Background
မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၅၅၇၂၉၁ ၅၀၀၀ ၅၇၉၀၆၅ ၅၅၀၀ပြောင်းဖူးစေ့ တန် ၂၆၅၈၃၆ ၁၉၀၀ ၂၅၇၈၉၈ ၁၉၀၀နှမ်းဖြူ တန် ၉၆၅၅၅၄ ၈၀၀၀ ၉၉၂၇၇၂ ၈၀၀၀အေးအေးမြ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ ဝက်အရှင်၊ မဝတ်တီရှပ်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅၀၀ ၅၈၀၀၀ ၈၉၂၅၀၀ ၅၈၀၀၀ဝက်(အရှင်) ကီလို ၂၅၀၀ ၁၈၀ ၂၅၀၀ ၁၈၀မဝတ်တီရှပ် ဒါဇင် ၈၀၀၀ ၉၃၀ ၈၀၀၀ ၉၃၀ဆွေဆွေဝင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုပုစွန်၊ ငါးနီတူခြောက်၊ ငါးစုံလေးခြောက်နဲ့ ငါးကုန်း ညိုခြောက်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မောင်တောပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံတက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (တာကာ) (ကျပ်) (တာကာ)ရေချိုပုစွန် တန် ၄၁၇၅၉၄၀ ၃၈၈၄၆၀ ၄၁၇၅၉၄၀ ၃၈၈၄၆၀ငါးနီတူခြောက် တန် ၁၀၇၉၀၀၀ ၁၁၀၀၀၀ ၁၀၇၉၀၀၀ ၁၁၀၀၀၀ငါးစုံလေးခြောက် တန် ၃၉၂၀၀၀ ၄၀၀၀၀ ၃၉၂၀၀၀ ၄၀၀၀၀ငါးကုန်းညိုခြောက် တန် ၁၂၃၇၅၀၀ ၁၀၈၅၅၂ ၁၂၃၇၅၀၀ ၁၀၈၅၅၂အေးအေးမြ
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကနေ အေးခဲအမဲသား ၄၀၅ တန်ကျော် တန်ဖိုးဒေါ်လာ ၁ ဒသမ ၆၀၈ သန်းဖိုးကို ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက် အတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက်တော့ တန် ၁၀၀ ကျော် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)
ဇန်နဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိကာလအတွင်း ဝက်အရှင်တင်ပို့မှု လျော့နည်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ကန်ဒေါ်လာ ၁ ဒသမ ၂၉၉ သန်းတန်ဖိုးရှိ ဆန်နဲ့ ဆန်ကွဲ ၃၁၈၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၆၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ ဆန်အမျိုးအစားကတော့ ငစိန် ၂၅ ရာခိုင်နှုန်း ၁၁၈၇ တန်ကျော်၊ ဧည့်မထ ၂၅ ရာခိုင် နှုန်း ၃၄၄ တန်ကျော်၊ ဧည့်မထ ၁၅ ရာခိုင်နှုန်း ၁၀၃၇ တန် ကျော်၊ ဧည့်မထ ၁၀ ရာခိုင်နှုန်း ၂၁၄ တန်နဲ့ ဆန်ကွဲ တန် ၄၀၀ ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးစခန်းမှ တစ်ရှူးငှက်ပျော တန် ၂၀ ဒေါ်လာ ၂၄၃၆ ဖိုး၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ဖရဲသီး ၅၅၄၈ တန်ကျော်၊ တန်ဖိုးဒေါ်လာ သုညဒသမ ၈၇၆ သန်းဖိုးကို တစ်ဖက်နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ တစ်ရှူး ငှက်ပျောရော၊ ဖရဲသီးပါ ယခင်အပတ်ထက် တင်ပို့မှုလျော့ နည်းခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် မြန်မာ - တရုတ်နယ်စပ်ရှိ ကန်ပိုက်တီး နယ်စပ်စခန်းနဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကနေ ပန်းသီး ၅၆၂ တန်၊ တန်ဖိုးဒေါ်လာ သုညဒသမ ၂၅၃သန်းဖိုးကို တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)
ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၅၄၆ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၂၈၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေ ကတော့ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ ဇီးဆံ၊ တောဂျူးမြစ်၊ နနွင်းတက်(ရှမ်း)၊ မန်ကျည်းမှည့် (အစေ့ပါ)၊ ကွမ်းစားဂမုန်း၊ ဝဥခြောက်၊ ဝဥစို၊ ကြောင်ပန်းစေ့၊ ကြောင်လျာစေ့၊ တောဂျင်း၊ နေလဲစေ့၊ ကွမ်းသီးခွံ၊ အုံတုံခေါက်၊ ရှားစေး၊ ဒရင်ကောက်မြစ်၊ မှိုခြောက်နဲ့ မာလာဥတို့ဖြစ်ပါတယ်။ ချဉ်ပေါင်ဖာလာ (အခွံမပါ)၊ နနွင်းတက်နဲ့ ဝဥခြောက်တွေ ယခင်အပတ်ထက် ပိုမိုတင်ပို့ နိုင်ခဲ့သလို ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ တောဂျူးမြစ်၊ ဝဥစို၊ တောဂျင်း၊ နေလဲစေ့၊ ကွမ်းသီးခွံ၊ ရှားစေး၊ မှိုခြောက်နဲ့ မာလာဥတို့လည်း တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ မြန်မာ - အိန္ဒိယ နယ်စပ်ရှိ တမူးနယ်စပ်ကတော့ ပရဆေးကုန်ကြမ်း ဟင်းရိုင်းဖြူ သုည ဒသမ ၁၇၅ တန် တန်ဖိုး ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုး တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၄၁၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၂၆၈ တန်ကျော် တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၂၀၀၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ။် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှ ၂၇၅ တန်နီးပါး၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှ ၇၄ တန် ကျော်၊ ကော့သောင်းနယ်စပ်မှ တန် ၅၁၀ ကျော်၊ မြိတ်နယ် စပ်မှ ၂၃၂၈ တန်ကျော်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ ၆ တန်နဲ့ မောင်တောနယ်စပ်မှ ၇၄ တန် ကျော် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် တင်ပို့တဲ့ အမယ်တွေကတော့ မူဆယ်မှ ငါးရှဉ့်၊ ရေငန်ငါးမျိုးစုံ ကဏန်း ၊ မြဝတီမှ ကဏန်း ၊ ငါးမျိုးစုံနဲ့ပုစွန်၊ ကော့ေ့သောင်းမှ ငါးမျိုးစုံ၊ ပုစွန်နဲ့ ငါးဆားနယ်၊ ကင်းမွန်၊ ကဏန်း၊ စစ်တွေမှ ငါးကုန်းညိုခြောက်၊ မောင်တောမှ ရေချိုပုစွန်၊ ငါးစုံလေး တန် ၂၀၀၀ ကျော် ပိုမိုတင်ပို့နိုင်တဲ့ ရေထွက်ကုန် ခြောက်၊ ငါးနီတူခြောက်နဲ့ ငါးကုန်းညိုခြောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT)
မြန်မာ - အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ ဝက်အရှင်များ တင်ပို့မှုဟာ ယခင်အပတ်ကထက် ၃ ဆနီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်း ကန်ဒေါ်လာ သုညဒသမ ၀၆၅ သန်း တန်ဖိုးရှိ ဝက်အရှင် ၃၇၃၉၀ ကီလိုဂရမ် တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်က ၁၂၉၄၇ ကီလိုဂရမ် တင်ပို့မှုထက် ၃ ဆနီးပါးပိုမိုခဲ့တာ ဖြစ်ပါတယ်။MIRT(DOBT)
ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်အထိကာလအတွင်း ကန်ပိုက်တီးနယ်စပ်မှ ကန်ဒေါ်လာ ၁၃၂၂၁ တန်ဖိုးရှိ တစ်ရှူးငှက်ပျော တန် ၁၁၀ နဲ့ ကန်ဒေါ်လာ ၁၄၅၃၈ တန်ဖိုးရှိ ပီလောပီနံအစို ၂၁၆ တန်တင်ပို့မှု ရှိခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်ကထက် တစ်ရှူးငှက်ပျော ၃၇ တန် အပို့ပိုခဲ့ပါတယ်။ မူဆယ်နယ်စပ်မှလည်း ယခုအပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၀၀၆ သန်း တန်ဖိုးရှိ ပီလောပီနံဥ ၈၇ တန်ကျော် တင်ပို့မှု ရှိတဲ့အတွက် ယခုအပတ် နယ်စပ်မှ ပီလောပီနံ တင် ပို့မှု စုစုပေါင်းမှာ ၆၃၀ တန်ကျော် ရှိခဲ့ပါတယ်။ ယခင်အပတ်က ကန်ပိုက်တီးမှ ၂၂၄ တန် အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ပီလောပီနံ တင်ပို့မှု ၃၇၉ တန် ပိုမိုခဲ့ပါတယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၅၇၉၀၆၅ ၅၀၀၀ ၅၉၃၀၁၄ ၅၅၀၀ပြောင်းဖူးစေ့ တန် ၂၅၇၈၉၈ ၁၉၀၀ ၂၅၅၂၉၀ ၁၈၈၀နှမ်းဖြူ တန် ၉၉၂၇၇၂ ၈၀၀၀ ၉၂၇၇၉၁ ၈၀၀၀အေးအေးမြ
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၂ ဒသမ ၃၉၉ သန်း တန်ဖိုးရှိ ဖရဲသီး ၁၀၅၈၇ တန်၊ ၄၀၆ ဒေါ်လာတန်ဖိုးရှိ နာနတ်သီး ၃ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၄၉ သန်း တန်ဖိုးရှိ သခွားမွှေး ၆၇၂ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဖရဲသီး ၂၂၆၈ တန် အပို့ပိုခဲ့သော်လည်း သခွားမွှေး တင်ပို့မှု ကတော့တန် ၂၃၀ လျော့နည်းခဲ့ပါတယ်။ ကန်ဒေါ်လာသုည ဒသမ ၃၉၃ သန်း တန်ဖိုးရှိ ပန်းသီး ၈၇၃ တန် ယခုအပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ကန်ပိုက်တီးနယ်စပ်များမှ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၉၆ တန် လျော့ နည်း တင်သွင်းခဲ့ပါတယ်။ MIRT(DOBT)