Background
မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက်တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဘက်နိုင်ငံဈေး (ယွမ်)ပြောင်းဖူးစေ့ တန် ၂၅၂၉၃၃ ၁၆၄၀နှံစားပြောင်း တန် ၂၇၁၂၈၄ ၂၀၀၀ကြက်ဆူစေ့ တန် ၆၇၃၉၁၅ ၄၉၀၀ မြန်မာ-အိန္ဒိယ နယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဘက် အိန္ဒိယနိုင်ငံသို့ မ-ဝတ်တီရှပ်၊ စောင်၊ ဝက်အရှင် တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန် အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံမီ ဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဘက်နိုင်ငံဈေး (ရူပီး)မ-ဝတ်တီရှပ် ထည် ၂၅၀၀ ၁၂၅စောင် ထည် ၄၅၀၀ ၂၂၅ဝက်အရှင် ကီလိုဂရမ် ၁၈၀၀ ၉၀ မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဘက်ထိုင်းနိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံ မဲဆောက်ပေါက်ဈေးတွေ ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဘက်နိုင်ငံဈေး (ဘတ်) မတ်ပဲ တန် ၆၈၅၄၀၀ ၂၃၀၀၀ကြက်သွန်နီ တန် ၈၆၄၀၀၀ ၂၉၀၀၀ပြောင်းဖူးစေ့ တန် ၁၈၇၀၀၀ ၆၃၀၀ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆီးယိုထုတ်၊ ဆီးဖတ်၊ နနွင်းတက် တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်းပဲဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဘက်နိုင်ငံဈေး (တာကာ) ဆီးယိုထုတ် တန် ၃၉၇၈၀၀ ၂၄၈၆၅ဆီးဖတ် တန် ၁၃၄၆၄၀ ၈၄၁၅နနွင်းတက် တန် ၆၇၃၂၀၀ ၄၂၀၇၅ ကေသွယ်, ခိုင်ဝင်း
မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွင်း စိုက်ပျိုးရေးသွင်းအားစု အမိုးနီးယမ်းနိုက်တြိတ် ဓါတ်မြေသြဇာတန်ချိန် ၁၇၀၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၃၀၀၀၀ ကျော်ဖိုးနဲ့ လယ်ယာသုံးတစ်လုံးထိုး အင်ဂျင်အလုံး၂၅၀ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ၃၅၀၀၀ ကျော်ဖိုးတင်သွင်းနိုင်ခဲ့တယ်လို့ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှသတင်းရရှိပါတယ်။ ကန်ပိုက်တီးနယ်စပ် စခန်းရဲ့ အခြားသွင်းကုန်များဖြစ်သော ၁/၄၀ ချည်၊ ဘိလပ်မြေ၊ သံချောင်း၊ ဒီဇယ် အင်ဂျင်များ၊ U-beam၊ ပလပ် စတစ်ကော်ဇောများလည်း တင်သွင်းခဲ့တယ်လို့သိရပါတယ်။Source: နကသ (ကန်ပိုက်တီး)ခိုင်ဝင်း
၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၇ ရက်နေ့အတွင်း မူဆယ် (၁ဝ၅) မိုင်၊ နယ်စပ်ကုန်သွယ်ရေးမှ တစ်ဖက်တရုတ်နိုင်ငံသို့ ကုန်တင်ယာဉ်များဖြင့် ပြောင်းဖူးစေ့ ၁၈၆ စီး (၇ဝ၁၁) တန်၊ နှမ်းနက် ၁၄ စီး (၅ဝ၁) တန်၊ နှမ်းဖြူ၂၃ စီး (၈၁၆) တန်၊ နံှစားပြောင်း ၃၁ စီး (၁၁၅၃) တန်၊ ပဲတီစိမ်း ၁ စီး (၃၅) တန်၊ ပဲလွန်းဖြူ ၄ စီး (၁၄၄)တန်၊ ပဲပုတ်စေ့(၂) စီး (၆၈) တန်၊ ဖရဲသီး ၁၉၇ စီး (၄၉ဝ၁)တန်၊ သခွားမွှေး (၈၃)စီး(၅၈၅)တန်၊ဆီးသီး ၁၄ စီး (၄၈) တန်၊
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလတွင် ရေချိုငါး၊ ငါးသလောက်၊ ငါးစုံကလေး ခြောက်၊ ရေငန်ပုစွန်၊ ငါးနီတူခြောက်စတဲ့ ရေထွက်ကုန်များကို တန်ချိန် ၇ဝဝနီး ပါး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ဒသမ၄၂ သိန်း ကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။
ချင်းတောင်ဒေသထွက် ပန်းသီးများကို ဇွန်လအတွင်းမှာ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် အိန္ဒိယ နိုင်ငံသို့ စတင် တင်ပို့နေပြီလို့ သိရပါတယ်။ ချင်းပြည်နယ်ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့နယ်များ မှာ စိုက်ပျိုးကြပြီး
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်၊ ကုန်သွယ်ရေးဇုန်ကနေ ၂၀၀၉ ခုနှစ် ဇွန်လ ၁ ရက်က ၂၀ အတွင်း အများဆုံးတင်ပို့နိုင်ခဲ့တဲ့ မြန်မာ့ ပို့ကုန် (၅) မျိုးကတော့ သရက်ပြားခြောက်၊ ဆီးသီးခြောက်၊ ထန်းလျက်၊ ကြက်ဆူစေ့နဲ့ မိကျောင်းကွမ်းဖတ်စေ့တို့ ဖြစ်ပြီး တန်ချိန် ၃ ထောင်ကျော်၊ တန်ဖိုးကျပ်သန်း ၁၀၀၀ နီးပါး ရှိခဲ့ တယ်လို့ သိရပါတယ်။
တစ်ဘက်နိုင်ငံမှာ စားသုံးဖို့ လက်ပံပွင့်ခြောက်တွေ အမှာရှိလာတဲ့ အတွက် လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ တဆင့် တစ်ဖက်နိုင်ငံသို့ အမယ်သစ်အဖြစ် တင်ပို့ခွင့်ရရှိခဲ့တယ်လို့ လွယ်ဂျယ်နယ်စပ် ကုန်သည် တစ်ဦးထံမှ သိရပါတယ်။
မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်စခန်းမှ တရုတ်နိုင်ငံ ကို တင်ပို့လျက်ရှိတဲ့ ပြောင်းနဲ့ ရော်ဘာဈေး ယခုသီတင်းပတ်မှာ အနည်းငယ် ဈေးတိုးမြှင့်ရလျက်ရှိတယ်လို့ ချင်းရွှေဟော်နယ်စပ်ကုန်သည်အသင်းမှ သတင်း ရရှိပါတယ်။
ထိုင်းအစိုးရက ဒေသအတွင်းရှိ ကုန်သည်များ အကျိုးစီးပွားကို ကာကွယ်တဲ့အနေနဲ့ နိုင်ငံအတွင်း စုပုံထားတဲ့ ပြောင်းနဲ့ ပီလောပီနံ ကုန်ကြမ်း အတွက် အပြည်ပြည်ဆိုင်ရာ လေလံပွဲများ ကို ဖိတ်ခေါ်မှာဖြစ်ကြောင်း ထိုင်းကုန်သွယ်ရေး ဒုတိယဝန်ကြီး ကိုဆတ်ဆက်ဟာဗာဆူ မှ ပြောဆိုခဲ့ ပါတယ်။