Main menu

Background

Tuesday, 3 Jan 2012

    ထိုင်းစီးပွား/ကူးသန်း ဒုတိယဝန်ကြီး နိုင်းကစ်တိရက်နုရနောင်းက ၂၀၁၂ ခုနှစ်မှာ ကုန်ပစ္စည်းဈေးနှုန်း ထိန်းချုပ်မှုကို အဓိကထားမည်မဟုတ်ကြောင်း၊ သို့သော်လည်း အပြိုင်အဆိုင်ဖြစ်စေရန် ဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်က သင့်တော်သောဈေးကွက်မှာ ပြိုင်ဆိုင်မှုရှိသော ကုန်ပစ္စည်းများကို မှန်ကန်တဲ့ ထုတ်လုပ်မှုစရိတ်အရ ဈေးတက်ခွင့်၊ ဈေးလျော့ခွင့်ပေးသွားမှာဖြစ်ပြီး ဖြန့်ချိရောင်းချတဲ့ ဈေးနှုန်းကလည်း တရားမျှတမှုရှိရမှာဖြစ်ကြောင်း လမ်းစဉ် ချမှတ်ပေးထားပါတယ်။

Tuesday, 3 Jan 2012

    ဒီဇင်ဘာ ၂၁ မှ ၂၇ ရက်အထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကန်ပိုက်တီးစခန်းနဲ့ မြန်မာ - ထိုင်းနယ်စပ်ရှိ မြဝတီစခန်းများကနေကန်ဒေါ်လာ သုညဒသမ ၄၁၈ သန်းတန်ဖိုးရှိ ပန်းသီး ၉၂၅ တန်ကျော် တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကလည်းတန် ၉၀၀ ကျော် တင်သွင်းခဲ့တာကြောင့် တင်သွင်းမှု ပုံမှန်လို့ဆိုရပါမယ်။ ယခုတပတ်မှာတော့ မြန်မာ - အိန္ဒိယနယ်စပ်ကနေ တင်ပို့မှုမရှိကြောင်း သိရပါတယ်။  MIRT (DOBT)

Tuesday, 3 Jan 2012

     မြန်မာ - တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ဖရဲ သီး ၈၁၁၂ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၃၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၅၀၀၀ ကျော် လျော့နည်း တင်ပို့ခဲ့ပါတယ်။ ဖရဲပေါ်တဲ့ ရာသီဖြစ်သော်လည်း တဖက်နိုင်ငံမှ နှစ်သစ်ကူးပိတ်ရက်များကြောင့် တင်ပို့မှု အနည်းငယ် ကျဆင်းနေတာဖြစ်ကြောင်း သိရပါတယ်။ MIRT (DOBT)

Tuesday, 3 Jan 2012

    မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

Monday, 26 Dec 2011

    ဒီဇင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၉၀၁ တန် တန်ဖိုး သုည ဒသမ ၂၅၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်ကို ၉၆ တန်နဲ့ စင်ကာပူကို ၈၀၅ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က တန် ၄၀၀ ကျော်သာ တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ၂ ဆ နီးပါးပြန်တက်ခဲ့ပါတယ်။  FOB  (ရန်ကုန်) ဈေးကတော့ (၂၇၅-၂၉၅) ဒေါ်လာဈေးရနေတာတွေ့ရပါတယ်။KZW

Monday, 26 Dec 2011

    ဒီဇင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၅၈၈ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၉၂၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ စင်ကာပူကို ၂၀၁ တန်၊ တရုတ်ကို တန် ၂၀၀ နဲ့ မလေး ရှားကို ၁၈၇ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်တင်ပို့မှုထက်တော့ တန် ၅၀၀ ခန့် လျော့နည်းခဲ့ပါတယ်။ တရုတ် နယ်စပ်ကတော့ တန် ၁၅၀၀ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။  FOB  (ရန်ကုန်) ဈေးကတော့ RSS-3 ၊ MSR-20  တစ်တန်ကို ဒေါ်လာ (၃၁၅၀-၃၂၅၀) နဲ့ RSS-5 တစ်တန် (၃၀၅၀-၃၁၅၀) ဒေါ်လာကြား ဈေးပေါက်နေတယ်လို့ သိရပါတယ်။                                                                                                                                  KZW

