Main menu

Background

Monday, 27 Feb 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၁၇ သန်း တန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၈၇၆ တန်ကျော် အပို့ရှိခဲ့ပြီး တမူးနယ်စပ်မှ ကန် ဒေါ်လာ သုညဒသမ ၀၃၁ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၃ ဒသမ ၂၉ တန် တင်သွင်းမှုရှိခဲ့ပါတယ်။

Monday, 27 Feb 2012

    မြဝတီနယ်စပ်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၃၄၂ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်းနဲ့ ဘီလား ၁၀၅ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ မြိတ်နယ်စပ်မှ ငါးမျိုးစုံ၊ ရေငန်ပုစွန်၊ အေးခဲကင်းမွန်၊ အေးခဲကဏန်းနီ၊ အေးခဲပုစွန်၊ အေးခဲ ကဏန်းပျော့၊ ငါးအသားလွှာ၊ ငါးမှုန့်၊ ကဏန်းအသေး(အသေ)၊ ငါးခြောက်၊

Monday, 20 Feb 2012

ယခင်က ပဲပြောင်းစတဲ့လယ်ယာထွက်ကုန်အမယ်များကို အပတ်စဉ် ဈေးနှုန်းညှိနှိုင်းမှုကော်မတီမှ ညှိနှိုင်းဈေးနဲ့လိုင်စင်ထုတ်ပေးခဲ့ရာမှ ယခုအခါ ဈေးနှုန်းညှိနှိုင်းမှုကို  မဆောင်ရွက်တော့ဘဲ  ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ FOB   ဈေးနှုန်းအတိုင်း လိုင်စင်ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

Monday, 20 Feb 2012

တရုတ်နိုင်ငံရဲ့  အဓိကမြို့ကြီးများရှိ  စူပါမားကက်များမှာရောင်းချနေတဲ့  အားဖြည့်အချို ရည်ကျွဲရိုင်းဘူးများမှာ  ကန့်သတ်တားမြစ်ထားတဲ့ ဖြည့်စွက်အစာများပါရှိနေတဲ့အတွက် စင် (Shelves) များမှ ပြန်လည်ဖယ်ရှားနေတယ်လို့ သိရပါတယ်။ အစိုးရအစားအသောက်နဲ့  ဆေးဝါးကွပ်ကဲရေးဌာန(SFDA) က မှတ်ပုံတင်မထားသော အဖျော်ယမကာပြုလုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းများကို ထည့်သွင်းအသုံးပြုထားတာကို စစ်ဆေး တွေ့ရှိရတယ်လို့ မီဒီယာများမှာ ဖော်ပြထားပါတယ်။

Monday, 20 Feb 2012

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင် လေးသည်  ကုန်သွယ်မှုပမာဏ အများ ဆုံး ဆောင်ရွက်လျက်ရှိသည့် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးစခန်းသို့ ပို့ကုန် သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နေ မှုများအပေါ် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျင်မြန်  ချောမွေ့စေရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်  ၂၀၁၂ ခုနှစ် ဖေဖော် ဝါရီ ၈ ရက်တွင် ရောက်ရှိခဲ့ပါသည်။ 

Monday, 20 Feb 2012

ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း၊ မြဝတီနဲ့ မြိတ်နယ်စပ် စခန်းများမှ  ကန်ဒေါ်လာ ၅ ဒသမ ၃၃၅ သန်း တန်ဖိုးရှိ ရေထွက်ကုန်  တန် ၅၇၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့မောင်တောနယ်စပ်များမှ  ကန်ဒေါ်လာ ၀ ဒသမ ၄၁၄သန်း တန်ဖိုးရှိ ရေထွက်ကုန်  ၄၃၅ တန်ကျော် အပို့ရှိ ခဲ့ပါတယ်။ ယခင်အပတ်က  ထိုင်းနယ်စပ်မှ  ကန်ဒေါ်လာ ၃ ဒသမ ၄၄၈ သန်း  တန်ဖိုးရှိ ရေထွက်ကုန် ၃၁၄၁ တန်ကျော် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန်အားဖြင့် ၂၅၆၀ ခန့် တန်ဖိုးအားဖြင့်  ကန်ဒေါ်လာ ၁ ဒသမ ၈၈၇ သန်းဖိုး ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။  အလားတူ  ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း ယခင်အပတ်က ကန်ဒေါ်လာ သုည ဒသမ ၂၄၉ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၂၇၈ တန်ကျော် အပို့ရှိ ခဲ့တာမို့ ယခုအပတ်မှ  ကန်ဒေါ်လာ ၀ ဒသမ ၁၆၅ သန်း၊ တန်ချိန်အားဖြင့် ၁၅၇ တန်ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့တဲ့အမယ်များကို အသိပေးရ မယ်ဆိုလျှင် ကော့သောင်းနယ်စပ်မှ ငါးမျိုးစုံ၊ ငါးဆားနယ်၊ ကင်းမွန်၊ ကဏန်း၊ ပုစွန်၊  မြဝတီနယ်စပ်မှ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်းနဲ့ မြိတ်နယ်စပ်မှ ငါးမျိုးစုံ၊ ငါးမှုန့်၊ ငါးအသားလွှာ၊ ငါးဆားနယ်၊  ရေငန်ပုစွန်၊ အေးခဲပုစွန်၊ ကင်းမွန်၊ အေးခဲ ကဏန်းနီနဲ့ ကဏန်းပျော့တို့ ဖြစ်ကြပါတယ်။ စစ်တွေ နယ်စပ်မှ ရေချိုငါး၊ ငါးကုန်းညိုခြောက်နဲ့ ငါးစုံလေးခြောက်၊ မောင်တောနယ်စပ်မှ ငါးနီတူခြောက်နဲ့ ငါးစုံလေးခြောက်တို့ တင်ပို့တာဖြစ်ပါတယ်။ MIRT (DOBT)

