Main menu

Background

Tuesday, 31 May 2011

မုံရွာစားဆီဈေး လကုန်ပတ်မှာ အေးလာ                မုံရွာကုန်စည်ဒိုင်မေလ စတုတ္ထပတ်စားသုံးဆီဈေးကွက်မှာ လဆန်းပတ်ကထက် ဈေးအေးလာခဲ့ကာ အထူးသဖြင့် စားအုန်းဆီဈေးမှာ တစ်ပိဿာလျင် ၆ဝဝ ကျပ်ခန့်ထိ ကျဈေးဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရပါတယ်။ စားသုံးဆီတစ်မျိုးချင်းရဲ့ ကုန်ကြမ်းစီးဝင်မှုကို လေ့လာတဲ့အခါ ဈေးကွက်အတွင်း နှမ်းအဝင်ပါးခဲ့လို့ နှမ်းဆီဈေးမှာ ယခုလအတွင်း အနိမ့်ဆုံး တစ်ပိဿာ ၃၁ဝဝ ကျပ်မှ အမြင့်ဆုံး ၃၃ဝဝ ကျပ်ထိသာ အတက်အကျရှိခဲ့ပြီး မြောင်နယ်နဲ့ ကနီ၊ မင်းကင်းဘက်က မြေပဲ ပုံမှန်ဝင်နေသလို မြေပဲဆီဈေးအနေနဲ့ တစ်ပိဿာအမြင့်ဆုံး ၃၇ဝဝ ကျပ်မှ အနိမ့်ဆုံး ၃၅၅ဝ ကျပ်ထိ ကျဈေးဖြစ်ပေါ်ခဲ့ပါတယ်။ စားအုန်းဆီဈေးကတော့ မေလ ပထမလဝက်ခန့်အတွင်း တစ်ပိဿာ အမြင့်ဆုံး ၂၉ဝဝ ကျပ်ထိ ရောက်ခဲ့ရာက ယခုအပတ်မှာ ၂၃ဝဝ ကျပ်ထိ သိသိသာသာ ဈေးအေးသွားတာ တွေ့ရပါတယ်။ ထွန်းလှိုင်

Tuesday, 31 May 2011

နှစ်သစ်ကူးမိုးနဲ့ အောင်မြင်နေတဲ့ မြစ်သားနွေနှမ်း              ဒီနှစ် သြင်္ကန်ပြီးလို့ နှစ်သစ်လည်းကူးရော ဧပြီလမှာ မိုး ၃ ကြိမ်ရွာသွန်းခဲ့ပါတယ်။ မတ်လမှာ စိုက်ထားတဲ့ နွေနှမ်းတွေ အတွက် အကြိုက်ဖြစ်သွားခဲ့ပါတယ်။ စိုက်ရက်က ၁ လသားနဲ့ ရေလိုနေတဲ့အချိန်မှာ မိုးရေ သောက်လိုက်ရတဲ့နွေနှမ်းခင်းတွေ မေလဆန်းပိုင်းမှာ အပွင့်တွေဖြိုင်ဖြိုင်ပွင့်လို့တောင်သူတွေ ဝမ်းသာနေကြ ပါတယ်။ နောက်ပြီး မေလ ဒုတိယပတ်လောက်မှာ မိုးက ၂ ကြိမ်လောက်ထပ်ရွာလိုက်တော့ အပွင့်ပွင့်နေတဲ့ နှမ်းခင်းတွေ အသီးသီးဖို့ အားပေးသလိုဖြစ်ခဲ့ရပြန်ပါရော။ အခုချိန်မှာ တော့ နွေနှမ်းခင်းတွေ ရာနှုန်းပြည့် အောင်မြင်သွားပါပြီ။               မြစ်သားမြို့နယ်မှာ ၂ဝ၁၁ ခုနှစ်ထွက် နွေနှမ်းကို ၂၃၅၈၆ ဧကစိုက်ပိုျးထားပြီး နှမ်းဖြူကို အများဆုံး စိုက်ပိုျးကြောင်း သိရပါတယ်။ မျိုးကောင်းမျိုးသန့် ရွေးချယ်ပြီး စိုက်နည်းစနစ်မှန်ကန်လို့ ယခင်နှစ်အထွက်နှုန်းထက် ပိုထွက်မယ်လို့ ရွာမုန်းကြီး ကျေးရွာ နွေနှမ်း ၅ ဧကစိုက်ပိုျးထားတဲ့ တောင်သူ ဦးလှဆောင်က ဝမ်းသာအားရနဲ့ ရှင်းလင်းပြောပြပါတယ်။ နွေနှမ်းခင်းတွေကို ဇွန် ဒုတိယပတ်မှာ စတင်ရိတ်သိမ်းပြီး ဇူလိူင်လမှာတော့ ဖြိုင်ဖြိုင်ရိတ်သိမ်းတော့မှာပါ။ တောင်သူအများ ပြောနေကြတာကတော့ ''နှမ်းနဲ့ မိုး'' ကတော့ ကွက်တိဘဲလို့ ဆိုနေကြပါတယ်။ သန်းနိုင်