Monday, 26 Dec 2011

    မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းတို့ကနေ ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၉၀၆ သန်း တန်ဖိုးရှိ တိရစ္ဆာန်ထွက် အေးခဲအမဲသား၊ အမဲသားခြောက်၊ နွားသိုချောင်း၊ ဝမ်းတွင်းသားနဲ့ နွားမြီး ၄၈၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကလည်း တန် ၄၉၀ ဝန်းကျင် တင်ပို့ခဲ့တာ ကြောင့် မှန်မှန်လေးတင်ပို့နေတာ တွေ့ရ ပါတယ်။ နယ်စပ်အလိုက် တင်ပိုမှုတွေကတော့ မူဆယ်မှ အေးခဲအမဲသား ၂၆၁ တန်နဲ့ အမဲသားခြောက် ၁၂၅ တန်၊ ချင်းရွှေဟော်မှ အေးခဲအမဲသား ၉၆ တန်၊ နွားသိုချောင်း တန်ဝက်ကျော်၊ ဝမ်းတွင်းသား ၂ တန်နဲ့ နွားမြီး တန်ဝက်ကျော်တို့ ဖြစ်ပါတယ်။ MIRT(DOBT)

Monday, 26 Dec 2011

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန် ကန်ပိုက်တီးစခန်းကနေ ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက်အထိ ကာလအတွင်းမှာ ပန်းသီး ၉၀၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၄၀၂ သန်းကို တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၂၀၀ ခန့် တင်သွင်းမှု လျော့နည်းခဲ့ တာ တွေ့ရပါတယ်။မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်စခန်းကနေ တော့ ပန်းသီး ၉ တန်၊ ကျပ် ၂ ဒသမ ၃၄ သန်းဖိုးခန့် အပို့ရှိတယ်လို့ သိရပါတယ်။MIRT (DOBT)

Monday, 26 Dec 2011

    မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်ကနေ ကန်ဒေါ်လာ ၂ ဒသမ  ၅၁၈ သန်းတန်ဖိုးရှိ ဖရဲသီး ၁၃၁၆၀ တန်ကျော်ကို ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက် အတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ အစေ့မဲ့ဖရဲ တွေက တော့ ချပ်သေတ္တာတွေနဲ့ အဝင်များနေတယ်လို့ သိရပါ တယ်။ တရုတ်ဖက်မှာလည်း ဖရဲတွေပေါ်နေပြီဖြစ်တာကြောင့် ဖရဲသီးဈေးတွေ ကျဆင်းနေတယ်လို့ သိရပါတယ်။ ဖရဲ အညံ့စား တစ်တန်ကို ယွမ် ၁၈၀၀ ဈေးရပြီး အကောင်းစား ဖရဲကို ယွမ် ၂၂၀၀-၂၅၀၀ အထိ ဈေးရကာ အစေ့မဲ့ဖရဲက ယွမ်၂၈၀၀-၃၀၀၀ ကြား ဈေးပေါက်တယ်လို့ သတင်းရရှိပါ တယ်။                           MIRT (DOBT)

Monday, 26 Dec 2011

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် စခန်းနဲ့ဲ့ ချင်းရွှေဟော် စခန်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီစခန်းနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောနယ်စပ်များ ကနေ ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိကာလအတွင်း ရေထွက်ကုန် ၈၁၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၇၀၇ သန်းကို အပြိုင်တင်ပို့နေတာ တွေ့ရပါတယ်။ မူဆယ် နယ်စပ်က ငါးရှဉ့် ၊ ရေငန်ငါးမျိုးစုံ၊ ပုစွန်ခြောက်နဲ့ ကဏန်း (အရှင်) ၅၃၇  တန်ကျော်၊ ချင်းရွှေဟော်က ငါးရှဉ့် ၉ တန် နီးပါး၊ မြဝတီက ကဏန်း၊ ငါးရှဉ့်၊ ရေငန်ငါး၊ ရေချိုပုစွန်နဲ့ ငါးပိ ၁၀၇ တန်ကျော်၊ စစ်တွေမှ ရေချိုငါး တန် ၇၀ နဲ့ မောင်တောမှ ရေငန်ပုစွန်နဲ့ ငါးခြောက်မျိုးစုံ ၉၆ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ တင်ပို့နိုင်မှုပိုမိုခဲ့သလို မိမိဘက်ဈေးနဲ့ တစ်ဖက် နိုင်ငံဈေးများလည်း ယခင်အပတ် ထက် ပိုမိုရရှိခဲ့ပါတယ်။ ယခုတစ်ပတ်ဈေးနှုန်းတွေကတော့ ငါးရှဉ့် တစ်တန် ၃၇၅၅၅၃၁ ကျပ်၊ ကဏန်း(၁၅၀ up) တစ်တန် ၂၇၀၃၆၇၁ ကျပ်၊ ကဏန်း (၂၀၀-၂၅၀) ဂရမ် တစ်တန် ၂၅၄၇၈၃၉ ကျပ်၊ (၁၅၀-၂၀၀) ဂရမ် တစ်တန် ၂၃၉၂၀၀၈ ကျပ်နဲ့ (၁၀၀-၁၅၀) ဂရမ် တစ်တန် ၂၂၇၅၁၃၅ ကျပ် အသီးသီးဖြစ်တယ်လို့ သိရပါတယ်။MIRT(DOBT)

Pages