Background
တရုတ်ပွဲတော်များကြောင့် မြန်မာရေထွက်ကုန်ပစ္စည်းအရောင်းသွက်ပြီး ဈေးကောင်းရခဲ့အောက်တိုဘာလ ၁ ရက်မှာကျရောက်တဲ့တရုတ်အမျိုးသားအောင်ပွဲနေ့နဲ့ ဆက်လက်ကျင်းပမဲ့ တရုတ် လမုန့် ပွဲတော် များကြောင့် မြန်မာ့ရေထွက်ပစ္စည်းများကို တရုတ်ဘက်မှ ပိုမိုဝယ်ယူလျက်ရှိပြီး ငါးရှဉ့် တစ်တန်လျှင် အနိမ့်ဆုံး ဈေး ကန်ဒေါ်လာ ၁၉၇ဝ မှ အမြင့်ဆုံးဈေး ၃ဝ၄ဝ ထိရရှိကြောင်းသိရပါတယ်။ မူဆယ်နယ်စပ်စခန်းမှ တစ်ဆင့် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလအတွင်း ငါးရှဉ့်တန်ချိန် ၁ဝဝဝ ကျော်ကို ကန်ဒေါ်လာ ၃ သန်းနီးပါးဖိုးတင်ပို့ခဲ့သလို ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း တန်ချိန် ၃၄ တန်ကျော်ကို တန်ဖိုးကန်ဒေါ်လာ ၇ သောင်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ '' ကန်ပိုက်တီးဘက်ကတော့ ကချင်ပြည်နယ်ထွက် ငါးရှဉ့်တွေကို ပို့ပါတယ်။ မိုးကောင်း၊ မိုးညှင်း၊ ကာမိုင်း ဒေသထွက် ငါးရှဉ့်တွေပါ။ အခြားဒေသတွေက ထွက်ရှိတဲ့ ငါးရှဉ့်တွေကိုတော့ မူဆယ်ကနေ ပို့ပါတယ်'' ဟု နယ်စပ်ကုန်သည် အသင်းမှ သတင်းရရှိပါတယ်။ မော်မော်အောင်(MIRT)
ဝဥခြောက်တင်ပို့မှု ကျပ်သန်း ၆ဝဝ ကျော် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ၂ဝ၁ဝခုနှစ် စက်တင်ဘာလ အတွင်း ဝဥခြောက် ၄၄၉ တန်၊တန်ဖိုးအားဖြင့် ကျပ်သန်း ၆၄ဝ ကျော်ဖိုးတင်ပို့နိုင်ခဲ့ ကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက ဝဥခြောက် ၁ဝ၃ တန်ကို တန်ဖိုးကျပ် ၁၄၇ သန်းဖိုးသာ တင်ပို့နိုင်ခဲ့တာကြောင့် ယခုလမှာ ကျပ်သန်း ၄၉ဝ ကျော်ဖိုးပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ဝဥဈေးဟာ တစ်တန်ကိုကျပ် ၁၈၈၉၄၇၅ ဝန်းကျင်ရှိပြီး ပြည်တွင်းက ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူ တွေနဲ့စိုက်ပျိုးသူ တွေဆီကတစ်ဆင့် ဝယ်ပြီး တင်ပို့ နေကြတာပါ။ မြေသားစိုစွတ်တဲ့ မိုးရာသီ မေလတွင် စတင် စိုက်ပျိုးပြီး အောက်တိုဘာလတွင် တူးဖော်ရတာဖြစ်ပါတယ်။ ဝဥများကို တရုတ်နိုင်ငံသာမက ဂျပန်ကို လည်းတင်ပို့လျက်ရှိပြီး ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများမှ စားသောက်ကုန် စီးပွားရေး လုပ်ငန်းရှင်များကလည်း စိတ်ဝင်စားကြကြောင်း သတင်းရရှိပါတယ်။ မော်မော်အောင်(MIRT)
မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲတီစိမ်း တန် ၉၂ဝ၃၁၄ ၆၇၈ဝနံှစားပြောင်း တန် ၃ဝ၄၇၁၉ ၂၂၂ဝပြောင်းဖူးစေ့ တန် ၂၄၄ဝ၅၁ ၁၇၆ဝမြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက်အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ ပလတ်စတစ်စ၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ရူပီး)ကွမ်းသီး တန် ၁၅၂၅ဝဝဝ ၇၈၁ဝဝပလတ်စတစ်စ အိတ် ၁၅ဝဝဝ ၇၃ဝဝက်အရှင် ကီလိုဂရမ် ၂ဝဝဝ ၉၈ ကေသွယ်မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ချင်း၊ မန်ကျည်းသီး(အစေ့ပါ)နဲ့ နနွင်းတက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေး တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်း တန် ၆၇ဝ၁၄ဝ ၇၅၃ဝဝမန်ကျည်းသီး (အစေ့ပါ) တန် ၃၇၉၄၄ဝ ၃၁၇၅ဝနနွင်းတက် တန် ၁၅၂၆၉၄ဝ ၁၃ဝ၅ဝဝ မြတ်မြတ်ထွန်း