Tuesday, 31 May 2011

နှမ်းရောင်စုံ မူဆယ်မှ အပို့ရှိလာ              မေလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၄၇ သန်း တန်ဖိုးရှိ နှမ်းဖြူ ၃၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၂၂၄ သန်းတန်ဖိုးရှိ နှမ်းနက် ၁၄၈ တန်ကျော် စုစုပေါင်း နှမ်း ရောင်စုံ ၁၈၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂၇၁ သန်းဖိုး တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကနှမ်းရောင်စုံ ၁၅၄ တန်တင်ပို့ခဲ့တဲ့အတွက်ယခုအပတ်မှာ ၂၉ တန် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ နှမ်းမြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်။                                               မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု                  ယခင်   ပြောင်းလဲမှု   %         ယခု          ယခင်  ပြောင်းလဲမှု   %နှမ်းဖြူ       ၈၃၅၅ဝဝ       ၈၂၇၈၇ဝ      ၇၆၃ဝ        ၁        ၁၃၈၅       ၁၃၄၅       ၄ဝ           ၃နှမ်းနက်     ၁ဝ၅၄၂၅ဝ     ၁ဝ၅၄၂၅ဝ       -            -         ၁၆၁၆       ၁၈၄၄       ၂၂၈        ၁၄MIRT (DOBT)

Tuesday, 31 May 2011

ရာသီဥတုပူနွေးလာခြင်းက ဝယ်လိုအား တက်စေတာကြောင့်တရုတ်စားအုန်းဆီတင်သွင်းမှုမြင့်တက်                     တရုတ်နိုင်ငံမှာ ရာသီဥတုပူနွေးလာခြင်းက စားသုံးဆီဝယ်လိုအားကို မြင့်တက် စေတာကြောင့် ယခုနှစ် ဧပြီလအတွင်း စားအုန်းဆီတင်သွင်းမှု အမြင့်ဆုံး ပမာဏ အထိရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်လမှာ တန်ချိန် ၄၅၃ဝ၈၉ တင်သွင်း ခဲ့ရာမှ ဧပြီလမှာ ၃၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ အကောက်ခွန်ဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။              ပုံမှန်အားဖြင့် နွေရာသီဖြစ်တဲ့ နှစ်စဉ်ဧပြီလအတွင်း တင်သွင်းမှုမြင့်တက် လေ့ရှိတယ်လို့ Guoxin Funtures Co မှ လေ့လာဆန်းစစ်သူ Cao Yanhui u က ပြောကြားပါတယ်။ နွေရာသီမှာ စားအုန်းဆီ ခဲခြင်းမရှိလို့ အသုံးပြုမှု တိုးတက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ယခင်နှစ်ထက်တော့ သင်္ဘောတင် ၁၄ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျနေဆဲဖြစ်ကြောင်း အကောက်ခွန်စာရင်းအရ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ယခင်လငွေကြေးဖောင်းပွမှုဟာ ၂ နှစ်ကျော်အတွင်း အမြင့်ဆုံး နီးပါးရှိလာတဲ့အတွက် ငွေကြေးဖောင်းပွမှုကို ထိန်းခုျပ်ဖို့ တင်းကျပ်ခဲ့ပြီး စားဆီ အပေါ်လည်း ဈေးနှုန်းခုျပ်ကိုင်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒေလီယံကုန်စည်ဒိုင်မှာ စားအုန်းဆီကြိုပွိုင့်ဈေးဟာ ယခုနှစ်မှာ ၆ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ပထမ ၄ လအတွင်း တင်သွင်းမှုဟာ တန်ချိန် ၁ ဒသမ ၅ သန်းရှိလို့ ယခင်နှစ်ထက် ၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ အကောက်ခွန် စာရင်းများအရ သိရပါတယ်။                ဒေလီယံကုန်စည်ဒိုင်မှာ ဇန်နဝါရီလပို့ရမယ့်အတွက် စားအုန်းဆီဈေးဟာ ဝ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၄ဝ၄ ရှိပြီး ပဲပုပ်ဆီ ဈေးလည်း ဝ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၅၅၇ ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန Source: Bloonberg.net

Thursday, 26 May 2011

စားအုန်းဆီဈေးနှုန်းများ(၂-၅-၂ဝ၁၁ မှ ၆-၅-၂ဝ၁၁ နေ့ထိ)                                              ရေတွက်ပံုံ - ဒေါ်လာစဉ် နေ့စွဲ                CIF(ရန်ကုန်)(၁) ၂-၅-၂ဝ၁၁             -(၂) ၃-၅-၂ဝ၁၁         ၁၂၂၅(၃) ၄-၅-၂ဝ၁၁         ၁၂၂ဝ(၄) ၅-၅-၂ဝ၁၁         ၁၂၂ဝ(၅) ၆-၅-၂ဝ၁၁         ၁၂၁၅ှSource: ဆီကုန်သည်များအသင်း

