Background
ဥရောပကြွေးမြီပြဿနာဖြေရှင်းဖို့ ဥရောပသမဂ္ဂရဲ့ စွမ်းဆောင်ရည်အပေါ် စိုးရိမ်မှုများမြင့်တက်ခြင်းနဲ့ အမေရိကန်ရဲ့ မသေချာတဲ့ စီးပွားရေးအလားအလာ တွေအရ ရင်းနှီးမြုပ်နှံသူများက ရောင်းထုတ်လာကြတဲ့ အတွက် မလေးရှား ကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အောက် တိုဘာ၂၀ ရက် ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဇန်နဝါရီလအခြေခံ စားအုန်းဆီ ကြမ်းစာချုပ်ဈေးဟာ သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး ရင်းဂစ် ၂၈၇၅ (ကန် ဒေါ်လာ ၉၀၉)ဈေးဖြစ်ခဲ့ပါတယ်။ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးကလည်း သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၅၁ ဒသမ ၃၃ ဆင့်(တစ်တန်ကို ကန်ဒေါ်လာ ၁၁၃၁)နဲ့ ပိတ်ခဲ့ပါတယ်။ ယခုတစ်ပတ်တွင်း စားအုန်းဆီ ဈေး အပြောင်း အလဲဖြစ်နေပြီး တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဥရောပ ညီလာခံနီးကပ်ခြင်းက ဈေးနှုန်းကို ပိုမို ကျဆင်းစေပါတယ်။ ပြည်ပဝယ်လိုအား တဖြည်းဖြည်းနည်းပါးလာခြင်းနဲ့အတူ ယခုလအတွင်း မလေးရှားနိုင်ငံရဲ့ သိုလှောင်မှု တိုးတက်လာခြင်းတို့ကြောင့် စားအုန်းဆီထွက်ရှိမှုကို ကုန်သည်များ စောင့်ကြည့်လျက်ရှိနေပါတယ်။ အိန္ဒိယရဲ့ လာမယ့်သီတင်းပတ် ဒီပါဝလီပွဲတော်အတွက် ဝယ်လက်တွေထံမှာဆီအလုံအလောက်သိုလှောင် ထား တယ်လို့ ဟင်းသီးဟင်းရွက်ဆီတင်ပို့သူတစ်ဦးကဆိုပါတယ်။ SGS ရဲ့ ခန့်မှန်းချက်အရ အောက်တိုဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း အိန္ဒိယကို စားအုန်းဆီတင်ပို့မှုဟာ ယခင်လထက် ၂၆ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၁၁၃၂၉၀ သာရှိပေမယ့် စုစုပေါင်းတင်ပို့မှုအနေနဲ့ တန်ချိန် ၁ ဒသမ ၀၃ သန်းကို ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်တယ်လို့ ဆိုပါတယ်။လက်ငင်းဈေးကွက်မှာ နိုဝင် ဘာလ အတွက် သန့်စင်ပြီး စားအုန်းဆီ တစ်တန်ကန်ဒေါ်လာ ၉၉၈ ရှိပြီး၊ ချက်ချင်း တင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၂၀ ကျဆင်းပြီး၊ တစ်တန် ရင်းဂစ် ၂၈၈၀(ကန်ဒေါ်လာ ၉၁၁)ဈေးကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊ Source: palmoilhq.com
ပြည်ဈေးကွက်တွင် ပဲပုပ်မှာ ယခင် တစ်ပတ်က လက်ကားထက် လက်လီ ဝယ်ယူသူ ပဲပြားလုပ်ငန်း လုပ်သူများ သာ အဝယ်များပြီး ပိဿာ ၂၀ တစ်တင်းကို ၁၇၀၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက် သို့ ပဲပုပ် အဝင်နည်းလာတာကြောင့် ပဲပုပ်ဈေးရှိ သော်လည်း ဈေးကွက်တွင်း ပစ္စည်းပြတ် နေသလောက် ဖြစ်နေပြီး၊ ယခုတစ်ပတ် မှာတော့အရောင်းအဝယ်အေးခဲ့ကြောင်း သိရပါတယ်။ ပဲပုပ်ဈေးမှာ ယခုနှစ်ဈေး အတိုင်း ယခင် နှစ် အောက်တိုဘာလ ကလည်း တစ်တင်းကို ၁၇၀၀၀ ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
