Main menu

Background

Tuesday, 26 Jul 2011

စားအုန်းဆီဈေးနှုန်းများ(၁၈-၇-၂ဝ၁၁ မှ ၂၂-၇-၂ဝ၁၁ နေ့ထိ)ရေတွက်ပံုံ - ဒေါ်လာစဉ် နေ့စွဲ                 CIF (ရန်ကုန်)(၁) ၁၈-၇-၂ဝ၁၁          ၁၁၇ဝ(၂) ၂ဝ-၇-၂ဝ၁၁          ၁၁၈၅(၃) ၂၁-၇-၂ဝ၁၁          ၁၁၉ဝ(၄) ၂၂-၇-၂ဝ၁၁          ၁၁၉ဝSource: ဆီကုန်သည်များအသင်း

Tuesday, 26 Jul 2011

မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း          ၂၂-၇-၂ဝ၁၁                         US$/Ton                 ဇူလိုင်လဒုတိယပတ်         ဇူလိုင်လတတိယပတ် နှိုင်းယှဉ်ချက် RBD P.Oil         ၁၁ဝ၂ .ဝဝ                   ၁၁ဝ၇ .ဝဝRBD P.Olein       ၁၁၁၁ .၅ဝ                   ၁၁၂၇ .ဝဝRBD P.Strarin      ၉၃၂ .၅ဝ                     ၉၅ဝ .ဝဝSource: econ.mpob

Tuesday, 26 Jul 2011

 ပြည်ပဝယ်လိုအား အလားအလာကြောင့် စားအုန်းဆီကြမ်းဈေး ဒုတိယနေ့အဖြစ် မြင့်တက်                   ပြည်ပဝယ်လိုအားပြန်လည်မြင့်တက်လာခြင်းနဲ့ ပြည်ပကုန်စည်ဈေးကွက် ဈေးနှုန်းမြင့်တက်လာခြင်း တို့ကြောင့် မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြိုပွိုင့်ဈေး ဒုတိယနေ့အဖြစ် မြင့်တက်လာခဲ့ပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင် မှာ အောက်တိုဘာလအခြေခံစံနှုန်း စာချုပ်ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၁၅၃ (ကန်ဒါ်လာ ၁ဝ၅၂) နဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။                         ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ ဝ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကိုကန်ဒေါ်လာ ၅၈ ဒသမ ဝ၂ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၇၉)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂ဝ ရက်အတွင်း မလေးရှားရဲ့ စားအုန်းဆီ ပြည်ပတင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ဝ၂ သန်းရှိတယ်လို့ ကုန်စည်စစ် ဆေးတဲ့ Intertek Agri Services က ပြောကြားပါတယ်။ ဇူလိုင်လအတွင်းမှာ တန်ချိန် ၁ ဒသမ ၅ဝသန်း အထိတင်ပို့နိုင်မယ်လို့ ကုန်သည်များက မျှော်လင့်ထားပါတယ်။                     တရုတ်နိုင်ငံက ဈေးကွက်အတွင်း စားဆီဈေးနှုန်း ထိန်းချုပ်မှုကို ဖယ်ရှားဖို့ ဆွေးနွေးနေခြင်းက လည်း ဈေးကွက်ဈေးနှုန်း ကို မြင့်တက်စေတယ် လို့ စင်ကာပူ အခြေစိုက် ရင်းနှီးမြှုပ်နံှမှုဘဏ်မှ လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။ တရုတ် နိုင်ငံဟာ ငွေကြေးဖောင်းပွမှုကိုလျှော့ချမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ နိုဝင်ဘာလ အတွင်းမှာ စားဆီထုတ်ကုန်တွေ အပေါ် ဈေးနှုန်းထိန်းချုပ် မှုပြုလုပ်ခဲ့ တာဖြစ်ပါတယ်။ ထုတ်လုပ်မှုရာသီက စတင်ကာစပဲ ရှိသေးတာကြောင့် ယခုလကုန်မှာ တစ်တန်ကို ရင်းဂစ်၃၂ဝဝ(ကန်ဒေါ်လာ ၁ဝ၆၈)နီးပါးအထိ မြင့်တက်လာနိုင်တယ်လို့ မလေးရှား အခြေစိုက်စိုက်ပျိုးရေးကုမ္ပဏီ မန်နေဂျာတစ်ဦးက ဆိုပါတယ်။                ဒါပေမဲ့ ဥပုသ်လဝယ်လိုအားပြည့်လုနီးပါးဖြစ်တဲ့ ယခုလနောက်ပိုင်းမှာ ပြည်ပ တင်ပို့မှု ကျဆင်းဖွယ်ရှိတယ်လို့ OSK Investment Bank  မှ ဒုတိယဥက္ကဌ Ryan Long က ဆိုပါတယ်။ စားအုန်းဆီဈေးဟာ ပဲပုပ်ဆီဈေးထက် ဈေးနိမ့်ကျမှုများ တာ ကြောင့် ဈေးသက်သာတာကို ဝယ်ယူတဲ့ ပါကစ္စတန်၊ အိန္ဒိယနဲ့ အီဂျစ်တို့လို နိုင်ငံ တွေက ဝယ်လိုအားကောင်းလာနိုင်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ လက်ငင်း ဈေးကွက်မှာ သြဂုတ်လပို့ရမယ့် သန့်စင်ပြီး စားအုန်းဆီ (Palm Olein)  ဈေးဟာ တစ်တန်ကို ၁၅ ဒေါ်လာမြင့်တက်ပြီး တစ်တန်ကန်ဒေါ်လာ ၁၁၆၅ ဈေးဖြစ်ခဲ့ပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက ရင်းဂစ် ၃ဝ မြင့်တက်ပြီး ရင်းဂစ် ၃၁၆ဝ (ကန်ဒေါ်လာ ၁ဝ၅၄) ဈေးဖြစ်ခဲ့ပါတယ်။ ယုဇန၊ Source: palmoilhq.com