Thursday, 26 May 2011

မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၆-၅-၂ဝ၁၁                                                               US$/Ton                           ဧပြီလစတုတ္ထပတ်              မေလပထမပတ်           နှိုင်းယှဉ်ချက်RBD P.Oil                  ၁၁၈၁ .ဝဝ                   ၁၁၇၁ .ဝဝRBD P.Olein              ၁၁၇၉ .၅ဝ                   ၁၁၈၆ .ဝဝRBD P.Strarin            ၁၁၁၆ .၅ဝ                  ၁၁၂၁ .ဝဝ                                                                                      Source: econ.mpob

Thursday, 26 May 2011

တရုတ်နိုင်ငံပဲပုပ်အကျဈေးနဲ့ ဆက်လက်ရှိနေ                တရုတ်နိုင်ငံမှာ ပဲပုပ်တင်သွင်းမှု မြင့်တက်မယ့် အလားအလာအရ ပြည်တွင်းပဲပုပ်ဈေးနှုန်းအကျဈေးနဲ့ ဆက်လက်ရှိနေကြောင်း သိရပါတယ်။ အစိုးရက ပြည်တွင်းဈေးနှုန်းထိန်းချုပ်ဖို့ ရည်ရွယ်ပြီး သိုလှောင်ထားတဲ့ ပဲပုပ်ကို လေလံတင်ရောင်းချခြင်းဖြင့် လတ်တလော ဈေးနှုန်းကို ကျဆင်းစေပါတယ်။ ဒါ့အပြင် ယခုတစ်ပတ်အတွင်း ပဲပုပ် အရန်တန်ချိန် ၃ သိန်းကို နိုင်ငံတော် သီးနံှနှင့် ဆီသတင်းအချက်အလက် ဌာနက ရောင်းချမယ်လို့ သိရပါတယ်။ တင်သွင်းဈေးနှုန်း ကျဆင်းခြင်းက ပိုမိုတင်သွင်းဖို့ ဖြစ်စေခဲ့တာကြောင့် တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ယခင် သီတင်းပတ် အစီရင်ခံချက်အရ ဧပြီလ ပဲပုပ်တင်သွင်းမှုဟာ တန်ချိန် ၄ ဒသမ ၃၅ သန်းကို ယခင်နှစ် ကာလ တူထက် ၃ ဒသမ ၈ ရာခိုင်နှုန်းမြင့် တက်ဖွယ်ရှိပြီး မတ်လတင်သွင်းမှုထက် ၂၄ ရာခိုင်နှုန်းနီးပါး တိုးတက်ခဲ့တယ်လို့ သိရပါတယ်။                   မေလအတွင်းမှာတော့ တန်ချိန် ၄ ဒသမ ၄ သန်းကို မြင့်တက် တင်သွင်း ရဖွယ်ရှိပြီး တင်သွင်းဈေးက ပြည်တွင်း ဈေးထက် ယွမ် ၂၅ဝ နီးပါး (ကန်ဒေါ်လာ၃၈ ဒသမ ၄၈) နိမ့်နေကြောင်း သိရပါတယ်။ ဒေလီယံ ကုန်စည်ဒိုင်မှာ ပဲပုပ်ကြိုပွိုင့်ဈေးက အနည်းငယ်ကျဆင်းပြီး ဇန်နဝါရီလ စာချုပ်ဈေးက ၁ ယွမ်ကျဆင်းပြီး တစ်တန်ကို ယွမ် ၄၄၇၄ (ကန်ဒေါ်လာ ၆၈၉) ဖြစ်တယ် လို့ သိရပါတယ်။ ယမင်းခင် Source: nnscommodityonline

Thursday, 26 May 2011

ပခုက္ကူစားသုံးဆီဈေး အေးအေး မှန်မှန်                ယခုရက်ပိုင်း ပခုက္ကူ ဆီစက်တွေ မိမိစက်လည်နိုင်ရုံပဲ မန္တလေးဘက်က အညာမြေပဲဆံတွေ လှမ်းမှာဝယ်ပြီး ကြိတ်ခွဲနေကြပါတယ်။ လက်ရှိဆီဈေး ကတော့ မြေပဲဆီစစ်စစ် တစ်ပိဿာ ၃၈ဝဝ ကျပ်၊ နှမ်းဆီစစ်စစ် ၃၃ဝဝ ကျပ် ဈေးရှိပါတယ်။ ဒါကိုဈေးကြီးတယ်လို့ ထင်ရင် မြေပဲရောဆီက တစ်ပိဿာ ၃၃ဝဝ ကျပ်၊ နှမ်းရောဆီက ၃ဝဝဝ ကျပ်နဲ့ စားအုန်းဆီက ၂၇ဝဝ ကျပ် စသဖြင့် ကိုယ်ကြိုက်ရာ ရွေးချယ်စားသုံး နိုင်ပါတယ်။    မောင်မောင်အေး

Pages