Background
မန်းသို့ စီးဆင်းမှုနည်းသေးတဲ့ မုံရွာနှမ်း မုံရွာ ကုန်စည်ဒိုင်သို့ နှမ်းရောင်စုံ အဝင်လှိုင်လို့နေပါတယ်။ နှမ်းဝါ၊ နှမ်းဖြူ၊ နှမ်းညိုများနေ့စဉ် အနည်းဆုံး အိတ်ရေ ၂ဝဝ မှ အများဆုံး အိတ်ရေ ၄ဝဝ အထိ ဝင်ရောက်မှုရှိတယ် လို့ သိရပါတယ်။ ကနီ၊ ဘုတလင်နယ်ဘက် က အဝင်များပြီး သာစည်၊ အရာတော်ဘက်တွေက အဝင်နဲသေးတယ်လို့ လည်း ကုန်သည်တစ်ဦးက ပြောပါတယ်။ လက်ရှိ ဆီနှမ်း တစ်တင်း အနိမ့်ဆုံး ၁၅၇ဝဝကျပ်မှ အမြင့်ဆုံး ၁၆၂ဝဝ ကျပ် ထိ နှမ်းအရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ နှမ်းဖြူတစ်တင်း ၁၇ဝဝဝ ကျပ်နဲ့ နှမ်းညိုတစ်တင်း ၁၆၅ဝဝ ကျပ် ၁၆၈ဝဝ ကျပ်ရှိပြီး၊ ဒီနှမ်း တွေက တရုတ်ဆွဲရင် ဈေးကွက်ဖြစ်တဲ့သဘောရှိပါတယ်။ မနှစ်က ဒီအချိန်ဆိုရင် နှမ်းတစ်တင်း ၁၈ဝဝဝ ကျပ်၊ ၁၉ဝဝဝ ကျပ်လောက်ရှိခဲ့ပြီး အခုတရုတ်လိုင်းသမားတွေ ငြိမ်နေလို့ တောင်သူ၊ ကုန်သည်များ အမြင့်ဈေးမျှော်ပြီး မန်းသို့ အစီး နည်း နေသေးကြောင်း လက်ရှိဆီစက်သမားနဲ့ မြို့ပါ် လှောင်လက်တွေသာ အသိမ်းရှိကြောင်း သိရပါတယ်။ ခင်မြင့်မြင့်သန်း
လက်ကျန်နည်းလာပြီဖြစ်တဲ့ ပြည်ပဲပုပ် ပြည်ဈေးကွက် ပဲပုပ်မှာ လက်လီဈေး ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ- ၁၈ဝဝဝ ကျပ်အတွင်း အရောင်းအဝယ် ဖြစ်ပြီး၊ ယခုရက်ပိုင်းမှာတော့ လက်လီ ဝယ်ယူသူများပုံမှန်အဝယ်ရှိတာကြောင့် တစ်နေ့ကို ၁၅ အိတ်- အိတ် ၂ဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လက္ကားဈေးမှာတော့ တစ်တင်း ကို ၁၆၅ဝဝ ကျပ်ဈေးရှိပြီး အရောင်း အဝယ် အေးခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ပဲပုပ်လက်ကျန်များ တဖြည်းဖြည်း လျော့နည်းလာခဲ့ပြီလို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ
စားအုန်းဆီဈေးနှုန်းများ(၈-၈-၂ဝ၁၁ မှ ၁၂-၈-၂ဝ၁၁ နေ့ထိ)စဉ် နေ့စွဲ CIF (ရန်ကုန်) ရေတွက်ပုံ-ဒေါ်လာ(၁) ၈-၈-၂ဝ၁၁ ၁၁၈၅(၂) ၉-၈-၂ဝ၁၁ ၁၁၇ဝ(၃) ၁ဝ-၈-၂ဝ၁၁ ၁၁၈၅(၄) ၁၁-၈-၂ဝ၁၁ ၁၁၈ဝ(၅) ၁၂-၈-၂ဝ၁၁ ၁၁၆၅ှSource: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၁၂-၈-၂ဝ၁၁ US$/Ton သြဂုတ်လပထမပတ် သြဂုတ်လဒုတိယပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၁၄၇ .၅ဝ ၁၁၃၉ .ဝဝRBD P.Olein ၁၁၆၆ .၅ဝ ၁၁၆၆ .ဝဝRBD P.Strarin ၉၃၁ .ဝဝ ၉၂၉ .ဝဝSource: econ.mpob
ဝယ်လိုအားမြင့်တက်မည့် အခြေအနေကြောင့် စားအုန်းဆီဈေး ဆက်တိုက်မြင့်တက် ဟင်းသီးဟင်းရွက်ဆီ ရောင်းလိုအား နည်းလာချိန်မှာ အစားအစာနဲ့ ဇီဝ လောင်စာဆီအဖြစ် အသုံးပြုတဲ့ စားအုန်းဆီဝယ်လိုအားက မြင့်တက်လာတဲ့အတွက် စားအုန်းဆီဈေးနှုန်းက သုံးရက်ဆက်တိုက်မြင့်တက်လာပါ တယ်။ အောက်တိုဘာလ အတွက် စားအုန်းဆီကြိုပွိုင့်ဈေးက မလေးရှားကုန်စည်ဒိုင်မှာ ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး မက်ထရစ်တစ်တန်ကို ၃ ဒသမ ဝ၂၅ ရင်းဂစ် (၁ဝဝ၈ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ ကွာလာလမ်ပူဈေးပိတ်ချိန်မှာ တစ်တန် ကို ၃ဝ၁၅ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ ယခင်က ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းရာမှ အများဆုံး မြင့်တက်လာခဲ့တဲ့နှုန်းဖြစ်ပါတယ်။ ကမ္ဘာမှာ စားအုန်းဆီအများဆုံး တင်သွင်းတဲ့ အိန္ဒိယနိုင်ငံက စံချိန်တင်တဲ့ နှုန်းထားဖြစ်တဲ့ ၁ဝ ရာခိုင်နှုန်းတိုး မြှင့်ပြီး အောက်တိုဘာ ၃၁ မှာ ကုန်ဆုံးမဲ့ ယခုဘဏ္ဍာနှစ် တန် ၇ သန်း အထိ တင်သွင်းမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဝင်ငွေတိုးတက်လာပြီး စားသုံးကုန်ပစ္စည်းများ ထုတ်လုပ်ဖို့ အဝယ်လိုက်လာလို့ ယခုလိုမြင့်တက်လာတာဖြစ်တယ်လို့ ဘလွမ်းဘတ် သတင်းဌာနက သုံးသပ်ပါတယ်။ တကယ်လို့ ပြည်တွင်းသီးနံှထုတ်လုပ်ရာမှာ တစ်စုံတစ်ရာ ပြဿနာပေါ်ခဲ့ရင် ဒီထက်ပိုပြီး တင်သွင်းဖို့လိုလိမ့်မယ်။ ဈေးနှုန်းတွေလည်း ပိုမြင့်တက် လာလိမ့်မယ်လို့ OSK Investment Bank မှ ဒုတိယဥက္ကဌ ဒွန်နီဦးက ပြောပါတယ်။ အိန္ဒိယမှာ ဝါဂွမ်းဈေးနှုန်းတွေ စံချိန်တင်မြင့်လာတဲ့အတွက် ယခုနှစ်မှာ တောင်သူတွေက ဝါဂွမ်းကို ပြောင်းလဲ စိုက်ပျိုးလာပါတယ်။ ဒါကြောင့် မြေပဲ စိုက်မြေဧရိယာဟာ ယခင်နှစ်က စိုက်ပျိုးခဲ့တဲ့ ဟက်တာ ၄ ဒသမ ၉၈ သန်း အောက် ၁ဝ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ မြေပဲက ပဲပုပ်ထက်ပိုပြီး ဆီ အထွက်များတဲ့အတွက် အခုလိုစိုက် ဧရိယာကျရင် အိန္ဒိယက စားအုန်းဆီ ပိုမိုတင်သွင်းရမဲ့ လက္ခဏာရှိတယ်လို့ အိန္ဒိယဆီထုတ်လုပ်သူ များအသင်း Solvent Exteractors Association of India အမှုဆောင် ဒါရိုက်တာ ဘီဗွီမဲထက ပြောပါတယ်။ ထွန်းသစ်စဈေးကွက်တွေမှာ ဝယ်လိုအားမြင့်လာတာ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာ စားအုန်းဆီကို လူကြိုက်များလာတာအပြင် ဟင်းသီးဟင်းရွက်ဆီရဲ့ ရောင်းလိုအား ကလည်း ကျလာတဲ့အတွက် စားအုန်းဆီဈေးကွက်အခြေ အနေတွေ ကောင်းမွန်နေ တယ်လို့ ကမ္ဘာပေါ်မှာ စားအုန်းဆီအများဆုံး စိုက်ပျိူးတဲ့ Golden Agri-Resources Ltd က ပြောပါတယ်။ UNT, Source: bloomberg.com
စားအုန်းဆီဈေးနှုန်းများ(၁-၈-၂ဝ၁၁ မှ ၅-၈-၂ဝ၁၁ နေ့ထိ)စဉ် နေ့စွဲ CIF(ရန်ကုန်) ရေတွက်ပုံ - ဒေါ်လာ(၁) ၁-၈-၂ဝ၁၁ ၁၂ဝဝ(၂) ၂-၈-၂ဝ၁၁ ၁၂၁ဝ(၃) ၃-၈-၂ဝ၁၁ ၁၂၁ဝ(၄) ၄-၈-၂ဝ၁၁ ၁၂၁ဝ(၅) ၅-၈-၂ဝ၁၁ ၁၁၉၅ Source: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၅-၈-၂ဝ၁၁ US$/Ton ဇူလိုင်လစတုတ္ထပတ် သြဂုတ်လပထမပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၁၄၄ .၅ဝ ၁၁၄၇ .၅ဝRBD P.Olein ၁၁၅၆ .၅ဝ ၁၁၆၆ .၅ဝRBD P.Strarin ၉၂ဝ .၅ဝ ၉၃၁ .ဝဝSource: econ.mpob
ပြည်ပဲပုပ်လက်လီသမားဖြင့် အရောင်းအဝယ်ဖြစ် ပြည်ပဲပုပ်မှာ ယခုတစ်ပတ်တွင် လက်လီဈေး၊ လက်ကားဈေး ဈေးနှစ် မျိုးဖြင့် ဈေးဖွင့်ထားရာ ပိဿာ ၂ဝ တစ်တင်းကို လက်လီဈေး ၁၈ဝဝဝ ကျပ်ဈေးရှိပြီး လက်လီဝယ်ယူသူများ ရှိတဲ့အတွက် တစ်နေ့ကို ၁၄ အိတ်- ၁၅ အိတ်ခန့် အရောင်းအဝယ် ဖြစ်တယ် လို့ သိရပါတယ်။ လက်ကားဈေးမှာ တော့ တစ်တင်းကို ၁၆၅ဝဝ ကျပ်ရှိပြီး အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ ဒါကြောင့် ပဲပုပ်မှာ တိုင်းအတွင်း ရှိ လက်လီဝယ်ယူသူများဖြင့်သာ ဆက် လက် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရပါတယ်။ ဆုမွန်မွန်ဆွေ
