Background
တောင်ကြီးဈေးကွက်မှာ မြေပဲတစ်ပိဿာ ၁၃၇၀ ကျပ် - ၁၄၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ဈေးကွက်ကို မြေပဲအဝင်နည်းလာပေမယ့် အဝင်နဲ့အထွက်မျှ နေပါတယ်။ တောင်ကြီးဈေးကွက်ကို ရှမ်းပဲလို့ခေါ်တဲ့ မိုင်းရှူး၊ ကျေးသီး၊ မောက်မယ် ဘက်မှထွက်တဲ့ မြေပဲများသာအဝင်ရှိပါတော့တယ်။ တစ်ပတ်ကို မြေပဲ ၂၅ ပိဿာဝင်အိတ် ၁၅၀၀ နဲ့ ၂၀၀၀ ကြား အရောင်းအဝယ်ဖြစ်နေတယ်လို့ ဈေးကွက်မှ သိရပါတယ်။ SYH
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ဖေဖေါ်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၀၈၁ သန်း တန်ဖိုးရှိ ပဲပုပ် စေ့ ၁၁၈ တန် တင်ပို့မှု ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ၃၆၈ တန်ကို တရုတ် သို့ တင်ပို့ထားပြီးဖြစ်ပါတယ်။ တစ်ဖက် နိုင်ငံ မြေပြင်ပေါက်ဈေး ပြောင်းလဲမှု မရှိသော်လည်း မိမိဘက် မြေပြင်ဈေး မှာမူ မြင့်တက်လျက်ရှိပါတယ် -
ပြည်ပကို ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်များထက် သိသိသာသာ လျော့ကျလာပါတယ်။ ယခင် တစ်ပတ်ကစပြီး တန်ချိန် ၄၆၀ သာလျော့ကျတင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၀-၂၄ ရက်) အတွင်းမှာလည်း တန်ချိန် ၃၆၀ ကျော်သာ တင်ပို့နိုင်တာတွေ့ရပါတယ်။ ယခုတစ်ပတ် တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ကိုရီးယားနဲ့ မလေးရှားကို ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံး ရန်ကုန် ၤဥြ ဈေးကွက်မှာ နှမ်းအရောင်းအဝယ် ဖြစ်မှုဟာ တန်ချိန် ၂၀၀ ခန့်သာရှိတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ ပြောင်းလဲခြင်းမရှိ ကြောင်း သိရပါတယ်။ MIRT - MAPT
ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလတွင်ကန်ဒေါ်လာသုည ဒသမ ၄၅၅ သန်းတန်ဖိုးရှိ နှမ်းနက် ၂၁၈ တန်ခန့်၊ နှမ်းဖြူ ၇၃ တန်ခန့်နဲ့ နှမ်းဖြူ(အခွံချွတ်) ၃၁ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နှမ်းရောင်စုံ အပို့သိသိသာသာ လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကထက် တန် ၇၄၀ အပို့လျော့ခဲ့တာ ဖြစ်ပါတယ်။
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း 1-3-2012 US$Ton ဇန်နဝါရီလဒုတိယပတ် ဇန်နဝါရီလတတိယပတ် နှိုင်းယှဉ်ချက် RBD P.Oil 1060.00 1071.00 RBD P.Olein 1084.50 1100.00 RBD P.Strarin 972.50 991.00 Source: econ.mpob
ပြည်တွင်းဆီဈေးနှုန်း (၁-၃-၂၀၁၂) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3400 3400 2800 2800 1900 1900 ရန်ကုန် 3500 3500 2500 2500 1722 1720 မန္တလေး 3400 3200 2550 2500 1880 1930 ပဲခူး 3300 3300 2800 2700 1800 1800 မကွေး 3300 3300 2600 2600 1860 1850 မုံရွာ 3450 3450 2650 2650 1890 1900 တောင်ကြီး 3000 2900 2600 2400 1900 2000 စစ်တွေ 3200 3200 3100 3100 1900 1900
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း 24-2-2012 US$Ton ဇန်နဝါရီလဒုတိယပတ် ဇန်နဝါရီလတတိယပတ် နှိုင်းယှဉ်ချက် RBD P.Oil 1051.50 1060.00 RBD P.Olein 1075.50 1084.50 RBD P.Strarin 943.00 972.50 Source: econ.mpob
စားအုန်းဆီတင်ပို့မှု ပြန်လည်ကောင်းမွန်ခြင်းကြောင့် ဆုံးရှုံးမှုကန့်သတ်တဲ့တိုင် ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးနေခြင်းနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မှုတွေရှိလို့ မလေးရှားစားအုန်းဆီကြမ်းကြိုပွိုင့်ဈေး၊ ဖေဖော်ဝါရီလ ၂၁ ရက်မှာ ကျဆင်းခဲ့ပါတယ်။
ပြည်တွင်းဆီဈေးနှုန်း (၂၃-၂-၂၀၁၂) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3400 3400 2800 2800 1900 1900 ရန်ကုန် 3500 3500 2500 2500 1720 1722 မန္တလေး 3100 3400 2550 2550 1870 1880 ပဲခူး 3300 3300 2800 2800 1800 1800 မကွေး 3200 3300 2550 2600 1860 1860 မုံရွာ 3350 3450 2650 2650 1880 1890 တောင်ကြီး 3200 3000 2600 2600 1900 1900 စစ်တွေ 3200 3200 3100 3100 1900 1900
ဆောင်းမြေပဲဆန်များကို ကံမဘက်မှ ရေလမ်းနဲ့ ပြည်ဈေးကွက်ကို တစ်နေ့ အိတ် ၁၅၀၀ ခန့်ဝင်ရောက်လာပြီး၊ ရန်ကုန်ဝယ်လက်များနဲ့ ပြည် စက်သမားများက အဝယ်ရှိလို့ မြေပဲဆံဈေးမှာ ဖေဖော်ဝါရီလအတွင်း တစ်ပတ်ထက်တစ်ပတ် ဈေးမြင့် လာတာတွေ့ရပါတယ်။