Main menu

Background

Thursday, 1 Dec 2016

       မူဆယ်မြို့တွင်ကျင်းပမည့် (၁၂) ကြိမ်မြောက် မူဆယ်-ကျယ်ဂေါင်နယ် စပ်ကုန်စည်ပြပွဲတွင် ထည့်သွင်းပြုလုပ်မည့် (၁၂)ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိ နှိုင်းရေးကော်မတီ အစည်းအဝေး (Joint Border Trade Cooperating  and Coordinating Committee- JBTCC) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက်က နေပြည် တော်ရှိ စီးပွားေ ရးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနနှင့် ရန်ကုန်မြို့၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိ သူမ

Tuesday, 8 Nov 2016

          အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက် အထိ သီတင်းပတ်အတွင်း မြန်မာ- တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်း များမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၀၇ သန်းတန်ဖိုးရှိ ဆန် ၇၇၀၅ တန် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅)မိုင် ကုန် သွ ယ် ရေးဇုန်မှငစိန်ဆန်၅၉၅ တန်နဲ့ ဧည့်မထ ဆန် ၂၅၈၉ တန်၊ ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းမှ ငစိန်ဆန် ၇၃၆ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၃၇၈၅ တန်ခန့် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၆၀၁၃ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၆၉၂ တန် ပိုမို တင် ပို့နိုင်ခဲ့ပါတယ်။ အောက်တိုဘာလတစ်လလုံးမှာ အဆိုပါ ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၉၅၄ သန်းဖိုးရှိ ဆန် ၂၉၃၈၁ တန် တင်ပို့ခဲ့ ပြီး အနီးစပ် ဆ

Monday, 31 Oct 2016

            ကန်ပိုက်တီးကုန်သွယ်ရေး စခန်း သည် ကချင်ပြည်နယ်တွင် တည်ရှိပြီး မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေသော စခန်းတစ်ခု ဖြစ်ပါတယ်။ ထို့ပြင် ကမ္ဘာတွင် ကျော်ကြားေ သာ ကျောက်စိမ်း များ ထွက်ရှိရာ ဖားကန့်ဒေသနှင့် နီးစပ် သည့် ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ အောက်တိုဘာ ၂၄ ရက်တွင် ကန်ပိုက် တီးကုန်သွယ်ရေးစခန်း (OSS) ပူးပေါင်းအဖွဲ့မှ ယာဉ်မောင်း ဖိုးသားနှင့် ယာဉ်နောက်လိုက် မောင်ဇင် မော င်းနှင်သည့် (၉ခ/××××) Nissan (UD) (၁၀ ဘီး) ကုန်မဲ့ယာဉ်အား စစ်ဆေးရာ ကျောက်စိမ်းအရွယ်စုံ ၁၇၀ ထုပ်၊ အလေး ချိန် ၄၆၇၈ Kg ၊ ခန့်မှန်းတန်ဖိုး ၃၂၇၄၆၀၀ ကျပ်နှင့် (၁၀) ဘီး ယာဉ် ခန့်မှန်းတန်ဖိုး ၁၈၀၀၀၀၀၀ ကျပ် စုစု ပေါ

Thursday, 27 Oct 2016

     အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ ရက်သတ္တပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၂၈၁ တန်ခန့် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်တင်ပို့မှုထက် ၁၂၂ တန် ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ RSS 1 ၄ တန်၊RSS 3 ၉၀၅ တန်နီးပါး MSR 20၃၆၆ တန်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေး ၆ တန် တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ် မူဆယ်ကုန်စည် ဒိုင်ရဲ့ ရော်ဘာဈေးမှာ RSS 3 တစ်တန်ကို ကျပ် ၁၆ ဒသမ ၁၈၂ သိန်းဖြစ်ပြီး ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ပါက တစ်တန် ကို ကျပ် ၃၄၈၀ဝ ကျဆင်းခဲ့ကြောင်းသိရှိရပါ တယ်။ မော်လမြိုင်ဒေသ ရှိ ရော်ဘာဈေးမှာ RS

Thursday, 27 Oct 2016

        အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အတွင်း ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၂၈၃၁၁၂ တန်ဖိုးရှိ သကြား ၅၁၄ တန်ကျော် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ သကြား ၂၂၃ တန်နဲ့ နှိုင်းယှဉ်ရင် တန် သုံးရာနီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်၊ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၆၅ သန်း တန်ဖိုးရှိ သကြား ၁၉၈၄၁ တန် တင်ပို့ခဲ့ ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၃၇၃၃၀ နဲ့ နှိုင်းယှဉ်ရင် တန် ၁၇၀ဝ ကျော်ခန့် လျော့နည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းကလည်း ၂၅၃၂၇၅ တန်ဖိုးရှိ သကြားတန် ၄၆၀ ကျော် တင်ပို့ ခဲ့ပါတယ်။ ယခုတစ်ပတ်တွင် ပြည်တွင်းသကြားေ ဈးမှာ

