့အတွက် လက်ကျန်နည်းနေပြီလို့ သိရပါတယ်။ ဝယ်လက်အနည်းငယ် မှာ တိုင်းအတွင်းရှိ လက်လီသမားများ သာဖြစ်ကြောင်း သိရပါတယ်။ဆုမွန်ဆွေ
စားအုန်းဆီဈေးနှုန်းများ(၃၀-၄-၂၀၁၂ မှ ၄-၅-၂၀၁၂ နေ့ထိ) ရေတွက်ပုံ - ဒေါ်လာ စဉ် နေ့စွဲ CIF (ရန်ကုန်) Cloud Point 10.C Max (1) ၃၀-၄-၂၀၁၂ 1220 (2) ၂-၅-၂၀၁၂ 1215 (3) ၃-၅-၂၀၁၂ 1210 (4) ၄-၅-၂၀၁၂ 1210 Source: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း 4-5-2012 US$Ton ဇန်နဝါရီလဒုတိယပတ် ဇန်နဝါရီလတတိယပတ် နှိုင်းယှဉ်ချက် RBD P.Oil 1150.50 1162.50 RBD P.Olein 1159.50 1163.50 RBD P.Strarin 1143.50 1132.00 Source: econ.mpob
ပြည်တွင်းဆီဈေးနှုန်း (၄-၅-၂၀၁၂) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3600 3600 2800 2800 2200 2200 ရန်ကုန် 3500 3800 2700 2700 1930 1905 မန္တလေး 3300 3250 2900 2900 2080 2065 ပဲခူး 3400 3400 2700 2700 2000 2000 မကွေး 3600 3600 2900 2900 2100 2100 မုံရွာ 3500 3500 3150 3050 2130 2100 တောင်ကြီး 3000 3000 2400 2400 2200 2200 စစ်တွေ 3200 3200 3000 3000 2200 2200