ဟောင်ကောင်အခြေစိုက်မစ်ဆူဘီရှိကော်ပိုရေးရှင်းမှတာဝန်ရှိသူများ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်းနဲ့ တွေ့ဆုံ ဟောင်ကောင်အခြေစိုက်မစ်ဆူဘီရှိ ကော်ပိုရေးရှင်းလီမိတက်မှ ဒုတိယဥက္ကဌနဲ့ ဒါရိုက်တာဖြစ်သူ Mr. Hiro Shimogi နဲ့ မန်နေဂျာ Mr. Tomotakamiki တို့ဟာ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးအသင်းမှ တာဝန်ရှိ သူ များနဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၃း၅ဝချိန်မှာ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး အသင်းရုံးခန်းမမှာ တွေ့ဆုံခဲ့ကြပါတယ်။ ထိုသို့တွေ့ဆုံရာမှာ မူဆယ်-နမ့်ခမ်းကုန်သည် အသင်းဥက္ကဌဦးဟန်စိန်က မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ကုန်သွယ် ရောင်းဝယ်နေမှုများ၊ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရေး၊ လစဉ်ညှိနှိုင်း ဆွေးနွေးမှုများ၊ နှစ်အလိုက် ကုန်သွယ်မှု တိုးတက် လာမှုများ၊ ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်းရှိ ရေထွက်ကုန်စည်ဒိုင်၊ သစ်သီးဝလံကုန်စည် ဒိုင်ပဲ၊ပြောင်း၊နှမ်း လယ်ယာထွက် ကုန်စည်ဒိုင်များ ဖွင့်လှစ်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ ထိုနောက် ရေထွက်ပစ္စည်းကုန်စည်ဒိုင်၊ သစ်သီးဝလံကုန်စည်ဒိုင်၊ ပဲပြောင်းနှမ်းနဲ့လယ်ယာထွက်ကုန် ကုန်စည်ဒိုင်၊ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်းရှိ ပို့ကုန်သွင်းကုန်ပစ္စည်းများ၊ ကုန်စစ်ဆေးရေးစင်များကို လှည့်လည်ကြည့်ရှု လေ့လာ ခဲ့ကြပါတယ်။ Sources : မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်များအသင်း၊ MIRT (DOBT)
တရုတ်လမုန့်စားပွဲတော်ချိန်ကြောင့် ရေထွက်ကုန်များဈေးမြင့်လျက်ရှိ ကူမင်းခရိုင်မှာ ရေထွက် ကုန်ပစ္စည်း များ ဈေးနှုန်းမြင့်တက်လျက်ရှိတဲ့ အတွက် ကူမင်းခရိုင်ငါးလုပ်ငန်း စိစစ်ရေး ကော်မတီမှဈေးကွက်တွင် လေ့လာမှုများပြုလုပ်ရာ တရုတ် ရိုးရာယဉ်ကျေးမှု လမုန့်စားပွဲတော် ရာသီ ကာလနဲ့ နိုင်ငံတော် အောင်ပွဲနေ့ အထိမ်းအမှတ် ရက်ရှည် ရုံးပိတ်ကာလအတွင်းပြည်သူများ ကုန်ပစ္စည်း ဝယ်ယူ အသုံးပြုမှုများနေတာကို လေ့လာ တွေ့ရှိရတယ်လို့ သတင်းများမှာ ဖော်ပြ ထားပါတယ်။ ကူမင်းဈေးကွက်မှာ နေ့စဉ် ရေထွက် ကုန် တန် ၃ဝဝ ခန့်ရှိရာ ဈေးနှုန်းများလည်း တိုးမြင့်လာနေကြောင်း တရုတ် နိုင်ငံ တောင်ပိုင်း ဒေသမှာ လေပြင်းမုန်တိုင်းကျရောက်တဲ့အတွက် မွေးမြုရေးကန်များ ပျက်စီးသွားခြင်း၊ သယ်ယူ ပို့ဆောင်ရေး စရိတ်ကြီးမြင့်ခြင်း၊ လမုန့်စားပွဲတော် ရက်နီးလာ၍ရေထွက်ကုန်ပစ္စည်းလိုအပ်မှုများပြားလာခြင်း၊ ကြာရှည် သိုလှောင် မထားနိုင်ခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပါတယ်။ ပြည်သူများအား လတ်ဆတ်မှုနဲ့ ဘေးအန္တရာယ် ကင်းရှင်း စေရေးအတွက် ကူမင်းခရိုင် ငါးလုပ်ငန်းစိစစ်ရေး ကော်မတီမှ ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလ ၁၇ ရက်နေ့ကစပြီး ရေထွက်ကုန်ပစ္စည်းဆိုင်ရာ ထုတ်လုပ်မှုစခန်း နဲ့ မွေးမြူရေးကန်ရှိရေအား ဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ရာ စံချိန်မီတယ်လို့ သိရှိရပါတယ်။ှ Sources : ဒူရှိပေါင် (မြို့ပြ) သတင်းစာ၊သောင်းနိုင်
ဖရဲသီးရာသီရောက်နေပြီ မြန်မာ-တရုတ်နယ်စပ်စခန်းတွေဖြစ်တဲ့ မူဆယ်နယ်စပ် ကုန်သွယ်ရေး နဲ့ ချင်းရွှေဟော်စခန်းများမှ ယခုစက်တင်ဘာလ ၂၂ ရက်မှ ၂၈ ရက် တာကာလ အတွင်း ဖရဲသီး ၆၈ ဒသမ ၅ တန်ကို တန်ဖိုးကျပ် ၇ သန်းကျော်ဖိုး စတင်တင်ပို့ နေပါပြီ၊ မန္တလေးတိုင်းကထွက်ရှိတဲ့ ဖရဲသီးတွေကို တရုတ်ပြည်သို့ မိမိဘက် ပေါက်ဈေး တစ်တန်ကို ၉၉ဝဝဝ ကျပ်၊ တစ်ဘက်နိုင်ငံ ယွမ်ဈေး ၁ဝဝဝ နဲ့ တင်ပို့ ခဲ့တာပါလို့ နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါတယ်။ မော်မော်အောင်((MIRT)
မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် - ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲပုပ်စေ့ တန် ၅၈ဝ၃၄၅ ၃၅၁ဝပဲယင်း တန် ၆၃၁၂၂ဝ ၄ဝ၁ဝပဲလွန်းဖြူ တန် ၇၇၁၂၁၄ ၅၃၁ဝ ကေသွယ်မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ချင်း၊ မန်ကျည်းသီး(အစေ့ပါ)နဲ့ နနွင်းတက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အခိုျ့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေး တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်း တန် ၆၇ဝ၁၄ဝ ၇၅၃ဝဝမန်ကျည်းသီး (အစေ့ပါ) တန် ၃၇၉၄၄ဝ ၃၁၇၅ဝနနွင်းတက် တန် ၁၅၂၆၉၄ဝ ၁၃ဝ၅ဝဝ မြတ်မြတ်ထွန်း
မြန်မာပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အခိုျ့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် - ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲတီစိမ်း တန် ၈၂၆၈၅၄ ၈ဝဝဝပြောင်းဖူးစေ. တန် ၂၅၄၃၂၈ ၁၉၆ဝနှမ်းနက် တန် ၁၂၉၅၅၅၄ ၉၆ဝဝ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ဝက်အရှင်၊ ဆပ်ပြာမှုန့်၊ မှုတ်ဆေးတို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ရူပီး)ဝက်အရှင် ကီလိုဂရမ် ၂ဝဝဝ ၉၈ဆပ်ပြာမှုန့် ပါကင် ၈၅ဝဝ ၄၁၁မှုတ်ဆေး ဘူး ၁၇ဝဝ ၈၅ ကေသွယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချင်း၊ မန်ကျည်းသီး(အစေ့ပါ) နဲ့ နနွင်းတက်တို့ တင်ပို့လျက်ရှိရာအဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်း တန် ၂၇၅၄ဝဝ ၂၆၆ဝဝနနွင်းတက် တန် ၁၄ဝ၇၆ဝဝ ၁၃ဝ၅ဝဝမန်ကျည်းသီး(အစေ့ပါ) တန် ၃ဝ၆ဝဝဝ ၃၁၇၅ဝ မြတ်မြတ်ထွန်း