Monday, 20 Feb 2012

ယခုနှစ်ပြောင်းရာသီမှာတော့ မြန်မာ - တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ် မှ ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်ထိကာလမှာ ကန်ဒေါ်လာ သုည ဒသမ ၁၅၅ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၅၃ တန်ကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်က မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်စခန်းများမှသာ အပို့ရှိခဲ့ရာမှ ယခုအခါ ကန်ပိုက်တီးနယ်စပ်ကပါ တင်ပို့နိုင်လာတာဖြစ်ပါတယ်။ ယခုပတ်မှာ ကန်ဒေါ်လာ ၂ ဒသမ ၃၇၃ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၈၄၇၀ ကျော်ကို နယ်စပ်ကုန် သွယ်ရေးစခန်းများမှ တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် တန် ၃၀၀၀ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းများအလိုက် ပြောင်းတင်ပို့ နိုင်မှုများမှာ မူဆယ်မှ ၆၈၄၈ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၀၇၁ တန်ကျော်နဲ့ ကန်ပိုက်တီးမှ ၅၅၃ တန်ကျော် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ မြေပြင်ပေါက် ဈေးများကိုကြည့်ရာမှာ မိမိတို့ဖက်မှာ တစ်တန်ကို ကျပ် ၂၂၆၀ ကျော် လျော့ နည်းခဲ့ပြီး မိမိဖက်မြေပြင်ပေါက်ဈေးမှာ ကျပ် ၂၆၉၁၃၂ နဲ့ တစ်ဖက်နိုင်ငံဈေး ၃၁၁ ဒေါ်လာဈေး ပေါက်လျက်ရှိပါတယ်။ ယခင်ကထက် ၁ ဒေါ်လာဝန်းကျင် သာ တရုတ်ဖက်မှာ ဈေးလျော့နည်းလျက်ရှိပါတယ်။              MIRT(DOBT)

Monday, 20 Feb 2012

    မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
                        ယခုအပတ်                  ယခင်အပတ်
ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု
                                           (ကျပ်)              (ယွမ်)                (ကျပ်)            (ယွမ်)
ပဲတီစိမ်း             တန်             ၅၇၀၈၁၅            ၅၁၀၀                ၅၇၃၉၁၀         ၅၃၀၀
ပြောင်းဖူးစေ့       တန်            ၂၆၉၁၃၂              ၁၉၄၀               ၂၇၁၄၀၀         ၁၉၆၀
နှမ်းဖြူ              တန်              ၉၇၆၇၈၈            ၈၁၀၀                 ၉၈၆၅၉၇        ၈၀၅၀

                                   အေးအေးမြ

Monday, 20 Feb 2012

ယခင်က မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်မှသာ ဝက်တင်ပို့မှုရှိနေရာမှ ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း တမူူးနယ်စပ်မှ ကျပ် ၆ ဒသမ ၄၄၅ သန်းတန်ဖိုးရှိ ဝက်အရှင် ကီလို ၃၂၀၀ အပို့ ရှိတယ်လို့ သိရပါတယ်။ ရိဒ်နယ်စပ်မှလည်း ကျပ်သန်း ၃၀ နီးပါးတန်ဖိုးရှိ ဝက်အရှင် ၂၁၆၇၆ ကီလို ဂရမ်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ရိဒ်မှ ဝက်အရှင် ၅၅၆၃ ကီလိုဂရမ် အပို့ ပိုခဲ့ပါတယ်။  MIRT(DOBT)

Monday, 20 Feb 2012

ကယားပြည်နယ် လွိုင်ကော်ဈေးကွက်မှာ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အစေ့ထုတ်ပြောင်း တစ်ပိဿာကို ၂၇၀ ကျပ်နဲ့ ဈေးငြိမ်နေသော်လည်း တစ်ပတ်မှာ ပိဿာ ၃၀၀င်အိတ် ၃၅၀၀ ခန့် အရောင်းအဝယ်ရှိနေကြောင်း သိရပါတယ်။ တင်ပို့ မှု အနေနဲ့လည်း ဖေဖော်ဝါရီလ ၈ ရက်မှ ၁၃ ရက်ထိ အစေ့ထုတ်ပြောင်း ၃၁၄၂ အိတ်ကို ရန်ကုန်၊ မန္တလေးမြို့များကိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ မင်းအောင်

Pages