Thursday, 27 Oct 2016

        အောက်တိုဘာလ ၈ ရက်မှ ၁၄ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၂၁ သန်းတန်ဖိုးရှိ ရေထွက် ကုန်တန်ချိန် ၅၀ဝ၀ ကျော်ကို ထိုင်းနိုင်ငံ သို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၀ဝ၀ ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ချိန် ၆၀ဝ ကျော် ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ရေထွက်ကုန်များတင်ပို့မှု အခြေအနေကိုကြည့်ပါက မြဝတီကုန်သွယ် ေ ရးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၈၂ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန်တို့ကို တန်ချိန် ၁၃၀ ကျော် ကော့သောင်းကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၂၉ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ အခြားရေ ထွက် ကုန

Thursday, 27 Oct 2016

           မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ ၈ ရက်မှ ၁၄ ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၃၇ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၁၃၅၈ တန်ကျော် ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က အမေရိကန်ဒေါ်လာ ၃ ဒသမ ဝ၄၆ သန်း တန်ဖိုးရှိ ရေထွက် ကုန် ၁၃၉၄ တန်ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ရေထွက်ကုန်တန် ၃၀ ခန့်၊ တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၀၉ သန်း လျော့ နည်းခဲ့ပါတယ်။ ငါးဆားနယ်၊ ပုဇွန်ခြောက်မှုန့်၊ ငါးမှုန့်၊ ကဏန်း၊ ငါးပူတင်း အရေခွံခြောက်တို့ တင်ပို့မှု လျော့နည်းခဲ့တာကြောင့် ရေထွက်ကုန် တင်ပို့မှုမှာ တန်ချိန်ရော တန်ဖိုးပါ လျော့နည်းခဲ့ရကြောင်း သိရပါတယ်။ တစ်ဖက်နိုင်ငံ ယွမ်ဈ

Wednesday, 26 Oct 2016

     အောက်တိုဘာ ၈ရက်မှ ၁၄ရက်တာကာလအတွင်း မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၁၉၈၉၀ တန်ဖိုးရှိ လက်ဖက်ခြောက် ၅၁တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၃ တန် သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ လက်ဖက်ခြောက် ၃၈တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ လက်ဖက် (အခါးခြောက်)ကို ဂျာမနီနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့အနီး ဝန်းကျင် နဲ့ တာချီလိတ်မြို့ရဲ့ တောင်တန်း၊ တောင်ကြောတွေပေါ်မှာ စိုက်ပျိုးကြပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံ ကို တင်ပို့ရောင်းချကြကြောင်းသိရပါတယ်။

 

မော်မော်အောင်

Wednesday, 19 Oct 2016

    မြန်မာနိုင်ငံသည် ပို့ကုန်ကဏ္ဍအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများအား ပြည်ပနိုင်ငံများသို့အများဆုံး တင်ပို့နေသည့်နိုင်ငံ ဖြစ်သည့် အားလျော်စွာ မြန်မာ့ပြောင်းကို အဓိကအများဆုံးတင်ပို့ လျက်ရှိပါတယ်။  မြန်မာ့ပြောင်း ကို ပြည်တွင်း၌ တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုကြရုံမျှမက ပြည်ပနိုင်ငံများသို့လည်းအဓိကပို့ကုန်အဖြစ်တင်ပို့လျက်ရှိပါတယ်။ ပြောင်းစိုက်ပျိုးထုတ်လုပ်သည်မှ ပို့ကုန်တင်ပို့သည်အထိ Supply Chain တစ်လျှောက်ရရှိသည့် အကျိုးအမြတ်သည် တစ်နှစ်ထက်တစ်နှစ် အားကောင်းလာမှုကြောင့် နှစ်အလိုက်ပြောင်းစိုက်ပျိုးထွက်ရှိမှု ပိုမိုမြင့်မားလာတာကို လေ့လာတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ

Wednesday, 19 Oct 2016

         အောက်တိုဘာလ ပထမပတ် အတွင်း တရုတ်၊ ထိုင်းနဲ့အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများနဲ့ ကုန်သွယ်ရေးဇုန်များမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၈၅ သန်းတန်ဖိုးရှိဆိုင်ကယ်မျိုးစုံ ၂၇၃၂ စီးတင်သွင်းခဲ့ပါတယ်။ ယခင် တစ်ပတ်က ၁၁၂၂၀ စီး တင်သွင်းခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၈၄၈၈ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့  ကုန် သွယ်ရေး စခန်းများမှ သိရပါတယ်။ကုန်သွယ်ရေးစခန်းများနဲ့ ကုန် သွယ်ရေးဇုန်များရဲ့ တင်သွင်းမှု အခြေ အနေကိုကြည့်ပါက မူဆယ်ကုန်သွယ် ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၀ သန်းတန်ဖိုးရှိဆိုင်ကယ် ၁၈၈၂ စီး၊ ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမဝ၁၉ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၇၁ စီး၊ မြဝတီကုန်သွယ်ရေ

Pages