Monday, 18 Jul 2011

ပြည်ပမှတင်သွင်းလာသော စားအုန်းဆီများ၊ ရန်ကုန်ဆိပ်ကမ်းအရောက် တစ်ပိဿာအရင်းဈေးတွက်ချက်ပုံ  (၁၄ - ၇ -၂ဝ၁၁)နေ့  အကြောင်းအရာ                              တွက်ချက်နှုန်း             တစ်ပိဿသာကုန်ကျစရိတ် (ကျပ်)CIF ဈေး                                     (1160 x 808)/ 612                         ၁၅ဝ၈ .၉ဝFDA  ထောက်ခံစာ                              58 .20/ 612                                ဝ .၁ဝသွင်းကုန်လိုင်စင်ကြေး                         50/ 612                                      ဝ .ဝ၈L/C စရိတ်                  (CIF 1160 x 0.25% x Earning 808/)/612            ၃ .၇၇Bill စရိတ်                    (CIF 1160 x 0.25% x Earning 808/)/612            ၇ .၅၄စားအုန်းဆီအလျော့                          0.5% x 2000                                 ၁ဝ .ဝဝဆီကန်သိုလှောင်ထိန်းသိမ်းခ                   5/ -1%                                     ၄ .၉၅အကောက်ခွန်             (CIF 1160 x  ကောင်တာဈေး 450 x 5%) 612        ၄၂ .၂၈ဆိပ်ကမ်းခွန်                                (50000/ 1000) 612                            ဝ .ဝ၈MITS စစ်ဆေးခ (FDA အပါအဝင်)                                                             ဝ .၆ဝအမြတ်ခွန်                                    (CIF 1160 x 35/-) 612                      ၆၅ .၇၇ဆိပ်ကမ်းကပ်ခ                             (3x Earning 808) 612                        ၃ .၉၄ရန်ကုန်ဆိပ်ကမ်းအရောက်အရင်းဈေး                                                     ၁၆၄၈ .ဝ၁မှတ်ချက်။ ၁။အထက်ပါတွက်ချက်မှုမှာ (၁၄-၇-၂ဝ၁၁)နေ့(CIF ဈေး ၁၁၆ဝ ဒေါ်လာနှင့် Earning ဒေါ်လာဈေး ၈ဝ၃) ကျပ်ဖြင့်တွက်ချက် ထားခြင်း ဖြစ်ပါသည်။               ၂။ (၁၄-၇-၂ဝ၁၁)နေ့ ဝယ်ယူပြီးနောက် (၁ဝ) ရက်ခန့်အကြာ ရန်ကုန် ဆိပ်ကမ်းရောက်ရှိမည့် ဈေးဖြစ်ပါသည်။               ၃။ တင်သွင်းလာသော ကုမ္ပဏီ၏ အမြတ်၊ ဆိပ်ကမ်းမှ ဖြန့်ဖြူးမည့် ဈေးကွက်အရောက် သယ်ယူစရိတ်၊ လုပ်သားခ၊ လက်လီဆိုင်များ၏ အမြတ်များ မပါဝင်သေးပါ။

