Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင် ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက် သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ ဝဥ (စို) ၄၂ တန်နဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၈၂ သန်းတန်ဖိုးရှိ ဝဥခြောက် ၄၄ တန်ကျော်ကို တရုတ် နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ဝဥ(စို) ၁၄ တန်၊ ဝဥခြောက် ၁၃၃ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ဝဥခြောက် ၈၉ တန် လျော့နည်းတင် ပို့ခဲ့ပေမယ့် ဝဥ(စို) ၂၈ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။
ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄၂၀၀၀ တန်ဖိုးရှိ ပျားရည်တန် ၆၀ ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် ကလည်း တန် ၆၀ တင်ပို့ခဲ့တာကြောင့် တရုတ်နိုင်ငံသို့ ပျားရည်ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ပျားအုံတစ်အုံတွင် လုပ်သားပျား အကောင်ရေ ၃၀၀၀၀ ဝန်းကျင်ရှိပြီး ပျားဘုရင်မတစ်ကောင်စီရှိကာ အနီးရှိ စိုက်ပျိုး ရေးခြံများမှ ပန်းများရှိဝတ်ရည်များကို စုပ်ကြကြောင်း၊ ပျားအုံတစ်အုံလျှင် ထိန်းသိမ်းခကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၆၀ ရှိကြောင်း၊ ပျားမွေးတောင်သူများကို ၂၀၁၃ ခုနှစ်ကတည်းက သင်တန်းများ ပို့ချပေးနေပြ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက် တီကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ရက်သတ္တပတ် အတွင်း အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၁၈ သန်းတန်ဖိုးရှိ ပြောင်း တန်ချိန် ၅၄၅၃၇ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၅၂၈၃၅ တန်၊ လွယ်ဂျယ်မှ ၈၁၃ တန်ကျော်၊ ချင်းရွှေဟော်မှ ၈၀၄ တန်နဲ့ ကန် ပိုက်တီမှ ၈၅ တန် ဖြစ်ပါတယ်။ ယခင်ရက်သတ္တ ပတ်က အဆိုပါစခန်း လေးခုပေါင်းမှ ပြောင်း ၄၅၀၄၈ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ တရုတ် နိုင်ငံသို့ ပြောင်း ၉၄၈၈ တန်ကျော် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြောင်းတစ် တန်ကို ၂၈၁၆၃၃
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၀၄ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၁၃ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ၉၆ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၁၇ တန်ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့မှုကိုကြည့်ပါက အမေရိကန်ဒေါ်လာ သုညဒသမ ၁၈၈ သန်းတန်ဖိုးရှိ ငါးမြစ်ချင်း ၂၀၃ တန်နဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်းတန်ဖိုးရှိ ငါးခေါင်းပွ ၉ တန်ကျော် ကိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ရေချိုငါးများအပြင် အမေရိကန် ဒေါ်လာ သုညဒသမ ၀၈၄ သန်းတန်ဖိုးရှိ မန်ကျည်းစေ့၊ ဆီးသီးခြောက်၊ ဆီးဖတ်၊ ချင်း(အစို)၊ သစ်ခေါက်၊ အုံ တုံခေါက်၊ ဆီ
မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၆၆ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၄၇၄၆ တန် တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ရော်ဘာ RSS1 ၃၁၅ တန်ကျော်၊ RSS3 ၂၀၃၅ တန်၊RSS5 ၁၂၄၁ တန်နဲ့ MSR 20 ၂၆၄ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ RSS3 ၃၀၈ တန်ခန့်နဲ့ RSS5 ၅၈၃ တန် တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က ကုန်သွယ်ရေးစခန်းများမှ ရော်ဘာ ၁၆၅၂ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၀၉၄တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ် မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာပေါက်ဈေးမှာ RSS3 တစ်တန်လျှင်ကျပ် ၂၀ ဒသမ ၁၆၃ သိ န်းရှိပြီး ယခင်တစ်ပတ်ဈေးထက် တ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၉၅ သန်းတန်ဖိုးရှိ ဖရဲသီးတန် ၂၃၁၀၀ ကိုလ ည်းကောင်း၊ ကန်ပိုက်တီမှ အမေရိကန်ဒေါ်လာ ၂၀၉၃ တန်ဖိုးရှိ ဖရဲသီး ၂၂ တန်ကိုလည်းကောင်း တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ကန်ပိုက်တီမှ ဖရဲတင်ပို့မှုမရှိဘဲ မူဆယ်မှ တန် ၁၉၂၀၀၊ ချင်းရွှေဟော်မှ ၅၄ တန်ခွဲနဲ့ လွယ် ဂျယ်မှ ၂ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တရုတ် နိုင်ငံသို့ ဖရဲသီးပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ် ရေးစခန်းများမှ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်ထိသီတင်းပတ်အတွင်း အမေရိ ကန်ဒေါ်လာ သုညဒသမ ၇၇၄ သန်း တန်ဖိုးရှိ ကွမ်းသီး ၉၃၁ တန်ကို အိန္ဒိယ နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ၁၄၃၄ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၀၃ တန်လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းရော ရိဒ်ကုန်သွယ်ရေးစခန်းမှပါ ကွမ်းသီးများ လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ယခုလို လျော့နည်းရခြင်းဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေ ဟော်နဲ့ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းစုံမှ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၅၆ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၅၀၄၈ တန် ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၄၃၃၈၄ တန်ခွဲ၊ လွယ်ဂျယ်မှ ၁၀၄၆ တန်၊ ချင်းရွှေဟော်မှ ၅၆၈ တန် ကျော်နဲ့ ကန်ပိုက်တီမှ တန် ၅၀ ဖြစ်ပါ တယ်။ ယခင်သီတင်းပတ် က အဆိုပါ စခန်းလေးခုပေါင်းမှ ပြောင်းဖူးစေ့ ၅၃၉၀၈တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တရုတ်နိုင်ငံသို့ပြောင်း ၈၈၆၀ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြော င်းတစ
ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း ချင်း ၅၂ ဒသမ ၈ တန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ ပါတယ်။ အောက်တိုဘာ ဒုတိယ သီတင်း ပတ်မှစပြီး အပို့ပျောက်ခဲ့တဲ့ ချင်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့ခဲ့ခြင်း ဖြစ် ပါတယ်။ ချင်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၁၃၅၂ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း(DOT)
ရှမ်းပြည်နယ်တောင်ပိုင်းရဲ့အဓိက ထွက်ကုန်တစ်မျိုးဖြစ်တဲ့ ရှမ်းကြက်သွန်ဖြူ ကတော့ အောက်တိုဘာ၊ နိုဝင်ဘာလမှာ ပြန်ပြီးစိုက်ပျိုးပြီးစီးသွားပါပြီ။ ဈေးနှုန်းက အကျဘက်များနေပေမယ့် စိုက်ဧကတော့လျော့မသွားပါ ဘူး။ ပုံမှန်စိုက်ဧကအတိုင်း စိုက်ပျိုးကြတယ်လို့လည်း သိရပါတယ်။ ဧပြီ၊ မေလကပေါ်ခဲ့တဲ့ ကြက်သွန်ဖြူတွေကတော့ ပေါ်ကာစမှာ အရောင်းသွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ဝယ်လိုအားနည်းလာပါတယ်။ လဲချား ကြက်သွန်ဖြူတွေအရောင်းသွက်ခဲ့ပြီး လက်ကျန်မရှိတော့ဘူးလို့သိရပါတယ်။ ဒေသတွင်းအသုံးသာရှိပြီး ပြည်တွင်းသုံးအနေနဲ့ မိတ္ထီလာ၊ မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်က အဝယ်ရှိနေပေမယ့် မိတ္ထီလာဝယ်လက်တွေကတော့ အောက် စတွေကို အကြ