မုံရွာကုန်စည်ဒိုင်အောက်တိုဘာ ဒုတိယပတ် ဆီထွက် သီးနှံ ဈေးကွက်မှာ နယ်စုံက မြေပဲတွေ အသစ်ပေါ်ခဲ့ ပေမယ့် ဒိုင်ကို ယခင်နှစ်ကထက် အဝင်လျော့ခဲ့ပြီး နယ်နဲ့ ဒေသအသုံး အတွက် ဝယ်လက်အားကောင်းလို့ ယခုပတ်မှာဈေးမော့ လာတာတွေ့ရပါတယ်။ ဘုတလင်နယ်ဘက်က မြေပဲအသစ် အဝင်ပါးသွားပြီး မြင်းမူ၊ မြောင်နယ်နဲ့ ချောင်းဦးဘက်က မြေပဲ အသစ်တွေ ပုံမှန်ဝင်ရောက်မှုရှိခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မြေပဲလုံးဆံအသစ်ဟာ တစ်တင်း၂၈၀၀၀ကျပ်ထိဈေးမြောက် ခဲ့ပြီး၊မြေပဲလုံးဆံ အဟောင်းကတော့ တစ်တင်း ၂၉၀၀၀ ကျပ် မှာတန့်နေပါတယ်။ယခုတစ်ပတ်အတွင်း မြေပဲ စီးဆင်းမှု အနေ နဲ့ မန္တလေးကို တင်း ၉၀၀ခန့်နဲ့ ပခုက္ကူကို တင်း ၁၀၀၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ကန်ဒေါ်လာ ၂၃ သန်းခန့်တန်ဖိုးရှိ နှမ်းမျိုးစုံ ၁၇၆၀၀ တန်အပို့ရှိခဲ့ပြီး အနီးစပ် ဆုံးကာလထက် ၇၄၇၈ တန်ခန့်နဲ့ ယမန်နှစ်ကာလတူထက် ၉၄၁၅ တန်ခန့်တင်ပို့မှုပိုမိုခဲ့ပါတယ်။ ဧပြီလမှ စက်တင်ဘာလထိ ကန်ဒေါ်လာ ၄၁ သန်းကျော်တန်ဖိုးရှိ နှမ်းမျိုးစုံ ၂၂၂၁၇ တန်ကျော် အပို့ ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၉၃၁၁တန်၊ တန်ဖိုး ၁၁ သန်းကျော် ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုရာသီဟာ တစ်ဖက်နိုင်ငံမှာ ပွဲတော်ကာလများဖြစ်တဲ့အတွက် မုန့်လုပ်ရာမှာ အသုံးပြုတဲ့နှမ်းများ ဝယ်လိုအားကောင်းတဲ့အချိန်ဖြစ်ပါတယ်။ ဈေးကွက်နဲ့ ဝယ်လိုအား ရှိတဲ့ကာလဖြစ်လို့ အမြတ်နည်းနည်းနဲ့ ပမာဏများများ ရောင်းချနေတာတွေ့ရပါတယ်။ စက်တင်ဘာလ ပြည်တွင်းနှမ်းဈေးမှာ နှမ်းဖြူ(လတ်) တစ်တန်ကို ၉၂၅၃၉၆ ကျပ်၊ နှမ်းဖြူ (ကောင်း) တစ်တန်လျှင် ၉၆၆၂၂၃ မှ ၁၀၀၇၀၄၉ ကျပ်၊ နှမ်းနက် (ကောင်း)တစ်တန်လျှင် ၁၀၈၈၇၀၂ ကျပ် ထိရှိပြီး တစ်ဖက်နိုင်ငံ ရွှေလီဈေးမှာ နှမ်းဖြူတစ်တန် ၇၈၀၀ မှ ၈၇၀၀ ယွမ်နဲ့ နှမ်းနက်တစ်တန် ၉၀၀၀ မှ ၉၄၀၀ ယွမ်အသီးသီး ရှိပါတယ်။ Source: နကသ၊MIRT (DOBT)
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၈၀၀ ကို လျော့ကျခဲ့ရာမှ ယခုသီတင်းပတ် (အောက်တိုဘာလ ၂ ရက်မှ ၇ ရက်) အတွင်းမှာတော့ တန်ချိန် ၁၆၀၀ ခန့် ကို ပြန်လည် တိုးတက်လာခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများ ကတော့ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ မလေးရှားတို့ဖြစ်ပြီး တင်ပို့မှု ပမာဏများတာတော့ ဂျပန်ကိုပဲ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ အောက်တိုဘာလ ၇ ရက်နေ့အထိ ပြည်ပကို စုစုပေါင်း နှမ်းတင်ပို့မှုဟာ တန်ချိန် ၄၉၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၃၇၀၀၀ ခန့်ရှိလို့ တန်ချိန် ၁၂၀၀၀ ခန့် ပိုတင်ပို့လာတာ တွေ့ရပါတယ်။ နှမ်းများကို နှမ်းနီ၊ နှမ်းညိုများကိုပါ တင်ပို့ခွင့်ပြုလိုက်သလို ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုးမှာလည်း ငြိမ်သလောက် ရှိနေတာကြောင့် နှမ်းတင်ပို့မှု တိုးတက်လာခြင်းဖြစ်ပါတယ်။ ရန်ကုန် FOBဈေးအနေနဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန် ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညို တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT(MAPT)
စားအုန်းဆီဈေးနှုန်းများ(၁၀-၁၀-၂၀၁၁ မှ ၁၄-၁၀-၂၀၁၁ နေ့ထိ) စဉ် နေ့စွဲ CIF (ရန်ကုန်) CIF(ရန်ကုန်) Cloud Point 10.C Max Cloud Point 8.C Max(၁) ၁၀-၁၀-၂၀၁၁ ၁၀၂၀ ၁၀၂၅(၂) ၁၁-၁၀-၂၀၁၁ ၁၀၂၀ ၁၀၃၀(၃) ၁၃-၁၀-၂၀၁၁ ၁၀၂၅ ၁၀၅၀(၄) ၁၄-၁၀-၂၀၁၁ ၁၀၃၀ ၁၀၆၀Source:ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၁၄-၁၀-၂၀၁၁ US$/Ton အောက်တိုဘာလပထမပတ် အောက်တိုဘာလဒုတိယပတ် နှိုင်းယှဉ်ချက်RBD P.Oil ၉၈၃ .၀၀ ၉၂၉ .၀၀RBD P.Olein ၉၉၂ .၅၀ ၉၅၅ .၀၀RBD P.Strarin ၈၃၆ .၅၀ ၈၀၁ .၀၀Source: econ.mpob
ချီကာကိုပဲပုပ်ဆီဈေးကျဆင်းခြင်းကြောင့် အောက်တိုဘာ ၂၃ ရက် မလေးရှား ကုန်စည်ဒိုင် စားအုန်းဆီ ကြိုပွိုင့်ဈေးပါ ကျဆင်းခဲ့တယ်လို့သိရပါတယ်။ ဘာစာ မလေးရှား ကုန်စည်ဒိုင်မှာ ဒီဇင်ဘာလစားအုန်းဆီ စာချုပ်ဈေးဟာ ၀ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၂၈၄၄ (ကန်ဒေါ်လာ ၉၀၄) ဖြစ်ခဲ့ပြီး၊ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကိုကန်ဒေါ်လာ ၅၁ ဒသမ ၇၇ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၁၄၁) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာန (USDA) မှ ကမ္ဘာ့ဆီထွက်သီးနှံလက်ကျန် ခန့်မှန်းမှုကို မြှင့်တင်ခဲ့ပါတယ်။ စက်တင်ဘာ ၁ ရက်မှာ စတင်တဲ့ ဈေးကွက်နှစ် အတွက်ပဲပုပ်လက်ကျန်ဟာ ဘူရှယ် ၁၆၀ သန်း (တန်ချိန် ၄.၃၂ သန်း) နဲ့ ငြိမ်နေမယ်လို့ ခန့်မှန်းထားပါတယ်။ စားအုန်းဆီဈေးက ကျဆင်းနေဆဲဖြစ်ပေမဲ့ အောက်တို ဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း ပြည်ပဝယ်လိုအား ပိုမိုဖွယ်ရှိခြင်းနဲ့ တရုတ်နိုင်ငံမှာ အမျိုးသားအားလပ်ရက်ရှည်ပြီးပါက ဝယ်လိုအား မြင့်တက်လာနိုင်ခြင်းတို့ကြောင့် ဈေးနှုန်း မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လက်ငင်းဈေးကွက်မှာ အောက်တိုဘာလအတွက် သန့်စင်ပြီးစားအုန်းဆီ (Palm Olein) တစ်တန် ကန်ဒေါ်လာ ၉၈၅ ရှိပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်း ဆီကြမ်း လက်ငင်းဈေးဟာ တစ်တန်ရင်းဂစ် ၁၅ လျှော့ချပြီး ရင်းဂစ် ၂၈၆၀ (ကန်ဒေါ်လာ ၉၀၉) ဈေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။ ယုဇန၊Source: palmoilhq.com
ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ ယခုအပတ်တွင် မိုးအဆက်မပြတ် ရွာလို့ အရောင်းအဝယ်မဖြစ်ဘဲ ဈေး အေးနေပါတယ်။ မြို့ခံဆီစက်သမား များမှတစ်နေ့အိတ် ၅၀၀ခန့်သာ အဝယ် ရှိသဖြင့် မြေပဲဆံဈေးမှာ အနည်း ငယ် ကျလာတွေ့ရပါတယ်။ ယခင်နှစ်က ခုလိုအချိန်တွင် မြေပဲဆံတစ်ပိဿာ ၁၇၀၀ ကျပ် ဈေးထိရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၂၅၀ ထိ ဈေးကျလာတာ တွေ့ရပါတယ်။ လုံးဆံကို ပဲလှော်သမား များက အဝယ်ရှိလို့ တစ်ပိဿာ ၁၄၅၀ ကျပ်ဈေးရှိပါတယ်။ မြေပဲဆံများကို အောင်လံဘက်မှ အောက်တိုဘာလ ဆန်းမှ ခုချိန်ထိ ၁၂၀၀ ခန့်စီးဝင်လာပြီး၊ ရန်ကုန်သို့ အိတ် ၇၀၀ ခန့်စီးထွက်တယ် လို့သိရပါတယ်။ ဝေေ၀မင်း