Sunday, 17 Jul 2011

စားအုန်းဆီဈေးနှုန်းများ(၁၁-၇-၂ဝ၁၁ မှ ၁၄-၇-၂ဝ၁၁ နေ့ထိ)                                                         ရေတွက်ပုံ- ဒေါ်လာ စဉ် နေ့စွဲ               CIF (ရန်ကုန်)(၁) ၁၁-၇-၂ဝ၁၁       ၁၁၅ဝ(၂) ၁၂-၇-၂ဝ၁၁       ၁၁၃၅(၃) ၁၃-၇-၂ဝ၁၁      ၁၁၃၅(၄) ၁၄-၇-၂ဝ၁၁      ၁၁၅ဝှSource: ဆီကုန်သည်များအသင်း

Sunday, 17 Jul 2011

မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၁၄-၇-၂ဝ၁၁                                  US$/Ton                       ဇူလိုင်လပထမပတ်     ဇူလိုင်လဒုတိယပတ်     နှိုင်းယှဉ်ချက်RBD P.Oil             ၁ဝ၉၇ .၅ဝ                ၁၁ဝ၂ .ဝဝRBD P.Olein         ၁၁၁၃ .ဝဝ                ၁၁၁၁ .၅ဝRBD P.Strarin       ၉၆၃ .ဝဝ                 ၉၃၂ .၅ဝSource: econ.mpob

Sunday, 17 Jul 2011

ကြိတ်ခွဲသူများ သင်္ဘောတင် ရွှေ့ဆိုင်းခြင်းကြောင့် တရုတ်ပဲပုပ်တင်သွင်းမှု  ဇွန်လမှာကျဆင်း                      ကမ္ဘာတွင် ပဲပုပ်အများဆုံးဝယ်ယူ တဲ့ တရုတ်နိုင်ငံရဲ့ ပဲပုပ်ကြိတ်ခွဲသူများ က အကျိုးအမြတ် ရရှိမှုနည်းလို့ သင်္ဘောတင်ရွှေ့ဆိုင်းခြင်းတွေကြောင့် ပဲပုပ်တင်သွင်းမှုဟာ မေလထက်ဇွန်လ မှာ ကျဆင်းခဲ့ပါတယ်။ အကောက်ခွန်ရုံး မှဖော်ပြချက်အရ လွန်ခဲ့တဲ့လမှာ ပဲပုပ် သင်္ဘောတင်သွင်းမှုတန်ချိန် ၄ ဒသမ ၃ သန်းရှိတယ်လို့ သိရပါတယ်။ အဲဒီ ပမာဏဟာ မေလအတွင်း တင်သွင်း တဲ့တန်ချိန် ၄ ဒသမ ၆ သန်းထက် လျော့ကျလို့ ၂ဝ၁ဝ ခုနှစ် ဇွန်လ တင် သွင်းမှုထက်လည်း ၃၁ ရာခိုင်နှုန်း လျော့ကျတယ်လို့ သိရပါတယ်။ ယခု နှစ်ဝက်မွေးမြူမှု ကျဆင်းခြင်းက တိရစ္ဆာန် အစာ ဝယ်လိုအားလျော့ ကျခဲ့ပြီး တစ်ဆက်ထဲမှာ ပဲပုပ်ကြိတ်ခွဲ လည်ပတ်မှုကို လျော့ကျစေတဲ့အတွက် ယခုနှစ်ပဲပုပ် တင်သွင်းမှု နှေးကွေး ခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ပဲပုပ် တင်သွင်းမှု လျော့ကျတဲ့အတွက် ယခု နှစ်ချီကာကိုမှာ ပဲပုပ်ဈေးနှုန်းက ၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းဖို့ဖြစ်စေ ပါတယ်။                      သင်္ဘောတင်မှုဟာ နောက်နှစ် တိုင်အောင် တုံ့ဆိုင်းနိုင်ဖွယ်ရှိတယ်လို့ Jilin Gram Group မှ မန်နေဂျာChen Baomin မှ ပြောကြားပါတယ်။ နိုဝင်ဘာလပို့ရမယ့် ပဲပုပ်ဈေးဟာ တစ် ဘူရှယ်ကို ကန်ဒေါ်လာ ၁၃ ဒသမ ၄၆၂၅ (တစ်တန်ကန်ဒေါ်လာ ၄၉၈) ရှိလာခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံရဲ့ အဓိကဆိပ်ကမ်း များမှာ သိုလှောင်ပဲပုပ်တန်ချိန် ၆ ဒသမ ၅ သန်း၊ ၇ သန်းနီးပါးရှိတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံက စက်တင်ဘာလ ၃ဝ ရက်အထိ ယခုနှစ်အတွင်း ဆီထွက်သီးနံှတင်သွင်းမှုဟာ တန်ချိန် ၅၄ သန်းခန့် ရှိနိုင်တယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနကခန့်မှန်းထားပါတယ်။ ယမင်းခင် Source: bloomberg.net 