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် - ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲပုပ်စေ့ တန် ၅၂၃၈၄၅ ၄ဝဝဝပဲယင်း တန် ၆၁၂၂၄၅ ၄၅ဝဝပဲလွန်းဖြူ တန် ၈၇၈၂၉၈ ၅၃ဝဝမြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ဝက်အရှင်၊ စောင်နှင့် ဆေးကြေမှုန့်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ရူပီး)ဝက်အရှင် ကီလိုဂရမ် ၂ဝဝဝ ၉၈စောင် ထည် ၄၅ဝဝ ၂၂၅ဆေးကြေမှုန့် တန် ၁၅၇ဝဝဝ ၈၅ဝဝ ကေသွယ်မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချင်း၊ မန်ကျည်းသီး (အစေ့ပါ)နဲ့ နနွင်းတက်တို့ တင်ပို့လျက်ရှိရာအဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်း တန် ၂၇၅၄ဝဝ ၂၆၆ဝဝနနွင်းတက် တန် ၁၄ဝ၇၆ဝဝ ၁၂၃၇ဝဝမန်ကျည်းသီး (အစေ့ပါ) တန် ၂၁၅၄၂၄ ၁၇ဝ၅ဝ မြတ်မြတ်ထွန်း
ထိုင်းဘတ်ငွေခိုင်မာသော်လည်း BOT က ထိန်းချုပ်ကွပ်ကဲသွားမည် စက်တင်ဘာဒုတိယပတ်အတွင်းထိုင်းဘတ်ငွေ ပိုမိုခိုင်မာနေသော်လည်းထိုင်းဗဟိုဘဏ်မှ ထိုင်းဘတ်ငွေ နေရာမှန်ရရှိရေးအတွက် စီမံခန့်ခွဲမှု ပုံစံပြောင်းလဲ ဆောင်ရွက်ခြင်း မပြုသေးကြောင်း ထိုင်းဘဏ်၏ ဒုတိယ အကြီးအကဲ Paiboon Kittisrikangwanက ပြောကြားခဲ့ပါတယ်။ ဘတ်ငွေခိုင်မာမှုက ထိုင်းနိုင်ငံ ရဲ့ စီးပွားရေး တည်ငြိမ်မှုနဲ့ တိုးတက်မှုကို ထိခိုက်စေမှာမဟုတ်ကြောင်းနဲ့ ဘတ်ငွေတန်ဖိုးအပြောင်းအလဲက ရေတိုရေရှည် စီးပွားရေး တည်ငြိမ်မှုအပေါ် အကျိုးသက်ရောက်မှုကို ဗဟိုဘဏ်အနေနဲ့ ဆန်းစစ်ဖို့ တာဝန်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ ယခုနှစ်မှာ ဗဟိုဘဏ်က ၆ ဒသမ ၅ ရာခိုင်နှုန်း - ၇ဒသမ ၅ ရာခိုင်နှုန်းခန့် ဖွံ့ဖြိုးတိုးတက်ရန် လျာထားတွက်ချက်ထားသော်လည်း အောက်တိုဘာလ ၂၈ရက်နေ့မှာ ထုတ်ပြန်ကြေညာမယ့်ငွေ ကြေး ဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ရှေ့အလားအလာကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိကြောင်းဘဏ်အကြီးအကဲက ဆက်လက် ပြောကြားခဲ့ပါတယ်။ ရေတိုရေရှည် စီးပွားရေးတည်ငြိမ်မှုမှာ ဘတ်ငွေအား ကောင်းလာခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်ကို ထိုင်းဘဏ်ရဲ့ ငွေကြေးမူဝါဒအုပ်စု BoT's Monetary PolicyGroup က တွက်ချက်ထိန်းချုပ်သွားမှာဖြစ်ကြောင်း Mr. Paiboon က ပြောခဲ့ပါ သေးတယ်။ ဘဏ္ဍာရေးကဏ္ဍ အပြောင်း အလဲနဲ့ ငွေကြေးလဲလှယ်နှုန်းတွေက စီးပွားရေးစဉ်ဆက်မပြတ်ပြောင်းလဲမှုကို ဖြစ်စေမှုကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်မှုရရှိအောင်BOT အနေနဲ့ ပိုမိုအာရုံစိုက် ထိန်းချုပ်ဖို့ လိုအပ်ကြောင်းလည်း သူကဆိုပါတယ်။ှSource : TNA,ကျော်စိုးဝင်း