Sunday, 17 Jul 2011

ပြည်ပဲပုပ်လက်လီသမားများဖြင့်သာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်                   ပဲခူးတိုင်းဒေသကြီးအတွင်း ယခု တစ်ပတ်ထိ မိုးပဲပုပ်ဧက ၂ဝဝဝ ကျော် စိုက်ပျိုးနိုင်ခဲ့လို့ လျာထားဧကရဲ့ ၈၅ ရာခိုင်နှုန်းခန့် စိုက်ပျိုးထားပြီဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ပိဿာ ၂ဝ တစ်တင်းကို ၁၆၅ဝဝ ကျပ်ဖြင့် ဈေး ငြိမ်နေခဲ့ပါတယ်။ ယခင်နှစ် မိုးပဲပုပ် ထွက်ရှိချိန်မှာတော့ တစ်တင်းကို ၁၆၅ဝဝ ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ပြီး ယခု နှစ်ဈေးဖွင့်ချိန်တွင် တောင်သူများမှ ဈေးကောင်းရရန် စောင့်မျှော်နေတယ် လို့ သိရပါတယ်။ ဈေးကွက်မှာတော့ လက်လီသမားများသာ အဝယ်ရှိပြီး တစ်နေ့ကို ၄-၅ အိတ်မှ ၁ဝ အိတ်ထိ အဝယ်ရှိတယ်လို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ

Sunday, 17 Jul 2011

မိုးနှမ်းအသစ်များ ဝင်ရောက်ပေမဲ့ နှမ်းဈေးမတက်တဲ့ ပြည်ဈေးကွက်                  ပြည်ဈေးကွက်တွင် မိုးနှမ်းအသစ်များကို မြန်အောင်၊ ကြံခင်းဘက်မှ တစ်နေ့ကို အိတ် ၅ဝ ခန့် စတင် ဝင်ရောက်နေပါတယ်။ ပြည်ဈေးကွက်မှာ နှမ်းဈေးများ ကျနေလို့ အောင်လံဘက်မှ ပွဲရုံသမားများ အဝယ်ရှိနေတာ တွေ့ရပါ တယ်။ နှမ်းနီ (၄၅) ပိဿာ တစ်အိတ်ကို ၆၅ဝဝဝ ကျပ်နဲ့ နှမ်းနက် (၄၅) ပိဿာ တစ်အိတ်ကို ၇ဝဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် တစ်နေ့ကို အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းဈေးများ ကျသဖြင့် နှမ်းဆီဈေး မှာလည်း တစ်ပိဿာကို ၂၈၈ဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                          ဝေဝေမင်း

Pages